မောဟမျဉ်းပြိုင်နှစ်ကြောင်း၏ ရာဇဝင် (၅)

ညရောက်တော့ စာကျက်နေသော ဝတီ့ကို ဆရာမက ခေါ်ပြောခဲ့သည်။

 

“ဝတီ..ဒီနေ့ နှင်းဆီအမေက ဆရာမကို ပြောတယ်…သမီးက နှင်းဆီကို နောက်ခံကောင်းလို့ သာနေတယ်ဆိုတဲ့ပုံစံမျိုး ပြောလိုက်လို့တဲ့…”

“ဟုတ်တယ် ဆရာမ…သမီးလည်း ငြိမ်မနေနိုင်လို့ ဒီနေ့ ထပ်ပြောလိုက်တယ်… ဆရာမက ဘာပြန်ပြောလိုက်လဲ…”

“ဆရာမကတော့ ဘာမှပြန်မပြောပါဘူး..ကလေးတွေပဲ..အချိန်တန်ရင် ပြီးသွားမှာပဲလို့ ပြောလိုက်တယ်..”

 

ခဏလေးနှင့် ပြီးသွားမည်ဟု ထင်ထားသော ပြဿနာက တော်တော်နှင့်မပြီးခဲ့ပေ။ ဆရာမ၏ အေးဆေးမှုကြောင့် နှင်းဆီ၏အမေက မချင့်မရဲဖြစ်ဟန်တူပါသည်။ နေ့စဉ်နေ့တိုင်း လာပြောနေသည့်အတွက် နောက်ဆုံးတွင် ဆရာမက ပြောလိုက်လေသည်။

 

“အန်တီ..တကယ်တော့ ကျွန်မ ဒီကိစ္စကို သိထားတာကြာပါပြီ…ဖြစ်ဖြစ်ချင်းကတည်းက ဝတီက ပြောပြထားပါတယ်..ကျွန်မကလည်း ကလေးချင်း ပြီးသွားမယ့်ကိစ္စမို့လို့ ဘာမှမပြောဘဲ ငြိမ်နေတာပါ…ဝတီက နှင်းဆီကို အဲဒီလို ပြောခဲ့တယ်ဆိုရင် ဝတီဘာလို့ အဲဒီလိုပြောလိုက်တာလည်းရော သိလား အန်တီ…တကယ်တော့ ဝတီ့ကို နှင်းဆီက နင်က ငါ့ရဲ့ငယ်နိုင်ပဲ… ငါတု့ိတစ်မိသားစုလုံး ဒီလိုပဲ သတ်မှတ်ထားတယ်..နင်ဘယ်တော့မှ ငါ့ကို မနိုင်စေရဘူး လို့ ပြောခဲ့တယ်… အဲဒါကြောင့် ဝတီက မခံချင်စိတ်နဲ့ ပြန်ပြောခဲ့တာပါ..အန်တီတို့ အဲဒီကိစ္စ အစအဆုံးကို နှင်းဆီက ပြောပြထားလား မသိဘူး..”

“ဟင်..နှင်းဆီက အဲဒီလို ပြောခဲ့တာလား…သမီးရယ်… ဘာလို့ သူများကို သွားပြောတာလဲ…ဟုတ်ကဲ့.ဆရာမ..အန်တီ အခုမှ သိတာပါ…တောင်းပန်ပါတယ် ဆရာမရယ်..ဝတီတော့ တော်တော်စိတ်မကောင်းဖြစ်သွားမှာပဲ..”

 

အမှန်တွင် နှင်းဆီမိဘများက ဝတီ့ဘက်က စကားကိုသာ သိထားကြလေသည်။ ဝတီ၏ စကားများသည် နှင်းဆီ၏ စကားများကြောင့် ဖြစ်လာသည်ကို တကယ်ပင် မသိရှိလေသည်လား၊ မသိချင်ယောင်ဆောင်နေကြသည်လား၊ သူတို့သာ အသိဆုံးဖြစ်ပေလိမ့်မည်။ တကယ်မသိရှိသည်မှာလည်း ဖြစ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် အတ္တကြီးသော နှင်းဆီ၏ မိဘများက နှင်းဆီအပြောခံရသည့်အပေါ်တွင်သာ ခံစားကြပြီး ပြဿနာအရင်းမြစ်ကို မေးမြန်းမည့်သူများ မဟုတ်သောကြောင့်ဖြစ်သည်။

