ဆေးပေါ့လိပ်လုပ်ငန်းနှင့်တူသော ဘာသာရေးလုပ်ငန်း…..

Ko out of...September 23, 20121min496114

လူတွေဆေးလိပ်ကိုသုံးစွဲလာကြတာနှစ်
အတိအကျကို ကျွန်တော်အနေနဲ့ မဖေါ်ပြနိုင်ပေမဲ့
နှစ်ပေါင်းတော်တော်ကြာပြီလို့ ယူဆရပါတယ်..

ဆေးလိပ်ကိုလူတွေ သုံးစွဲပေမဲ့ ဆေးလိပ်ကြောင့် ရောဂါအမျိုးမျိုးရနေကြတာကို
အရင်မိဘဘိုးဘွားကလူတွေသိပ် သတိထားကြပုံမပေါ်ဘူး……အခုတော့ ဆေးလိပ်ကြောင့်
လူတွေကို ဘယ်လောက်ဒုက္ခပေးတယ်ဆိုတာကျယ်ကျယ်ပြန့်ပြန့်
သိလာကြပါပြီ…..

ကိုယ့်ဆေးလိပ်ကို..ကိုယ်ကြိုက်လို့ ကိုယ်သောက်တာ မှန်ပေမဲ့
တခြားလူတွေ..ကိုယ်သောက်တဲ့ ဆေးလိပ်ငွေ့ကြောင့်..ကိုယ်လည်းရောဂါရသလို၊
ပတ်ဝန်းကျင်လူတွေကို လည်း
ရောဂါရစေတယ်ဆိုတာ သိလာကြလို့ဘဲ ….

တချို့နိုင်ငံတွေဆို ဆေးလိပ်လုံးဝ
ကင်းစင်ပပျောက်ဖို့လုပ်ကြတယ်..
တချို့နိုင်ငံများဆို လူအများသွားလာတဲ့
Public နေရာတွေမှာ..ဆေးလိပ်သောက်ဖို့နေရာသီးခြားထားပေးတာတို့…ဆေးလိပ်ကို
မသောက်ဖို့ အမျိုးမျိုး ပညာပေးလုပ်ငန်း လုပ်ကြတာတွေ… အခွန်ဆိုင်ရာဥပဒေ
တွေမှာလည်း တိုးမြှင့်ကောက်ခံတာတို့…စသည်ဖြင့် အမျိုးမျိုး
လုပ်နေကြပါတယ်…

ဆေးလိပ်ဟာ လူတွေရဲ့ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ စား၊ ဝတ်၊ နေရေးတွေမှာ
ဘာတခုမှ အထောက်အကူ မပေးတာ သတိထားမိကြမှာပါ..
အထောက် အကူမပြုမှန်းသိနေကြပေမဲ့…ဆက်လုပ်နေကြတာ..ဘာကြောင့်လဲ?…

အရိုးစွဲလုပ်လာတဲ့ မိဘ လုပ်ငန်းဆိုပေမဲ့….ဒါဟာ လူသားတွေကို
အကျိုးမပြုဘူးသိရင်
ရဲရဲ စွန့်ဖို လိုပါတယ်..ဒါမှ နောင်လာမည့် သားသမီး မျိုးဆက်တွေ…ရောဂါဘယက
ကင်းဝေးပြီး ကျန်းမာတဲ့ လူလေးတွေဖြစ်ပြီး..မိမိရဲ့ အကျိုး၊ လူသားအများတွေရဲ့ အကျိုးကို သယ်ပိုးနိုင်ကြမှာပေါ့….

သို့သော်လည်း…လူတွေဟာ မကောင်းမှန်းတော့သိ သလိုလိုနဲ့…စွန့်လွတ်ဖို့
ဖြတ်ဖို့ဆိုတာ အတော်ခက်နေကြတာတွေ့ရတယ်…တကယ်တော့
မကောင်းမှန်းသိရင်..ဘာဖြစ်လို့ဆက်လုပ်နေရမှာလဲ?…ဘာဖြစ်လို့သောက်နေကြရမှာလဲ?
ဘေးဥပါဒ်ဖြစ်မှန်းသိရင်…ဆက်လုပ်နေကြမယ်ဆိုရင်…ကိုယ်ဆုံးရှုံး
နှစ်နာဖို့ဘဲရှိပါတယ်..မဟုတ်လား?…

ပြောချင်တာယနေ့ဘာသာရေးလောကမှာလည်း…တရားအားထုတ်တယ်ဆိုပြီး ကိုယ့်ဘဝကိုယ် ဖျက်စီးနေတာ မသိဘဲဖြစ်နေကြတယ်..

