ငြိမ်းချမ်းရေး ပြုလုပ်ပေးရန် တောင်းဆိုပွဲ မှတ်တမ်း

ကထူးဆန္းSeptember 21, 20122min24433

ဒီနေ့ ညနေ လေးနာရီလောက် ပြည်လမ်း အတိုင်း ချိန်းထားတဲ့ ဆီအသွား အင်ယားကန်ဘောင် မှာ စုရုံး စည်ကားနေတာ တွေ့တော့ အဝေးရောက် ရွာသားတွေ ကိုယ့်ရွာထဲမှာ လည်း ကြည့်နိုင်အောင် ဆိုပြီး ချိန်းထားတာ နာရီဝက်လောက် နောက်ကျခွင့် ပြုပါလို့ ခွင့်တောင်းပြီး သကာလ ရွာသူား တွေ အတွက် ပြေးပြေးလွှားလွှား ရှိစုမဲ့စု ကင်မရာစုတ်လေးနဲ့ မှတ်တမ်းတင် ခဲ့ပါကြောင်း ။

ပြည်တွင်းစစ်ပွဲများရပ်တန့်ရေး ဆန္ဒဖော်ထုတ်သူများ လို့ ဂျာနယ် များက ရေးပေမဲ့ ကျွန်တော်ကတော့ ငြိမ်းချမ်းရေး ပြုလုပ်ပေးရန် တောင်းဆိုပွဲ လို့သာ အမည်တပ်ပေးလိုက်ပါတယ်။

အင်းယားကန်စောင်း ညနေ ၄ နာရီခန့်
ဒီကားပေါ်က နေ စစ်ပွဲတွေ ရပ်တန့်အောင် တာဝန်ရှိသူများ ၊ လွှတ်တော် မှ လုပ်ဆောင်ပေးဖို့ အလှည့်ကျ တောင်းဆို ဟောပြော ခဲ့ပါတယ် ။

လူငယ်တွေက လည်း လူငယ် တွေ သဘာဝ ကိုယ့်စိတ်ကူးနဲ့ ကိုယ် သရုပ်ဖော် တောင်းဆိုကြသလို
သူတို့ ကဟောပြောလိုက် လူတွေက လက်ခုတ်တီးလိုက် နဲ့ ပျော်စရာကြီးပါ ။
(အခုတော့ သူတို့ ပြေးနေရပြီလား မသိ၊ ခေါင်းဆောင်တွေကို တရားစွဲမယ် ဆိုပြီး ဂျာနယ် စာမျက်နှာတွေမှာ ဖတ်နေရပါတယ်)
လမ်းတွေမပိတ်အောင် ကိုဘဲဥတို့လည်း ကူညီရှင်းပေးနေပါတယ် ။သူ့အလုပ် သူလုပ်တာ ဖြစ်ပေမဲ့ ဘာဘဲပြောပြော ကျေးဇူးတင်ပါတယ်။

မှတ်တမ်းတင် ဗီဒီယို ရိုက်သူတွေကလည်း တိုးတိုးခွေ့ခွေ့

စစ်ပွဲများ ထာဝရ ရပ်လို့ ငြိမ်းချမ်းသော နေ့ရက်များ ထာဝရ ပိုင်ဆိုင်နိုင်ကြပါစေ ။

33 comments

  • TTNU

    September 21, 2012 at 11:55 pm

    ကျေးဇူးတင်ပါတယ်ကိုထူးဆန်းရေ…
    ခုမှ ရှင်းလင်းမြင်ရပေတယ်။
    တက်ကြွနေကြတာပဲနော်။
    လူတိုင်းမှာ ရည်ရွယ်ချက်အမှန်ဆိုရင် ကောင်းပါတယ်။

