ရှောင်လေဝေးဝေးkeylogger

AungSeptember 22, 20121min941

ဟိုအရင်ကတော့သိဘူးဗျာ ဒါပေမယ့်ဟိုလူပြောဒီလူပြောနဲ့ဆိုတော့ Internetမှာရှာကြည့်တယ်ကိုယ့်စက်မှာလဲကိုယ်စမ်းသပ်ကြည့်တယ်ဆိုပါတော့။ ကြောက်စရာကြီးဗျာ လူတွေကိုအတော်ဒုက္ခပေးနိုင်တယ်။ ကိုယ်အသုံးပြုချိန်၊ ကိုယ်ဖွင့်ခဲ့တဲ့application၊ ကိုယ်နှိပ်ခဲ့တဲ့keyboardပေါ်ကkey strokeတွေအပြင် screenshotပါယူပေးတယ်။ ဒီsoftwareကလူတစ်ဖက်သားရဲ့ Privacyကိုတအားထိခိုက်စေနိုင်ပါတယ်။ ကျွန်တော်စမ်းသပ်သုံးကြည့်ခဲ့တဲ့software nameကတော့”refog keylogger” personal monitorပါ။ သူ့ကိုinstallလုပ်ထားတဲ့သူမှအပတခြားသူသိဖို့မလွယ်ကူပါဘူး။ ဘာကြောင့်လဲဆိုတော့ start menu, task manager, add or remove program အကုန်လုံးမှာဖျောက်ပြီးသားဖြစ်ပြီးတော့ softwareကနေလုပ်ပေးထားတဲ့recordကိုကြည့်ဖို့အတွက် hot keyကိုနှိပ်မှရပေါ်လာတာပါ။ ဒါတောင်password protection ပေးလို့ရပါသေးတယ်။ နောက်တစ်ခုပိုဆိုးတာက သူ့ဆီမှာရှိတဲ့ hot keyရယ် run commandကနေခေါ်ယူတဲ့commandကိုပြန်လည်ပြုပြင်လို့ရတဲ့ magic word featureပါပါဝင်သေးတာကြောင့် အင်မတန်သိဖို့ခက်ခဲပါတယ်။ ဒါပေမယ့် raymond.ccဆိုတဲ့ internet blogတစ်ခုကနေဖော်ပြတဲ့ဆောင်းပါးတစ်ပုဒ်ကတော့ အဲ့ဒီkeyloggerကို ဖျက်ဆီးတဲ့နည်းကိုပြသပေးထားတပါတယ်။ အဲ့ဒါကတော့သူ့ program location C:\windows\system32\mpkဆိုတဲ့ folderပဲဖြစ်ပါတယ်။ ဒီဟာကိုဖျက်ပစ်လိုက်ရင် အန္တရာယ်ကနေလွတ်နိုင်ပါပြီ။ ဒါပေမယ့်သူကလဲ hidden system folder ဖြစ်တာကြောင့် windows explorerရဲ့ tools menuထဲက view option ထဲကshow hidden fileနဲ့ hide protected system files(recommended)ဆိုတဲ့option နှစ်ခုကိုပြင်ဖို့လိုအပ်ပါလိမ့်မယ်။ ဒါမှmpk folderကိုမြင်နိုင်မှာပါ။ စိတ်ထဲမှာမသင်္ကာရင်၊ ကိုယ့်အိမ်သုံးကွန်ပျူတာမဟုတ်ရင် စစ်ဆေးနိုင်အောင်လို့ပါ…………. ဆရာကြီးလုပ်တယ်သဘောမထားစေချင်ပါဘူးခင်ဗျာ။ ပြန်လည်မျှဝေခြင်းသပ်သပ်ပဲဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

One comment

  • Alpha Vanishing

    September 22, 2012 at 6:26 pm

    အဲ့ဒီဆော့ဝဲလေး
    run ထားလားဆိုတာသိရအောင်ဘယ်လိုစစ်မလည်းဆိုတော့
    Ctrl+Shift+Esc(or)Ctrl+Alt+Del
    Task Manager ကိ်ုခေါ်လိုက်ပါ။ Process ဆိုတဲ့ tag ကိုနှိပ်ပြီး msdts.exe ဆိုတာကိုလိုက်ရှာကြည့်ပါ။ရှိတယ်ဆိုရင်တော့သေချာပါတယ်။
    key logger software သုံးထားပါတယ်။ချက်ချင်းသာထပြန်လိုက်ပါ။မသုံးမဖြစ်သုံးရမယ်ဆိုရင်လည်း
    ရပါတယ်။ တွေ ့နေတဲ့ msdts.exe ဆိုတာကိုကလစ်ပြီး End process ပေးလိုက်ပါ။ အဲ့ဒါဆိုရင်တော့
    key logger ကိုကာကွယ်နိုင်ပါပြီ။အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့
    process tag ထဲကကိုယ်သုံးမဲ့ Gtalk,Vzo စတာလောက်ပဲ ထားပြီးတော့ကျန်တာအကုန်လုံး
    Disable (or) End process ပေးလိုက်တာအကောင်းဆုံးပါပဲ။ဘာလို့လည်းဆိုတော့သုံးနေတဲ့သူအနေနဲ ့
    ဒီဆော့ဝဲက ဘယ်လိုဖိုင်အမျိုးအစားကို Record လုပ်တယ်ဆိုတာ မသိနိုင်ပါဘူး။ဒီတော့ကာ…
    အန္တရယ်ကင်းဘေးရှင်း အားလုံးကို Disable (or) End Process ပေးပြီးကိုယ်သုံးချင်တာလောက်ပဲ
    manually ခေါ်သုံးတာအကောင်းဆုံးပါပဲ။

Leave a Reply