မောရဝတီရေတပ်စခန်;ဌာနချုပ် ရေယာဉ်စုကိုဆင်းတော့ ရေယာဉ်စုမှူး ဒုမှူးကြီးမြင့်နိုင် ကျွန်တော့်ကို ကြာအင်းဆိပ်ကြီးမှာ တာဝန်ကျတဲ့ ဆက်သွယ်ရေးကို လူစားလဲဘို့ကျွန်တော့်ကို လွှတ်တယ်။
အရပ်ရေယာဉ် ဧရာဝတီနဲ့လိုက်သွားဖို့ ညွှန်ကြားတယ်။ နောက်နေ့ ကြာအင်းဆိပ်ကြီး ထွက်တဲ့မနက် ၅ နာရီကောင်နဲ့ လိုက်ရတယ်။ သင်္ဘောအပေါ်ထပ် ယာဘက် ထောင့် ဦးပိုင်းမှာ ကျွန်တော့ပစ္စည်းတွေချပြီး နေရာယူထားတယ် ၁ဝ နာရီလောက်မှာ တအိအိ နဲ့သွားနေတဲ့ သင်္ဘောပေါ်
ကျွန်တော် ပျင်းလာတာနဲ့ ပါလာတဲ့ အရက်တစ်ပုလင်းထုတ်ပြီး မြေပဲကျော်နဲ့။
ဘေးကတစ်ယောက် ပါးစပ်တပြင်ပြင်နဲ့ ဖြစ်နေတော့ ကျွန်တော် အရက်သမားခြင်း ကိုယ်ချင်းစာလို့
လာသောက်ဖို့ခေါ်တာ နှစ်ခါမခေါ်ရဘူး ဝိုင်းထဲရောက်လာတယ်၊ ဧရာဝတီက အစောင့်ပါလာတဲ့ လုံခြုံရေး ရဲတွေက ကွက်ကြည့် ကွက်ကြည့်နဲ့ ကျွန်တော် အဓိပ္ပါယ် မပေါက်ခဲ့ဘူး သံပုရာရွာရောက်တော့ ညနေ ၄ နာရီ ကြာအင်းဆိပ်ကြီး ကို ည ၁ဝ နာရီ လောက်မှရောက်မယ် ဆိုလို့ ကျွန်တော်စိတ်ညစ်သွားတယ်၊ အဲဒီလမ်းခရီးကို ကျွန်တော်တစ်ခေါက်မှမရောက်ဖူးတာလဲပါတယ်၊ အဲဒီမှာတင် ကျွန်တော်နဲ့ အရက်အတူသောက်နေတဲ့ တစ်ယောက်က သံပုရာကနေ ဆိုင်ကယ်နဲ့ သွားဘို့ အဖေါ်စပ်တယ် သူ့မှာ ဆိုင်ကယ်နှစ်စီးပါလာတယ်၊ ကျွန်တော်မောင်းတတ်ရင် သူနဲ့အတူလိုက်ဖို့ခေါ်တယ် ဆိုုင်ကယ်နှစ်စီးလုံးက အသစ်တွေ အင်ဂျင်ပါဝါလဲကောင်းတယ် ၂၅ဝ စီစီတွေ ဘာပြောကောင်းမလဲ ကျွန်တော်အကြိုက်ပေါ့ နှစ်ယောက်သားမူးမူးနဲ့ပြိုင်မောင်းရင်း ကြာအင်းရောက်ခါနီး အပင်ကြီးတစ်ပင်အောက်မှာ နှစ်ယောက်သားအရက်အတူတူထပ်သောက်ကြတယ်၊
အဲဒီမှာ ပွဲကစပြီ သူကကျွန်တော့နာမည်နဲ့ ဘာအတွက်ကြာအင်းကိုလာလဲဆိုတော့ ကျွန်တော်အမှန်အတိုင်းပြော လိုက်တယ် အဲဒီမှာတင် ပုဂ္ဂိုလ်က ဒီနေရာဟာ သောင်းကျန်းသူတွေကျက်စားတဲ့နေရာ အခုကျွန်တော်တို့ အရက်သောက်တဲ့နေရာမှာ သွေးမြေကျခဲ့ရတာမနည်းဘူး ဆိုပြီး ကျွန်တော့ကို သွေးတိုး