အချိုမစားနဲ့

AKSAugust 28, 20101min1087

ကိုယ့်ကိုကိုယ် အရင်ပြင်

တစ်ခါတုံးက အမျိုးသမီးတစ်ယောက်က သူ့သားလေးကို လက်ဆွဲပြီး ဂန္ဒီကြီး ဆီကို
လာတယ်။

“ဂန္ဒီကြီး… ကျွန်မသားလေး က အချိုတွေ သိပ်စားတယ်။ ကျွန်မလဲပြောတာပဲ…
မရဘူး။ ကလေးက စားမြဲ စားတာပဲ။ အဲဒါ ဂန္ဒီကြီး ဆုံးမပေးပါအုံး
ဆိုပြီး လာပြောတယ်။

ဂန္ဒီကြီးက ပြုံးပြုံးရွှင်ရွှင်နဲ့ “နောက် တစ်လလောက် နေမှ ပြန်လာခဲ့”
လို့ပြောလိုက်တယ်။
ဒီလိုနဲ့ တစ်လလောက်ကြာတော့ အဲဒီအမျိုးသမီး နဲ့ သူ ကလေး
ပြန်ရောက်လာပြန်တယ်။

အဲဒီတော့မှ ဂန္ဒီကြီးက ကလေးကို ကြင်နာစွာနဲ့ကြည့်လိုက်ပြီ း “သားလေး…
အချိုတွေ သိပ်မစားနဲ့” လို့ ရိုးရိုးလေးပဲပြောလိုက်တယ် ။
အဲဒီတော့ ကလေးလေး က ရွှန်းရွှန်းစားစား ပြန်ကြည့်ပြီး “ဟုတ်ကဲ့”
လို့ပြောလိုက်တယ်။

အဲလိုနဲ့ ကလေး အမေက “ဂန္ဒီကြီးရယ် ဒါလေးပြောတာများ အရင်လတည်းက
ပြောလိုက်ရောပေါ့” လို့ပြန်ပြောလိုက်မိတယ်။

အဲဒီတော့မှ ဂန္ဒီကြီးက “ငါလည်း အရင်တုံးက အချိုတွေသိပ်စားတယ်… ဒါပေမယ့်
အရင်တလက စပြီး ငါအချိုတွေ မစားတော့ဘူး… ရှောင်လိုက်ပြီ… ဒီကလေးကို
အချိုမစားနဲ့ လို့ ဆုံးမဖို့ ဆိုတာက ငါက အရင်ဦးဆုံး အချိုမစားတဲ့သူ
ဖြစ်ရမယ်။”

ကဲ … ဘယ်လိုလဲ သူငယ်ချင်းတို ့ရေ … ပုံပြင်လေးကပြောထားတာတော့
ရှင်းရှင်းလေးပါပဲ … သူများကို ဆုံးမပြုပြင်ပေးချင်ရင်
အရင်ဆုံးကိုကိုတိုင်လည်းပြန်ဆုံ းမပြူပြင်ထားပို ့လိုအပ်တယ်ဆိုတဲ့
အကြောင်းလေးပေါ့….နော်…

7 comments

  • kopauk mandalay

    August 28, 2010 at 11:13 am

    သိပ်မှန်တာပေါ့ မူးယစ်ဆေးဝါးမကောင်းကြောင်း ပညာပေးကို စင်ပေါ်တက်ပြီးကလေးတွေကိုပြောနေတဲ့လူက
    စင်အောက်လဲရောက်ရော အရက်ခွက်ကတဘက် စီးကရက်တဖက်ဆိုတော့
    နားထောင်သူက ရီနေရမှာပေါ့။
    ကိုယ်တိုင်အရင် ကင်းအောင်လုပ်ပြီးမှ သူများကို ပြောတယ်ဆိုတာကောင်းပါတယ်။
    ဒါပေမယ့် တစ်ခါတစ်လေမှာ ကို်ယ်က ရုန်းမထွက်နိုင်တော့တဲ့အတွက် ကို်ယ့်လိုမဖြစ်အောင် မခံရအောင်စေတနာနဲ့ပြောပေးသူရဲ့စကားကိုလည်း
    အလေးထားနားထောင်သင့်တယ်လို့ ယူဆပါတယ်။
    သူက ဘဝနဲ့ရင်းပြီးမှ ပြောတဲ့သူဖြစ်နေလို့ပါ။

  • mG

    August 28, 2010 at 12:18 pm

    အရမ်းကောင်းတဲ့ Post လေးပါဗျာ။ဒီပုံပြင်ကို လူတိုင်းသိသိနဲ့မေ့နေတတ်တယ်ဗျ။ပုံပြင်က ဖတ်ကြည့်တော့တာ လွယ်လွယ်လေးဗျ။လိုက်နာဖို့ခက်မယ်နော်။ကျွန်တော်လည်း အရာရာပြုပြင်ရမယ်ဆိုတာကို သဘောပေါက်လာတယ်။အတတ်နိုင်ဆုံး လူတွေသိလျက်နဲ့ မေ့နေတတ်တဲ့ ဒီလို Post လေးတွေကို လူတိုင်းသိနိုင်ပါစေဗျာ။

  • unclegyi1974

    August 28, 2010 at 1:19 pm

    ခေါင်းဆောင်ကောင်းဆိုတာ ဒါဘဲ၊
    ဘာကိုများနှိုင်းယှဉ်ချင်တာလဲ။

  • bigcat

    August 28, 2010 at 3:22 pm

    ဒါကြောင့်တပ်ပြုတ်ကြီးကပြောခဲ့တာပေါ့ တပ်မတော်သည် ပါတီနိုင်ငံရေးဘယ်တော့မှ (လုံးဝရော၊ ဝလုံးရော၊ နဲဗား အဲဗား) မလုပ်လို့။

  • HayMonChan

    September 12, 2010 at 3:06 pm

    ကျေးဇူူးပါ
    မှတ်သားသွားပါ၏

  • Gong Zhu

    September 16, 2010 at 6:35 pm

    မူရင်းကောင်းမှ မိတ္တူကောင်းမှာပေါ့နော် . . .

  • Nang Lay

    September 20, 2010 at 10:46 am

    Oh yes; It is a good story for me. Thanks for applying

Leave a Reply