ဝါဆို ချိန်ခါ နှင့် သင်္ကန်း ဈေးကွက်

ဆူးJuly 10, 20101min1264

June 26 မှစ၍ ပထမ ဝါဆို လပြည့်ဖြစ်ပါတယ်။ ဝါဆို ချိန်ခါသမယတွင် ဝါဆို သင်္ကန်းဆပ်ကပ် လှူဒါန်း မှုပြုလုပ်နိုင်ပါတယ်။ အများစုကတော့ ယခုနှစ် ဝါနှစ်ထပ် ဖြစ်တဲ့ အတွက် ဒုတိယ ဝါဆို လပြည့်နေ July 26 မှာ သင်္ကန်းများ ဆပ်ကပ်လှူဒါန်းမှုပြုလုပ်ရန် ပြင်ဆင်နေကြပါသည်။ ရန်ကုန်နှင့် အနယ်နယ် အရပ်မှ သင်္ကန်းဆိုင်များ ရောင်းအားတက်နေပြီး နယ်မှ တချို့ အထည်ရောင်းသူများလည်း သင်္ကန်းများကို ပေါ်ပင် ပစ္စည်း ဈေးကွက် လိုအပ်ချက်အရ မှာယူရောင်းချနေကြတာ တွေ့ရပါတယ်။ အရင်ကတော့ အထည်သမားက အထည်ဘဲ ရောင်းကြပါတယ်။ ယခု အခါ စီးပွားရေးနှင့် ငွေကြေး လည်ပတ်မှု အားနည်းချက်ကြောင့် ဝါဆို သင်္ကန်း ကပ်လှူချင်တဲ့ သူတွေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ ရောင်းချကြပါတယ်။ အခု ခေတ် ငွေကြေး အခြေအနေအရပ်ရပ်ကြောင့် အသုဘတွေကို ငွေကြေး အကူငွေ ပေးခြင်းထက် သင်္ကန်း လက်ဆောင်ပေးကြပါတယ်။ အသုဘတခုတွင် မျက်နှာအကြီး အသေးကိုလိုက်ပြီး သင်္ကန်း ၁စုံ ၃စုံ ၅စုံ တချို့ကတော့ သင်္ကန်းခြင်းတွေ လက်ဆောင်ပေးကြပါတယ်။ ပိုက်ဆံပေးခြင်းသည် တတ်နိုင်သူအတွက် စော်ကားရာ ရောက်သလို သင်္ကန်းဆိုသည်မှာ ဘုန်းကြီးသုံးတဲ့ ပစ္စည်း ဖြစ်သည့် အတွက် ကာယကံရှင်တွေ ဘယ်လောက် တန်ကြေး ပေးပြီး ဝယ်လာသည်ကိုမသိနိုင်သည့်အတွက် အဆင်ပြေသလို သင်္ကန်း ဝယ်ပြီး လက်ဆောင်ပေးကြပါတယ်။ ကာယကံရှင်ကလည်း သေသူအတွက် လှူပေးတဲ့ ပစ္စည်းဖြစ်သည့်အတွက် လက်ခံပေးကြပါသည်။ ထို့နောက်တွင် နောက်ဆက်တွဲ ကိစ္စတခုကတော့ အသုဘ ပိုင်ရှင်တွေက ငွေကြေးရလိုမှုအတွက်ကြောင့် သော် လည်းကောင်း အမျိုးမျိုးသော အကြောင်းတွေကြောင့် ထိုသင်္ကန်းများကို သင်္ကန်းအများဆုံး ရောင်းချသည့် ဗဟန်းဘက်တွင် ရောင်းချနေကြပါသည်။ မည်သို့ပင် ဆိုစေကာမူ သင်္ကန်းများမှာ အသုဘ ပြန်သင်္ကန်းများ ဖြစ်တဲ့ အတွက် မင်္ဂလာ မရှိဘူးလို့တောင် ပြောလို့ရနိုင်မလား ထိုသင်္ကန်းများကိုလည်း ဗဟန်းဘက်က သင်္ကန်းဆိုင် အသေးစားများက ဝယ်ယူကာ ဈေးကွက် တင်ရောင်းချကြပါသည်။ ဝယ်ယူသူသည် မည်သို့မှ သိနိုင်မည်မဟုတ်တော့ပါ။ သင်္ကန်းနှင့် ပတ်သတ်ပြီးတော့ နောက်တခုကတော့ အသုဘ ပိုင်ရှင်တွေက သင်္ကန်းတွေ ဘုံဘောလအော ရတော့ ရဟန်းများကို ကပ်လှူကြပါတယ်။ ဒီကြားထဲမှာ လူတွေ သတိမထားမိတာကတော့ လှူတဲ့ သင်္ကန်းတွေက ဖြစ်သလို ခပ်ပေါပေါ ဝယ်လာတဲ့ သင်္ကန်းဖြစ်တဲ့အတွက် ဘုန်းကြီးကျောင်းတွေ ရောက်သွားရင်လည်း ဘုန်းကြီးများ သင်္ကန်းဆိုဒ် သေးနေခြင်း အဟောင်းများ ဖြစ်နေခြင်း အသား သိပ်ညံနေလို့ ဝတ်ရုံမရတာတွေ ကြုံတွေ့ရပါတယ်။ ဒီတော့ လောကကြီးက တခါ စက်ဝိုင်းလို လည်နေပြန်ပါတယ်။ တချို့သော ကျောင်းတိုက်မှ ဘုန်းကြီးများကလည်း သင်္ကန်းများ အလှူခံရတာ စုဆောင်းထားပြီး မမာ မကျန်းဖြစ်ချိန် ငွေ အသုံးလိုချိန်တွေမှာ ဗဟန်းဘက်ကို သွားပြီး ပြန်ငွေဖော်ပါတယ်။ အမှန်တကယ် တန်ကြေးနဲ့ ဝယ်ယူသူကတော့ ၇၅၀ဝကျပ်လောက် ပေးရပေမဲ့ ဘုန်းကြီးများ ပြန်ရောင်းရင်တော့ ၂၀၀ဝကျပ် လောက်ထက် ပိုမရပါဘူး။ ကြားထဲက သင်္ကန်းဆိုင်များသာ အမြတ်အစွန်း ရနေကြပါတယ်။ ထို့အပြင် သင်္ကန်းဆိုင်အများစုကတော့ အဟောင်းတွေနဲ့ လည်ပတ်နေကြပါတယ်။ အနည်းငယ်သော ဆိုင်များသာ သင်္ကန်း အသစ်များကို ချုပ်လုပ်ရောင်းချကြပါတယ်။ သင်္ကန်းဆိုင် အများစုကတော့ နယ်ဘက်ကို ပေးချုပ်ကြပါတယ် တွံတေးဘက်က ရွာတွေနှင့် ကြည့်မြင်တိုင်တဖက်ကမ်းမှ ရွာတွေမှာ အများဆုံး ချုပ်ကြပါတယ်။ သင်္ကန်းချုပ်တဲ့ ရွာတွေမှာလည်း တရွာလုံး သင်္ကန်းချုပ်ကြပါသည်။ ရွာထဲကို ဝင်လိုက်တာနှင့် အပ်ချုပ်စက် နင်းသံများ ကြားနေရပါတယ်။ တချို့ သင်္ကန်းအချုပ်သမားတွေကလည်း သူတို့ရွာတွေမှာ အသင်အနေနှင့် တယောက်ကို ၅၀၀၀ဝယူပြီး ဆိုင်ကြီးတွေက အပ်ထည်တွေကို ယူချုပ်ပေးရင်း တပည့်တွေကို သင်ကြားပေးကြပါသည်။ ထို့နောက်တွင် သူတို့ ယူသည့် သင်္ကန်းဆိုင်များတွက် နယ် အချုပ်သမား အသစ်အဖြစ် မိတ်ဆက်ပေးကြပြီး တပည့်များ ကိုယ်ဟာကိုယ် ရပ်တည်နိုင်အောင် ပြုလုပ်ပေးကြပါသေးသည်။ သင်္ကန်း တထည် ချုပ်ခ အသားပေါ်မူတည်ပြီး အနဲဆုံး ၅၀ဝ မှ ၉၀ဝ လောက်အထိ ရှိပါတယ်။သင်္ကန်းတထည် ကို ၁၂ကိုက် လောက်မှ စ၍ ပိတ်အနံပေါ်မူတည်ပြီး ၁၅ကိုက်လောက် ကုန်ပါတယ်။ သင်္ကန်း ဈေးနှုန်းကတော့ ၇၀၀ဝ လောက်မှ စပြီး အရည်အသွေးကို လိုက်ပြီး ၃၀၀၀ဝ လောက်အထိ ရှိပါတယ်။ သို့သော် သင်္ကန်း ဆိုင်ကြီးများ ရန်ကုန်တွင် ထောင်သော သင်္ကန်း အချုပ်ထည် ရုံကြီးများတွင်တော့ အချုပ်သမား အသင်ခေါ်ယူမည် ဆိုလျှင် တလ ၃၀၀၀ဝ ဆိုင်ကြီးဘက်က ပေးပြီး ၃လ အစမ်းသင်နှင့် ၃လကျော်ပါက ချုပ်နိုင်သလောက် လစာရပြီး ၂နှစ် ချုပ်ပေးရမည်ဟု စာချုပ်ချုပ်ကြသည်။ သို့သော် မြန်မာနိုင်ငံ တွင် အများစုက အစိုးရတွင် အလုပ်သမားရေးရာ မှတ်တမ်း သေချာ မလုပ်ကြပါဘူး။ ထို့အတွက် နှစ်မပြည့်ဘဲ ထွက်သွားလျှင်လည်း ဘာမှ တော့ မတတ်နိုင်ပါဘူး။ ထိုသို့ နယ် အချုပ်သမားတွေနှင့် သင်္ကန်း ချုပ်သော ဆိုင်ကြီးများကတော့ သင်္ကန်း ချုပ်ရိုး ချုပ်သား မှန်မှန် သေချာ မစစ်ဘဲ အိတ်တွေနဲ့ ထုတ်ပိုးပြိး ဈေးကွက် တင်ရောင်းသည့် အတွက် ဘုန်းကြီးများထံမှ ကြားသိရသည့် အချက်တခုမှ သင်္ကန်း တချို့မှာ ဆွေးလို့ ကွဲထွက်ခြင်းမဟုတ်ဘဲ ချုပ်ရိုးမကောင်းဘဲ လွတ်နေလို့ မနက် အာရုံတက် ဘုရား ရှိခိုး စောင့်ကြောင့်ထိုင်လိုက်ချိန်တွင် ကွဲထွက်သွားတတ်ခြင်းနှင့် ဆွမ်းစားကြွ သွားချိန် ထိုင်လိုက်ချိန်မှာ ကွဲသွားတာမျိုးကြုံရလို့ အနေခက်တာတွေ ကြုံရတဲ့ အကြောင်း ကြားသိရပါတယ်။ သင်္ကန်း ဆိုင်တွေမှာ အသစ်နှင့် အဟောင်း တွဲရောင်းသူတွေကများပြီးတော့ အသစ်ကိုမှ ပြန်စစ်ပြီး ဈေးကွက်ထဲ ရောင်းချသူက ပိုနည်းပါသည်။ အဟောင်း အသစ် တွဲရောင်းသူတွေကတော့ အလွန် ချမ်းသာ မြန်နေကြပြီး အသစ်ချည်းသက်သက် ရောင်းသူတွေကတော့ လက်ချိုးရေလို့ရသလို သည်းခံစိတ်တော်တော် များရပါတယ်။ သင်္ကန်း အသစ်နှင့် စစ်ဆေးပြီးမှ ဈေးကွက် တင်ရောင်းချတဲ့ သင်္ကန်း ဆိုင်က တော့ `ကျွှန်မတို့ သင်္ကန်းရောင်းဖြစ်တာ ကတော့ အလှူများများ လုပ်ဖြစ်တော့ ဆရာတော်က နင်တို့ သင်္ကန်းရောင်းပါလား ဆိုတာနဲ့ သင်္ကန်း စရောင်းဖြစ်တာပါ။ ကျွန်မတို့ကတော့ လိမ်ညာပြီး အကုသိုလ် မယူချင်ဘူး ကုသိုလ်ဖြစ်မဲ့ ပစ္စည်းရောင်းတာလေ ဝယ်သူလည်း အစစ်အမှန်လှူတော့ ကုသိုလ် အပြည့်ရတာပေါ့ ဘုန်းကြီးတွေလည်း ကိုယ်ဆိုင်နာမည်နဲ့ ရတဲ့သင်္ကန်းက အကောင်းတွေ ရပြီး စိတ်ချမ်းသာစေချင်တယ်။ ဆရာတော်တွေရဲ့ ဩဝါဒကို အဓိက ထားပြီးတော့ ဝိနည်းနဲ့ အညီ ချုပ်ပါတယ်´ လို့   သင်္ကန်းတိုက်တခုမှ ဆိုင်ရှင်က ပြောပါတယ်။