 

ထို့နောက်မှစ၍ ဝတီတို့နှစ်ယောက်၏ ဆက်ဆံရေးများ အေးစက်သွားသကဲ့သို့ ဆရာမအပေါ်တွင်လည်း နှင်းဆီတို့ဘက်က စိတ်ခုသွားကြလေသည်။ ဆရာမက ဝတီ့ဘက်တွင်သာ ရှိနေသည်ဟုလည်း သတ်မှတ်သွားကြသည်။

 

ရှစ်တန်းနှစ်ကတော့ ဝတီနှင့် နှင်းဆီကြားရှိ ပုန်းကွယ်ခဲ့သော အာဃာတအမုန်းများကို ထင်ရှားစေခဲ့သော နှစ်တစ်နှစ်ပင် ဖြစ်သည်။ ထိုထင်ရှားမှုကို စတင်ခဲ့သူကလည်း နှင်းဆီကိုယ်တိုင်ပင် ဖြစ်လေသည်။ အရာရာအားလုံးတွင် အသာရချင်သော နှင်းဆီသည် ဆရာမသီတာ၏ အချစ်ကို ဝတီက ပိုရထားသည်ဟု သတ်မှတ်လိုက်သည့်နောက်တွင်တော့ နှင်းဆီ၏ မနာလိုမှုများကို တွေ့ရလေတော့သည်။

 

ထိုနှစ်က မြို့နယ်အဆင့် ထူးချွန်စာမေးပွဲတွင် ဝတီက ပထမရခဲ့လေသည်။ ထိုအခါ မမှန်သော်လည်း အမှန်တရားတစ်ခုဖြစ်နေသည့် စကားတစ်ခွန်းကို နှင်းဆီထံမှ ကြားရလေ၏။

 

“ဝတီက ပထမရမှာပေါ့… ငါမှ ဝင်မပြိုင်တာကိုး… ”

 

…………

 

ဝတီပဲ ကံဆိုးသည်လားမသိ။ နှင်းဆီ၏ စော်ကားမှုများနှင့် ပူလောင်နေရသည့်ကြားမှ ဝတီ၏ အိမ်တွင်းရေး အဆင်မပြေမှုများက ဝတီ့ကို ပို၍ စိတ်ဖိစီးစေခဲ့သည်။ တစ်ခါတစ်ရံ နှင်းဆီအမေက နေမကောင်း၍ နှင်းဆီကျောင်းမတက်လျှင် တစ်နေ့တာသင်ကြားသမျှကို ဝတီက ပြန်ပြောပြရ၏။ စိတ်မကြည်လင်မှုများနှင့် ဝတီတစ်ယောက် သင်ခန်းစာအကုန်လုံးကို မမှတ်မိ၍ မေ့ကျန်ခဲ့သည့်အခါ နှင်းဆီဘက်က အမည်တပ်သည်။

 

“နင်တော်တော် စိတ်ပုပ်တယ်နော်… သင်တာကို အကုန်မပြောဘူး… လျှိုတယ်ပေ့ါ ဟုတ်လား..”

 

ဖြေရှင်းချက်လည်း မပေးချင်တော့ပေ။ စာကြိုးစားသော ဝတီက သင်ခန်းစာကို မေ့သည်ဆိုသည်မှာ မဖြစ်နိုင်ဟု ယူဆဟန်တူပါသည်။ ခံစားချက်များကိုလည်း မပြောပြချင်တော့သောကြောင့် အမှန်တရားကိုသာ ပြောလိုက်တော့သည်။

 

“အချိန်စာရင်းကိုမကြည့်ဘဲ အလွတ်ပြောလိုက်တာဆိုတော့ မေ့ကျန်ခဲ့တာ… နင်မယုံလည်း မတတ်နိုင်ဘူး… ငါပြောဖို့ ကျန်ခဲ့လည်း နင်သူများဆီက ပြန်သိရတာပဲ..လျှိုတယ်ထင်ရင် နောက်တစ်ခါ ငါ့ကို လာမမေးနဲ့တော့…”

 

မည်သို့ပင်ဖြစ်စေ ထိုအချိန်မှစ၍ ဝတီ ဆုံးဖြတ်ချခဲ့သည်။

 

“နောက်နှစ်ကျရင် သူ့အိမ်မှာလည်း ကျူရှင်မတက်ဘူး…သူနဲ့လည်း အတူတူမထိုင်တော့ဘူး…”

 

…………….