ဘယ်လိုဖျက်စီးနေလဲဆိုရင်…

– တရားကို ဝေဒနာကျော်အောင်ဆိုပြီး နာရီပေါင်းများစွာထိုင်တာ
ဟာဝေဒနာကိုကျော်တာ မဟုတ်ဘဲ…ကိုယ်ခန္ဒာမှာ အကြောတွေကို
ထုံထိုင်းစေ၊အောက်စီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် အဝင်အထွက်မမျှဘဲ ဝင်လေကရှည်(အောက်စီဂျင်များ) ထွက်လေကတို(ကာဗွန်ဒိုင်အောက်ဆိုဒ်နည်း) စသည့်ဖြင့်သွေးလည်ပတ်မှုလည်း မမျှမတဖြစ်ကာ…နောက်ပိုင်း
ရောဂါဝေဒနာဖြစ်ဖို့အကြောင်းတရားတွေ ဖြစ်စေတယ်…

– အရွှယ်ကောင်းတုံးအလုပ်အကိုင်စီးပွားရေးလုပ်ရမည့်အစား.. သားသမီးကို ပစ်ပြီးတရားထိုင်ဖို့ သီးခြားအချိန်ပေးရတာတွေဟာ.. တာဝန်ဝတ္တရားလစ်ဟင်းမှု တခုဖြစ်ပြီး..လူ့လောက မတည်ငြိမ်ဖို့ ရောဂါရဲ့ အစဘဲ…

– သူမရှိ၊ ငါမရှိ၊ ယောကျာင်္းမိန်းမ ဆိုတာမရှိ၊ လုံးရပ်သဏ္ဍာန်ပုံ
ဟန်နိမိတ်ဆိုတာ မတွေ့ရတာ စတာတွေဟာ..လူသားတွေရဲ့ ဦးနှောက်မှတ်ဉာဏ်တွေကို
ဖျက်စီးတဲ့ အရာဘဲ..

– သူမရှိ၊ ငါမရှိ၊ ယောကျာင်္းမိန်းမ ဆိုတာမရှိလုပ်တော့…အဲဒီလိုလူမျိုးဟာ
လောကရဲ့ အပြင်ဘက် ရောက်သလိုခံစားရတော့…ကြောင်တောင်တောင်ဖြစ်နေတယ်..

-ငယ်ငယ်တုံးက စာသင်ကျောင်းမှာ…ဆရာ/မတွေက…အမှတ် သညာတွေကိုတည့်
ပေးပြီးကာမှ..ကြီးလာပြီး..ရိပ်သာရောက်ခါမှ…သညာတွေ
ပြန်ဖျက်ခိုင်းတယ်ဆိုတော့..ဒါလည်းလူကို ဖျက်စီးခြင်း တမျိုးဘဲ…

– ဆေးလိပ် လုပ်ငန်းဟာ…လူတွေရဲ့ စား၊ဝတ်၊ နေရေးတွေမှာ..ဘာတခုမှာ အထောက်အကူ မပြုသလို…လူတွေရဲ့ လက်တွေ့ဘဝလုပ်ငန်းမှာ ဘာတခုမှ မယ်မယ်ရရအသုံးချလို့မရတာဟာ…လူ့လောကကို ဖျက်စီးတာဘဲ…

– အခုလည်း ကိုယ်တရားထိုင်တာ ဘယ်သူကိုများ ထိခိုက်လည်းလို့မေးရင်
ဆေးလိပ်သောက် သလိုဘဲကိုယ့်ကိုယ်ကို လည်းဖျက်စီးသလို လောကပတ်ဝန်းကျင်ကို
ညစ်ထေးစေပါတယ်…

အရင်တုံးက ဆေးလိပ်ကြောင့် လူတွေဘေးဥပါဒ်ဖြစ်တာ သိပ်မသိပေမဲ့..အခုတော့
သိလာကြပြီ….
ထို့အတူ..တရားရိပ်သာတွေမှာ…အသိမဲ့ အရှိမဲ့ လုပ်ငန်းတွေ လုပ်နေကြတာ အကျိုး
မရှိဘူး ဆိုတာလူတွေ တော်တော်သိလာကြပြီ..

