ရယ်ရယုံ (၁၂)

etoneJuly 10, 20101min690

အပိုင်း (၁)

တစ်ခါက အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ် လူမျိုး(၃)ဦးသည် သဲကန္တာရ တစ်ခုတွင်
ခရီးအတူ သွားကြသည်။ တစ်နေရာ
ရောက်သော် ပုလင်းတစ်လုံးကို တွေ့သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သောအခါ
ထိုပုလင်းကို စောင့်သော နတ်သား
တစ်ပါး ထွက်လာသည်။ (အာလာဒင်ပုံပြင် မဟုတ်ပါ) နတ်သားက တစ်ယောက်စီ
ကြိုက်နှစ်သက်ရာ ဆန္ဒ(၃)မျိုးကို
တောင်းဆိုစေသည်။

ပထမဦးစွာ အင်္ဂလိပ်လူမျိုးက “ကျွန်တော်မျိုး ပိုက်ဆံအများကြီး လိုချင်ပါတယ်”
“ဒုတိယ ဆန္ဒကရော”
” ပိုက်ဆံတွေ ထပ်လိုချင်သေးတယ်”
“တတိယ ဆန္ဒကရော”
“ကျွန်တော်မျိုးကို နေရပ်ကို ပို့ပေးပါ”
သို့နှင့် အင်္ဂလိပ်လူမျိုးမှာ ငွေထုပ်ကို ပိုက်ပြီး မိမိနိုင်ငံကို
ပြန်သွားရသည်။

တဖန် ပြင်သစ်လူမျိုးက ” ကျွန်တော်မျိုး မိန်းမလှလှလေး လိုချင်ပါတယ်”
“ဒုတိယ ဆန္ဒပြောပါ”
” မိန်းမလှလှလေး နောက်တစ်ယောက် ထပ်လိုချင်တယ်”
“တတိယ ဆန္ဒပြောပါ”
“ကျွန်တော်မျိုးရဲ့ နိုင်ငံကို ပြန်ပို့ပေးပါ”
ပြင်သစ်လူမျိုးမှာ မိန်းမလှလေးတွေ အဖော်ပြုပြီး မိမိနိုင်ငံကို ပြန်သွားရသည်။

နောက်ဆုံး တရုတ်လူမျိုး အလှည့်တွင် “ကျွန်တော်မျိုး ရေဆာတယ်
ရေတစ်ပုလင်းအရင်ပေးပါ”
“ဒုတိယ ဆန္ဒပြောပါ”
“ရေနောက်ထပ် တစ်ပုလင်းပေးပါ”
“တတိယ ဆန္ဒပြောပါ”
“ကျွန်တော်မျိုး သူတို့နှစ်ယောက်ကို သတိရနေတယ်။ သူတို့ ဒီပြန်ရောက်အောင်
လုပ်ပေးပါ”

အပိုင်း (၂)

အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးမှာ မကျေမနပ်ဖြင့် တရုတ်လူမျိုးနှင့် အတူ
ခရီးဆက်ပြန်သည်။ တစ်နေရာ ရောက်သော်
ပုလင်းတစ်လုံးကို တွေ့ပြန်သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်ရာ နတ်သားတစ်ပါး
ထွက်လာပြန်သည်။ နတ်သားက တစ်
ယောက်စီ ကြိုက်နှစ်သက်ရာ ဆန္ဒ(၂)မျိုးကို တောင်းဆိုစေသည်။

အင်္ဂလိပ်နှင့်ပြင်သစ် လူမျိုးက တရုတ်လူမျိုး အကောက်ကြံမည် စိုးသောကြောင့်
သူ့အား အရင် တောင်းဆိုစေသည်။
တရုတ်လူမျိုး ” ကျွန်တော်မျိုးအား ရေတစ်ပုလင်း အရင်ပေးပါ”
နတ်သား ” နောက်ဆုံးတစ်ခု တောင်းဆိုချင်တာက … ”
” နောက်ဆုံးတောင်းဆိုချင်တာက အရှင် ဒီကထွက်သွားပါ”
အင်္ဂလိပ်နှင့် ပြင်သစ်တို့ ဘာမှ မတောင်းဆိုရခင် နတ်သားမှာ ပျောက်ကွယ်သွားသည်။

အပိုင်း (၃)

အင်္ဂလိပ်နှင့် ပြင်သစ်မှာလည်း ဒေါသထွက်ပြီး ခရီးဆက်ပြန်သည်။
တစ်နေရာတွင် ပုလင်းတစ်လုံးကို တွေ့ပြန်သည်။ နတ်သားတစ်ပါး ထွက်လာပြီး
တစ်ယောက်စီ ကြိုက်နှစ်သက်ရာ
ဆန္ဒ(၁)မျိုးကို တောင်းဆိုစေသည်။

အင်္ဂလိပ်လူမျိုး “ဒီတရုတ်လူမျိုးကို မမြင်ချင်တော့ဘူး”
ပြင်သစ်လူမျိုး ” ကျွန်တော်မျိုးလည်း သူ့ကို မမြင်ချင်ဘူး”
တရုတ်လူမျိုး “သူတို့တောင်းဆိုတာတွေ တစ်ခုမှ မအောင်မြင်ပါစေနဲ့”

အပိုင်း (၄)

အင်္ဂလိပ်နှင့် ပြင်သစ်မှာ လက်သီးကိုဆုတ် အံကိုကြိတ်ပြီး ခရီးဆက်ပြန်သည်။
တစ်နေရာတွင် ပုလင်းတစ်လုံး တွေ့ပြန်သည်။ နတ်သားတစ်ပါး ထွက်လာပြီး
သူတို့(၃)ဦးကို လိုအင်ဆန္ဒ တစ်ခုပဲ
တောင်းဆိုစေသည်။ အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးက တရုတ်လူမျိုးကို
တောင်းဆိုစေပြီး နတ်သားအားလည်း သူ၏ဆန္ဒ
မပြည့်စေရန် တိုးတိုးပြောသည်။

တရုတ်လူမျိုးက “ကျွန်တော်မျိုး တောင်းဆိုချင်တာက သူတို့နှစ်ဦးကို
နေရပ်ပြန်ပို့ပေးလိုက်ပါ။ ကျွန်တော်မျိုးနဲ့ ဒုက္ခခံ
နေတာ မကြည့်ရက်လို့ပါ ” ဟူတည်း။

(အီဖေကိုယ် သာ တောင်းဆိုခွင့်ရခဲ့လျှင် တစ်ခုတောင်းဆိုချင်ပါသည်။
ပုလင်းများကို recycle လုပ်ပါဟု း)