တ = တုပ ထားတဲ့ စာ….

alinsettSeptember 21, 20121min16014

တဝမ်းပူကလေး အလှည့် ရောက်လာပါပြီ။

စု ၊ တု ၊ ပြု..ဆိုတဲ ့ စကားအတိုင်း….

ကျွန်တော်..စု ထားသမျှလေးတွေထဲက…

နည်းနည်းကို… တု ပြီး..ပြု..ကြည့်ပါဥိးမယ် ။

တု မှာ ကတော့….

ဆရာတာရာမင်းဝေ ရဲ ့… ကဗျာလေးတစ်ပုဒ်ကိုပါ ။

ဆရာတာရာမင်းဝေ…က…

ကဗျာရေးသော.လူတစ်ယောက်အကြောင်း..ဆိုပြီး…

ထူးခြားတဲ့ ကဗျာလေးတစ်ပုဒ်ရေးခဲ့ပါတယ် ။

အားလုံးလည်း..ဖတ်ဖူး မှတ်ဖူးကြမယ် ထင်ပါတယ် ။

1997 ၊ ဇွန်လ ထုတ် ၊ မိုးခေါင်လို ့တီးတဲ ့ ဗုံသံ.. ကဗျာစုစည်းမှု စာအုပ် ထဲမှာ..ပါဝင်ပါတယ် ။

တင်ပြပုံ / ဟန်.. ဆန်းသစ်ထားတဲ ့

ကဗျာတိုလေးပါ ။

အရေးအဖွဲ ့က ရိုးရှင်း လွတ်လပ်နေတယ် ။ ဆန်းတာက ကဗျာ ပုံစံ..လေး ..ပါ ။

ကဗျာရေးသော လူတစ်ယောက်အကြောင်း..ဆိုတဲ ့ ကဗျာလေး..

=================

စကားလုံးတွေ က သာမန် မို ့…

အလွယ်တကူပဲ..ဖတ်လို ့..နားလည်ပါတယ် ။

တင်ပြ ထားတဲ ့ကဗျာ ပုံစံကလေးကသာ… သာမန် ကဗျာ ပုံစံ တွေထဲက… ခွဲ ထွက်ပြီး…

ဆန်းသစ် ထားပါတယ် ။

ဒီတော့….

ရိုးရိုးလေးနဲ ့ဆန်းနေတဲ ့ ကဗျာလေး ပါ ။

ကျွန်တော်..အရမ်း ချစ်သွားပါတယ် ။

*****************************************************

အမှန်တိုင်းပြောရရင်…………….

တ = မှာ.. ကျွန်တော်… ဘာ အကြောင်းအရာ ရေးရမှန်း..သေချာ မတွေးတတ်အောင်ဖြစ်နေရပါတယ် ။

ဒီ အချိန်မှာပဲ……………..

ကဗျာရေးသော လူတစ်ယောက်အကြောင်း..ဆိုတဲ့ ကဗျာလေးကို ဖတ်မိတော့……………..

ဖတ်ပြီးချိန်မှာပဲ…..

ဒီလိုလေး..ချရေးဖြစ်သွားပါတယ် ။

=========

တုပ ထားတဲ့ ကဗျာလေး

==============================================

ကဗျာ က…တုပ ထားတဲ ့ ကဗျာလေးပါ ။

ဒီတော့..ကဗျာ နာမည်လေးကိုလည်း…

တုပ သူ တစ်ယောက်အကြောင်း.… လို ့ပဲ..မှတ်လိုက်ကြပါစို ့.။

===========================

နောက်ထပ် ဖတ်မိတာကတော့………………….

ဆရာ တာရာမင်းဝေရဲ ့….

အလံမထူခဲ့သောလက်များ….

ဝတ္ထုုတို စုစည်းမှု စာအုပ် / စာမျက်နှာ ၅ – ရ / မှာပါတဲ့…

မနေ ့တုန်းက အမည် ရ တဲ ့..

ဝတ္ထုတိုလေးပါ ။

အဲဒီ ဝတ္ထုတိုလေး ဖတ်အပြီးမှာ….