ဆေးလိပ်ဆိုတာ…မရှိရင်မနေ
နိုင်ကြသလို…..ဘာသာတရား မရှိရင်ဘဲ မနေတတ်ကြဘူးဖြစ်နေကြတယ်..
.ပြောချင်တာ..ဆေးလိပ်မသောက်ရရင်လည်း…လူတွေမသေပါဘူး…
အခုလည်း ဘာသာတရားဆိုတာမရှိလည်း..လူတွေအကုန်ရိုင်းစိုင်းကုန်ကြလိမ့်မယ်လို့
မထင်ပါနဲ့…ဘယ်တော့မှ မရိုင်းပါဘူး..လို့ပြောချင်တယ်.

ဆေးလိပ်သောက်တာမှ…အလုပ်တခုတောင်
ပိုလုပ်ရသေးတယ်..ပိုက်ဆံကုန်ငွေကုန် အနာရောဂါလည်းရ..စသည်ဖြစ်ပေါ့..အခုလည်း
ဘာသာရေး ကြောင့်ငွေလည်းကုန်..အချိန်ကုန်..ရောဂါတွေလည်းရ…အပိုလုပ်ငန်းတခုလိုဖြစ်နေပါတယ်…

.ဆေးလိပ်ဟာ
လူကိုဒုက္ခဘယ်လောက်ပေးတယ်ဆိုတာ…ဆရာဝန်က လူတွေထက်
ပိုသိပါတယ်…ဒါပေမဲ့ ဆရာဝန်တွေဆေးလိပ်ကို
သိသိနဲသောက်နေတယ်..ဒါဘာကြောင့်လဲ?

ထို့အတူ တရားထိုင်တာ ထုံကျည်ကိုက်ခဲမယ်၊ ပင်ပန်းမယ်…ဒါကိုလည်းသိနေတယ်..သို့သော်ဒီ formula အဟောင်းအတိုင်းဘဲ ဆက်လက်ပြီးပုံသေ ထပ်ခါထပ်ခါ လေ့ကျင့်နေကြတယ်..ဒါဘာကြောင့်လဲ?…

ဒါကြောင့် အမွေဆက်ခံတယ်…ဆိုတာ
ကောင်းတဲ့ အမွေတွေကို ဆက်ခံရန်သင့်သော်ပေမဲ့…ဒီလို လူတွေကို
ရောဂါအမျိုးမျိုး..ဒုက္ခအမျိုးမျိုးပေးနေတဲ့ မိဘရိုးရာ ဆေးပေါလိပ်လုပ်ငန်းနဲ့တူတဲ့ ..ယနေ့ဘာသာရေးလုပ်ငန်းကို….ဆက်လက်အမွှေဆက်ခံသင့် မသင့် ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်ကြပါကုန်လော?….

114 comments

  • မိုးသောက်ချိန်

    September 23, 2012 at 2:02 pm

    Comment တော့ အရင်ဆုံးပေးခဲ့မယ်
    နောက်လူတွေ ဆက်လာပါလိမ့်မယ်လို့ ….
    အနော်ကတော့ လောလောဆယ် ပွိုင့် အရင်ယူသွားပါကြောင်းးးးးးးးးး 😆

  • kai

    September 23, 2012 at 2:32 pm

    ကိုရင်စံလှကြီးရေ…
    ဒီမှာ..ဒီမှာ.. ကိုယ်တိုင်ရေးစာတွေ့ပြီ… :kwi:

