“Role of new media and technology in socioeconomic development of Myanmar” ဟောပြောပွဲ ကျင်းပမည်

manawphyulaySeptember 21, 20121min761

“Role of new media and technology in socioeconomic development of Myanmar” ဟောပြောပွဲ ကျင်းပမည်

သတင်းအချက်အလက် နှင့်ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း (MCPA) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) တို့မှ ပူးပေါင်း၍ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက် (စနေနေ့) နေ့လယ် (၃းဝဝ မှ ၅းဝ၀) နာရီ အထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park, Conference Hall တွင် ဒေါက်တာအောင်ထွန်းသက်၊ ဦးသောင်းစုငြိမ်း၊ ဦးကျော်မင်းဆွေ၊ ဦးရတနာ တို့ မှ “Role of new media and technology in socioeconomic development of Myanmar” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးမည် ဖြစ်ပါသည်။

အဆိုပါဟောပြောပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များနှင့် စိတ်ပါဝင်စားသူမည်သူမဆို (အခမဲ့) တက်ရောက်ဆွေးနွေးနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ MICT Park, ဖုန်း-၆၅၂၂၇၆၊ ဝ၉-၇၃၀၈၈၃၀ဝ သို့ဆက်သွယ် မေးမြန်းနိုင်ပါသည်။

One comment

  • casper

    September 21, 2012 at 2:27 pm

    ဆရာကြီးတွေဟောမယ့်ပွဲဆိုတော့ တက်နိုင်အောင်ကြိုးစားမယ်ဗျာ……

Leave a Reply