***အံချော်နေသော…***
***အံချော်နေသော ….***
ရေရောမထားတဲ့ ရေတစ်ခွက်ထဲ
ရေအစစ်တွေ ထဲကရေ …
ရေစစ်နဲ့  …. အစစ်ခံရလို ခံရ..၊
တဆစ်ဆစ်နာရဲ့ …
သံသရာလှည်းဘီး အကျိုးအပျက် ခရီးလမ်းမများ
ဆာလောင်မှုရဲ့ ငိုသံ ရှိုက်ငင်ခြင်း
ရမ္မက် သွေးပျက်ဂီတ … ည
ဝတ်လစ်စလစ် မယ်လိုဒီ လှိုင်းကြမ်း
မိုးခေါင်ရေရှား သောက တောတောင်အ၀ှမ်းလုံး
အက်ဆစ်မြစ်ရေစီးကြောင်းထက်က …
အရေပြား တွန့် ထပ် ရင်ပက်ကြားအက်တို့  …. ရေ
နွေအောက်မှာ ….. ရေတံလျောက် အခံမပျက်
သူတို့ အိပ်မက် …. သူတို့ ထွက်သက် … သူတို့  ကောင်းကင်
တိမ်မျှင်ပါးပါး လမ်းသလားတုန်းလား ကွယ့်….၊
အဇ္ဇျတ္တလွှာချပ်မှာ …. အက္ခရာတွေ ခြေချင်းလိမ်လမ်းသလားကြ
မကောင်းမှု၌ … ပျော်ပိုက်တတ်တဲ့ စိတ်အမိုက်က မှောင်တုန်း …
ဆင်ခြင်တုံ တရားခပ်ပါးပါးလေးနဲ့  ….
ခါးဝတ်ပုဆိုးလေးကို …. မလျှော်ဖွတ်နိုင်အားခဲ့
အလေအလွင့် ၀ီရိယတရားများ ရဲ့ … အားစိုက်မှု
အများနောက်လိုက် ရင်း ……
စကား အဖောက်အရွှန်း များကြား
ဘ၀ရဲ့ ကြိုးကို …..
သုံးလွန်းတင် ကျစ်ထားမိလိုက်ရဲ့ …။။
မောင်ခင်မင်(ကျွန်းချောင်း)
၂၀.၉.၂၀၁၂
အံချော်နေသော
အကြံပေါ်လေပေါ
ကန်ဖော်ရေမျှော
ဖန်နော်ငွေလော
Was this answer helpful?
LikeDislikeဟေ့လူဂျီး ..
ပျောက်လှချည်လားဗျ ..
ခုမှ ပြန်တွေ့ရတယ် ..
ကဗျာကိုလည်း အားပေးသွားပါတယ်ဗျာ ..
Was this answer helpful?
LikeDislikeကဗျာလေးတွေ နားမလည်တတ်ပေမဲ့
ဖတ်ကြည့်ဖို့ဝါသနာ ပါလာပါတယ်။
ဘာကြောင့်ဘယ်ဝေါဟာရသုံးတယ်ဆိုတာ သဘောမပေါက်ပေမဲ့
(အများနောက်လိုက် ရင်း စကား အဖောက်အရွှန်း များကြား
ဘ၀ရဲ့ ကြိုးကို) ဆိုတာလေးက ရင်ကိုလာမှန်ပါတယ်။
Was this answer helpful?
LikeDislikeကဗျာ ကိုယ်တိုင်ရေးလေးတွေများရှိသေးရင်
များများလေးတင်ပေးစေလိုကြောင်း အဘယ့်ကြောင့်ဆိုသော်
ကျွန်ုပ်သည် သီချင်းရေးရန်အတွက်
ကုန်ကြမ်းများလိုနေသော ကြောင့်ပေတည်။
Was this answer helpful?
LikeDislike