  • San Hla Gyi

    September 23, 2012 at 3:13 pm

    ကဲ အမှန်တော့ ကျုပ်ဒီလိုပို့စ်တွေကို ဝင်မပြောဖူးလို့ ကြည့်နေတာ အခုတော့ သူကြီးကိုယ်တိုင်က ကျုပ်ကလောင်နာမည် ကိုခေါ်တော့ ဝင်အားပေးလိုက်ပါအုံးမယ်။ ပထမဆုံး စာရေးသူကို တခုမေးချင်တယ်။ “ဘာသာတရားဆိုတာ မရှိလည်း လူတွေအကုန်ရိုင်းစိုင်း ကုန်ကြလိမ့်မယ်လို့ မထင်ပါနဲ့ ဘယ်တော့မှ မရိုင်းပါဘူးလို့ ပြောချင်တယ်” တယ်လဲ သေချာတဲ့ အာမခံချက်ကလေး ပါလားဗျာ။ အဲဒီ အာမခံချက်က ဘယ်လိုသုံးသပ်မှုပေါ်မှာ မူတည်ပြီး ရလာတာလဲ။ ဒါမှမဟုတ် ဘယ်လို ယုတ္တိဗေဒနဲ့ တွေးတောပြီး အဲဒီကောက်ချက် ရလာတာလဲ ဆိုတာ တချက်လောက် ရှင်းပြပါလားဗျာ။ ဒါက ပထမမေးခွန်းပါ။ တခုတော့ ရှိတယ်နော်။ ဒီနေ့အထိ ဆွေးနွေးတဲ့ လူတွေထဲမှာ ဘာသာတရား မရှိရင် လူတွေအကုန်လုံး ရိုင်းကုန်လိမ့်မယ်လို့ ပြောတာ မရှိသေးဘူးနော်။ အကုန်ဆိုတဲ့ စကားက အရေးကြီးပါတယ်။ ဒီစကားကို ရှင်းပါစေ။ မရှင်းရင် ထပ်ပြောပါမယ်။
    ဒုတိယအချက်က ဆောင်းပါးရှင်က တရားထိုင်တဲ့လူတွေ ကိုယ့်အိမ်ကိစ္စတွေ စိတ်မဝင်စား သားသမီးကိုပစ်ပြီး တာဝန်ဝတ္တရား လစ်ဟင်းပြီး လူလောက မတည်မငြိမ်ဖြစ်တယ်လို့ ရေးသွားပါတယ်။ ဒါဆို စာရေးသူရဲ့ ဆိုလိုချက်က ဒီအလုပ်တွေဟာ လူ့လောကကို ပျက်စီးစေလို့ မလုပ်သင့်တဲ့ အပြုအမှုတွေပေါ့နော်။ သေချာအောင် မေးတာပါ။ ဒါပေမယ့် ဆောင်းပါးထဲမှာ ဒီအချက်က ထင်ရှားပါတယ်။ ကျနော် စာဖတ်သူတွေကို သက်သေထားပြီး မေးပါတယ်။ ဒါက ဒုတိယ မေးခွန်းပါ။
    တတိယမေးချင်တာက စာရေးသူဟာ ဗုဒ္ဓဘုရားရှင်ကို ကြည်ညိုသူ တယောက်လား?။ ဒါကတော့ ကျနော်က သိလိုလို့ပါ။ စာရေးသူဟာ ကိုယ်တိုင် မိုးပြာဂိုဏ်းဝင်တဦးလို့ ဝန်ခံဖူးသလို တချို့နေရာတွေမှာလည်း တရားဂုဏ်တော် ၆ပါးတို့ ဘုရားရှင်တို့ ပြောဖူးသလို မိုးပြာဂိုဏ်းဝင် တော်တော်များများလဲ ဒီလိုပဲ ပြောကြပါတယ်။ စာရေးသူကို မေးပေမယ့် ဒီဟာက မိုးပြာဂိုဏ်းရဲ့ သဘောကို မေးခြင်းပါ။ ဘာလို့မေးတာလဲ ဆိုတော့ ဒီကိစ္စက အရေးကြီးပါတယ်။ တကယ်လို့ စာရေးသူနဲ့ မိုးပြာဂိုဏ်းဟာ ဗုဒ္ဓဘုရားရှင်ကို မကြည်ညိုဖူး မယုံကြည်ဘူးလို့ ဆိုရင် ကျနော့်အနေနဲ့ ဆက်ဆွေးနွေးစရာ မလိုတော့ပါဘူး။ သူကြီးကို စာရေးသူတို့ပို့စ်တွေဟာ စည်းကမ်းချက် အမှတ် ၆ နဲ့ညိနိုင်တယ် ဆိုပြီး ကန့်ကွက်ရုံပါပဲ။ ဥပမာ ကျနော်က ခရစ်ယာန်ဘာသာဝင် တယောက် မဟုတ်လို့ သခင်ယေရှုရဲ့ တရားတွေကို မဝေဖန်ပါဘူး။ ကျနော်က ဝေဖန်ရင် သက်ဆိုင်ရာလူတွေရဲ့ စိတ်ထဲမှာ တမျိုးဖြစ်နိုင်လို့ပါ။ ချီးကျူးချင်ရင်တော့ ရပါတယ်။ ကာယကံရှင်ကလည်း ဝမ်းသာမှာပါ။
    ဒီတော့ စာရေးသူနဲ့ မိုးပြာဂိုဏ်းဟာ ဗုဒ္ဓကိုကြည်ညိုသူ ယုံကြည်သူ သူရဲ့တရားတွေကို မှန်ကန်တယ် လမ်းစဉ်ကို လက်ခံတယ်ဆိုရင် ဆွေးနွေးလို့ ဖြစ်ပါတယ်။ မယုံကြည်သူဆိုရင်တော့ ဗုဒ္ဓဘာသာဝင်တွေကို ဝေဖန်စရာ မရှိတော့ပါဘူး။ စည်းကမ်းချက်နဲ့ မညီတော့ပါဘူး။
    အဲဒီတော့ ဖြေပေးပါ။ စာရေးသူနဲ့ မိုးပြာဂိုဏ်းဟာ ဗုဒ္ဓကိုကြည်ညိုသူ ယုံကြည်သူ သူ့ရဲ့လမ်းစဉ်ကို လက်ခံသူတွေလား ?။ အဲဒါဖြေပြီးရင် ဆက်ဆွေးနွေးပါမယ့်။