ကျွန်တော်လည်း…

ဝတ္ထုတိုလေးတစ်ပုဒ် ရေးချင်လာပါတယ် ။

အဲဒါနဲ ့ပဲ…………………..

ကျွန်တော့်အတွေးတွေကို ချရေးလိုက်တဲ ့….

ဒီညမှာ…..

ဆိုတဲ ့ ဝတ္ထုတိုလေး တစ်ပုဒ်…ဖြစ်တည်လာပါတော့တယ် ။

*********************************************************************8

ဒီ ညမှာ…..
============

ဒီညမှာ………………..

ကျွန်တော့်ကို ကျွန်တော်… ပြန်ကြည့် ကြည့်စမ်းမယ် ။

ဟိုတုန်းကတည်းက..ခေါက်ရိုးမကျိုး ခဲ့တဲ ့လူငယ် ။

အခု………………………….

သေသေသပ်သပ် ငို တတ်ပြီလား..လို ့ ။

===========================

ဒီညမှာ……………………

သေခြင်းတရား အကြောင်း….

အိပ်မက် မက်မယ် ။

မေတ္တာတရား အတုတွေကို……

ကျွန်တော်………… မကျေနပ်တော့လို ့ ။

======================================

မနေ့ ည ကတော့…..

တစ္ဆေတွေ အကြောင်း..အိပ်မက် မက်ခဲ့ရတာ….

ပျော်စရာကောင်းလိုက်တာ…။.

တစ္ဆေ တွေနဲ ့ကျွန်တော်……

နေသားကျလို ့…/ ပျော်လို ့../ ပါးလို ့ / ဝိုင်းလို ့../ ဖွဲ ့လို ့……

ဒီညမှာ…..

မက် မယ့် အိပ်မက် အကြောင်းကိုတော့…….. ခင်ဗျားလည်း..သိပြိီးသားပဲ..ဖြစ်မှာပါ ။

================================================

ဒီ ည မှာ..မက်မယ့် အိပ်မက် ထဲမှာ….

ကျွန်တော်က….. ကဝေဆန်ဆန်..နဲ ့..စီးစီးပိုင်ပိုင် ရှိ ချင်တယ် ။

ဒါကြောင့်…………………

အနက်ရောင် ဝတ်ရုံကို ကျွန်တော်…. ခြုံထားမယ် ။

မိစ္ဆာ ဆန်တဲ ့.. အလှတွေက်ို…

ကျွန်တော်..ချစ်တတ်နေတာ… ကြာပြီ ။

ခင်ဗျားလည်း..သိမှာပါ ။

=================================

ဒီည မှာ……………………

လေတွေ..က ခပ်ကြမ်းကြမ်း..ဝေ ့ ဝဲ..တိုက်ခတ်ပါစေ…။

လေနဲ ့အတူ……………

စုန်း ကဝေတွေရဲ ့…. ညည်းညူသံတွေလည်း….

တောက်လျှောက်..မျောပါလာပါစေ…။

အဲဒီ….. ညစ်ညစ် ညမ်းညမ်း…….လေထုအောက်မှာ…

ကျွန်တော့် ဝတ်ရုံက တဖျတ်ဖျတ် လူးလွင့်နေပါစေ…ဦး..။

ကျွန်တော်………………………..

မကြောက်ပါဘူး ။

အကြောက်တရား ဆိုတာ……… မာန ကြိီးလွန်းတဲ ့လူတွေမှာပဲ…. ရှိ တာလေ ။

ဘယ်လိုပဲ….. ကြောက်စရာကောင်းနေပါစေ.ဦး ။

ကျွန်တော်… မကြောက်ပါဘူး ။

ခင်ဗျား..( သေချာကြည့်တတ်ရင်… ) မြင်ရမှာကတော့…..

