***အံချော်နေသော…***

maung khinminSeptember 20, 20121min904

***အံချော်နေသော ….***

ရေရောမထားတဲ့ ရေတစ်ခွက်ထဲ
ရေအစစ်တွေ ထဲကရေ …
ရေစစ်နဲ ့ …. အစစ်ခံရလို ခံရ..၊

တဆစ်ဆစ်နာရဲ့ …
သံသရာလှည်းဘီး အကျိုးအပျက် ခရီးလမ်းမများ
ဆာလောင်မှုရဲ့ ငိုသံ ရှိုက်ငင်ခြင်း
ရမ္မက် သွေးပျက်ဂီတ … ည
ဝတ်လစ်စလစ် မယ်လိုဒီ လှိုင်းကြမ်း
မိုးခေါင်ရေရှား သောက တောတောင်အဝှမ်းလုံး
အက်ဆစ်မြစ်ရေစီးကြောင်းထက်က …
အရေပြား တွန် ့ထပ် ရင်ပက်ကြားအက်တို ့ …. ရေ
နွေအောက်မှာ ….. ရေတံလျောက် အခံမပျက်
သူတို ့အိပ်မက် …. သူတို ့ထွက်သက် … သူတို ့ ကောင်းကင်
တိမ်မျှင်ပါးပါး လမ်းသလားတုန်းလား ကွယ့်….၊

အဇ္ဇျတ္တလွှာချပ်မှာ …. အက္ခရာတွေ ခြေချင်းလိမ်လမ်းသလားကြ
မကောင်းမှု၌ … ပျော်ပိုက်တတ်တဲ့ စိတ်အမိုက်က မှောင်တုန်း …
ဆင်ခြင်တုံ တရားခပ်ပါးပါးလေးနဲ ့ ….
ခါးဝတ်ပုဆိုးလေးကို …. မလျှော်ဖွတ်နိုင်အားခဲ့
အလေအလွင့် ဝီရိယတရားများ ရဲ့ … အားစိုက်မှု
အများနောက်လိုက် ရင်း ……
စကား အဖောက်အရွှန်း များကြား
ဘဝရဲ့ ကြိုးကို …..
သုံးလွန်းတင် ကျစ်ထားမိလိုက်ရဲ့ …။။

မောင်ခင်မင်(ကျွန်းချောင်း)
၂၀.၉.၂၀၁၂

4 comments

  • မောင်ပေ

    September 20, 2012 at 9:29 pm

    အံချော်နေသော
    အကြံပေါ်လေပေါ
    ကန်ဖော်ရေမျှော
    ဖန်နော်ငွေလော

  • မဟာရာဇာ အံစာတုံး

    September 20, 2012 at 9:33 pm

    ဟေ့လူဂျီး ..
    ပျောက်လှချည်လားဗျ ..
    ခုမှ ပြန်တွေ့ရတယ် ..
    ကဗျာကိုလည်း အားပေးသွားပါတယ်ဗျာ ..

  • TTNU

    September 20, 2012 at 10:49 pm

    ကဗျာလေးတွေ နားမလည်တတ်ပေမဲ့
    ဖတ်ကြည့်ဖို့ဝါသနာ ပါလာပါတယ်။

    ဘာကြောင့်ဘယ်ဝေါဟာရသုံးတယ်ဆိုတာ သဘောမပေါက်ပေမဲ့
    (အများနောက်လိုက် ရင်း စကား အဖောက်အရွှန်း များကြား
    ဘဝရဲ့ ကြိုးကို) ဆိုတာလေးက ရင်ကိုလာမှန်ပါတယ်။

  • Kyaw Myo Thet

    September 21, 2012 at 3:16 am

    ကဗျာ ကိုယ်တိုင်ရေးလေးတွေများရှိသေးရင်
    များများလေးတင်ပေးစေလိုကြောင်း အဘယ့်ကြောင့်ဆိုသော်
    ကျွန်ုပ်သည် သီချင်းရေးရန်အတွက်
    ကုန်ကြမ်းများလိုနေသော ကြောင့်ပေတည်။

Leave a Reply