ဒို့တတွေရဲ့မြေမှာ
ဒို့တတွေအတွက်တဲ့
တဒိုင်းဒိုင်းဖောက်နေတဲ့
သေနတ်သံမစဲသေးပါဘူး..
ဒို့မှာ ကိုယ်ပိုင်အိမ်ရှိရဲ့သားနဲ့
ဒို့မှာ ကိုယ်တိုင်စားသောက်နိုင်ရဲ့သားနဲ့
ဒို့မှာ ၀တ်ဖို့ပူစရာမလိုရဲ့သားနဲ့
အခုတော့
အိုးအိမ်မဲ့ခဲ့ပြိ
စားစရာမဲ့ခဲ့ပြီ
သူများပေးမှာ
သူများကျွေးမှာကို
မျှော်နေရတဲ့ဘ၀ဖြစ်ရပြီ
ဒို့တတွေရဲ့ရင်ထဲမှာလဲ
ကြောက်စိတ်ကအပြည့်ပါပဲ…..
ဒို့ရဲ့အနာဂတ်ကြယ်ပွင့်တွေကို
ကြောက်ရွံ့စိတ်တွေမပြချင်လည်းပဲ
သူတို့ကိုယ်တိုင်မြင်နေခဲ့ရပြီ
ဒို့မြေမှာ ဒို့ဟာဒို့ကိုင်းစိုက်ပြီ ငြိမ်းချမ်းခဲ့ရဲ့သားနဲ့
ဒို့မြေမှာ ဒို့ဟာဒို့လယ်စိုက်ပြီ ငြိမ်းချမ်းခဲ့ရဲ့သားနဲ့
ဒို့မြေမှာ ဒို့ဟာဒို့ ခေါင်ရည်သောက်ပြီ ငြိမ်းချမ်းခဲ့ရဲ့သားနဲ့
သတို့တတွေက ဒို့တတွေအတွက်
သေနတ်ဖောက်ပြီ
ငြိမ်းချမ်းရေး စကားဆိုကြတဲ့….

About linnlinnn

has written 4 post in this Website..