စမ်းတယ် အချိန်ကလဲ နွားရိုင်းသွင်းချိန် တောစပ်မှာလဲ မပြီဝိုးတဝါး အရိပ်တွေလှုပ်လှုပ်ရှားရှားနဲ့ တော်ရုံလူဆိုသွေးပျက်သွားလောက်ပြီ ကျွန်တော်က နဂိုကမှ မကြောက်တတ်တဲ့သူဆိုတော့ သူ့ကိုပြောပြလိုက်တယ် အစကထဲက မကြောက်တတ်လို့ လိုက်လာတာ လူလူချင်း ဘာအာဃာတမှ မရှိဘဲ အကျိုးမရှိ သတ်ဖြတ်နေတဲ့သူတွေကြောင့် တို့နိုင်ငံ မတိုးတက်တာ အဓိပ္ပါယ်မရှိ ခံယူချက်မရှိ ကိုယ့်ဒေသကို ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင်ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ နားမလည်တဲ့သူတွေကို ကြောက်နေရင် ဒီဒေသကိုဘယ်တော့မှရောက်မှာမဟုတ်ဘူးလို့ မူူးမူး နဲ့ စွတ်တင်တော့ အဲဒီတစ်ယောက်က ကျွန်တော့် ကိုအတင်းဖက်ပြီး မိတ်ဆွေဖွဲ့တယ် ပြီးသူ့လူတွေခေါ်လိုက်တော့ လက်နက်အပြည့်အစုံနဲ့ ၁၅ ယောက်လောက်ရှိမယ် ကြာအင်းဆိပ်ကြီးမှာနေသရွေ့ အန ္တရာယ် မဖြစ်စေရဘူးတဲ့ တော်သေးတာပေါ့ အလျှောက်ကောင်းလို့ အထောင်းသက်သာတာ။
ည ရ နာရီလောက် သင်္ဘောကိုရောက်တယ် သူတို့သင်္ဘောကို ရောက်တဲ့အထိလိုက်ပို့တာ ဦးစီးမှူးဆိုတာ မျက်လုံးကိုပြူးနေတာဘဲ၊
မနက်ကျတော့ ကျွန်တော်လဲတဲ့ ဆက်သွယ်ရေး သိန်းနိုင်ဦး တစ်ယောက် မောင်ကြီးမပြန်နိုင်ဇာတ်ကား ရိုက်နေပြီ မေးကြည့်တော့ တဖက်ကမ်း ကူးတို့ဆိပ် ရွာသူနဲ့ ရွာက ဒီကောင့်ကိုပြန်မလွှတ်တော့ဘူး အဲဒါနဲ့ တစ်ဖက်ကမ်းကို လိုက်ပြီး စေ့စပ်ရေးလုပ်ရတယ် အာမလဲခံပေးရတယ် ကလေးမလေးကို ထည့်ပေးဖို့ပြောတော့ သူတို့ကလဲ မခွဲနိုင်ဘူး လွန်လွန်ကျူးကျူးလဲ မဖြစ်သေးတော့ ကြားထဲကဝင်ပြီးအာမခံပေးရတယ် ဒါနဲ့ ဒီကောင်ပြောင်းပြီး သိပ်မကြာပါဘူး ကောင်မလေး လင်နောက်လိုက်သွားတယ်။
အဲဒီရွာက ကလေးမလေးနှစ်ယောက် အေးအေးထွေး နဲ့ ကုလားမ(နာမည်ပြောင်) တစ်ယောက်က ၄ တန်း တစ်ယောက်က ၆ တန်း နှစ်ယောက်စလုံးက ကျွန်တော်သွားလေရာ တစ်ကောက်ကောက်လိုက် ကြာအင်းဆိပ်ကြီးမှာနေတဲ့ တစ်နှစ်ကျော်မှာ ကျွန်တော်ရဲ့ ကိုယ်ရံတော်နှစ်ယောက်ပေါ့