ကျွန်တော့်…. ခြေထောက်တွေ….။

ခြေထောက်နဲ ့ လုံးဝ မတူတဲ ့ခြေထောက်တွေ….။

အဲဒီ….ခြေထောက်တွေက….. ရွေ ့လျားမှု တစ်ခုကြောင် ့..မလှမ်းချင် ့လှမ်းချင် နဲ ့…. ရွေ ့လျာေးနမယ် ။

မလှမ်းချင်တဲ ့ခြေထောက်တွေ…..။

ကျေးဇူးပြုပြီး…..

နောက်ကို ပြန် ဆုုတ်တဲ ့ခြေထောက်တွေသာ..ဖြစ်ပါစေ…လို ့…

ခင်ဗျား..ဆုတောင်းပေးမလား….။

ဟေ့အေး..းးးးးးးးးးးးးးးးးး

ကျွန်တော်….

အရှေ ့ဆက် မသွား လိုသေးပါဘူး ။

ရွေ ့နေရသမျှ….. ဘယ်ဆီ ဘယ်ဝယ် ကို ဦးတည်နေတယ်..ဆိုတာ….

သိပြီးနေမှတော့……

ကျွန်တော်…….

ရှေ ့ ့ဆက် မသွားလိုပါဘူး ။ ကျွန်တော် ကတော့..ရိပ်မိနေပြီ ။

ဒါပေမယ့်………

ခင်ဗျားရော……….

ရိပ်မိသလား ။

ကဲ……………………..

အခု ချက်ချင်း…….

ခင်ဗျား… လေကို..ခပ်မြန်မြန် ရှု သွင်းကြည့်လိုက်…။

လေထုထဲက………….

ဘာနံ ့ရသလဲ….။

===============================

တွေ ့လား ။

အုတ်ဂူ နံ ့ ။

လွမ်းသူ ပန်းခွေနံ ့ နဲ ့….

လူသေအလောင်းတွေ..အနံ ့….။

အဲဒီ အနံ့တွေက ခင်ဗျား ဆီက လာတာလာ း။

ကျွန်တော့် ဆီက လာတာလား ။

ဆောရီးဗျာ ။

ကျွန်တော်က နည်းနည်း အရိုင်းဆန် တတ်တယ် ။

မင်္ဂလာ မရှိ လိုက်တာ ကွယ်..လို ့… ခင်ဗျား. …ညည်းတွားမလို ့လာ း။

ညည်းမနေပါနဲ ့တော့ဗျာ….။

ခန္ဓာ ရဲ ့ ဒုက္ခကို…… ဟိုတစ်နေ ့က….

သိလိုက်တယ် ။

အခုတော့……………

ကျွန်တော်..လေ……

သချိုင်း ကို…( ကြောက်တာကလွဲရင်..)

ရောက်တော့..ရောက်ဖူးချင်လာပါပြီ ။

သိပါပြီ ။

သိပါပြီ ။

အခု ကျွန်တော်…. လှမ်းတဲ ့ ခြေလှမ်းတိုင်းဟာ…… ခြေတစ်လှမ်း..လှမ်းလိုက်တိုင်းဟာ…..

သချိုင်းမြေ ဆီ…. ဦးတည်..နေပြီ..ဆိုတာ…..။

ကျွန်တော်…. တိုးဝင်…နစ်မြုပ်….

မြေသားမြေမှုန် ့. ဖြစ် …… ပစ်လိုက်ရမယ့်….. သချိုင်းမြေဆီ……..

ကျွန်တော်………………………..။။

ဒါပေမယ့်..ကွယ်…….

မစောလွန်းဘူးလား ။

======================================================

အေး…။

စောလွန်းတယ် ထင်ရင်တော့….

စောတယ်ပေါ့ ။

ဒါပေမယ့်…..

မလိုချင်တော့ဘူး..ဆိုသူတွေ အတွက်တော့…..

နောက်ကျနေပါပြီ ။

ဒီနေ ့ညမှာ……………………..