  • ဦးဦးပါလေရာ

    September 23, 2012 at 5:26 pm

    ဒီပိုစ့်ကို ရှင်းလင်းပြတ်သားစွာ ဆန့်ကျင်ကန့်ကွက်ပါတယ်။

    ဘာကြောင့်လဲဆိုတော့
    ဒီပိုစ့်ခေါင်းစဉ် ဆေးပေါ့လိပ်လုပ်ငန်းနှင့်တူသော ဘာသာရေးလုပ်ငန်းဆိုတာ ရဲ့ ဆိုလိုရင်းက ဒီကနေ့ မြန်မာနိုင်ငံအဝှမ်းမှာ ဖွင့်လှစ်ထားတဲ့ တရားရိပ်သာ တရားစခန်းတွေနဲ့ အဲဒီတရားရိပ်သာတရားစခန်းတွေမှာ တရားအားထုတ်မှု့တွေကို ဆိုလိုတာဖြစ်တယ်။

    ဒါဟာ မြန်မာပြည်သူပြည်သားအများစုက မည်သူ့ကိုမျှမထိခိုက်ပဲ မည်သည့်ဘာသာကိုမျှမထိခိုက်ပဲ မိမိဘာသာရဲ့အဆုံးအမလမ်းစဉ်အလျှောက် တရားအားထုတ်၊ တရားစခန်းဝင်တာကို
    ထေရဝါဒဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာတခုက
    သက်သက် စည်းမဲ့ကမ်းမဲ့ နှောက်ယှက်ဖျက်ဆီး အပုတ်ချ ဝေဖန် တိုက်ခိုက်ခြင်းသာဖြစ်တယ်။

  • nature

    September 23, 2012 at 6:03 pm

    တခုပြီးမှတခုရှင်းကြတာပေါ့။ မှားယွင်းနေတဲ့ အစိုးရပိုင်ပစ္စည်းကိုခိုးတာအပြစ်မဖြစ်ဘူးဆိုတာကို မိုးပြာဝါဒထဲကထုတ်ပြီးပြီလား၊ ရာဇဝတ်မှုမကင်းတဲ့ ကြာကူလီပုဒ်မဖြစ်အောင်မြှောက်ပေးတဲ့ အယူဝါဒတွေကိုမိုးပြာဝါဒထဲကထုတ်ပြီးပြီလား။

    အမှားကိုသိရင်အမှန်ကိုပြင်မှလူတော်လူကောင်းဖြစ်မှာပါ။ အမှားကိုသိလျှက်နဲ့မပြင်ပဲ ဆက်လက်ဆုတ်ကိုင်ထားရင်တော့ မိုက်မဲမှုတခုပါပဲ။ ဒါကြောင့်မြတ်စွာဘုရားက မင်္ဂလာသုတ်မှာ လူမိုက်ကိုပင်ရှောင်သွေလွဲလို့မမှီဝဲနဲ့ကင်းအောင်နေဆိုတဲ့လူမိုက်တွေကိုအခုမှတွေ့ရသလိုဖြစ်နေတယ်။

    တခြားဘာသာမကောင်းကြောင်း မိုးမွှန်အောင်ပြောပြီး ကိုယ့်ဘာသာအတွက်လဲအကျိုးအောင် မစွမ်းဆောင်ဘူးဆိုရင်တော့ မိုးပြာဝါဒမကလို့ မိုးပြာဝါဒဘိုးအေးဖြစ်ဖြစ် မကယ်နိုင်တော့ပါဘူး ဗျာ…