 

ကိုးတန်းနှစ်တွင် နှင်းဆီနှင့် အတူတူမထိုင်ဖြစ်တော့သော်လည်း သူ့အိမ်တွင် ကျူရှင်သွားတက်ဖြစ်ခဲ့သည်။ အစပိုင်းတွင် အပြင်ဆရာဝိုင်းကို တက်သော်လည်း ကိုးတန်းဆရာများထဲတွင် အိမ်နီးနားချင်းနှင့် အမျိုးတော်စပ်သူ ဆရာမများ ပါနေသောကြောင့်သော်လည်းကောင်း၊ ဆရာမသီတာ၏ စကားကို နားထောင်သောကြောင့်သော်လည်းကောင်း စိတ်မပါသော်လည်း နှင်းဆီအိမ်တွင်ပင် ကျူရှင်တက်ဖြစ်ခဲ့သည်။ အတူတူမတွဲတော့သည့်ကောင်းကျိုးမှာ ရန်ပွဲနည်းသွားခြင်းပင်ဖြစ်သည်။ သို့သော် အကြီးမားဆုံးဖြစ်လာမည့် ပြဿနာကတော့ ကျောင်းနှစ်ဝက်လောက်တွင် စတင်ခဲ့လေသည်။

 

….

 

“ကဲ..အားလုံးပဲ နားထောင်ကြ…ဆရာများနေ့အထိမ်းအမှတ်အနေနဲ့ စာစီစာကုံးပြိုင်ပွဲရှိတယ်….အထက်တန်းဆင့်အနေနဲ့ ကိုးတန်းနဲ့ ဆယ်တန်းက ပြိုင်ရမယ်…ခေါင်းစဉ်က မြတ်ဆရာ…ကိုယ့်ဘာသာစိတ်ကြိုက်ရေးပြီး စာမူတင်ရမှာ…အနည်းဆုံးတော့ ကိုးမျက်နှာလောက် ရေးပေးရမယ်…ပြိုင်မယ့်သူတွေ ဒီအပတ်သောကြာနေ့နောက်ဆုံး စာမူလာတင်ပေးရမယ်…”

 

ကိုးမျက်နှာ။ နည်းနည်းတော့ များသည်။ သို့ရာတွင် အတွေ့အကြုံအနေနှင့်တော့ ဝင်ပြိုင်ရမည်ပင်။ အဆင့် (၁) မှ (၁၀)အတွင်း သူငယ်ချင်းများကလည်း ပြိုင်မည်ဟု ဆိုသည်။ ထိုနေ့ကစ၍ ဝတီတို့အဖွဲ့ အလုပ်များလေတော့သည်။ နှင်းဆီကတော့ တုပ်တုပ်မျှမလှုပ်။ ဝင်ပြိုင်မည်မဟုတ်ဟု ထင်မိသည်။ ဝတီတို့ကတော့ စာသင်ချိန်များ၌ ခွင့်တိုင်၍ စာကြည့်တိုက်ထဲက စာအုပ်တွေကို မွှေနှောက်ရှာသည်။ အချက်အလက်တွေကို စု၊တု၊ပြုပြီး ရေးကြသည်။ မည်သို့ပင်ရေးရေး ကိုးမျက်နှာကတော့ မပြည့်ပင်။ အကြံကုန်ဂဠုန်ဆားချက်အနေနှင့် ဝတီတစ်ယောက် စာစီစာကုံးထဲတွင်ထည့်ရေးထားသည့် ကဗျာများကို တစ်ကြောင်းချင်းစီသာ ချရေးလိုက်တော့သည်။