ကြာအင်းဆိပ်ကြီးလိုနေရာမှာ အချိန်ကလဲ သောင်းကျန်းသူ ကတစ်ဝက်
လက်နက်နဲ့ ငြိမ်းချမ်းရေး လဲထားတဲ့အဖွဲ့ကတစ်ဖွဲ့ တပ်ကတစ်ဖွဲ့ အားလုံးက လက်နက်ကိုယ်စီနဲ့ တစ်ယောက်ကိုတစ်ယောက် ဘယ်သူ့ကို ယုံရမလဲဆိုတာ မသိတဲ့အချိန် ကလေးတွေတစ်အုပ်ကြီးနဲ့ ကျွန်တော့်ကို ဘယ်သူကမှ ဂရုမစိုက် ကြဘူး သူတို့အကာအကွယ်နဲ့ ကျွန်တော်သွားချင်တဲ့နေရာသွား လုပ်ချင်တာလုပ် ဒုက္ခပေးမဲ့သူမရှိဘူးလေ အရက်သောက်ရင်တောင် ပေါင်ပေါ်သေနတ်တင်ပြီး အရက်သောက်တဲ့နေရာ ကျွန်တော်အရက်ဆိုင်ထဲဝင်ရင် ကလေးတွေက အမြီးစားဘို့ လိုက်လာကြတယ် ကျွန်တော့် အရက်ဖိုးကို ဘယ်သူရှင်းလို့ ရှင်းမှန်းမသိအောင်ကို ချစ်တဲ့သူပေါတယ် အဲဒီအချိန်က ကျွန်တော်က အရက်သောက်ပြီးရင် ကာရာအိုကေဆိုရင် အသံကောင်းပြီး (တီးဝိုင်းထောင်ခဲ့တာလေ) သီချင်းဆိုကောင်းလို့ တော်တော်များများ ကျွန်တော့်ကာရာအိုကေဘိုးကို အတင်းလုရှင်းကြတယ်
(ယုံချင်ယုံ မယုံရင်ပုံပြင်လို့သာမှတ်) ကြာအင်းဆိပ်ကြီးရဲ့အမှတ်ရစရာတွေပါ။
ဒီကြားထဲ ကျွန်တော်နဲ့ ကြာအင်းဆိပ်ကြီး ကိုအတူလာခဲ့တဲ့ ကိုကိုတောတွင်းသား ကလဲ သူ့ညီမနဲ့ မိတ်ဆက်ပေးပြီး (ဒုတိယနှစ် စိတ်ပညာတက်နေတဲ့မိန်းကလေး) ဆိပ်ကြီးမှာအပြီးနေအောင်ကြိုးစားနေလေရဲ့
အဲဒီကလေးမလေးကလည်းကျွန်တော့ကိုတော်တော်ခင်တယ်။
ဒါပေမည့် မရိုးမသားစိတ်မရှိခဲ့တော့ ဘာမှဖြစ်မလာပါဘူး
ကျွန်တော်ကြာအင်းဆိပ်ကြီးကပြောင်းဘို့ အမိန့်ထွက်တဲ့နေ့ သင်္ဘောကစစ်သည်တွေက ကလေးတွေကို သွားပြောပြတော့ ကလေးတွေရှိုက်ကြီးတငင်နဲ့ ကျွန်တော့ကိုဖက်ထားကြတာ ကျွန်တော်မနည်းဖြောင့်ဖြ ရတယ် အဲဒီနောက်ပိုင်း တတ်နိုင်သရွေ့ ကလေးတွေကိုသံယောဇင်မတွယ်ဘို့ ကြိုးစားရတယ် သူတို့ရဲ့နုနယ်တဲ့နှလုံးသားမှာ ကျွန်တော့ကြောင့် အနာမဖြစ်စေရဘူးလို့
ဒါနဲ့ဘဲနေရာသစ်တစ်ခုဆီကို တိမ်လို လေလို လွင့်ပါးခဲ့ရပြန်တယ်

About DEPARKO DEPARKO

DEPARKO DEPARKO has written 80 post in this Website..