ကျွန်တော်..မက်တဲ ့အိပ်မက်ထဲ…ချိန်ခွင် တစ်လက်လောက်..ခင်ဗျား..ယူခဲ့ပေးပါလား ။

ကျွန်တော့်ကိုယ် ကျွန်တော်..ပြန် ချိန် ကြည့်ချင်လို ့။ ကျွန်တော်…………

ချိန်ခွင်ပေါ် တက်ထိုင်မယ် ။

ကျွန်တော့်ကို ကျွန်တော် အလေး ပြည့် /မပြည့် သိသွားချင်လို ့ ။

================================================================

လက် နှစ်ဖက် က…………..

အခြား..လက်များကို… ဝေ ့ယမ်း.နှုတ်ဆက်ရခြင်းဟာ………

တော်တော် ဆန်းကြယ်နေလို ့လား ။

မျက်ရည် ဝဲတာ တို ့…ဘာ တို ့…ညာတို ့တော့….. ရှိမှာပေါ့ ။

ဒါပေမယ့်………………

မကြာခင်မှာပဲ……… ငြိမ်သက် တိတ်ဆိတ်……

ကျွန်တော်……………….

ဒီလောကမှာ…ရှိ ခဲ့ဖူးတာတောင်…….

မေ ့ သွား ကြ လိမ့်မယ် ။

ကွယ်……..

အဲဒီထက်…ဘာများ..ပိုဦး မှာလဲ….

===================================================

ဒီ ညမှာ………………

ကျွန်တော်…လမ်းတွေ.လျှောက်ကြည့်မယ် ။

တစ်လှမ်းပြီး တစ်လှမ်း…………….

ကြည့်ကောင်းသည် ထက် ကောင်းအောင်….. လျှောက်ပြ မယ် ။

ခင်ဗျားက..လိုက်ကြည့်ထားပါ ။

ဘယ်လိုခြေလှမ်းတွေလဲ….

ဘယ်လောက် တန်ဖိုးကြီးတဲ ့ခြေလှမ်းတွေလဲ…..

အဲဒီမေးခွန်းတွေက်ို…………………

ခင်ဗျားမေးလည်း…..

ကျွန်တော်..မဖြေဘူး ။

အခြားလူတွေက…. သတ်မှတ်ပေးကြလိ်မ့်မယ် ။

ခင်ဗျားက……………..

လိုက်ကြည့်ထား ပါ။

==================================================================

ကျွန်တော်…ခြေလှမ်း..ဘယ်လောက်များများ………

လျှောက်နိုင်ဦး မလဲ…..

ခြေ ဘယ်နှစ်လမ်းမြောက်မှာ……………

ရပ်တန် ့အဆုံးသတ်လိုက်ရမလဲ………..

အဲဒီအတွက်…………. ခင်ဗျား..လိုက်…. ကြည့်….ထား….ပေး..ပါ ။

ကျွန်တော့်…. ခြေလှမ်းတွေ….

တစ်လှမ်း ပြီး….တစ်လှမ်း……လှမ်းလိုက်တိုင်း……

ဘယ်နေရာကို….

ဦးတည်…ရွေ ့လျား..နေသလဲ..ဆိုတာတော့……

ခင်ဗျား..သိလောက်ပါပြီ ။

အဲဒါ….သေချာနေတာပဲ..လေ ။

နော့ ။

====================================================================================================================

ဒီ စာမူလေးကို…..

ရေးရတာဟာ….

ဆရာ တာရာမင်းဝေ ရဲ ့ ဝတ္ထုတိုလေးနဲ ့ ယှဉ်ပြိုင်လို..လို ့လည်း မဟုတ်ပါဘူး ။ ယှဉ် ပြီုင်ရလောက်အောင်လည်း…

ကျွန်တော့် စာက..မကောင်းနိုင် ပါဘူး ။ ဟိုက..ဆရာ့ ဆရာ ပါ ။

ကျွန်တော်က…. မြေမှုန့်တစ်မှုန် ့ပါ ။

သဲ ပွင့် လေး တစ်ပွင့်ပါ ။

ကျွန်တော်က…..

စာတွေ..ဘာ ရေးရမှန်းမသိတဲ ့အခါမျိုးမှာ…..

