ပြည်သူ့လွှတ်တော်…..ဘယ်လဲ?

maungmoenyoSeptember 21, 20121min25821

“ပြည်ထောင်စုသင့်၊ မစုသင့်” ဆိုတဲ့ မောင်မိုးညိုရဲ့ဆောင်းပါး ရဲ့နောက်ဆက်တွဲ ကိစ္စလေးတွေ မောင်မိုးညိုတို့မိတ်ဆွေတွေကြားထဲ ခေါင်းချင်းရိုက်ခဲ့၊ ငြင်းခုန်တဲ့အဖြစ်လေးတွေ တီးတိုးအဖြစ်ကနေ၊ အကျယ်အကျယ်ဖြစ်လာပါတယ်။  ဖြစ်ရပုံကဒီလိုပါ။

အရင် ဗိုလ်သန်းရွှေလက်ထက် လက်သန်ပြောင်ခဲ့ပြီး နိုင်ငံအရင်းအမြစ်တွေမကျန် လက်ရဲဇက်ရဲလုပ်ခဲ့ကြတဲ့ ဝန်ကြီးဝန်ကလေးပြုတ်တွေ၊ အာဏာ လက်မဲ့ဖြစ်တော့၊ အရင်ကသုံးခဲ့တဲ့ စရိုက်တွေ ဘရိတ်အုတ်မရတဲ့ အဖြစ်တွေရောက်မှန်းမသိရောက်သွားပါတယ်။ ခက်တာက အရင်ခေတ်အဆက်ဆက် ဝန်ကြီး၊ ဗိုလ်ချုပ်ပြုတ်များဟာ၊ ဒီနေ့ပြုတ်ပြီးတာနဲ့ လမ်းပေါ်ရောက်သွားပြီး၊ ဘေးထိုင်၊ဘိုင်ကျ၊ဘုပြောဘဝ ကိုအရှင်လတ်လတ်ရောက်ကြပါတယ်။ ခုခေတ်ပြောင်းချိန်မှာတော့ အဲ့ဒီ လက်သရမ်းအုပ်စု ကအလိုအလျောက်လွှတ်တော်အမတ်များဖြစ်သွားယုံမက၊ သက်ဆိုင်ရာလွှတ်တော်များရဲ့ ကော်မတီအသီးသီး (မိမိတို့ ဝန်ကြီးဘဝအဆက်ဆက်ကရယူခဲ့တဲ့ဌာနများအတိုင်း) မှာ ဥက္ကဌများဖြစ်သွားကြတယ်ဆိုပါတော့။  ဥပမာ- အရင်ကျန်းမာရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဒေါက်တာကျော်မြင့် ဟာ လွှတ်တော်ရဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့ကော်မီတီမှာ ဥက္ကဌဖြစ်သွားပါတယ်။ လက်ရှိအသစ်စက်စက်တက်လာတဲ့ ဝန်ကြီးများရဲ့အရေးပါအရာရောက်မှုတွေကို မနာလိုမရှုစိမ့်ဖြစ်လာကြယုံမက၊ အရင်ကမိမိတို့တချက်လွှတ်ပိုင်စိုးခဲ့တဲ့အခွင့်အာဏာတွေ လက်လွှတ်ကြရလို့ မစားနိုင်မအိပ်နိုင်ဖြစ်လာကြတယ်လို့ဆိုကြပါတယ်။ ဒါနိုင်ငံရေးရေစီးကြောင်းမှာ ဖြစ်နေကျ သံသရာဆိုပေမဲ့ အဲ့ဒီဝဲဩဂထဲရောက်ကြသူတွေကတော့၊ ဒီဒါဏ်ကိုခံနိုင်ရေမရှိဖြစ်ကြရတာဓမ္မတာပါ။ အဲ့ဒီကနေ လက်ရှိဝန်ကြီးမင်းများ ကို”ပြည်ထောင်စု” ဆိုတဲ့စကားလုံးဝေါဟာရက ကောင်းကောင်းကြီးစတင်မြှူဆွယ်ပါတော့တယ်။ ဗဟိုအစိုးရ အပြင်ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရတွေရဲ့ များစွာသော ဝန်ကြီးတွေထဲပေါ်ပေါက်လာတဲ့ ပြည်ထောင်စု အဆင့်ဆိုတဲ့သီးသန့်အလွှာတခုဖန်တီးလာရပါတယ်။   ပြည်ထောင်စုဆိုတဲ့စကားက ဘယ်သွားသွား ရေပန်းစားလာတော့၊ ဆိုခဲ့တဲ့ ဝန်ကြီးတဖြစ်လဲ လွှတ်တော်ဥက္ကဌများကလည်းသူတို့ဟာ ပြည်ထောင်စု အဆင့်များပါလို့ အတင်းကိုယ်ကိုယ်ကို သတ်မှတ်ဖို့စိုင်းပြင်းလာကြပါတယ်။ ဘာတွေဖြစ်လာလဲ ဆိုတာတော့ MG မိသားစုတွေသိပြီးကြပြီးသားပါ။

(၁) ပြည်ထောင်စု ဆိုတဲ့ဝေါဟာရက တိုင်းရင်းသားလူမျိုးပေါင်းစုံတအူတုံဆင်းတိုင်းရင်းသားတွေ၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးကြရင်း၊ အကျိုးတူကိစ္စတွေအတူပေါင်းစည်းဖြေရှင်းဆောင်ရွက်ခြင်းလက္ခဏာ ကိုဆောင်ခြင်းသက်သက် ကိုပြဆိုပါတယ်။ federalism ကနယ်နမိတ်နဲ့ဖွဲ့စည်းမှုပေါ်မူတည်တဲ့ သတ်မှတ်ချက်ဖြစ်ပြီး၊ ပြည်ထောင်စုက မတူညီကွဲပြားတဲ့ လက္ခဏာဆောင်သူတွေရဲ့ညီညွတ်ခြင်း သဏ္ဍာန်ကိုဆောင်တာမို့၊  ချစ်ကြည်ရင်းနှီးမှုလက္ခဏာကိုဆောင်ပါတယ်။