    …အဲဒီတော့ စာရေးတဲ့လူကလဲ မိမိကိုးကွယ်ရာဘာသာမဟုတ်သော အခြားဘာသာများကို ဝေဖန်ခြင်း၊ အပြစ်ပြောခြင်းကို ရှောင်သင့်တယ်လို့မြင်ပါတယ်…

    • mggwa

      September 26, 2012 at 5:40 pm

      အစိုးရပိုင်ပစ္စည်းကိုခိုးတာအပြစ်မဖြစ်ဘူးဆိုတာနဲ့ ရာဇဝတ်မှုမကင်းတဲ့ ကြာကူလီပုဒ်မဖြစ်အောင်မြှောက်ပေးတဲ့ အယူဝါဒတွေ ကို မိုးပြာတရားထဲ့မှာ ကျုပ်တော့မတွေ့သေးဘူး nature ရဲ့၊

      ပြည်သူပိုင်ပစ္စည်း ယူတာကိုပဲ ပြောတာပဲတွေ့တယ်ကွဲ့။

      ဒါလဲ ဟုတ်တယ်လေ၊ ပြည်သူပိုင်ပစ္စည်းကို ယူသုံးနေရတာ ဘယ်သူ့ခွင့်တောင်းနေရမှာလဲကွဲ့။
      မောင်ဂွတို့ ရပ်ကွက်ထဲက ရေကန်ထဲက ရေတွေ ဘယ်သူပိုင်သလဲ၊
      မောင်ဂွတို့ ပြည်သူတွေပိုင်တာပေါ့ကွယ်။ အဲဒီပြည်သူပိုင်ရေတွေကို ခပ်ယူသုံးတာနဲ့ပဲ အကုသိုလ်ဖြစ်ရရင်တော့ မောင်ဂွတို့ တရပ်ကွက်လုံး သူခိုးတွေပဲလို့ ပြောရတော့မလိုဖြစ်နေတာပ။
      ဒါဆို nature တို့ ရေမခပ်နဲ့တော့နော့။

      အေး ဒါပေမယ့် သက်ဆိုင်ရာအစိုးရက အစိုးရပိုင်သတ်မှတ်ထားတဲ့ ပစ္စည်ကိုတော့ ပစ္စည်းကိုတော့ အပ်တိုလေးတစ်ချောင်းတောင်သွားမယူလေနဲ့ကွဲ့၊
      သေချာတယ် ၆၁-ပဲ။
      အစိုးပိုင် မသတ်မှတ်ထားလို့ကတော့ ရေကန်ထဲကရေတွေလဲ ခပ်လို့ရပါတယ်ကွဲ့၊ တောထဲက ထင်းတွေလဲ ခုတ်နေကြတာပါပဲကွဲ့၊ အဲ ကျွန်းပင်တော့ သွားမခုတ်လေနဲ့ကွယ်။ သူကျတော့ ထောင် ၇-နှစ်လို့ ကြားဖူးထားတယ်။ သူ့ ဒေါ်လာရတယ်ကွဲ့။

      ဒါက ပြည်သူပိုင် ပစ္စည်းကို ကွဲပြားဖို့ပြောရတာနော့။

      အလိုသူရင် ကာမေသု မမြောက် (ပြဿနာ) မရှိပါဘူးကွဲ့၊
      ဘာဖြစ်လို့လဲ၊ လင်ရော၊ မယားရော အလိုသူနေမှတော့ ဘယ်လိုလုပ် ပြဿနာဖြစ်နိုင်တော့မှာလဲနော့။
      ဘုရားခေတ်က သောတာပန် သူဌေးသမီးတစ်ယောက်လေ။ ဥပုသ်စောင့်ချင်လို့ သူ့ယောက်ျားနဲ့ ပေါင်းဖို့ ပြည့်တန်ဆာမတစ်ဦးကို သဘောတူ ငှားပေးခဲ့တာ ကြားဖူးတယ်မို့လား၊
      သောတာပန်အရိယာကြီးပါကွယ်။

