အင်းတကော်စက်မှုဇုံကဆိုးဝါးမှုတွေ

kaung myatSeptember 21, 20121min894

(ACSR)စက်ရုံမှာအလုပ်သမားနဲ့အလုပ်ရှင်ကြားကအပေးအယူတွေမမျှတခဲ့ကြတဲ့အဖြစ်အပျက်တစ်ခုပါ

အဓိကပြသနာကတော့အခြေခံလစာနဲ့အချိန်ပိုကြေးပါပဲ

အခြေခံလစာ(30000)ကိုအချိန်ပိုကြေးတစ်နာရီ(125)ကျပ်နဲ့အရင်ကပေးခဲ့ပါတယ်

ဒါပေမယ့်တကယ်တန်းပေးရမှာက(314)ကျပ်ပါ

အလုပ်သမားတွေကသူတို့နစ်နာခဲ့တဲ့အချိန်ပိုကြေးတွေပြန်လိုချင်နေကြတဲ့သဘောပါ  ဒါကိုလေဘာရုံကလက်မခံပါဘူး…သူဌေးကလဲပေးမယ့်အလားအလာမရှိ ကဲ..ဘယ်သူတွေများသိနူင်မလဲဗျာ

4 comments

  • candle .

    September 21, 2012 at 5:01 pm

    125​ ကျပ်နဲ ့314 ကျပ်ကို ..
    အလုပ်သမားနဲ ့အလုပ်ရှင်ကြား..
    ဘယ်တစ်ခုနဲ ့ သဘောတူခဲ့ကြတာပါလိမ့်..
    candle သိသလောက်ဆိုရင် အခြေခံလစာ 30000 ကျပ်နဲ ့..
    အချိန်ပိုကြေး 125 ကျပ်ကတော့ မနည်း မများ ပုံမှန်ပါပဲ..

  • candle .

    September 21, 2012 at 7:10 pm

    ဖော်မြူလာအရ တွက်ရင်တော့..
    အခြေခံလစာ 30000 ကျပ်မှာ..
    အချိန်ပိုကြေးက တစ်နာရီကို အနည်းဆုံး..
    313 ကျပ် မဖြစ်မနေပေးရမှာပါ..

  • မောင်ပေ

    September 21, 2012 at 7:52 pm

    ကျုပ်သာ လုပ်ငန်းတစ်ခုခုဖြစ်ခဲ့ရင် အဲဒီ အင်းတကော်က အလုပ်သမားတွေကို ကိုယ့်လုပ်ငန်းအတွက် လိုသလောက် ကို နေစရာပေးပြီး ခေါ်ချင်စမ်းပါရဲ ့ဗျာ ။
    သူရို ့တွေ အခုရနေတဲ့ တစ်လမှ ၃သောင်း နဲ ့အချိန်ပိုကြေး တစ်နာရီ ၃၁၄ကျပ် ကို တစ်လ ၆သောင်းကျပ် နဲ ့အချိန်ပိုကြေး တစ်နာရီ ၆၁၈ကျပ် ပေးပစ်လိုက်မယ် ။
    အလုပ်သမားခ ဈေးချိုလွန်းအားကြီးနေသလားလို ့
    မန်းတလေးမှာဆိုရင် အလုပ်ကြမ်းဖြစ်ဖြစ် အရောင်းပဲဖြစ်ဖြစ် အခြေခံလစာ ၆သောင်းလောက်တော့ ပေးနေကြတာပဲ ။ အလုပ်ကြမ်းဆိုရင် ၃လလောက် အလုပ်ဝင်ပြီးတာနဲ ့ ၅ထောင် ၁သောင်းလောက်တော့ လခတိုးတာပဲ ။

    • candle .

      September 21, 2012 at 8:32 pm

      ဒီလိုရှိပါတယ်..ပေပေ ရဲ ့..
      အခြေခံလစာ 30000 ကျပ် ဆိုပေမဲ့..
      တစ်လလုံးလုံး တစ်ရက်မှ ပျက်ရက်မရှိဘူးဆိုရင်ရတဲ့ ရက်မှန်ကြေး ဘောနပ်စ် 10000 ကျပ် အနည်းဆုံးပေါ့..
      အဲဒီထဲကနေ တစ်ရက်ပျက်ရင်ဘယ်လောက်ဆိုပြီး သတ်မှတ်ထားပြီးသားလေ..
      အိုဗာဒို်င် ဆင်းရင်မုန် ့ဖိုးက အနည်းဆုံး တစ်လ 3000..ကျပ်..
      တစ်လလုံး ဆင်းထားတဲ့ အိုဗာဒိုင်နာရီ ..
      သူတို ့သတ်မှတ်ထားတဲ့ စံချိန်မှီအောင်ထုတ်လုပ်ပေးရင် ရတဲ့ ဘောနပ်စ်..
      အဲဒါတွေ အားလုံးပေါင်းပြီး လစာတွက်လိုက်တော့ အနည်းဆုံးဝန်ထမ်းကတော့ 70000 ကျပ် ပတ်ဝန်းကျင်
      တော့ရကြတယ်လေ..အဲဒီ စက်ရုံက အဲလောက်မှ အနည်းဆုံး မရကြဘူး ဆိုရင်တော့.. STRIKE လုပ်သင့်ပါကြောင်း….
      ပေပေ..က လစာပေးတာရက်ရောတယ်နော် ဝန်ထမ်း လိုသေးလား ဟင်..အဟိ..

Leave a Reply