(၂) နိုင်ငံရေးသဘောလက္ခဏာအရ ကတော့ executive လက္ခဏာကိုဆောင်ပါတယ်။ လွှတ်တော် ဟာ legislative မို့ executive  မဟုတ်ပါဘူး ဆိုတာကိုနားလည်ရပါမယ်။ Legislative ကဥပဒေကိုရေးဆွဲပါတယ်၊ ဥပဒေကိုသုံးသပ်ပါတယ်၊ လိုအပ်ရင်ပြင်ပါတယ်၊ ပြောင်းပါတယ်။ ပယ်ဖျက်ဘို့လိုရင်ပယ်ဖျက်ရပါတယ်။ ဒါပေမဲ့ဥပဒေထဲက provision တွေမှာဝင်မပါရပါဘူး၊ ဝင်မဆောင်ရွက်ရပါဘူး။ အဲ့ဒါကို executive ကလုပ်ရမှာပါ။ အဲ့ဒီအတွက် နိုင်ငံအခွန်ကိုသူတို့ကိုပေးထားတာပါ။

(၃) လက်ရှိ ၂၀၀၈ အခြေခံဥပဒေ ရဲ့လွှတ်တော်(၂) ရပ်ပေါင်းကို ပြည်ထောင်စုလွှတ်တော်လို့ပြဌာန်းထားတာမို့၊ ပြည်ထောင်စုအဆင့်ရပြီးသားပါ။ အဲ့ဒီအတွက် အဲ့ဒီလွှတ်တော်(၂)ရပ်မှာရှိကြတဲ့ အမတ်အားလုံးတယောက်မကျန်ဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအလိုအလျောက်ဖြစ်ပါတယ်။ ဘာလိုသေးလဲ?

(၄) ဖေါ်ပြခဲ့တဲ့ လွှတ်တော်ကော်မီတီဥက္ကဌများက သူတို့ကိုလည်း သီးသန့်ငွေစားရင်းခေါင်းစဉ်နဲ့ ဘတ်ဂျက်ချပေးသင့်တယ်ဆိုပြီးအရေးဆိုလာကြပါတယ်။ ဒါမှ သူတို့လိုချင်တဲ့ သူတို့ခါးပိုက်ဆောင်နောက်လိုက်များနဲ့ parallel government လိုလိုပုံစံပြောင်းယူပြီး အစိုးရလုပ်သလို လုပ်လို့ရလာနိုင်ကြပါမယ်။ ဒါသူတို့ရဲ့ စိတ်ကူးယဉ်မှုလေးတွေပေါ့။

(၅) ပြည်ထောင်စုအဆင့်မဟုတ်ဘူးလို့ဆုံးဖြတ်ချက်ချလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များကို ဖြုတ်ထုတ်သတ် လုပ်လိုက်ခြင်းဟာလဲ၊ မြန်မာနိုင်ငံရဲ့ဖြစ်ပေါ်တိုးတက်မှုကို အမဲစက်ထင်သွားစေခဲ့ပါတယ်။ ဆိုးတာက စွပ်စွဲချက်တွေဟာ vague ဖြစ်ယုံမက၊ လူထုကို အဓိကအကြောင်းရင်းခံကို ထင်သာမြင်သာရှင်းမပြနိုင်ခဲ့ခြင်းပါဘဲ။ သေသေခြာခြာစဉ်းစားကြည့်ရင်၊ ဒီခုံရုံးမှာ ပါဝင်သူထက်ဝက်ကျော်ဟာ ၂၀၀၈ အခြေခံဥပဒေကို ကိုယ်တိုင်ရေးဆွဲခဲ့ကြတဲ့ authors of the constitution တွေဖြစ်ယုံမက၊ ဥပဒေလောကမှာ တတ်သိပညာရှင်ကြီးတွေပါ။ သူတို့ရေးထားတဲ့အခြေခံဥပဒေ ဘာကိုဆိုလိုလဲဆိုတာ သူတို့ကောင်းကောင်းကြီးသိကြပါတယ်။ သမိုင်းတွင်မဲ့အမှားကြီးတခုဖြစ်သွားပါပြီ။ ဘာနဲ့တူသလဲဆိုတော့ ကိုယ်လက်နဲ့ရေးခဲ့တာ ကိုယ်ခြေထောက်နဲ့ကိုယ်ပြန်ဖျက်တဲ့ဘဝတွေကိုအမတ်မင်းများရောက်သွားကြပါပြီ။

(၆) အခြေခံဥပဒေကပြဌာန်းချက်ပုဒ်မ(၃၀၂) ကိုသုံးပြီး recall လုပ်တယ်ဘဲဆိုကြပါစို့။ ခုံရုံးအဖွဲ့ဝင်တွေ အခုထွက်သွားကြပါပြီ။ ဆိုခဲ့တဲ့ကော်မီတီတွေက ပြည်ထောင်စုတွေဖြစ်သွားပြီလား။ ပြည်ထောစ်စုအဆင့်ဖြစ်သွားတဲ့အတွက် အများပြည်သူအတွက်အရေးကြီးတဲ့ကိစ္စ ကိုလွှတ်တော်(၂)ရပ်က ဘာတွေလုပ်ပေးနိုင်မယ်လို့ထင်ကြပါသလဲ။ (ဘယ်မှာလဲ rule of law) တပ်ကအမတ်တွေကမဲမပေးကြားနေတာကိုဘဲဝမ်းသာကျေးဇူးတင်ရမလိုဖြစ်နေပါတယ်။