စာ အုပ်တစ်ခုခုကို…ကောက် ဖတ်လိုက်တာပါပဲ ။

စာတစ်ခုခု ဖတ်ပြီးတာ နဲ ့……

တစ်ခုခု ချ..ရေးဖို ့.အတွေးတွေ…ဝင်လာတတ်ပါတယ် ။

အခုလည်း… တာရာမင်းဝေ ရဲ ့ မနေ ့တုန်းက..ကို ဖတ်ပြိးချိန်မှာ………

ကျွန်တော့်ရဲ ့ဒီ ညမှာ… ဆိုတဲ ့စာမူလေးကို….

မရည်ရွယ်ပဲ.ရေးဖြစ်ခဲတာပါ ။

ဒီညမှာ…. စာမူထဲက..စာသားတွေဟာ.. ဆရာတာရာမင်းဝေရဲ ့

မနေ့တုန်း ကနဲ ့… လုံးဝ မတူပါဘူး ။

အကြောင်းအရာရော….

စကားလုံးရော…..

စာသား အသွားအလာ…ရော….

ဘာမှ မတူပါဘူး ။

မနေ ့တုန်းက.. ဝတ္ထုတိုကို ဖတ်အပြီးမှာ………

ဒီ ညမှာ…..ဆိုတာလေး..ချရေးဖြစ်တယ် ။

ဒီလောက်ပါပဲ..။

ဒီ ့ထက် ဘာမှ မပိုပါဘူး ။

=====================================

တ = မှာ..ဘာရေးရမှန်း..မသိ ဖြစ်နေတာပါ ။

ဒီတော့…ဘာမှ မရေးတော့ပါဘူး ။

======================================

ထ =….. မှာ ထူးဆန်းတဲ ့အကြောင်းအရာတစ်ခုကို….

တင်ပြ ပါရစေဦးခင်ဗျာ။

========================================

စာချစ်သူများ..အားလုံးကို…

ခင်မင်လေးစားစွာ….

အလင်းဆက်

14 comments

  • အလင်းဆက်

    September 21, 2012 at 8:39 pm

    က = http://myanmargazette.net/141855/arts-humanities
    ခ = http://myanmargazette.net/143018/arts-humanities
    ဂ = http://myanmargazette.net/143588/arts-humanities
    ဃ = http://myanmargazette.net/144518/arts-humanities
    င = http://myanmargazette.net/145317/arts-humanities
    စ= http://myanmargazette.net/145905/arts-humanities
    ဆ= http://myanmargazette.net/146558/arts-humanities
    ဇ= http://myanmargazette.net/147491/arts-humanities
    ဈ = http://myanmargazette.net/147883/creative-writing
    ည= http://myanmargazette.net/148098/arts-humanities
    ===========================
    ကျွန်တော် ခံစားခဲ့တဲ ့ အက္ခရာ ထွေရာလေးပါးများကို စဉ်ဆက်မပြတ် ဖတ်ရှု ခံစားပြီး
    ဝေဖန် အကြံပြု.ကြသော..
    ကျွန်တော်ချစ်သော စာချစ်သူများကို…
    လေးစားစွာ..ခင်မင်..ကျေးဇူးတင်လျက်ပါ ။

  • ကထူးဆန်း

    September 21, 2012 at 9:09 pm

    ဒီညမှာ မန်းဂဇက် အတွက် ရိုက်လာတဲ့ ငြိမ်းချမ်းရေးတောင်းဆိုပွဲ ပုံလေးတွေ တင်ဖို့ ကြိုးစားနေပါတယ် ။
    ဒီညမှာ ကွန်နက်ရှင်က ထုံးစံအတိုင်း နှေးကွေး နေပါတယ် ။
    ဒီည မှာ လည်ပါတ်နေတဲ့ကွန်နက်ရှင် အဝိုင်းလေးကိုပစ်ထားပြီး ကိုအလင်းဆက်ရဲ့ တ-တုပထားတဲ့စာ ဖတ်ရလို့ နေသာ သွားပါတယ် ။