    • ကထူးဆန်း

      September 22, 2012 at 6:18 am

      ဟုတ်ပါတယ် ဆရာမကြီးရေ ။ ရည်ရွယ်ချက် မှန်ကြပါစေကိုပါ် ဆုတောင်းမိပါတယ်။

    • Thu Wai

      September 24, 2012 at 9:49 am

      ငြိမ်းချမ်းရေးအတွက်ဆိုရင် တကယ်တိုက်ပွဲဖြစ်နေတဲ့ အဖွဲနှစ်ဖွဲ့ကြား လက်တွဲပြီးဝင်သွားကြစေချင်ပါတယ် ဘာမှမဖြစ်တဲ့ နေရာမှာ တောင်းဆိုနေလို့ ကတော့ အမှိုက်ပွပြီးကားလမ်းပိတ်တာပဲအဖတ်တင်မယ် ။
      နောက်ပြီး ထိုးစစ်တွေအခုရပ်ဆိုတာကလဲ သူများနိုင်ငံကိုသွားကျူးကျော်နေတာမဟုတ်ပါဘူး ကိုယ့်နိုင်ငံရဲ့မြေပုံကို ပျောက်ပျက်မသွားအောင် အနုနည်းနဲ့ရော အကြမ်းနည်းနဲ့ရောဖြေရှင်းနေကြတာပါ။
      နယ်နိမိတ်ချင်းထိနေတဲ့ နိုင်ငံတွေက အဲဒီလက်နက်ကိုင်တွေရှိတဲ့နေရာက သယံဇာတတွေကိုယူပြီး လက်နက်နဲ့ တခြားထောက်ပံ့မှုတွေပေးနေကြတယ်။ KIA ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်လက်နက်ကိုင်ခွင့်ပေးပြီး တကွဲတပြားနဲ့ ထင်းအစည်းပြေသလိုဖြစ်နေချင်လား။ ခေါင်းဆောင်မှုတစ်ခုတည်းရဲ့အောက်မှာ တိုးတက်အောင်လုပ်မလား မစဉ်းစားပဲ သူများယောင်တိုင်းလို်က်ယောင်ချင်သူတွေများနေတယ်။ အလုပ်အကိုင်မရှိကြတာလဲမပြောနဲ့လေ ဟေးလားဝါးလားဆိုရှေ့ဆုံးက အမှန်အမှားကိုအရင်မစဉ်းစားပဲလူအများကြီးအော်တဲ့နောက်ကိုလို်က်ချင်နေကြတာကိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • Mလုလင်

    September 22, 2012 at 1:13 am

    ဟုတ်တယ် ဦးထူးဆန်း ရေ .. ခေါင်းဆောင် တွေတင် မဟုတ်ဘူး ပါဝင်ပတ်သက် သူများ လို့ ပါတယ် ဆိုတော့ ကာ .. မှတ်တမ်း ပုံ တွေ က သက်သေ ဖြစ်နေမလားပဲ။ ခွင့်ပြုချက် မရ ပဲ လုပ်တဲ့ ပွဲ လို့ ဆိုသလားပဲ …

    • ကထူးဆန်း

      September 22, 2012 at 6:14 am

      မှတ်တမ်း တင်သူတွေက လည်း မနဲဘူး Mလုလင်ရေ ။ လမ်းလျှောက်တာလည်း တစ်မြို့နယ် တစ်မှု နဲ့ ဆွဲမယ် ပြောနေပါတယ်။
      ခပေါင်းလမ်းထဲမှာ လုံထိန်းကားနှစ်စီး ရပ်ထားပေမဲ့ အေးအေးဆေးဆေးပါဘဲ ။ နောက်မှ မှတ်တမ်းပုံတွေနဲ့ ခေါင်းဆောင်တွေ လိုက်ဆွဲမှာပေါ့။

      • Mလုလင်

        September 22, 2012 at 10:46 am

        ငွေဒဏ် နဲ့ ပြီးမှာပါ .. ထောင်ဒဏ် ဆိုလဲ တစ်နှစ် ထက်မပို ရ လို့ပါတယ် ဆိုတော့ … ဒီလောက် လူတွေ အများကြီး ထောင်ထဲ ထည့် ပြီးကျွေးထားဖို့ လဲ မလွယ်ဆိုတော့ .. ငွေဒဏ် နဲ့ ပြီးသွားမှာပါ..။

  • kai

    September 22, 2012 at 1:24 am

    အင်းလျှားကန်ဘောင်ပေါ်က.. မြက်ခင်း..Landscape တွေကို.. ပြန်လည်ပြုပြင်ပြင်ဆင်ခ.. ရန်ကုန်မြူနီစပယ်က ကျခံလိုက်ရပုံပေါ်ပါတယ်..။
    အဲဒီငွေက.. လူထုအခွန်ငွေတွေဖြစ်ပါတယ်.. :gee:

    ဆိုတော့…
    ဆန္ဒပြသူတွေကို.. နောင်ဆို.. အဲဒီငွေကြေးဖိုး..။ ဘဲဥတို့အချိန်ပိုလုပ်အားခဖိုး..စသဖြင့်.. Bill လုပ်ရတာပါ..။
    ယူအက်စ်မှာတော့.. အဲဒီအတိုင်းပဲဖြစ်တာများတယ်..