(၇) စွပ်စွဲချက်အကြောင်းရင်း၊ ရလာမဲ့အကျိုးအမြတ်တွေ ကိုအများပြည်သူကိုမပြောနဲ့ ကိုယ့်အနားမှာကပ်နေတဲ့ မိတ်ဆွေများကိုတောင်းရှင်းမပြနိုင်ကြပါဘူး။ (ဘယ်မှာလဲ transparency)

(၈) ဒီထက်ပိုပြီးအရေးကြီးတဲ့ကိစ`္စတွေအမတ်မင်းများလုပ်စရာတွေအများကြီးပါ။ ဥပမာတခုပြောရအောင်- ဒီကနေ့အထိ United States လိုနိုင်ငံကြီးတွေမှာခေါင်းချောက်နေရတဲ့ မိသားစုသာယာဝပြောနေထိုင်ရေးဘဝမြှင်တင်ရေး social security (လူမှုဖူလုံရေး ဥပဒေကြမ်းကြီး) ကိုတော့ နေ့တပိုင်း၊ ရှေ့က ပြောသွားသမျှ အိပ်ငိုက်ငိုက်နဲ့ခေါင်းညှိမ့်အတည်ပြုလိုက်တဲ့ ဥပဒေကြီးကိုတော့ ဆွေးနွေးမေးမြန်းသူလက်ချိုးရေရလောက်အောင်တောင်မရှိပဲ၊ ခုံရုံးဖြုတ်ထုတ်သတ်ကိစ္စကျတော့ ပြီးခဲ့တဲ့လွှတ်တော်အစည်းအဝေးကြီးရဲ့ နေ့စဉ်ဆွေးနွေးပွဲတွေမှာ မစားရဝခမန်း ဝေဖန်ကြ၊ ရှုတ်ချကြနဲ့အချိန်ကုန်ကြပါတယ်။ တန်ဘိုးရှိမဲ့ ပြည်သူဘဝမြှင့်တင်ရေးကျတော့ ကိုယ်နဲ့မဆိုင်၊ ဘေးထိုင်နေကြပါတယ်။ ဥပဒေတရပ်ရဲ့အရည်အသွေးဟာ debate ကောင်းကောင်းရှိမှာပေါ်လာနိုင်တာပါ။ အဲ့ဒီအတွက်ကိုတော့အချိန်မပေးနိုင်လောက်အောင်ပါဘဲ။

(၉) ဒေါ်အောင်ဆန်းစုကြည်ကိုဒီကိစ္စနဲ့ပါတ်သက်ပြီး၊ မှတ်ချက် သဘောထားမပေးလို့၊ အဲ့ဒီနေ့မဲခွဲဆုံးဖြတ်ကြတဲ့နေ့မှာ  အစည်းအဝေးမတက်လို့မကျေနပ်ကြ၊ ဝေဖန်ကြတယ်လို့ကြားပါတယ်။ သူကဘယ်တက်လိမ့်မလဲ။ အမတ်မင်းလုပ်ဖေါ်ကိုင်ဖက်တွေ မလုပ်သင့်တာ၊ အချိန်ကုန်မခံသင့်တာတွေကိုသူကကောင်းကောင်းကြီးမြင်ထား၊ နားလည်ထားပြီကိုး။

Legislative ကနိုင်ငံစီမံခန့်ခွဲရေးမှာဝင်စွက်ဖက်ခြင်းဟာ မသင့်တော်တဲ့ကိစ္စပါ။ အစိုးရကလည်းဥပဒေကိုဒီလိုထုတ်၊ ဒီလိုပြင်ဆိုပြီးဝင်စွက်ဖက်ရင်လဲ မကောင်းပါဘူး။ တရားစီရင်ရေးကိစ္စမှာ ဖြတ်ထုံးဟာအခရာပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီဖြတ်ထုံးဟာ နောင်လာနောက်သားတို့အတွက် precedent ပါ။ လွှတ်တော်ကဥပဒေပြုမယ်၊ ပြင်မယ်၊ ဖျက်မယ်၊ အစိုးရက ဥပဒေကိုတွန်းအားပေးဖေါ်ဆောင်ပေးရမယ်။ ဥပဒေပါပြဌာန်းချက်နဲ့ပါတ်သက်လို့ အငြ်းအခုံဖြစ်ရင် တရားလွှတ်တော်က အဆုံအဖြတ်ကိုနာယူမယ် ဆိုတာဟာ ဗြမ္မာစိုရ်တရားတွေပါ။ လောကပါလတရားတွေပါ။ လွှတ်တော်ဟာ သူ့အလုပ်ကြန့်ကြာမှုအတွက်ပြည်သူအများရဲ့ ကိစ္စတွေမှာနှောင့်အသွားဖြစ်သွားစေမဲ့ကိစ္စတွေ လက်ရျောင်ကြဘို့လိုပါတယ်။ ကိုယ်ဒေသကိုယ်စားပြုတဲ့ မဲဆန္ဒရှင်တွေ ကိုကိုယ်စားပြုတယ်ဆိုတဲ့အချက်ကိုမမေ့ကြဘို့လိုပါတယ်။ အမတ်မင်းများကိုယ်ကိုယ်ကိုမေးကြည့်ကြပါ။

(၁) ကိုယ့်မဲဆန္ဒရှင်များကို ရေရေလည်လည်ရှင်းပြနိုင်ခဲ့သလား? ပြည်ထောင်စုအဆင့်ရရှိရေးဟာ ကိုယ့်ဒေသတိုင်းရင်းသားတွေအတွက် အသက်တမျှအရေးကြီးလောက်တယ်လို့ဆိုရလောက်တဲ့ အချက်နမူနာတချက်လောက်ပြနိုင်သလား?