24 comments

  • Mon Kit

    September 21, 2012 at 1:17 pm

    လုံမရယ်… ကောင်းခန်းဆို ဖြတ်ပီ….. :bar:
    ဖတ်လို့ ကောင်းလွန်းလို့ပါ..
    စာမေးပွဲလဲ ဂရုစိုက်အုံးနော်…

  • Shwe Tike Soe

    September 21, 2012 at 1:35 pm

    အေးလေ ဖြတ်မယ်ဆိုလဲ ဖြတ်မယ်ပြောပေါ့….. အခုတော့ ကွန်ပျူတာ စခရင်ကြီး ကုန်းရုံးဖတ်နေတာ အရှိန်လဲရရော…………. ကတောက်ခနဲ ပဲ ဖြတ်ပလိုက်တယ်အေ…… ညည်းနှယ့်. လုပ်ရက်ထာအေ…………. :buu: :bar: :byae:

  • ကိုခင်ခ

    September 21, 2012 at 1:41 pm

    ပိုစ့်(၄)ခုလုံးကို ဝတီနေရာမှာ ခံစားပြီးတစ်ခါ ဖတ်ကြည့်တယ်၊ ပြီးတော့- နှင်းဆီ နေရာမှာ ခံစားပြီး ပြန်ဖတ်ကြည့်တယ်၊ လုံမလေးရေ အဲဒိတော့ စိတ်ထဲဘာဖြစ်လာလဲသိလား။
    ( ကျွန်တော်လည်း နောက်ပိုစ့်ကျရင် ဘာဖြစ်ခဲ့လည်းဆိုတာ မန့်ပေးမယ် )
    မောဟမျဉ်းပြိုင် ပိုစ့်အမှတ် ၄ မှာ မန့်ခဲ့တာ။

    ဝတီ နဲ့ နှင်းဆီ အားပြိုင်မှုမှာ စာရေးသူက တစ်ခုခုအပေါ်အခြေခံပြီး ခံစားချက်ကို စိတ်နှစ်ပြီးရေးသလိုမျိုး ခံစားရပါတယ်။ အဲဒီပိုစ့်တွေအရ ဝတီကိုလည်း သနားပြီးကိုယ်ချင်းစာမိသလို နှင်းဆီအနေနဲ့လည်း သူ့ကြီးပြင်းကျင်လည်ရာဝန်းကျင်အရ နားလည်ပေးမိပါတယ်၊ ဒါပေမယ့် ဇာတ်လမ်းလေးက မဆုံးသေးတော့ ဆက်ဖတ်ရအုံး မပေါ့ဗျာ။
    စာကြွင်း – ဖြေရမယ့်စာမေးပွဲက လုံမလေးအတွက် အရေးပါရင်တော့ ခဏလေးရပ်ပြီး စာမေးပွဲပြီးမှ ဆက်တင်လည်း ဖတ်လက်စသူတွေက နားလည်စွာစောင့်မယ်လို့ ထင်ပါတယ် သမီးရေ။

  • လုံမလေး မွန်မွန်

    September 21, 2012 at 1:51 pm

    မမွန်ကစ်နဲ့ တိုက်တိုက်ရေ…
    မဖြတ်လို့ မရတော့လို့ ဖြတ်လိုက်ရတာပါ။ ဘေးက ဖိုင်ကို တစ်စက်ကလေးတောင် မကြည့်ဘဲ ကွန်ပျူတာမှာ တဖြောင်းဖြောင်းနဲ့ စာရိုက်နေတဲ့ လုံမလေးတစ်ယောက် စိတ်မလုံတော့တာနဲ့ပဲ ဖြတ်လိုက်ရတာပါ… (ဒါ လျှို့ဝှက်ချက်ပဲ…)

    လေးလေးခရေ…
    အဲဒီအချိန်တုန်းက ဝတီ့ဘဝက စာနာဖို့ကောင်းပေမယ့် တကယ်တမ်းကျတော့ နှင်းဆီဘဝကလည်း သနားစရာပါ…အလိုလိုက်လွန်းပြီး အတ္တကြီးတဲ့မိဘရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းခဲ့ရတဲ့အတွက် တော်တော်နဲ့ မရင့်ကျက်ခဲ့ပါဘူး…

    နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… နောက်အပိုင်းတွေကတော့ စာမေးပွဲပြီးမှပဲ ပြန်တင်ဖြစ်ဖို့များပါတယ်…သည်းခံပြီးစောင့်ပေးဖို့ တောင်းဆိုပါတယ်…

    • ဒဿ ဖွတ်ကျား

      September 21, 2012 at 1:54 pm

      စောင်မွဲ ရှိတာလား ..
      တူ စောင်မွဲရှိရင် ဖွတ်ကျား ဆက်ရေးပေးမယ်လေ..
      အရွယ်လေးတွေ ရောက်လာတော့မှာ ဆိုတော့ ..
      ဝတီနဲ့ နှင်းဆီ ဖွတ်ကျား ကို လုတဲ့ ဇာတ် ..ရေးမယ်လေ..
      ဖတ်မား..

      :chit:

      အပျော် ဝင်နောက်တာပါဗျာ …
      အပိုင်းတိုင်း မမန့်ဖြစ်ပေမယ့်
      တောက်လျောက်တော့ ဖတ်ဖြစ်နေပါကြောင်း

      :kwi:

      ခင်တဲ့
      ဂီ

      • လုံမလေး မွန်မွန်

        September 21, 2012 at 2:49 pm

        အဲလာဆိုရင်တော့ နှင်းဆီက နိုင်မှာပဲ… ပြောထားတယ်လေ..နှင်းဆီက အသားဖြူဖြူလေးနဲ့ ချစ်ချာလေးလို့…. :kwi:

        အားပေးဖတ်ရှုတဲ့အတွက် ကျေးဇူးအကြီးကြီးတင်ပါဂျောင်း..အဲအဲ..ကြောင်း..

  • pooch

    September 21, 2012 at 1:54 pm

    စာစီစာကုံး ၉ မျက်နှာဆို တော်တော်များတာပဲနော်။ ငယ်ငယ်က စာစီစာကုံးရေးခိုင်းရင် စာလုံးကြီး ပြီး ခပ်ကျဲကျဲနဲ့ ဘေးမျဉ်းကိုလည်း ပုံမှန်ထက် ပိုကြီးတားပြီး လူလည်ကျဖူးတယ်။ စာမျက်နှာများအောင်လို့လေ။

    ၁ဝ တန်းရောက်တော့ ဆရာတင်မိုးရဲ့ ပန်းလက်ဆောင်ကို ဖတ်ပြီး ရေးကျင့်ပေးတဲ့ မြန်မာစာဆရာတယောက်နဲ့ တွေ့မှ ရေးတတ်ခဲ့တာ။ ဒါတောင် ဘယ်တော့မှ ၂ မျက်နှာ မကျော်ဘူး။ ဆယ်တန်းအောင်တော့ မြန်မာစာရမှတ်က ၆ဝ ပဲ ရတယ်။ ဒါက ကိုယ့်အတွက် အတော်များတယ်ပြောရမှာ ။ ကိုယ်က ၅ဝ တောင် ကျော်မယ်ထင်တာမဟုတ်ဖူး။

    ရေသည်ပြဇာတ်ကလည်း နှိပ်စက်တယ်လေ ။ အဲ့တုန်းက စလေဦးပုညကို ရေရေလည်လည်မုန်းတီးဖူးတယ်။

    သမိုင်းကျက်တော့ နှစ်လေးဆယ်စစ်ကို နွှဲခဲ့တဲ့ ဘုရင်တွေကို မုန်းတယ်။

    နောက်တက္ကသိုလ်တက်တော့ ပထမနှစ်မှာ မိုင်နာထဲက သချာင်္မှာ အင်တီဂရိတ်လုပ်တာတို့ ဟိုဘက်ဒီဘက် လှမ်းရှိတ်တာတို့ သင်ရတယ်။ အဲ့တော့လည်း မုန်းလွန်းလို့ လိမ်းဆေးတောင် ဂရိတ်ဝေါဆို မသုံးဘူးလို့ ဟစ်ဖူးတယ်။ ငါရှေ့မှာဆို လာမရှိတ်ကြနဲ့ ကောက်ထုလိုက်မှာနော် ဆိုပြီးလည်း အော်ဖူးတယ်။ အဲ့ဒါကြောင့်ပဲ ဒီဘဝရောက်သွားတာလားမသိဘူး ဟီး :mrgreen:

