




21.9.2012 ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြုသော
အားဖြင့် ကသာ၊ အင်းတော်၊ မော်လူး၊ မိုးညှင်း မြို့များမှ စေတနာရှင်များ
စုပေါင်း၍ မိုးကောင်းမြို့ရှိ စစ်ဘေးရှောင်လာသူများအား ဆန်၊ ဆီ၊ ဆား ၊
အ၀တ်အထည် အစရှိသည့် ပစ္စည်းများကို သွားရောက် ကူညီထောက်ပံခဲ့ကြပါသည်။
သွားရောက်ခဲ့သည့်နေရာများမှာ phoenix centre ( HIV,AIDS)ရောဂါသည်များကို
ကူညီစောင့်ရှောက်မှုအသင်း၊ နတ်ကြီးကုန်းဘုရားရှိခိုးကျောင်း
မဟောင်ဘုရားရှိခိုးကျောင်း၊ ကျွန်းတောဘုရားရှိခိုးကျောင်းများရှိ
စစ်ဘေးရှောင်လာသူများအား ကူညီထောက်ပံ့ပေးခဲ့ကြပါသည်။
20.9.2012ရက်နေ့ညပိုင်းတွင် phoenix centre တွင် HIV လူနာများနှင့်အတူ
ရဟန်းသံဃာတော်များကို ပင့်ဖိတ်ပြီး ငြိမ်းချမ်းရေးတရားကို
နာယူဆုတောင်းခဲ့ကြပါသည်။ အဆိုပါ မိုးကောင်းမြို့ရှိ phoenix centre (HIV/AIDS)ကူညီစောင့်ရှောက်ရေး အဖွဲ့သည်
အကူအညီများစွာ လိုအပ်နေသေးကြောင်း သိရှိရပါသည်။
About kotun winlatt
ကို ထွန်းဝင်းလတ် has written 134 post in this Website..
ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။
Like this:
Like Loading...
Related
မြင်ရတာစိတ်ချမ်းသာလိုက်တာ အနှစ်သာရရှိလိုက်တာ ရန်ကုန်မှာခုတစ်လောဖြစ်နေတဲ့ပေါ်ပင်ပွဲတွေနဲ.
တော့ဆီနဲ.ရေလိုပဲ ဘာမှကိုမဆိုင်ဝူး များများထက်လှူနိုင်ကြပါစေ အလှူရှင်တို.ရေ။
လေတိုက်ပွဲထက်လက်တွေ.ကိုမြင်နိုင်ကြပါစေ။
Was this answer helpful?
LikeDislikeဟုတ်ကဲ့ပါခင်ဗျာ..ကျနော်တို့ မော်လူး ကသာ အင်းတော် မိုးညှင်းက စေတနာရှင်တွေ နောက်တစ်ကြိမ်သွားရောက်လှူဒါန်းကြဦးမှာပါခင်ဗျာ..
ပေးတဲ့ဆုနဲ့ ပြည့်ချင်ပါတယ်…..
Was this answer helpful?
LikeDislikeကျောင်းဆရာလူပျိုကြီးတစ်ယောက် အလှူလုပ်ဖို့ သွားရင်း အပျိုချောလေးတွေ နဲ့ ညားပါစေဗျား
Was this answer helpful?
LikeDislikeတိန်…..
ကိုပေ…လက်ဖွဲ့ဖို့ ငွေတွေ ပေါနေတာလားးးးးးးးး
အပျိုချောတွေနဲ့ ညားဖို့ပဲ ဆုတောင်းးပေးနေတယ်….။
Was this answer helpful?
LikeDislikeကိုယ်ထိလက်ရောက်လှူဒါန်းတာမြင်ရ၍ ကြည်နူးပီတိဖြစ်ရပါတယ်
ကိုထွန်ဝင်းလတ်ခင်ဗျား..ဆက်လက်၍ အောင်မြင်စွာချီတက်နိုင်ပါစေ…
Was this answer helpful?
LikeDislikeဟုတ်ကဲ့..ကိုကြီးမိုက်ရေ…
ဒီအလှူကတော့ ကျနော်တို့ တစ်ဖွဲ့ထဲရဲ့ အလှူမဟုတ်ပါ….
ကျနော်တို့ မော်လူး၊ အင်းတော်၊ ကသာ၊ မိုးညှင်းက အဖွဲ့လေးတွေပေါင်းပြီး သွားလှူဖြစ်ကြတာပါခင်ဗျာ…
ပေးတဲ့ဆုနဲ့ ပြည့်ပါရစေဗျာ….။
Was this answer helpful?
LikeDislikeနံနက်ပိုင်းမှာ အလှုသတင်းလေး ဝင်ဖတ်ရလို့ မင်္ဂလာရှိပါပေ့ …
ရှေ့ဆက် အောင်မြင်ချောမွေ့ပါစေဗျား …။
Was this answer helpful?
LikeDislikeဦးဂျစ်ရေ မင်္ဂလာပါခင်ဗျာ…
ပေးတဲ့ဆုနဲ့ ပြည့်ပါရစေလို့ပဲ ပြောပါရစေနော်…။
Was this answer helpful?
LikeDislikeအလှူရေစက်လက်နဲ့မကွာ နောင်များလည်း သားသားမီးမီး ချစ်ဇနီးနဲ့အတူ ဆက်လက်လှူဒါန်းနိုင်ပါစေလို့ … ဆုတောင်းပေးလျှက် … အပျိုကြီး အန်တီခိုင်ခိုင် …
Was this answer helpful?
LikeDislikeအဟိ….
ဟုတ်ကဲ့ပါ..အပျိုဂျီးးးးအံတီခိုင်ရေ….
သားးးသားးးးးမီးးးးမီးးးးးးးချစ်ဇနီးးးးးတွေနဲ့ ပျော်ပျော်ပါးးးပါးးးးကြီးးးလှူချင်တာပေါ့….
ပြည့်ပါရစေ…ပြည့်ပါရစေ….အံတီခိုင်ရေ…..။
Was this answer helpful?
LikeDislikeအစ်ကိုရေ
သာဓုဗျာ သာဓု သာဓု
အစ်ကိုတို့ လုပ်နေတာလေးတွေမြင်ရတာ တကယ်ကိုကြည် နူးမိပါတယ်
ဒီထက်ပိုပြီး စောင့် ရှောက်နိုင်ပါစေလို့ လဲ ဆုတောင်းပါတယ်ဗျာ။
Was this answer helpful?
LikeDislikeကိုဆိမာ…ကိုဆာမိရေ…
ပြည့်ပါရစေ…ပေးတဲ့ဆုနဲ့လေ….
အခုတော့…မက်ပြီးးးးမီးးပျက်လို့ အောက်တော့မယ်ခင်ဗျ…
ပျော်ရွှင်ချမ်းမြေ့ပါစေဂျောင်းးးးးးဆုတောင်းးးပါတယ်……
Was this answer helpful?
LikeDislikeဟန်ရေးပြမနေပဲ အမှန်ကန်ကို လှုပ်ရှားနေပါလား အူးလေးရ..
လေးစား..အားကျသဗျာ..သာဓုပါ
Was this answer helpful?
LikeDislikeအူးးးးဗိုက်ရေ….
လာရောက်အားပေးပြီးးး comment ချီးမြင့်ပေးတာ ကျေးးဇူးးးးပါခင်ဗျာ…။
Was this answer helpful?
LikeDislikeအလှူအတွက် သာဓုခေါ်ပါတယ်ရှင်
Was this answer helpful?
LikeDislikeကျေးးဇူးးပါ..ခင်ဗျာ….။
Was this answer helpful?
LikeDislike