    “မတူတဲ့အတွေးနဲ့.. ချရေးလိုက်ကြောင်း…။” :kwi:

  • အရီးခင်လတ်

    September 22, 2012 at 3:54 am

    ကိုယ်တိုင်ရိုက် ပုံ လေးများ နဲ့ မျှဝေ သတင်းပေးခြင်း အတွက် ကျေးဇူးပါ ကထူးဆန်းရေ။
    ကိုယ်ကိုင်ထားတဲ့ လက်ထဲက ဆိုင်းဘုတ် များရဲ့ အနှစ်သာရ။
    ကိုယ်တောင်းဆိုနေတဲ့ စကားလုံး များရဲ့ အဓိပ္ပါယ်။
    အားလုံးကို သူတို့ နှလုံးသားထဲ က အမှန်တကယ် သိနေကြတာဖြစ်ကြပါစေလို့ ဆုတောင်းပါတယ်။

  • kyeemite

    September 22, 2012 at 8:49 am

    သင့်ခရုပါ ကထူးဆန်းရေ..ဓါတ်ပုံတွေကကြည်လင်နေတာပဲဗျို့
    စစ်ပွဲများ ထာဝရ ရပ်လို့ ငြိမ်းချမ်းသော နေ့ရက်များ အမြန်ဆုံးရောက်သင့်ပါပြီ…
    :byae:

  • ahnyartamar

    September 22, 2012 at 9:18 am

    ကောင်းသောဆန္ဒဖော်ထုတ်ပွဲပါ။ အားပေနေပါကြောင်း ဒါပေမယ့် ခေါင်းဆောင်တွေကို တရားစွဲမယ်ဆိုပါလား၊ ကြိုတင် ခွင့်ပြုချက်မယူလို့တဲ့………

  • Crystalline

    September 22, 2012 at 9:30 am

    ကိုထူးဆန်းကတော့ စီဂျေပီသပါပေတယ်… အင်းလျားကန်ဘောင်နား မကြာမကြာရောက်တယ်ထင်တယ် :kwi:

    • ကထူးဆန်း

      September 22, 2012 at 10:25 am

      အသက်ကြီးပြီဆိုတော့ လေ့ကျင့်ခန်းလေးလဲလုပ်ရင်း မျက်စိလည်း အစာကျွေးရင်းပေါ့ကွယ် …. အဲအဲ .. ရေပြင်နဲ့စိမ်းစိမ်းစိုစိုက အဲ့နားဘဲ ရှိတာ မဟုတ်လား ။။ :chit:

  • ကိုခင်ခ

    September 22, 2012 at 9:35 am

    မနေ့ညက သတင်းတစ်ကြားရတယ် မပြောင်းလဲသောထုံးတမ်းအစဉ်အလာအတိုင်း ပါဝင်သည့်ခေါင်းဆောင်ဟု ယူဆသူတွေကို ကြိုတင်ခွင့်ပြုချက်မယူဘဲ ကန့်သတ်နယ်မြေ ထက်ကျော်၍ဆောင်ရွက်ခြင်းအတွက် အရေးယူသွားဖွယ်ရှိတယ်တဲ့၊ ဒီမနက်ဖေ့ဘုတ်မှာတွေ့တဲ့ မန်းဗွိုင့်က စာသားလေးတွေကိုသဘောကျလို့ မျှဝေမန့်လိုက်မယ်—–။
    ***{သတိ သတိ သတိ}***
    ကြိုတင်ခွင့်ပြုချက်မရဘဲ မေတ္တာပို့ခြင်း ၊
    ကြိုတင်ခွင့်ပြုချက်မရဘဲ တံမြက်စည်းလှဲခြင်း၊
    ကြိုတင်ခွင့်ပြုချက်မရဘဲ သစ်ပင်စိုက်ခြင်း(မန္တလေးစိမ်းရောင်စိုတို့သတိ)၊
    ကြိုတင်ခွင့်ပြုချက်မရဘဲ လမ်းဘေး အမှိုက်ကောက်ခြင်း၊
    ကြိုတင်ခွင့်ပြုချက်မရဘဲ လဲနေသူထူပေးခြင်း၊
    ကြိုတင်ခွင့်ပြုချက်မရဘဲ ရေနစ်နေသူကို ဆယ်ပေးခြင်း။
    ကြိုတင်ခွင့်ပြုချက်မရဘဲ ယာဉ်တိုက်ခံရသူကို ဆေးရုံပို့ပေးခြင်း ။
    ကြိုတင်ခွင့်ပြုချက်မရဘဲ မီးလောင်နေသည်ကို မီးငြိမ်းသတ်ခြင်း။
    ကြိုတင်ခွင့်ပြုချက်မရဘဲ ဗိုက်ကြီးသည်ကို ကလေးမွေးပေးခြင်း ။
    ကြိုတင်ခွင့်ပြုချက်မရဘဲ သတ္တဝါများကို အစာကျွေးခြင်း၊
    ကြိုတင်ခွင့်ပြုချက်မရဘဲ လမ်းပေါ်မှ ခွေးချေးပုံကို ဖယ်ရှားခြင်း၊
    ကြိုတင်ခွင့်ပြုချက်မရဘဲ ရပ်ကွက်အတွင်းလာခိုးသည့် သူခိုးအားသူခိုးသူခိုးဟု အော်ဟစ်မောင်းထုတ်ခြင်း။
    ကြိုတင်ခွင့်ပြုချက်မရဘဲ ရည်းစားစကားပြောခြင်း၊
    ကြိုတင်ခွင့်ပြုချက်မရဘဲ လင်မယားကလေးမွေးအောင်နေခြင်း။
    ကြိုတင်ခွင့်ပြုချက်မရဘဲ ဗိုက်ဆာ၍ထမင်းစားခြင်း။
    ကြိုတင်ခွင့်ပြုချက်မရဘဲ မိဘဆရာသမားများကို ကန်တော့ခြင်း။
    ကြိုတင်
    ကြိုတင်
    ကြိုတင်…………………………။ ။