စာဖတ်သူများ ဗဟုသုတ ရေစေရန်အလို့ငှာ သင်္ကန်း နှင့် ပတ်သတ်ပြီး ဗဟုသုတ ရစေရန် တင်ပြလိုက်ပါသည်။

သင်္ကန်း ဟုခေါ်ထိုက်သော ပစ္စည်း ကိုးမျိုး

၁. သင်းပိုင် ( ခါးတွင် ဝတ်ရသည်)

၂. ဧကသီ (ကိုယ်တွင် ရုံသည်)

၃.ဒုကုဋ် ( နှစ်ထပ် သင်္ကန်း/ အပေါ်ရုံ)

၄.အိပ်ယာခင်း သင်္ကန်း

၅.မျက်နှာသုတ်ပုဝါ သင်္ကန်း

၆.ပရိက္ခရာ စောဠ သင်္ကန်း (လက်သုတ်/ရေစစ်လုပ်သည့် ပုဝါပါး)

၇. နိသိဒိုင် (နေကထိုင်/ထိုင်ခင်း)

၈.မိုးရေခံသင်္ကန်း (မိုးရေချိုးသော အခါ ဝတ်ရုံရသော သင်္ကန်း)

၉.အမာလွမ်းသင်္ကန်း (အနာပေါက်သည့်အခါ အတွင်းခံ သင်္ကန်း)

သင်းပိုင်နှင့် ဧကသီနှင်မျိုးပေါင်းကို ဒွိစုံ ဟုခေါ်ပြီး သင်းပိုင် ဧကသီ ဒုကုဋ် မျိုးကိုတော့ တိစိဝရိတ် (သင်္ကန်း ၃ထည်) ဟုခေါ်ပါသည်။

သင်္ကန်း အကျိုး

ဖြစ်လေရာ ဘုံဘဝတိုင်းတွင် ရွှေနှင့်တူသော အဆင်းရှိခြင်း

အညစ်အကြေး ကင်းစင်ခြင်း ကိုယ်ရောင်ထွက်ခြင်း

နူးညံပျော့ပျောင်းသော ကိုယ်ရှိခြင်း

ဦးခေါင်းထက်တွက် အေ်ရာင် အမျိုးမျိုး ရှိသော ပုဆိုးပေါင်း တစ်သိန်း တို့ မိုးကာခြင်း။

ပိုးထည် ကမ္မလာထည် ဖဲထည် ဝါထည် ပုဆိုးတို့ကို အလို ရှိသမျှ ရနိုင်ခြင်း စတာတွေရရှိမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ပရိက္ခရာ အကျိုးများ ကိုတော့ နောက်များမှ သေချာ တင်ပြပါအုန်းမည်။

4 comments

  • kopauk mandalay

    July 10, 2010 at 4:53 pm

    သင်္ကန်းဆိုတာကတော့ ပံ့သကူ အဝတ်အထည်နဲ့တောင်ချုပ်ရတာပါ။
    ဒါပေမဲ့လှူတဲ့လူစိတ်ချမ်းသာအောင်လက်ခံရတဲ့သူလဲအကုသိုလ်မဖြစ်အောင် တိုက်ဆွေးတွေကိုတော့ထည့်မရောင်းစေချင်ပါ
    http://kopaukmdy.myanmarsarpay.info/

  • winne

    July 11, 2010 at 3:47 am

    ဒီဆောင်းပါက ပထမဆုံး ရေးတဲ့ ဆောင်းပါးပါ။ သံဃာတော်များထံမှာ ကြားသိရတာတွေ နဲ့ အများသူငှာ ဝါဆို အချိန် သင်္ကန်းကပ် လှူရန် သတိရစေရန်နှင့် လတ်တလော ကြားရသိရတာတွေကို ရေးပြထားတာပါ။ ရေးတဲ့ အထဲမှာ သေချာမှာ လိုအပ်ချက်တွေ ရှိရနေရင်တော့ ခွင့်လွတ်ပေးပါ။

  • Thit Sar Lin

    May 15, 2012 at 3:50 pm

    ဟားဟားဟားဟား…..ရယ်ရတယ်ဗျို့…
    အရမ်းခက်တာပဲဒေါ်ဆူးရေ…ရှာရတာ……..ဟဟဟဟဟဟဟ
    လွယ်လား..ခက်လားဆိုတာ ကတော့ ဒေါ်ဆူးကိုယ်တိုင်ပဲဆုံးဖြတ်လိုက်ပါဗျာ..
    သင်္ကန်းတိုက်ပိုင်ရှင်ဆိုတော့ စရေးကတည်းကသင်္ကန်းနဲ့ပတ်သတ်တာပဲ ရေးတယ်နော်….
    ကျွန်တော်ရှာဖတ်နိုင်ပြီနော်…ဟုတ်ပြီလား….
    နေရာတိုင်းမှာ အငြိုးတွေသိပ်မထားပါနဲ့………….
    စိတ်ကိုရှင်းရှင်းလေးပဲထား……
    မပြောဘူးလား…အနဲဆုံး မန့်တဲ့လူ1/2 ယောက်လောက်တော့ရှိမှာပါလို့…….
    ဝင်မန့်လိုက်တယ်နော်……ကျွန်တော်နဲ့ပါဆို သုံးယောက်ဖြစ်သွားတာပေါ့….
    ဟဟဟဟဟဟဟဟဟဟဟ

  • ဆူး

    May 15, 2012 at 4:24 pm

    မင်းဒီလို ရေးလိုက်တော့ ငါ့ပိုစ်လေး ကြေညာ ပြီးသား ဖြစ်တာပေါ့.. ဟားဟား.. အဲဒါ မားကတ်တင်း ခေါ်တယ် မှတ်ထားကွ..

Leave a Reply