***မျိုးဆက်အမှောင်***

maung khinminSeptember 20, 20121min745
***မျိုးဆက်အမှောင်***

ဟိုးးး အဝေးမှာ

အရောင်လွင့်ပျယ် လုလု

နေဝင်ချိန်အတု တစ်ခုထဲ…

 

ရှည်မျောမျော သက်ပြင်းသံကို ခိုးခိုးချ နေရတဲ့

အနက်ရောင် သိပ်သည်းဆများစွာနဲ့…

မဟူရာ ဝါဒ ရဲ့…ဗလာကျောရိုး

အရိုးပြိုင်းပြိုင်း လမ်းမတွေ။

 

ဦးဏှောက်ထက် အစာအိမ်က ပိုသိမ်မွေ ့

သေခြင်းကို မသေမချင်း မျှော်လင့်နေရင်း

စံနှုန်းမြင့် လူ ့အဖြစ် တစ်ပတ်ရစ် စနစ်အသစ်ဂီတ

ထမီဝတ် မိစ ္ဆာခေတ်ထဲ…

မျက်နှာလွှဲ ခဲပစ် အဆီရစ် အခွင့်အဏာ

သူ ့ဟာ…ငါ့ဟာ

ဖွတ်ဖွတ်ကြေ လူ ့အလွှာ…

နေ ့ဆာ…ညဆာ ကိုယ်ကျင့်ပညာ

“လျှာ” ကိုယ်၌ကိုက အရှာခံပစ္စည်း ဖြစ်လိုဖြစ်

ဘဝ ဟာ…တွင်းတစ်တွင်း ဖြစ်တယ် ။

 

ရှင်ချင်ရင် သန်ရမယ်

ပြင်ချင်ရင် လှန်ရမယ်

အားတတ်သရော စာမျက်နှာ လှိုင်းတံပိုးတွေ…သွေးကြွဒီရေတိုး

ကိုယ့်အနေအထား ကိုယ်…တိတ်တဆိတ် ရဲရင့်

ပန်းတိုင်း ပွင့်စေ မျိုးချစ်တေးတစ်ပုဒ်ဆို

အဲဒီ…ပျဉ်းမငုတ်တို နဲ ့

အဲဒီ…အပျိုမ နံနက်တစ်ခင်း

အဲဒီလို…သိမ်ဖျင်းဖျင်း ပန်းချီ တစ်ရှုစာ

အတိတ်နာ နေတဲ့…ပစ္စုပ္ပန် ခဏငယ်များ

နာဖျားနေတဲ့…ယဉ်ကျေးမှုအတုအယောင်

ရွှေကျောင်းပြောင်ပြောင်…ဝမ်းခေါင်ခေါင်

ဒေါင်းယောင် ဆောင်သောကျီးမိုက်

အဲဒီ အသိုက်ထဲ…

မျိုးဆက်အလွဲ တွေ…အသံပေးနေကြဆဲ ။။။။

 

  

မောင်ခင်မင်(ကျွန်းချောင်း)

၁၉.၉.၂၀၁၂

 

Van Gogh-Potato Eaters

5 comments

  • pooch

    September 20, 2012 at 4:39 pm

    အိုး……ဗင်းဆင့်ဗန်ဂိုးရဲ့ အာလူးစားကြသူများဆိုတဲ့ ပန်းချီကားပဲ

    ကဗျာနဲ့ ပန်းချီရဲ့ အဓိပ္ပါယ် ပေါင်းလို်က်တဲ့အခါ စကားလုံးတွေ ရုပ်လုံးပိုကြွလာပါတယ်။ ဒီလိုလေးလည်း ခံစားဖွဲ့လို့ ရတာပဲ ။ လှပသေသပ်သော ပေါင်းစပ်မှုပါ။

    • ရွှေ ကြည်

      September 21, 2012 at 7:12 pm

      ပန်းချီကားနာမည်နဲ့ပန်းချီဆရာကိုပြောပြပေးတဲ့အတွက်မပုချ်ရေ ကျေးကျေး..။

      ကိုခင်မင်ရေ ဒီစာသားလေးတွေကြိုက်တယ်ဗျာ

      ” ဦးဏှောက်ထက် အစာအိမ်က ပိုသိမ်မွေ ့

      သေခြင်းကို မသေမချင်း မျှော်လင့်နေရင်း

      စံနှုန်းမြင့် လူ ့အဖြစ် တစ်ပတ်ရစ် စနစ်အသစ်ဂီတ

      ထမီဝတ် မိစ ္ဆာခေတ်ထဲ…”

    • maung khinmin

      September 27, 2012 at 1:18 pm

      မပုချ် ရေ ….

      ကဗျာနဲ ့ပန်းချီ ခံစားတွဲဆက်ပေးတဲ့ သူကတော့ ….

      ဆြာ မြတ်ကျော်သူ ရဲ့ … အတွေးလေးပါခင်ဗျ ။

      ကျွန်တော်က ကဗျာရေးတင်တယ် ….

      ဆြာမြတ်ကျော်သူက ကဗျာထဲ အာလူးစားသူတွေ ပစ်ထဲ့လိုက်တာ ခင်ဗျ ….။

      ဘာပဲဖြစ်ဖြစ် …. ကဗျာဖတ်ပေးတဲ့အတွက် ကျေးဇူး မှတစ်ပါးးးးးးးးးးးးးးးး

  • မောင်ပေ

    September 20, 2012 at 9:31 pm

    ရံဖန်ရံခါမှာ
    အသံတုဖြစ်မှန်းသိသော်ငြားလည်း
    အော်နေမိတဲ့ မျိုးဆက်များအတွက်
    ရွေးစရာ တစ်ခြားမရှိ
    :eee:

  • Kyaw Myo Thet

    September 21, 2012 at 3:20 am

    ပန်ချီကားလေးကိုနှစ်သက်လို့ ကူးယူထားလိုက်ပါတယ်။
    ကဗျာလေးဖတ်ခွင့် ပေးတဲ့အတွက်လည်
    ကျေးဇူးတင်ပါတယ် နောက်လည်းအားပေးချင်ပါသည်။

Leave a Reply