  • မဟာရာဇာ အံစာတုံး

    September 21, 2012 at 9:44 pm

    တ .. အနော်လည်း တုပလို့ ရေးကြည့်မယ် ..
    ကိုင်း လာလေရော့

    နှိပ်ချင်သည့်စိတ် နှိပ်သာနှိပ်
    နှိပ်သည့်အခါ ပေါ်လို့လာ
    ပေါ်ပါလျက်နှင့် မမြင်ရဖြစ်ရသည် …
    (ကန်းနေဒါဂိုးဂျ .. အဟိ)

    :kwi:

  • မောင်ပေ

    September 21, 2012 at 9:56 pm

    တုပရေး
    အဖုကြွဆေး
    နုလှသေး
    ယုယကလေး
    ဥပြခွေး
    ဂျပုမပြေး

  • မောင်ပေ

    September 21, 2012 at 9:57 pm

    တုပရေး
    အဖုကြွဆေး
    နုလှသေး
    ယုယကလေး
    ဥပြခွေး
    ဂျပုမပြေး

  • ကိုခင်ခ

    September 22, 2012 at 6:17 am

    တင့်တင့်တယ်တယ်
    တစ်ခါတုန်းက
    တစ်ချို့တွေ နေခဲ့ကြရတယ်၊
    တစ်တသက်လုံးလည်း နေရပါစေလို့
    တကယ်ဆုတောင်းပေးပါတယ်။

  • kyeemite

    September 22, 2012 at 9:25 am

    စိတ္တဇညများကုန်ဆုံးလွန်မြောက်ပါစေကွယ်…..
    စိတ္တဇညများ~~~~~~~~ကုန်ဆုံး~~~~ဝုန်း ဝုန်း~~~~လွန်မြောက်ပါစေကွယ်…..
    :harr: :harr: :mrgreen:

  • may flowers

    September 22, 2012 at 3:47 pm

    ကောင်းလိုက်တဲ့ကဗျာလေး လူဆိုတာ တစ်နေ့ကျိန်းသေ ( မသွားချင်လည်း) သွားရမဲ့လမ်းကို မြင်အောင်

    ပြနိုင်တဲ့ ကဗျာလေးပါလား ကဗျာလေးဖတ်ပြီး သံဝေဂယူသွားပါတယ်အလင်းဆက်ရေ။။

    “ အုတ်ဂူ နံ ့ ။

    လွမ်းသူ ပန်းခွေနံ ့ နဲ ့….

    လူသေအလောင်းတွေ..အနံ ့….။

    အဲဒီ အနံ့တွေက ခင်ဗျား ဆီက လာတာလာ း။

    ကျွန်တော့် ဆီက လာတာလား ။”

    ဒီကဗျာလေးကို ဖတ်ပြီးအင်းးးးးးးးးးး ငါလည်း တစ်နေ့တော့..။

  • အလင်းဆက်

    September 22, 2012 at 7:14 pm

    ကထူးဆန်း..နေသာထိုင်သာရှိ သွားပြီပေါ့ နော့ ။

    အနော်ကတော့…နေသာထိုင်သာမရှိသေးဘူးဗျို ့ ။

    ဘီဘီလေး..ပြေးသောက်ဦး မှ…။
    😀
    =================

    မဟာ့မဟာ အံစာရယ်..ဖြစ်မှ ဖြစ်ရလေ…။
    အဟင့်….
    =================
    ချစ်သော… ဦးပေ…

    ဂျပုမ က ပြေးပြီပေါ့ဗျ..။

    ပြ တာကို…
    တုပရေး
    အဖုကြွဆေး
    နုလှသေး
    ယုယကလေး
    ဥပြခွေး
    ဂျပုမပြေး..

    ကာရန်တွေ… တယ် လန်း….
    😀
    ================
    ကိုခင်ခ..
    ရေ…..

    အဆက်မပြတ် အားပေး ဖတ်ရှု.လာလို ့ ကျေးဇူး… ဟူးဟူး…
    အထူး..တင်လျက် ။
    😀
    ==================

    ဦးလေးကြီး..မိုက်….