    • Mလုလင်

      September 22, 2012 at 10:55 am

      ကြိုတင်ခွင့်ပြုချက် ဆိုတာမှာ ကြိုတင် လုံခြုံရေး ပေးဖို့ အတွက် လို့ ထင်ပါကြောင်း … ။ ဒီလူအုပ် ကြီးထဲမှာ တစ်ခုခု (မတော်တဆ မှု) ဖြစ်ကြည့် .. ဘယ်သူ့ ခေါင်း ပေါ်ထိုးချကြမလဲ၊ ထိုးချ စရာ တစ် ခေါင်းပဲ ရှိတယ်။ အဲ့ဒီ့ ခေါင်းလဲ ကြိမ်းလှ ရော့မယ်။
      အနှစ် သာရ ကို မိကြပါစေကြောင်း ….
      ပြောပြောနေတဲ့ စည်းကမ်း ဆိုတာ လေး ရှိကြစေကြောင်း
      ကိုယ်တိုင် ကွင်းဆင်း ကြည့်ကြစေလိုကြောင်း …
      ကိုယ့် အန္တရာယ် ကို သိကြစေလိုကြောင်း ….

      အဲ့ဒီ့ ပွဲလဲ ပြီးရော .. ကွမ်းသွေးတွေ၊ ရေသန့်ဗူး ခွံ့ တွေ၊ ကြွတ်ကြွတ်အိတ်တွေ၊ ဖော့ဗူးတွေ၊ တစ်ရှူးတွေ နဲ့ …. အများပိုင်၊ အပန်းဖြေ နေရာ က နေ အနံ့ စုံ အမှိုက်စုံ နေရာကြီး ဖြစ်သွားပါကြောင်းလေး ….

      အနှစ် 1000 ကျိန်စာ .. … … အင်း ……….. အနိစ္စ (ခဏယူသုံးမယ် နော့)

    • kai

      September 22, 2012 at 11:52 am

      ယူအက်စ်မှာ. ဆန္ဒပြရင် ကြိုတင်ခွင့်ပြုချက်တောင်းရတယ်..
      အဲဒါ.. တော်တော်တော့ကြာပါပြီ..။
      ဟောလိဝုဒ်မှာ ဒို့အရေးသွားလုပ်မယ်ဆိုတော့.. ရဲဆီကြိုတင်ခွင့်ပြုချက်တောင်းပါတယ်..
      အဲဒါ..ခွင့်ပြုချက်ရတဲ့..အမိန့်စာလေးကိုင်လို့.. ဆန္ဒသွားပြတော့.. ရဲက..ဘေးနားကားထိုးပြီး..ထိုင်ကြည့်နေတာ..

      ပလက်ဖောင်းအောက်ခြေချတာတွေ့လည်း..လာပြော..
      အသံကျယ်ရင်လည်းသတိလာပေး..။ သူတို့ပေးထားတဲ့အချိန်ထဲ..လုပ်ရတာ…
      အဲလို..

