အချစ်ရဲ့ သားသတ်သမား

etoneJuly 10, 20101min400

အချစ်ရဲ့ သားသတ်သမား

အချစ်ကြောင့်ရတဲ့ ပျော်ရွှင်ခြင်းကို လူတိုင်း တောင့်တကြတယ်။ ဒါပေမယ့်
တစ်ချို့လူတွေအတွက် ပျော်ရွှင်ခြင်းဆိုတာ ခန္ဓာကိုယ်ထဲက ပြုပြင်ပြောင်းလဲလို့ရတဲ့
ဆဲလ်တွေလိုပဲ ချေဖျက်ဖို့ ကိုယ်တိုင်ကြိုတင် စီမံခဲ့ကြတယ်။

ရှေးဂရိပုံပြင်မှာ အချစ်နတ်သား မြှားနတ်မောင် (Cupid)နဲ့ လက်ထပ်ခဲ့တဲ့
လူပြည်က Psyche
တို့ရဲ့အဖြစ်က သာဓက ပြနေပါတယ်။ မြှားနတ်မောင်နဲ့ Psyche တို့က နေ့မှာခွဲပြီး
ညမှတွေ့ဆုံကြသူတွေ ဖြစ်တဲ့အတွက် မြှားနတ်မောင်ရဲ့မျက်နှာကို Psyche သေချာ
မမြင်ဖူးခဲ့ဘူး။ နောက်ဆုံးမှာ Psyche ရဲ့ အစ်မတွေက Psycheရဲ့ပျော်ရွှင်နေတဲ့
ဘဝကို မနာလိုဖြစ်ခဲ့ကြတယ်။ ညအချိန်မှာ မြှားနတ်မောင်ကို ကြည့်ဖို့ Psycheကို
မီးခွက်နဲ့ ဓားချွန်တစ်ချောင်းပေးလိုက်တယ်။ တကယ်လို့ မြှားနတ်မောင်က ရုပ်ဆိုးတဲ့
မိစာ္ဆတစ်ကောင်ဖြစ်နေရင် လည်ပင်းကို ဓားနဲ့လှီးဖြတ်ခဲ့ဖို့ မှာလိုက်ကြတယ်။

ညသန်းခေါင် မီးရောင်အောက်မှာ မြှားနတ်မောင်ရဲ့ ချောမောတဲ့ ရုပ်ရည်ကို
Psycheမြင်မှ ရင်ထဲက သံသယစိတ်တွေ ပျောက်သွားခဲ့တယ်။ ဒါပေမယ့်
သူကံမကောင်းခဲ့ပါဘူး။ မမျှော်လင့်ဘဲ မီးခွက်ထဲက ဆီတစ်စက် အိပ်နေတဲ့
မြှားနတ်မောင်ပေါ် ကျသွားခဲ့တယ်။ လန့်နိုးလာတဲ့ မြှားနတ်မောင်က Psyche လက်ထဲက
ဓားချွန်ကို မြင်တာနဲ့ သဘောပေါက်ပြီး ဒေါသတကြီး “လင်မယားကြားမှာ ယုံကြည်မှုဆိုတာ
မရှိရင် အချစ်ဆိုတာ ရှိနိုင်တော့မလား” လို့ ပြောလိုက်တယ်။ အဲဒီနောက်
Psycheကိုထားပြီး ထွက်သွားခဲ့တယ်။

သူငယ်ချင်းတစ်ယောက်က အင်တာနက်မှာ ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့ကြတယ်။
ရင်ထဲက အချစ်မီးတွေ တောက်လောင်ပြီး အချစ်ဒီဂရီတက်ချိန် ရုတ်တရက်
အဲဒီကောင်မလေးနဲ့ သူလမ်းခွဲဖို့ သူပြောခဲ့တယ်။ အဲဒီကောင်မလေးက အင်တာနက်ပေါ်မှာ
တခြားလူတွေနဲ့လည်း သိနေလို့ပါတဲ့…

သိစမှာ ကောင်မလေးကို မယုံသကာင်္နဲ့ ဖုန်းတွေဆက်ပြီး သူလိုက်စစ်၊ လိုက်မေးတယ်။
အခြေအနေက တဖြေးဖြေး တင်းမာလာခဲ့ပြီး နောက်ဆုံး တစ်ဦးပေါ်တစ်ဦး
ယုံကြည်စိတ်ချမှုတွေ ကင်းမဲ့ခဲ့ကြတယ်။ အဲဒီ တခဏအတွင်းမှာပဲ နစ်နစ်ကာကာ
သူချစ်ခဲ့ပါတယ်ဆိုတဲ့ အချစ်တွေ ဆေးဆိုးခံလိုက်ရတယ်။

သံသယနဲ့ မယုံကြည်မှုက အချစ်ရဲ့သားသတ်သမားတွေ ဖြစ်တယ်။ ချစ်သူကို စိတ်မချတာက
ကိုယ့်ကိုယုံကြည်မှုနည်းလို့ ဖြစ်တယ်။ စိတ်မချတာကို ပယ်နိုင်အောင်
ကိုယ့်ကိုအမြဲလန်းဆန်း တက်ကြွအောင်နေပါ။ ဆွဲဆောင်နိုင်အောင် ကြိုးစားပါ။
ယုံကြည်မှုအပြည့်နဲ့နေပါ။ စိတ်ချ….. သူဘယ်တော့မှ ကိုယ့်ကို ထားသွားလိမ့်မှာ
မဟုတ်ပါဘူး။

ချစ်တတ်ကြပါစေ….