(၂) transparency, rule of law, democracy ဆိုတဲ့စကားတွေရဲ့လမ်းကြောင်းနောက်ကို ကိုယ်ကိုယ်တိုင်လိုက်နေကြရဲ့လား? သူများကြားကောင်းအောင်ရေလဲနဲ့သုူံးနေကြတာလား?

Filibuster အမတ်မင်းများ၊ “ဝေလေလေ”အမတ်မင်းများအဖြစ်မရောက်အောင် ကိုယ်ကိုယ်ကို ဘရိတ်အုတ်ကြဘို့တော့လိုအပ်ပြီလို့ထင်ကြောင်း မချွင်းမချန် ဝေဖန်လိုက်ရပါတယ်။

21 comments

  • ဒဿ ဖွတ်ကျား

    September 21, 2012 at 11:28 am

    တကယ်ကောင်းတဲ့ ရှင်းလင်းထောက်ပြမှုပါဗျာ…
    ဖတ်ရတာ အလွန် ဗဟုသုတရပါတယ်…
    အနှီကိစ္စကို သတင်းတွေမှာ ဖတ်ရတုန်းက ..
    နားလည်သလိုလို နားမလည်သလိုလို အ.အ မုဒိန်းအကျင့်ခံရသလို
    ဘူးလုံးနားထွေး ဖတ်ခဲ့ရတာတွေ အခုတော့ ရှင်းရှင်းလင်းလင်း သိလာရလို့
    ကျေးဇူးပါဗျို့ …။

    အင်း..
    Fedralism ဖြစ်မလာဘဲ…
    Feudalism 2.0 ဖြစ်လာမလား စိုးတယ် .. စိုးမိတယ်.. စိုးထိတ်နေမိတော့တယ်ဗျာ…

    :bar:

    • maungmoenyo

      September 22, 2012 at 6:55 am

      Feudalism ခေတ်ကို u-turn မလုပ်ဘူးဆိုတာ အစိုးရတခုတည်းကလုပ်လို့မရပါဘူး။ လူထုကိုပါအောင်မရမနေခေါ်ရပါမယ်။ ဒီလိုပါနိုင်အောင် ရှင်းပြရမဲ့တာဝန်က ပြည်သူ့ကိုယ်စားလှယ်တွေမှာရှိနေပါတယ်။ representative ဆိုတဲ့ ဝေါဟာရရဲ့အနှစ်သာရကို အားမနာတမ်းထောက်ပြရရင် ပြည်သူ့တွေရဲ့ရင်ခုံသံဟာ အဲ့ဒီကိုယ်စားလှယ်ကြီးများရဲ့ ရင်ခုံသံနဲ့ထပ်တူကျနေရပါမယ်…at all given time ပါ။ လူထုကိုကိုယ်စားပြုသူတွေမို့ ကိုယ်ကိုယ်ကို ကိုယ်စားတကယ်ပြုရြ့လားဆိုတဲ့မေးခွန်းကို အမတ်မင်းများမေ့လောက်ရှိတိုင်း ပြန်မေးနိုင်ကြပါစေ။

    • maungmoenyo

      September 22, 2012 at 6:56 am

      လက်မအောက်စိုက်သင့်တာလေးတွေကိုလဲထောက်ပြပေးဘို့ ကြိုဆိုပါတယ်။

  • ပန်းစံပါယ်

    September 21, 2012 at 1:22 pm

    ပြိုင်ပွဲကြီးတစ်ခု အဆုံးသတ်သွားပြီဆိုတော့ကာ နောက်ထပ်ဘာပြိုင်ပွဲတွေများ ထပ်ပြီးကျင်းပကြဦးမလဲမသိဘူးနော်။

    • maungmoenyo

      September 22, 2012 at 6:56 am

      ကြောက်ပါပြီခင်ည…..

  • first last

    September 21, 2012 at 1:31 pm

    All Myanmar people should read your writing in some news journal.

    • maungmoenyo

      September 22, 2012 at 7:00 am

      submitted last night! They (government) fully aware of the ‘true’ picture but people are still in the dark side! There might be the ongoing whispering campaigns but Myanmar need a decade if not years to come to the point where the the meaning of ‘transparency’ becomes materialized.

  • Shwe Ei

    September 21, 2012 at 5:12 pm

    ခုချိန်ထိ အမတ်မင်းများ ဘာလုပ်လိုက်လို့ ဘာကြီးတော့ဖစ်သွားဘီဟေ့လို့ ရေရေရာရာ မကြားမိသေးတာအမှန်။ ကိုယ်ဘဲ ဒုံးဝေးနေသလား မသိပေမဲ့ အစိုးရပိုင်းကိတ်စတွေ ထွမ်စပယ်ရန်စီ မဖစ်ဖူးလို့တော့ ခံစားရပါဒလယ်။
    စကားမစပ် မေ့နေလိုက်တာ ဧည့်စာရင်းမတိုင်မိတာ
    တလလောက်ရှိရော့မယ်။ ထောက်ခံစာလိုချင်မှ ရပ်ကွက်ရုံးက ငှက်ကထဂျီးဒွေကို မချိသွားဖြဲလုပ်ပြ၊ လေသံပျော့လေးနဲ့တောင်းပန်ရအုံးမယ်။ ဒွတ်ခ 🙁