      မလိုက်နာရင်.. ဒဏ်ငွေပေါ့…။ ရဲပြောတာ တန်ပြန်တုံ့ပြန်ရင်.. တုတ်နဲ့ရိုက်.. ဖမ်းချုပ်တတ်တာပါ.။
      အဲလို..

      မြန်မာပြည်လည်း.. ဖြေးဖြေးချင်း.. အဲလိုဖြစ်လာမယ်ထင်ပါတယ်..။ :harr:
      အခုကတော့.. ဆန္ဒပြ..ဆန္ဒပြု.. ဒီမိုကရေစီအရသာ.. လူထုက..စမ်းသပ်ခံစားနေကြပုံပေါ်ပါတယ်..
      ဒီလိုနဲ့.. ဒီမိုကရေစီနိုင်ငံကြီးတွေလို.. ရင့်ကျက်လာမယ်ထင်ပါကြောင်း..
      ကြားထဲမတော့.. အုပ်ချုပ်သူများအနေနဲ့.. ခွင့်လွှတ်ပြီး.. လူထုငွေတွေ..ဘတ်ဂျက်တွေထဲကပဲ..ကျခံ.. အသုံးပြုထားစေလိုကြောင်း..

      • pooch

        September 22, 2012 at 2:40 pm

        မှတ်ထားမယ် သူကြီး ။
        ဒါနဲ့ သူကြီးကို ဆန္ဒပြချင်တယ်ဆိုရင်ရော ခွင့်ပြုမိန့်တောင်းခံရအုန်းမှာလား ဟီး
        တခြားတော့ ဟုတ်ပါဘူး ပွိုင့်ကို မြန်မာငွေအစား ဒေါ်လှ ပြောင်းဖို့ပါ 😆

  • ကိုခင်ခ

    September 22, 2012 at 9:42 am

    အော် စကားမစပ်မေ့နေလို့ ထပ်လာမန့်တာ ကျွန်တော်အိမ်ရှေ့မှာ ဆော့နေတဲ့ကလေးတွေက အရင်ဆော့နေကျကလေးတွေ မဟုတ်ဘူးမနေ့ညနေကတွေ့လိုက်တာ၊ ဒါပေမယ့် အခုကလေးတွေလည်း အရူးမကြီးမစာဥ နဲ့ ညောင်ပင်တစ္ဆေဘဲ အော်ကစားနေကြတယ် ကစားနည်းကတော့မပြောင်းဘူးဗျ။
    ကလေးတွေ ဆော့လည်းဆော့ကြတာ မမောသေးဘဲကိုး။
    ( တခါတုံးကရေးခဲ့သော ပိုစ့်လေး update )

    • ကိုခင်ခ

      September 23, 2012 at 8:42 am

      တစ်ခါတုံးကပိုစ့်လေး လင့်ထဲ့ခဲ့ဖို့မေ့သွားလို့ပါ။ စနစ်တွေပြောင်းတယ်လို့ ဘယ်လိုဘဲဆိုဆို လူတွေပြောင်းပြောင်း နောက်ကကုတ်ဆွဲတဲ့ အကျင့်ကတော့ မြဲနေစဲ။ https://myanmargazette.net/142097/creative-writing/my-dear-diary

    • ကထူးဆန်း

      September 22, 2012 at 10:21 am

      အထင် မှား စရာ ရေးမိတဲ့ နာ့ အပြစ်ပါလား .. အထင်မှားခံရလည်း နဲ တော့ မနဲပါဘူးလေ.. :hee:

  • ပန်းစံပါယ်

    September 22, 2012 at 10:22 am

    အင်း သမ္မတကြီးလုပ်ရပ်ကို ထောက်ခံတာတောင် ကြိုတင်ခွင့်ပြုချက်မရပဲ ထောက်ခံလို့တရားစွဲတယ်ဆိုတော့။ အခုလိုဆန္ဒပြုတောင်းဆိုတာဆို ပိုဆိုးပေါ့။ ဘာမှလှုပ်လို့မရဖြစ်နေပြီးထင်ပါ့။ သီချင်းတော့ရှိသား ဘာတဲ့ “လှုပ်လို့ရပြီ…လှုပ်လို့ရပြီ” ဘာလဲတော့မသိ။
    ဖြစ်လာနိုင်ဖို့မဖြစ်နိုင်လောက်အောင်အလွန်ခက်ခဲမှန်းသိပေမယ့်…အမြန်ဆုံးငြိမ်းချမ်းပါစေလို့ ဆန္ဒပြုပါတယ်။

  • ကိုပေါက်(မန္တလေး)

    September 22, 2012 at 12:02 pm

    ကောင်းသောရည်ရွယ်ချက်နဲ့လုပ်နေတဲ့ပွဲတွေကနေ
    အပျော်လုပ်တဲ့ပွဲလိုဖြစ်မသွား အောင်တော့ သတိထားကြရမှာနော်…………………….