    ပြန်တွေးကြည့်တော့ ငယ်ဘဝဆိုတာ မထော်မနန်းပြောခဲ့ လုပ်ခဲ့တဲ့ အပျော်တွေ နည်းမှ မနည်းပဲ။ ခုနေတွေးကြည့်တော့ လည်း ဒါလေးတွေကိုက အမှတ်တရဖြစ်နေတော့တာ။

    • လုံမလေး မွန်မွန်

      September 22, 2012 at 10:12 am

      ဟုတ်တယ်အစ်မ..ကိုးမျက်နှာဆိုတာ ကိုးတန်းကျောင်းသားတစ်ယောက်အတွက် အရမ်းများတယ်လေ…အဲဒါကြောင့် ဝတီလည်း ကြံရာမရနဲ့ ကိုးကားချက်ကဗျာတွေကို တစ်ကြောင်းချင်းရေးတော့တာပဲ… 🙂

      စာစီစာကုံးကတော့ သုံးမျက်နှာကနေ ငါးမျက်နှာအတွင်းရေးရင် လုံလောက်ပါတယ်… လုံမလေးက မြန်မာစာကို အရမ်းစိတ်ဝင်စားပြီး သူများထက်နှစ်ဆပိုလုပ်ခဲ့တာ…ကံဆိုးစွာနဲ့ အမှတ်ထွက်လာတော့ အတူတူပဲရတယ်လေ…စိတ်နာလို်က်တာ ပြောမနေနဲ့…. 🙁

      သင်္ချာကတော့ တော်ပါတော့ပဲ… ဂျီဩမေတြီကို လုံးဝကို စိတ်မဝင်စားတာ… ရှိတ်တာဆိုတာလည်း စာမေးပွဲပြီးတာနဲ့ မေ့ပစ်လိုက်တာ… 😛
      ဟီး…အစ်မလို ကြွေးကြော်ရမှာ… ဂရိတ်ဝေါဆို မလိမ်းဘူးတို့…ငါ့ရှေ့မှာ လာမရှိတ်ကြနဲ့တို့…. :mrgreen:

  • linnlinnn

    September 21, 2012 at 2:19 pm

    လုံမလေးရေ..အမကတော့.အမှတ်(4) ကမှ စဖတ်ဖြစ်လို့ နောက်ကြောင်းပြန်လှန်ပြီး1-2-3 ပြန်ဖတ်နေ ရပါတယ်ကွယ်..:) နောက်ဘာဖြစ်မလဲ..ဘာဖြစ်မလဲ သိချင်စိတ် ဆက်ဖြစ်နေတာမို့..လုံမလေးရဲ့ စာမေးပွဲအပြိးကို စောင့်မျှော်နေပါတယ်နော်.. လုံမလေးစာမေးပွဲကို အောင်အောင်မြင်မြင်ဖြေနိုင်ပါစေ..

    • လုံမလေး မွန်မွန်

      September 22, 2012 at 10:19 am

      ဟုတ်ကဲ့ လင်းလင်း… ဖတ်ပေးနော်… ပြီးရင် စာမေးပွဲပြီးတဲ့အထိ ခဏစောင့်ပေး သိလား… ပေးနဲ့ဆုနဲ့ပြည့်အောင် ကြိုးစားပါ့မယ်ရှင်…

  • candle .

    September 21, 2012 at 3:53 pm

    ဟယ်တော့..ဝတီ ရဲ ့ဖြတ်ထိုးဉာဏ်လေး..

