မြေ၀ိုင်းအငြိမ့်လေးတစ်ခုမှာ-

ကိုခင် –  လူရွှင်တော်တွေ ပျက်လုံးပျက်ပြီးရင် ကဲ မင်းသမီးအလှည့်ပေးကြပါစို့ ကိုခ ရေ ၊

ကိုခ – ကဲ ကဲ မင်းသမီးအလှည့်ပေးကြရအောင် ကိုခင် ရေ အခေါ်တော်ထောက်ပါအုံး–၊

ကိုခင် – နန်းတော်ကြီးလည်း ခရီးမဝေးပါဘူး၊ အပန်းတော်မညီးနဲ့ အနီးလေးပါဗျ၊ မန်းတောင်ခရီး ဆိုတာကတော့ ရွာစားရေ မန္တလေးရောက်ရင် လည်သင့်ပါတယ်လို့၊

ကိုခ – အော် ကိုခင် ကလည်း မင်းသမီးခေါ်ပါဆိုနေမှ မန္တလေးတောင် အလည်ခေါ်နေသေးတယ်´´

ကိုခင် –  ကြော်ငြာဝင်ကြည့်တာပါ ကဲပါ  ကိုခင်ခ ခေါ်ဗျာ။။

ကိုခင်ခ – ကဲ ကျွန်တော်ခေါ်လိုက်မယ် ကိုခင်ခ ကတော့ အပို မပြောတတ်ပါဘူး၊ အဆိုလေးနဲ့ ပြောရရင်တော့၊ ရတနာ စိန်ကျောက် ဇယ်တောက်တန်း ကစားမယ်လို့၊  အရင်တုန်းက တီဗွီမှာကြော်ငြာခဲ့သဗျ၊ ကလေးလူကြီး သိခဲ့ကြ ဒီကြော်ငြာ၊ ပါးစပ်ဖျားမှာ မချတန်းဆိုကြတာမို့ နားဝမှာ ခဏတန်းကြားခဲ့တာက ပန်ပန် ပန် ပန်  ပန် ပန်ပန် ပန် ပန် ပန် ဆိုတဲ့ကလေးနှမရေ—။

 

 

 

 

 

 

မနက်ဖြန် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကျရောက်မယ့် ရွာသူလေး မပန်ပန်ရေ  Happy Birthday ပါနော်။

ရတနာစိန်ကျောက်ကို တကယ်ဇယ်တောက်ကစားရသလို ချမ်းသာကြွယ်ဝခြင်းပြည့်လို့ သက်ရှည်ကျန်းမာပါ စေကြောင်း မွေးနေ့ဆုတောင်း လက်ဆောင် ပေးလိုက်ပါတယ်လို့။

ခင်မင်မှု့များစွာဖြင့်-

ကိုခင်ခ။

( ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။ )

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..