  • captainamerica

    September 22, 2012 at 4:43 pm

    ကျွန်တော့အမြင်ကိုပြောရရင်တော့ တစ်ဖက်ထဲကိုပဲဆန္ဒပြသလိုဖြစ်နေဒယ်။KIA နဲ.ပတ်သက်တဲ့အကြောင်း
    တွေကိုလည်းဘာလို.ဆန္ဒမဖော်ထုတ်ကြတာလဲ???? မြို.ပေါ်မှာဗုံးခွဲတာတွေချက်ချင်းရပ်၊တာဝါတိုင်တွေ
    ဗုံးခွဲတာတွေချက်ချင်းရပ်၊ လူထုကိုပေါ်တာဆွဲတာတွေချက်ချင်းရပ်၊ ဆက်ကြေးကောက်တာတွေချက်ချင်းရပ်၊
    အဲလိုစာသားလေးတွေလည်းပါသင့်ကြောင်းလို. ကျုပ်ကိုယ်တိုင်ရွှေဝါရောင်တော်လှန်ရေးမှာ အသက်အန္တရယ်
    နဲ.နီးတဲ့ပွဲတွေမှာပါခဲ့ဖူးတယ်။ ကျုပ်တို.လူမျိုးရဲ့ဆန္ဒပြတယ်ဆိုတဲ့သဘောတရားကိုတော်တော်နားလည်သာွးတယ်။ ကိုယ်လူမျိုး ကိုယ်မညှာတမ်းဝေဖန်ရရင်မြန်မာ လူမျိုးဆိုတာခွေးနှစ်ကောင်လမ်းဘေးမှာကိုက်နေရင်တောင်
    ရပ်ကြည့်ကြတဲ့အမျိုး ခုဆန္ဒပြကြတယ်ဆိုတဲ့လူတွေထဲမှာ ကိုယ်ဘယ်လောက်ယုံကြည်လို.လုပ်ရလဲဆိုတာ
    မေးကြည့်ချင်လိုက်တာ သူများယောင်လို. လိုက်ယောင်တာလား??? အပေါ်ကပုံတွေထဲမှာ ပန်.(ခ်)ပုံစံတွေနဲ.ကောင်တွေကိုမြင်လိုက်ရတာစိတ်ထဲမှာတစ်မျိုးကြီးပဲ ။ပေါ်ပင်ဖြစ်ချင်လို.လား အပျော်လာလုပ်တာလား??အဲလိုဆိုရင် အင်မတန်မွန်မြတ်လေးနက်တဲ့ ဒီင်္ငြိမ်းချမ်းရေးဆိုတဲ့စကားလုံးကြီးကို
    မသုံးစွဲစမ်းပါနဲ. မျက်လုံးထဲမှာမြင်ရတာတစ်မျိုးကြီးပဲ မြင်နေ တွေ.နေ ကြားနေရတာ ဆဲချင်တဲ့သူတွေလာဆဲလို.ရတယ် ဘာမှ မတုံပြန်ပါ ။ဆွေးနွေးချင်တယ်ဆိုလဲအသင့်ပါပဲ

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    September 22, 2012 at 6:19 pm

    ဒီနေရာမှာ ဘယ်သူနဲ့မှ မတူအောင်ဆိုတာထက် ပြောသင့်တဲ့စကားက
    အမေရိကန် ဗိုလ်ကြီးရဲ့ စကားကဘဲ နည်းနည်း ချည်းကပ်လို့ရသေးတယ်
    ( ကျုပ်ပြောတဲ့စကားကို ခင်ဗျားတို့ ရိုးရိုးလေးတွေးကြည့်ကြဘို့ တိုက်တွန်းဘာတယ် )
    ငြိမ်းချမ်းရေး ဆိုတာ ဘာလဲ
    စစ်ပွဲတွေ ရပ် ဆိုတာ ဘာလဲ
    ( ငြိမ်းချမ်းရေးမရှိတာ စစ်ပွဲတွေကြောင့် စစ်ပွဲတွေကြောင့် ငြိမ်းချမ်းရေးမရှိဘူး )
    ဘာ့ကြောင့် စစ်ပွဲတွေဖြစ်နေရသလဲ
    ခင်ဗျားတို့ပြောသလို လူကြားကောင်းအောင် စစ်ပွဲတွေရပ်ဘို့ဆိုတာ
    သက်ဆိုင်သူတွေရဲ့ လိုအပ်ချက်အာ ဘာဘဲ ?????????????????
    ခင်ဗျားတို့ ဘယ်လောက်လေ့လာဘူးသလဲ ????????????????????