  • TheWinner

    September 21, 2012 at 4:47 pm

    လုံမလေးရေ-
    ကိုခင်ခပြောသလိုပဲ – ဝတီ့ရဲ့ feeling ကိုလည်း နားလည်သလို နှင်းဆီရဲ့ ကလေး သဘာဝကိုလည်း နားလည်လို့ ရပါတယ်။
    ကြီးပျင်းကြတဲ့ ဘဝအခြေအနေတွေပေါ်မှာ အခြေခံတာပဲလေ – ဒါပေမယ့် အဲဒီ တွန်းအားတွေကြောင့် ဝတီကတော့ ဘယ်နေရာရောက်ရောက် ကိုယ့်ကိုကိုယ်ကောင်းကောင်း အားကိုးနေနိုင်မှာပါ။။

  • မောင်ပေ

    September 21, 2012 at 8:18 pm

    မွန်လေးရေးခဲ့တဲ့ ကဗျာစာသားတွေကို နောက်တစ်ပိုင်းကြရင် ထည့်ဖော်ပြပေးပါကွယ်
    မောင်ပေအရမ်းစိတ်ဝင်စားမိတယ်။

  • ဦး ကျောက်ခဲ

    September 22, 2012 at 11:25 am

    လုံမလေးရေ

    ဦးကျောက် ဆိုရင်တော့ လုံမလေးလို ကဗျာရေးဖြစ်မှာ မဟုတ်ဘူး၊
    ဘိုဘိုဟန် ရဲ့ သီချင်းဘဲ ရေးထည့် ပေးလိုက်မှာ
    ဘာတဲ့
    “…….. ဆရာမကိုပဲ……. သီတင်းကျွတ်ရင် ကန်တော့ တော့မည်” လို့

    ကိုးမျက်နှာဆိုတော့ ဝတ္တုဆိုဒ် ဖြစ်သွားပြီလေ :kwi:

  • etone

    September 22, 2012 at 11:53 am

    အစဆုံး … တင်ပြီးမှ … တပိုင်းချင်း ပြန်ရှာဖတ်မယ် … ဟီး :mrgreen:
    ကိုရီးယားကားတောင် …. အပိုက်ဆက်တွေကို … စိတ်မရှည်လို့ … အခွေတွေ ဝယ်ပြီး … တထိုင်ထဲ ထိုင်ကြည့်ပလိုက်တယ် … ညမအိပ် ၊ နေ့မအိပ်နဲ့ …. ခွိခွိ :harr:

    • လုံမလေး မွန်မွန်

      September 22, 2012 at 12:26 pm

      ချစ်မနော်..အမျိုးရင်းကြီး သစ္စာမဖောက်နဲ့… 🙂
      အားလုံးပြီးရင် အကြောင်းကြားမယ်… ဒါဗြဲ… :mrgreen:

  • လုံမလေး မွန်မွန်

    September 22, 2012 at 12:01 pm

    အစ်မ Winner,
    ဟုတ်ပါတယ် အစ်မရေ… အဲဒါတွေက ပူလောင်တယ်ဆိုပေမယ့်လည်း လောကဓံအတွက်၊ ဘဝအတွက် တွန်းအားတွေဖြစ်ခဲ့ပါတယ်…

    ကပေ နဲ့ လေးကျောက်ရေ…
    လုံမလေးဆိုလိုတာက ကိုးကားချက်ကဗျာတွေကိုပါ… အဲဒီအချိန်က ဆယ်ကျော်သက်ဆိုတော့ ကိုယ်တိုင်ရေးဖြစ်ခဲ့တဲ့ကဗျာတွေက အချစ်ကဗျာတွေပဲ များပါတယ်… မဂ္ဂဇင်းတွေ၊ ဝတ္ထုတွေအသည်းအသန်ဖတ်နေတဲ့အချိန်ဆိုတော့လေ… :kwi:

    ရှေ့ရှုမေတ္တာ၊ ဂရုဏာနှင့်
    နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း
    ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆိုသည်
    ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ
    ဆရာဟူလော့….