    • maungmoenyo

      September 22, 2012 at 7:04 am

      ဘာမှန်းမသိစခဲ့တဲ့ကိစ္စမို့၊ ဘာတွေဖြစ်မှန်းမသိဖြစ်သွားတယ်လို့ယူဆရပါတယ်။ အဲ – အောက်တိုဘာမှာပြန်စမဲ့ လွှတ်တော်မှာ ဒီ ပြည်ထောင်စု ကိစ္စ လူထုအတွက် ဘယ်လောက်အထိအကျိုးရှိစေမယ်ဆိုတဲ့ ဆောင်ရွက်ချက်တွေ မြင်သင့်ပါတယ်။ (I highly doubt that!)
      ပုံပေါ်မလာရင်တော့ အမတ်မင်းတို့ရေ…. အထုပ်သာပြင်ထားကြပေရော့…. ပြည်သူုကိုယ်စားလှယ်များကို တာဝန်မှပြန်လည်ရုတ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းက အသင့်စောင့်နေပြီလေ…။

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    September 21, 2012 at 6:17 pm

    ပိုစ့်က အသားတွေချည်းဖြစ်နေတော့ အားလုံးကောင်းပါတယ်ဘဲဆိုရမှာပါ
    အသားထဲက အနှစ်တစ်ခုထုတ်ကြည့်ဒါဘာ
    ( (၉) ဒေါ်အောင်ဆန်းစုကြည်ကိုဒီကိစ္စနဲ့ပါတ်သက်ပြီး၊ မှတ်ချက် သဘောထားမပေးလို့၊
    အဲ့ဒီနေ့မဲခွဲဆုံးဖြတ်ကြတဲ့နေ့မှာ အစည်းအဝေးမတက်လို့မကျေနပ်ကြ၊ ဝေဖန်ကြတယ်လို့ကြားပါတယ်။ သူကဘယ်တက်လိမ့်မလဲ။ အမတ်မင်းလုပ်ဖေါ်ကိုင်ဖက်တွေ မလုပ်သင့်တာ၊ အချိန်ကုန်မခံသင့်တာတွေကိုသူကကောင်းကောင်းကြီးမြင်ထား၊ နားလည်ထားပြီကိုး။ )
    ဒီပိုစ့်ကို ဖတ်ပြီးမှ မေမေကြီးကို ပိုလေးစားမိတယ်
    အားလုံးသိကြမှာပါ အဲ့သည်တုန်းက မေမေကြီးက လွှတ်တော်ထဲကိုဝင်ရမယ့်အချိန်မှာ တစ်ခုခုကို
    သူသိနေလို့ဖြစ်မှာပေါ့ အရပ်စကားနဲ့ပြောရရင် အင်တင်တင်လုပ်နေတာ
    အဲ့သည် အချိန်မှာ နွားဝံဂျီးပြုတ်တွေ သောင်ပြင်လွှတ်တဲ့ခွေးတွေလို အနောက်ကနေဝိုင်းပြီးအော်နေတာ
    နိုင်ငံတော်က လွှတ်တော်ထဲကနေကြိုဆိုနေတာကို ဘာဖြစ်တယ်ညာဖြစ်တယ် ဆိုပြီး
    မေမေကြီးကို ဝိုင်းဟောင်နေကြတာ ကျုပ်က ပြောမတတ်လို့
    ခု ဒီပိုစ့်ကို ဖတ်ပြီးမှ
    မေမေကြီးလွှတ်တော်ထဲမဝင်ခင် အင်တင်တင်ဖြစ်နေတာကို အနောက်ကနေဝိုင်းဟောင်ကြတဲ့ကောင်တွေကို
    ဒီပိုစ့်ထဲက အတိုင်း ကွက်တိပြောတယ်ဗျာ :mrgreen:

    • maungmoenyo

      September 22, 2012 at 7:11 am

      မောင်မိုးညို မြင်သလောက်ပြောရရင်၊ ဒေါ်စုကို ငြိမ်ချက်သားကောင်းလို့၊ အရေးကြီးတဲ့ disputes/arguments တွေမှာသဘောထားမပေးမှုတွေအတွက် ဝိုင်းပြီးဝေဖန်ကြတယ်။ ခွန်ထွန်းဦးကလည်း neutralized အလုပ်ခံရပြီလို့ဝမ်းနဲပက်လက်ဆိုတယ်။ အမှန်တော့ ဒေါ်စုတယောက် နိုင်ငံ reform ကိစ္စမှာ အပြောနဲ့မဟုတ်အလုပ်နဲ့ လက်မပြတ်ဖြစ်နေပြီလို့ မြင်မိပါတယ်။ လက်တွေ့ဘဝထဲစတင်ချင်းနင်းဝင်ရောက်နေပြီလို့မြင်မိပါတယ်။ လူမျိုးရေး၊ မဏ္ဍိုင်ကြီး (၅)ခုတို့ရဲ့ သူနိုင်ငါနိုင်ဗိုလ်လုပွဲမှာ လက်ရှောင်ခြင်းဟာ၊ နိုင်ငံအတွက်အရေးကြီးနဲ့ ကာလရောက်နေတဲ့အပြင်၊ အကျိုးမဖြစ်၊ အပြစ်တောင်ဖြစ်ပြီး၊ နိုင်ငံတကာကတောင် “ဘာတွေမဟုတ်တရုတ်တွေဖြစ်နေကြပါလိမ့်” အထင်သေးတဲ့ဘဝရောက်နိုင်ပါတယ်။ ရောက်သင့်သလောက်လဲရောက်သွားခဲ့ရတာ စိတ်မကောင်းစရာပါ။