    • အရီးခင်လတ်

      September 22, 2012 at 7:08 pm

      ကျွန်မ လဲ အပေါ်က ဗိုလ်ကြီး ၂ဦး လို ဘဲ တွေးမိခဲ့ပါတယ်။
      ဆန္ဒပြခြင်း ရဲ့ ရည်ရွယ်ချက် သဘော ကို သေသေချာချာ နားလည် ဖို့ ကြိုးစားပြီး မှ ပြတာမဟုတ်ရင် ဘာမှ အကျိုးရမယ် မထင်ပါ။
      ဆန္ဒပြခြင်း ရဲ့ နောက်ကွယ်က ကိုယ့်ယုံကြည်ချက် နဲ့ လုပ်ဆောင်ချက် ခိုင်ပါ ဖို့ လိုပါမယ်။
      မဟုတ် လို့ကတော့ လမ်းပိတ်တာ၊ လူတွေရုတ်ရုတ် ရုတ်ရုတ် ဖြစ်တာ ဘဲရှိပါမယ်။
      ဒီလို မျိုးတွေ များလာရင် တဖြေးဖြေး နဲ့ ဆန္ဒပြခြင်း ရဲ့ အနှစ်သာရ ပျောက်သွားပါမယ်။
      ဆန္ဒပြသူ တွေ ကို ကဲ့ရဲ့တာမဟုတ်ပါဘူး။
      ဝေလေလေ သမားများ ရှိခဲ့ရင် ဆင်ခြင်ဖို့ပါ။

  • captainamerica

    September 22, 2012 at 8:54 pm

    ဪ လူတွေ လူတွေ သင်္ကြန်ထွက်လည်တယ် ရှိုးပွဲသာွးတယ်များအောင့်မေတယ်များ
    ထင်နေလားမသိဝူး။ ပြောတော့ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြတယ်တဲ့။ ဖြစ်ရပုံတွေများတော့
    တော်ရေလို.ပဲပြောလိုက်ချင်တော့တယ်။တော်ဘီ ရန်ကုန်လစ်တော့မယ် ကားလဲထွက်တော့မယ်

  • athwe lay

    September 23, 2012 at 10:46 am

    ကျေးဇူးပါကိုထူးဆန်းရေ ဟုတ်ပါတယ် ငြိမ်းချမ်းရေးဆိုတာပြည်သူတွေအလိုအပ်ဆုံးအရာပါ။တောင်းဆိုနေသူအားလုံးကိုပြည်သူတွေကိုယ်စားကျေးဇူးတင်မိပါရဲ့

  • athwe lay

    September 23, 2012 at 10:56 am

    အော်မေ့သွားလ်ို့က်ိုထူးဆန်းရေငြိမ်းချမ်းရေး တောင်းဆိုတာဆိုပေမဲ့လည်း စည်းလေးတော့ရှိသင့်တယ်မဟုတ်လားဗျာ ဒီလိုဗရုတ်သုတ်ကဆိုတာတော့မတင့်တယ်ဘူးထင်ပါရဲ့နော်။အခုတော့ဘုရားပွဲနဲ့ခွဲလို့မရသလိုပါပဲလား။