    (အဲလိုလေးတွေကို ပြောတာပါ… 🙂 )

  • aemoshu

    September 22, 2012 at 12:20 pm

    လုံမရေ နောက်ကျမှဖတ်ဖြစ်လို ဆော်တီးပါ … ကျန်တဲ့အပိုင်းများကိုလည်း ဆက်လက်စောင့်မျှော်နေပါတယ်။
    ဒါပေမယ့်စာမေးပွဲအတွက်အရင်လုပ်လိုက်ပါအုံး … အော်.. အလုပ်ချိန်ကြီးပို့စ်ထိုင်ရေးနေလို့လည်း အလုပ်ပြုတ်နေအုန်းမယ်နော် … မှန်းကြည့်တာ …. ဟီး…

    • လုံမလေး မွန်မွန်

      September 22, 2012 at 12:29 pm

      ဟုတ်ကဲ့ပါ တီတီအဲမိုချင့်…
      သာမီး အခု စာအရမ်းကြိုးစားနေပါဒယ်… အလုပ်ထဲမှာလည်း မင်သေသေနဲ့ ပို့စ်မရေးတော့ဘဲ.. ငြိမ်ချက်သားကောင်းနေပါဒယ်ချင့်… :mrgreen:

      ချွင်းချက်..ကွန်မန့်လေးတော့ တစ်ခုစ နှစ်ခုစ ရေးပါဒယ်ချင့်….

  • Ju Jue

    September 22, 2012 at 12:55 pm

    အေး လုံမရေ.. အလုပ်ထဲမှာလည်း မှင်သေသေနဲ့ ပို့စ်တင် ကွန့်မတ်ရေးတာကိုတော့ မျက်မြင်ကိုယ့်တွေ့ပေါ့နော်… နင့်မျက်နှာကြီး ပြုံးနေပြီဆို သဘောပေါက်တယ်
    ဘာတွေဆက်ဖြစ်မယ်ဆိုတာ သိချင်ပေမယ့်.. စာမေးပွဲလေးကိုတော့ ဂရုစိုက်စေချင်ပါတယ်… စာမေးပွဲပြီးရင်တော့ ဆက်ဆက်ရေးတင်ပါလို့ တော်ကြာ မုဒ်အောက် သွားမှာ ဆိုးလို့ ဟဲ ဟဲ 😛

    • လုံမလေး မွန်မွန်

      September 22, 2012 at 1:00 pm

      နာ့ဘဝလေးကို တနားပါဟယ်…. တစ်ခါတစ်လေဆို မပြုံးတောင်မပြုံးနိုင်ဘဲ အောင့်ထားရတာ… မျက်လုံးကို ပြူးထွက်လို့… :mrgreen:

  • Ju Jue

    September 22, 2012 at 1:03 pm

    ဪ ဒါကြောင့် နင် တခါတခါ မျက်လုံးကြီးပြူးပြီ အခန်းထဲက ထွက်ထွက်ပြေးသွားတာ ဒါကြောင့်ပေးကိုး… တနားထာ့ဟယ်… .
    :mrgreen:

  • DEPARKO DEPARKO

    September 22, 2012 at 5:45 pm

    ငယ်ဘဝကတော့ ပြိုင်ဆိုင်မှုတွေယှဉ်ပြိုင်မှုတွေနဲ့ ဘဝဆိုတာကိုစဘို့အရှိန်ယူနေတဲ့အချိန်ဆိုတော့လည်း။ နောက်အသက်အရွယ်တွေရလာတဲ့အချိန်ကျတော့ လွတ်လပ်ပေါ့ပါးစွာနဲ့ တချိန်ကအကြောင်းတွေကို ပြန်လည်ခံစားလာနိုင်မှာပါ ကိုယ်လည်းတချိန်က မြန်မာစာကို ဖတ်စာအုပ်ထဲကအတိုင်း သည်၊၏ မလွဲ တစ်လုံးမကျန်ဖြေခဲ့ပေမည့် စာစီစာကုန်းကို ကွန့်ပြီး ၁ဝ မျက်နှာလောက်ဖြေခဲ့တာ မော်ဒရေးရှင်းအမှတ်ဘဲ ရခဲ့လို့ ကျန်တဲ့ဘာသာတွေဂုဏ်ထူးအားလုံးပြုတ်ခဲ့ဘူးတယ် ဘဝရဲ့ အမှတ်တရပေါ့ အခုတော့ အဲဒီကိစ္စဟာ ကိုယ့်အတွက် ရယ်စရာဇာတ်လမ်းလေးတစ်ပုတ်အဖြစ် အားလံးကိုချပြနိုင်ခဲ့ပြီလေ။ ငြိမ်းချမ်းပျော်ရွင်နိူင်ပါစေ

Leave a Reply