  • kai

    September 21, 2012 at 11:16 pm

    အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင် ၃ရပ် ..
    မဏ္ဍိုင် ၃ရပ်ရဲ့ သဘောသဘာဝ သေသေချာချာနားမလည်ကြသေးဘူးလို့မြင်မိတယ်..။ အမတ်တွေကို.. ပညာတော်သင်အရင်လွှတ်ရမလိုဖြစ်နေပြီ..။ :harr:

    ဆိုတော့..
    ယူအက်စ်ရဲ့..စတုတ္ထမဏ္ဍိုင်.. ကို အင်္ဂလိပ်လိုဖွင့်ဆိုထားတာ..စိတ်ဝင်စားစရာမို့တင်ပေးလိုက်ပါတယ်..။
    မီဒီယာ(Press) တခုထဲမဟုတ်..။ လူထုကြီး( People) တွေ.. အကုန်ပါဝင်တဲ့သဘောတွေ့ရမှာပါ..။

    မဏ္ဍိုင် ၃ရပ်ကို တည့်မတ်ထိမ်းကြောင်းပေးဖို့ရာ..” နိုင်ငံသား – သင့်တွင်တာဝန်ရှိသည်..” ဆိုတဲ့သဘော…။
    (အခွန်လေးတော့ ဆောင်ပေါ့..) :kwi:
    =
    http://en.wikipedia.org/wiki/Separation_of_powers
    The separation of powers, often imprecisely used interchangeably with the trias politica principle,[1] is a model for the governance of a state. The model was first developed in ancient Greece and came into widespread use by the Roman Republic as part of the unmodified Constitution of the Roman Republic. Under this model, the state is divided into branches, each with separate and independent powers and areas of responsibility so that no branch has more power than the other branches. The normal division of branches is into a legislature, an executive, and a judiciary.
    =
    Fourth branch of government
    From Wikipedia, the free encyclopedia

    In the American political system, the fourth branch of government refers to a group that influences the three branches of governance defined in the American Constitution (legislative, judicial, and executive). Such groups can include the press (an analogy for the Fourth Estate), the people, and interest groups. U.S. independent administrative government agencies, while technically part of the executive branch (or, in a few cases, the legislative branch) of government, are sometimes referred to as being part of the fourth branch.

    • maungmoenyo

      September 22, 2012 at 7:14 am

      သဂျီးခင်ဗျား – “လွှတ်တော်အသံ၊ ပြည်သူ့အသံ” ဆိုလားဘဲ။ သူ့ဝက်ဆိုက်မှာတင်ထားတာပါ။ ဟုတ်မဟုတ်တော့ မသိ၊ လူထုကတော့ ရေးရေး မြင်စပြုနေပါပြီ။
      ဟုတ်ပါတယ်။ အမတ်မင်းတွေ နိုင်ငံတကာခြေဆန့်ကြပါမယ်။ မြင်ယောင်ပါတယ်…………………………………..

  • အရီးခင်လတ်

    September 22, 2012 at 3:11 am

    ကိုမိုးညိုရှင့်

    {{ လက်ရှိအသစ်စက်စက်တက်လာတဲ့ ဝန်ကြီးများရဲ့အရေးပါအရာရောက်မှုတွေကို မနာလိုမရှုစိမ့်ဖြစ်လာကြယုံမက၊ အရင်က မိမိတို့တချက်လွှတ်ပိုင်စိုးခဲ့တဲ့အခွင့်အာဏာတွေ လက်လွှတ်ကြရလို့ မစားနိုင်မအိပ်နိုင်ဖြစ်လာကြတယ်လို့ဆိုကြပါတယ်။}}

    ဖြစ်ကြမှာပါဘဲ။
    လွှမ်းမိုး သီချင်း လို “ရပ်ကွက်ထဲမှာ ဒီလိုဘဲ ရှိတယ်။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဒီလိုဘဲ။”
    လို့ ဘဲ ဆိုချင်ပါတယ်။

    ဒီလို လူပြိန်းနားလည်အောင် ဝေဖန်ရှင်းပြထားတဲ့ Post လေး ကို ပြန်မျှခွင့်ပြုပါ။
    ကျေးဇူးပါရှင်။

    တိုက်တိုက်ဆိုင်ဆိုင်
    ဒီနေ့ ဘီဘီစီ ရေဒီယို Quiz တစ်ခုမှာ မြန်မာနိုင်ငံအကြောင်း ကို မေးလာတယ်တဲ့။
    (သူများပြောတာ ကို ပြန်မျှတာပါ။)
    မြန်မာပြည်တွင်းက နိုင်ငံရေးသမား (ဘယ်သူတွေ ကို ညွန်းတာလဲတော့ မသိ) တွေ
    ဘယ် နိုင်ငံရေး စီးရီး ဇာတ်လမ်းကို အများဆုံး ကြည့်နေသလဲတဲ့။
    အဖြေ က (၄) ခုထဲကနေ ရွေးရသတဲ့။
    အဖြေမှန်က – The West Wing တဲ့။
    ဟုတ်မဟုတ်တော့မသိ။
    ဘယ်သူက ကောက်ထားတဲ့ အချက်အလက်လဲ တော့မသိ။
    The West Wing is an American television serial drama created by Aaron Sorkin that was originally broadcast on NBC from September 22, 1999 to May 14, 2006.
    The series is set in the West Wing of the White House—where the Oval Office and offices of presidential senior staff are located—
    during the fictional Democratic administration of Josiah Bartlet (played by Martin Sheen).