  • etone

    September 23, 2012 at 7:15 pm

    ငြိမ်းချမ်းရေးဆိုုတာ … စာနာစိတ်ရှိတဲ့လူ၊ လူသားဆန်တဲ့စိတ်ဓါတ်ရှိတဲ့ လူတိုင်း လိုချင်နေကြတဲ့ အရာပါ … ။ ငြိမ်းချမ်းရေးရဖို့ …. အခုလို ဆန္ဒပြုပွဲတွေ … လုပ်နေတာကိုက …. ငြိမ်းချမ်းနေတဲ့ ပတ်ဝန်းကျင်ကို … လှုပ်ခတ်သွားအောင်များ .. ရိုက်ခတ်စေခဲ့ပြီပဲ … ။ ငြိမ်းချမ်းရေးရဖို့ …. စစ်တိုက်နေတဲ့ နှစ်ဘက်စလုံးက … ညှိနှိုင်းမှ အဆင်ပြေမှာပါ … အခုလို … ဆန္ဒထုတ်ဖော်တာတွေ ဆက်တိုက်လုပ်နေရုံနဲ့ …. ပြေလည်မယ့်ကိစ္စမဟုတ်လောက်ဘူးလို့ ထင်မိပါတယ် ။ အတ္တတွေကိုယ်စီကိုင်စွဲရင်း … ပြည်တွင်းစစ်ဖြစ်တော့…ကြားထဲက နယ်မြေခံဒေသခံတွေပဲ မြေစာပင်ဖြစ်ကြရရှာတယ်…. ။ :byae:
    ဘေးကလူတွေ ငြိမ်းချမ်းရေး လိုလားတာထက် ….. တကယ်တိုက်နေတဲ့ … အဖွဲ့နှစ်ဖွဲ့ကသာ …ငြိမ်းချမ်းရေး လိုလားဖို့ အဓိက ကျတယ်လို့ မြင်မိပါတယ် …. ။

    အခုလို .. လုပ်နေတာတွေက … ပြည်သူ့ဆန္ဒကို လူသိတော့သိတာပေါ့နော် .. ဒါပေမယ့်လည်း …. စစ်ပွဲတွေရပ်ဖို့ ..အကျိုးသက်ရောက်မှု ဖြစ်လား .. မဖြစ်ဘူးလားဆိုတာတော့ …. သေချာတပ်အပ်မခန့်မှန်း နိုင်ပါဘူး … ။ 🙄
    ွဲ

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    September 23, 2012 at 7:26 pm

    ဟုတ်ဘူးလေဂျာ
    စစ်ပွဲတွေရပ်ဘို့ဆိုဒါက တပ်မတော်ကလည်း မြန်မာပြည်ရဲ့သဘုန်ဒေက မြန်မာပြည်ကြီးကနေ
    ခွဲထွက်ပြီး မြန်မာပြည်မြေပုံကိုပျက်အောင်လုပ်နေသူဒေလို့ သဘောထားပြီးတိုက်နေဂျဒါ :mrgreen:
    တိုင်းရင်းသားလက်နက်ကိုင်တွေဖက်ကလည်း ဒါဒို့ပြည် ဒါဒို့မြေ ဆိုပြီး ချနေကြတာ :mrgreen:
    ဆိုခြင်တာက
    တပ်မတော်ကလည်း အဲ့သည်ဒေသတွေကို ဘာမှမလုပ်နဲ့ လွှတ်ထား
    တိုင်းရင်းသာေးတွကလည်း ကိုယ့်ထီးကိုယ့်နန်းနဲ့နေကြ အဲ့သည်လိုလား ??????????
    လေတယ်အဟုတ်

    • kai

      September 24, 2012 at 12:57 pm

      ကေအိုင်အေကလည်း… သယံဇာတတွေထုတ်ရောင်းပြီး.. ချိုင်းနားကလက်နက်ဝယ်.. မြန်မာဖယ်ဒရယ်အစိုးရကိုချတယ်..
      မြန်မာတပ်မတော်ဆိုတာကြီးကလည်း.. တိုင်းပြည်ဘတ်ဂျက်ရဲ့.. ငွေတွေသုံး.. ချိုင်းနားကလက်နက်ဝယ်..
      ကေအိုင်အေကိုချတယ်..
      ချိုင်းနားအတွက်တော့.. အိုကေစိုပြေလို့..

      ဆိုတော့..
      ဒီမြန်မာပြည်မြောက်ပိုင်းခြမ်းက… စစ်ပွဲဟာ.. ဗမာတိုင်းရင်းသားလူထုအများစုရဲ့.. . ဆန္ဒစွဲရှိရှိနဲ့.. အသစ်ဖြစ်လာတဲ့အစိုးရကို.. အားစမ်းလုပ်ကြည့်ကြရာက စဖြစ်တယ်မှတ်ပါတယ်..။
      ချိုင်းနားကလုပ်နေတဲ့.. မြစ်ဆုံစီမံကိန်းကို.. ပိတ်ခို်င်းရပ်ခိုင်းလိုက်တာကိုး..
      ချိုင်းနားက သူတို့နစ်နာကြေး..မကြေမခြင်း.. စစ်ကိုဖြစ်ခိုင်းနေမယ်.. မှတ်ပါတယ်.. မှတ်ပါတယ်..။

      အဟမ်း..
      ဒီလောက်ပဲ.. :kwi:

Leave a Reply