    ဘယ်ယို ဖစ်တာတုန်းဗျ ။
    🙂
    =========================
    may flowers ရေ…

    ခံစားဖတ်ရှု… သွားလို ့ကျေးဇူး နော် ့ ။

    ===========================

    နောက်…ဆက်မယ့်..

    အက္ခရာ များမှာလည်း….

    ဆက်လက်..စီးမျော ခံစားပေးကြပါဦး..လို ့။

    ခင်မင်လေးစားစွာ….

  • Sweet Tooth

    September 22, 2012 at 8:43 pm

    မိုက်တယ်ဗျာ ရွာသားကြီး ခေတ်ပေါ်ကဗျာလေးတွေ ရှိရင်တင်ဗျာ။ဟီး …….. ဟီး ကျွန်တော်လဲ တင်မလို့ အဖော်ညှိနေတာ။ရ,မရ သိဘူးလေ။

  • အလင်းဆက်

    September 23, 2012 at 8:45 pm

    တင်ကြစို ့ဗျာ ။

    ကျွန်တော်..ဒီပို့စ်မှာတင်ထားတဲ ့ကဗျာတိုလေးနှစ်ပုဒ်ကို
    ဘယ်လိုတင်ရမှန်းမသိ ဖြစ်နေသေးတာလေ ။
    ပုံစံတွေ.. ပျက်သွားမှာ.စိုးလို ့။
    အခုတော့ စာလုံးတွေက်ုလက်ရေးနဲ ့ရေးပြီး.
    စကမ် ဖတ်လိုက်တယ် ။
    အဟိ ။
    ဖြစ်သလိုလေး.လုပ်လိုက်တာ..
    လုပ်သလိုလေး..ဖြစ် သွားလို ့တော်သေးတယ်..။

    ခေတ်ပေါ်ကဗျာတွေကိ်ု..ကျွန်တော် ချစ်တယ် ။
    ခေတ်ဟောင်းက ဂန္ထဝင် ကဗျာကြိးတွေ ကိုလည်း…
    လေးစားတယ် ။

    အားလုံးကို ခင်မင်လေးစားလျက်

    alinsett.art@gmail.com

  • ကြောင်ကြီး

    September 26, 2012 at 10:23 am

    တုပ
    ယုယ
    ခုမှ
    ဘုကျ
    ဆုရ
    နုလှ
    သုခ
    ငုပြ..။

  • ရွှေ ကြည်

    September 26, 2012 at 10:59 am

    ကဝေဆရာကြီးအလက်ဆင်းရေ ဝတ်ရုံနက်ကြီးနဲ့မြင်ယောင်ကြည့်လိုက်တယ် အဟဲ..။
    ဖတ်လို့ကောင်းလိုက်တာနော် ရေးတတ်သူများရေးတော့လည်း အားလုံးအဆင်ပြေနေတာပဲ။
    ဒီညမှာကိုဖတ်ပြီး ကိုယ်သွားနေတဲ့ခရီးကိုသတိထားမိလာတယ်။

  • အလင်းဆက်

    September 26, 2012 at 7:24 pm

    ဦကြောင်ကို…

    တားတား..
    ချစ်တယ် ။
    ကဲ..
    ကာရန်..ကိုက်..သည် ဖြစ် စေ မကိုက် သည် ဖြစ်စေ…
    ပြောပြီဟာ..။
    🙂

    ————————

    မမရွှေကြည်…ရေ

    ကျွန်တော်.ရေး လိုက်တဲ ့ ဝတ္ထုတိုလေးရဲ ့ဆိုလိုချက်ကို…

    အမ်ိ အရ..ဖမ်းသွားတဲ ့ အတွက်…
    တော်ချက်…လို ့…
    ပြောချင်တာ ပ ။

    ဝတ်ရုံနက်..ကြီး ခြုံ ပြီး.. မမရွှေကြည်တို ့.နဲ ့… ကျွန်တော်… တစ်ခါ..လောက်
    ဆုံဥိီးမယ် ။

    အဟိ ။

    🙂

Leave a Reply