    နိုင်ငံရေးသမား ဆိုရင်
    လွှတ်တော်တက် အမတ်မင်း များလဲ ပါတာပေါ့နော်။ :buu:

    • maungmoenyo

      September 22, 2012 at 7:27 am

      ဝန်ကြီးဟောင်း သခင်ချစ်မောင် (ဝိဓူရ) လား (မြန်အောင်) လားတော့ တပ်အပ်မပြောနိုင်တော့ပါဘူး။ ဆိုခဲ့တဲ့ ကိစ္စလေး သွားသတိရပါတယ်။ ဘာတဲ့ – “ဝဋ်ကြီးသော ဝန်ကြီးဘဝ” ဆိုတာလေးကိုပါ။
      ဖဆပလခေတ် လက်ညှိုးငေါက်ငေါက်ထိုးပြီး ပစ်ပစ်ခါခါဝေဖန်နိုင်တဲ့ခေတ်မှာ မနက်မိုးလင်းတာနဲ့ အိမ်ရှေ့ခြံစည်းရိုးကနေ “အမေ” အချီပြီး ကော်ဆဲခံရတဲ့ခေတ်မှာဝန်ကြီးဖြစ်ခဲ့ဘူးသူတွေ၊ ရာထူးကပြုတ်ကြရင်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ကြောင်တောင်တောင်ဖြစ်သူတွေဖြစ်၊ သေတဲ့သူတွေကလဲသေကြပါတယ်။
      ဟုတ်ပါတယ် အမတ်မင်းများဟာ နိုင်ငံရေးသမားစစ်စစ်တွေပါ။ ဒီလိုစစ်မှ ဘဝမမေ့ကြမှာပါ။
      ဒေါ်စုဟာ နိုင်ငံရေးသမားထက်မြင်တဲ့ statesman ဖြစ်နေပါပြီ။ သူ့ဘဝမှာဘာမှ မလိုတော့ပါဘူး။ လွှတ်တော်ထဲဝင်ရတာ အကြောင်းရှိပါတယ်။ လူထုမျက်နှာကိုသူအမြဲကြည့်နေသူပါ။
      သမ္မတဦးသိန်းစိန်ဟာ hardliner ခေတ်ကာလထဲကရုန်းထွက်လာရသူပါ။ သူ့အနေအထားက ပိုလို့ခက်ခဲတယ်ဆိုတာသဘောပေါက်ဖို့လိုပါတယ်။
      သူတို့(၂) ယောက်လက်တွဲပြီးနိုင်ငံအရေးအရာကိစ္စတွေလုပ်နေကြတာကို သံသယကင်းကြဘို့လိုပါတယ်။
      ဒီမိုကရေစီကိုမီးထွန်းခါးတောင်းကျိုက်ရှာရတဲ့ခေတ်ကနေ၊ ခုလိုအခြေအနေမျိုးရောက်အောင်၊ ကာလတိုအတွင်း၊ အခက်အခဲနဲနဲနဲ့ ရောက်လာနိုင်တာကို ဝမ်းသာကြဘို့လိုပါတယ်။
      လူဟာစနစ်ရဲ့သားကောင်ဆိုတာ မမေ့ကြဘို့ လိုအပ်သလို၊ စနစ်ရဲ့သားကောင်ဘဝကနေလွတ်နိုင်ဘို့ကအချိန်ယူတယ်ဆိုတာကိုလည်းနားလည်ကြ၊ လက်ခံကြဘို့လိုပါတယ်။
      ဒီမိုကရေစီစကားများများပြောသူတွေကို သတိကြပ်ကြပ်ထားကြပါ။
      ဒါမှမဟုတ်လို့ကတော့..သမိုင်းတပါတ်မလည်နိုင်ဘူးလို့ အာမ မခံနိုင်သေးပါဘူး ဆိုတာ။

  • pooch

    September 22, 2012 at 3:45 pm

    ပြောရရင် ကိုယ်က လွှတ်တော်အကြောင်း ဂဃနဏ သိတာမဟုတ်ပါဘူး။ ပြသာနာတွေတက်နေကြတော့လည်း ဘာတွေ ဖြစ်နေမှန်း ရှင်းရှင်းလင်းလင်းမသိဘူးရယ်။ ဖြစ်နေကြမှန်းတော့ သိတယ်။ :mrgreen:

    ခုလို ပြောပြတဲ့သူရှိတာကိုပဲ ဝမ်းသာရတယ်။ နောက်များ မကြာမကြာ ဒီလို ပြောပြပေးပါ။
    တချို့ ကိစ္စတွေ ကိုယ်လှမ်းမမှီတာမို့ ဝင်မဆွေးနွေးပေမဲ့ နားလည်သဘောပေါက်အောင် သိအောင် အသေအချာ ဖတ်သွားပါတယ်။

    ဘကြီးစိန်အနေအထားခက်လှတယ် ဆိုတာကိုတော့ ဟိုးအစထဲက မြင်မိပါတယ်။

    စနစ်ရဲ့ သားကောင်ဘဝကနေ ရုန်းထွက်ဖို့ အချိန်ပေးရတယ် ဆိုပေမဲ့လည်း အင်နဲ့အားနဲ့ ရုန်းထွက်တတ်ကြဖို့ လိုမယ် ထင်ပါတယ်။

    • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

      September 22, 2012 at 6:10 pm

      ( ဘကြီးစိန်အနေအထားခက်လှတယ် )
      အလွန်တန်းဘိုးရှိလှပါတယ် အရီးလေး ပု ရေ
      ( ကျနော် မိုက်ကယ်ဂျော်နီအောင်ပုမှ အရီးလေး ပု ရဲ့ ကော်မန့်ကို အစိမ်းအကြီးကြီးပေးပါတယ်ဗျာ )
      တစ်နေ့ကဘဲ ဘကြီးစိန်ကို ပေါက်ဖေါ်ကြီးက ဒေါက်တာချက်ကြီးဘွဲ့ ဟုတ်ပါဘူးယောင်လို့
      ဒေါက်တာဘွဲ့ ပေးလိုက်တာ အကောင်းအဆိုးတွေ ဒွန်တွဲသွားတယ်ဗျာ
      ကျနော်ကတော့ ဘယ်သူ့ဖက်မှမလိုက်ပါဘူး
      ဦးလေးသံမဒဂျီး ဦးသိန်းစိန်စိုတာ စစ်အုပ်စုရဲ့ မရှင်းမရှင်း လို့ ဆိုသာပေမယ့် ကျနော်ယုံကြည်မိပါတယ်
      အခြေနေအရသာဖြစ်နေပေမယ့် ကျနော် မျှော်လင့်မိသူထဲ အဲ့သည် ဦးလေးထိပ်ပြောင်ကြီးလည်း ပါဘာဒယ်
      ဆိုခြင်တာက
      မေမေကြီးက အမေရိကကိုရောက်တဲ့အခါ လူတစ်ခါ ဝိုင်းပြီး ထောက်ခံနေပေမယ့်
      ဦးလေးကြီး ဦးသိန်းစိန်ကို မသိသလိုနေတာကတော့ ဦးလေးကြီးနေရာကနေ
      စင်းဖဲသီ ( ကိုယ်ခြင်းစာ ) မိပါတယ်ဗျာ
      ဒါ့ကြောင့်
      ကျနော့်အနေနှင့် ဦးလေးကြီး ဦးသိန်းစိန်ကိုလည်း
      ဤ ခရီးစဉ်မှာ အသိမှတ်ပြုကြစေလိုပါတယ်လို့ ကျနော် တောင်းဆိုမိပါတယ်ဗျာ
      ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

      • kai

        September 23, 2012 at 3:21 am

        ဒေါ်စုပွဲတွေ သပိတ်မှောက်သူတွေရှိသလို.. ဦးသိန်းစိန်ပွဲလည်း.. ဆန္ဒုပြမယ့်သူတွေရှိတယ်ကြားပါတယ်..

        ဆိုတော့…
        ဦးသိန်းစိန်ကို.. ယူအက်စ်အစိုးရက..သမ္မတအနေနဲ့.. အားလုံးဖွင့်ပေးပြီးခေါ်တာပဲ..
        ဘာလိုသေးလို့လည်း.. :kwi:

        • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

          September 23, 2012 at 7:14 pm

          ဘာမှတော့မလိုပါဘူးခင်ဗျ
          တစ်ခုရှိတာက လက်ရှိသမ္မတနဲ့ သံမဒ မဟုတ်ဒဲ့သူမှာ
          အစိုးရမဟုတ်သူကို :mrgreen: လူစိတ်ဝင်စားများနေလေတော့
          အရီးလေးပု ပြောသလို သံမဒဂျီးအနေခက်သမို့
          ဟဲ့ကိုယ်လှုပ်တော်တွေ ယူလာဂျဇမ်း ရေခဲစိမ်ဒဘုလင်းလောက် :harr:

  • အရီးခင်လတ်

    September 22, 2012 at 6:54 pm

    ဘီဘီစီ ရေဒီယို Quiz
    မြန်မာပြည်တွင်းက နိုင်ငံရေးသမား တွေ ဘယ် နိုင်ငံရေး စီးရီး ဇာတ်လမ်းကို အများဆုံး ကြည့်နေသလဲ
    အဖြေ – The West Wing ဘယ်က လာတယ် ဆိုတာ အခု သိပါပြီ။
    ဖတ်ကြည့်ကြပါလော့။

    ===================
    http://mizzimaburmese.com/news/world-news/10157-the-west-wing—.html

    အမေရိကန် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ‘The West Wing’ ကို ကြည့်ရှု၍ မြန်မာ စစ်ဗိုလ်ချုပ်ဟောင်း တချို့သည် ဒိမိုကရေစီစနစ်တွင် မည်ကဲ့သို့ အုပ်ချုပ်ရမည် ဆိုသည်နှင့် ပတ်သတ်သော အတွေးအမြင် ရရှိခဲ့သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် အား ပြောခဲ့ကြောင်း သိရသည်။

    ဒီဇင်ဘာလ အတွင်း ကလင်တန်၏ သမိုင်းဝင် မြန်မာပြည် ခရီးစဉ်အတွင်း တွင် ဦးရွှေမန်း က သူ့အား ပြောခဲ့ပုံကို ကလင်တန်က ပြန်လည် ပြောပြခဲ့ ခြင်း ဖြစ်သည်။

    “ဒီမိုကရက်တစ် ကွန်ဂရက် လွှတ်တော်တခု ဖြစ်လာအောင် ဘယ်လိုလုပ်ရ မယ် ဆိုတာကို သူတို့ လေ့လာနေတဲ့ နေရာမှာ ကျေးဇူးပြုပြီးတော့ ကူညီစေချင်ပါတယ်လို့ သူက ကျမကို ပြောပါတယ်။ သူတို့ အနေနဲ့ The West Wing ဇာတ်လမ်းတွဲကို ကြည့်ပြီးတော့ ကြိုးစား လေ့လာ သင်ယူ
    နေရကြောင်း သူက ကျမကို ဆက်ပြောခဲ့ပါတယ်” ဟု ကလင်တန် က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

Leave a Reply