      လင်ရော၊ မယားရော အလိုတူနေမှတော့ နင်စဉ်းစာကြည့်ပေါ့နော့။
      ဒီခေတ်ဆိုရင် အလိုသူလို့ အငှားကိုယ်ဝန်ဆောင်ပေးနေတာတို့၊ အလိုသူလို့ သုတ်ပိုးအလှူခံပြီး ကိုယ်ဝန်ရအောင်လုပ်နေတာတွေ နင်ကြားဖူးမှာပါဟယ်။

      အဲလောက်ထိ စကားနက်ကို ချဲ့ကြည့် ပွားကြည့်တတ်ရတယ်ကွဲ့။

      နင့်အခုဟာက စာရေးဆရာဦးအောင်သင်းပြောသလို သူက ကျနော့်ကို လက်သီးကြီးနဲ့ထိုးလို့ ကျနော်ကဓားလေးနဲ့ ပြန်ထိုးတာပါလို့ ပြောတဲ့သူလို မိုးပြာကို နင်မလိုသလို စွပ်စွဲထားတာ နာတောင်ကြောက်သလိုလို ဖြစ်လာတယ်။

      ကြောက်ကြောက်နဲ့ လေ့လာတော့မှ နင်မှ စာသေသေချာချာမဖတ်တတ်ပါလာလို့ သိရတော့တယ်ဟယ်။
      နောက်ဆို စာတွေဖတ်ရင် အသေအချာ လိုရင်းရောက်အောင်ဖတ်ကွဲ့။

      အော် ဟိုမေး၊ ဒီမေးတွေ လျှောက်မေးမေးနေတဲ့ ဟို ဘယ်တူ အဲ San Hla Gyi ကိုလဲ ဒီ comment လေးဖတ်ကြည့်ဖို့ ကြုံဂင်ပြောလိုက်ပါဦးဟယ်။
      သူက အမေးအမြန် ထူတယ်ကွဲ့၊ ငါက သိပ်ဖြေတတ်လို့တော့ မဟုတ်ပါဘူးကွယ်။
      မနေနိုင်လို့ ကိုယ်လေ့လာထားတဲ့ အသိလေးပြောကြည့်တာနော့။

      (သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာကြပါစေ၊
      အစိုးရနဲ့ များပြည်သူ ပြဿနာ ဆူပူ ကင်းပါစေ၊
      လင်နဲ့ မယား သံသယမပွား၊ ပြဿနာများ ကင်းကြစေ)

  • aanyar thar

    September 23, 2012 at 6:42 pm

    (ပြောချင်တာယနေ့ဘာသာရေးလောကမှာလည်း…တရားအားထုတ်တယ်ဆိုပြီး ကိုယ့်ဘဝကိုယ် ဖျက်စီးနေတာ မသိဘဲဖြစ်နေကြတယ်..

    ဘယ်လိုဖျက်စီးနေလဲဆိုရင်…

    – တရားကို ဝေဒနာကျော်အောင်ဆိုပြီး နာရီပေါင်းများစွာထိုင်တာ
    ဟာဝေဒနာကိုကျော်တာ မဟုတ်ဘဲ…ကိုယ်ခန္ဒာမှာ အကြောတွေကို
    ထုံထိုင်းစေ၊အောက်စီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် အဝင်အထွက်မမျှဘဲ ဝင်လေကရှည်(အောက်စီဂျင်များ) ထွက်လေကတို(ကာဗွန်ဒိုင်အောက်ဆိုဒ်နည်း) စသည့်ဖြင့်သွေးလည်ပတ်မှုလည်း မမျှမတဖြစ်ကာ…နောက်ပိုင်း
    ရောဂါဝေဒနာဖြစ်ဖို့အကြောင်းတရားတွေ ဖြစ်စေတယ်…

    – အရွှယ်ကောင်းတုံးအလုပ်အကိုင်စီးပွားရေးလုပ်ရမည့်အစား.. သားသမီးကို ပစ်ပြီးတရားထိုင်ဖို့ သီးခြားအချိန်ပေးရတာတွေဟာ.. တာဝန်ဝတ္တရားလစ်ဟင်းမှု တခုဖြစ်ပြီး..လူ့လောက မတည်ငြိမ်ဖို့ ရောဂါရဲ့ အစဘဲ…

    – သူမရှိ၊ ငါမရှိ၊ ယောကျာင်္းမိန်းမ ဆိုတာမရှိ၊ လုံးရပ်သဏ္ဍာန်ပုံ
    ဟန်နိမိတ်ဆိုတာ မတွေ့ရတာ စတာတွေဟာ..လူသားတွေရဲ့ ဦးနှောက်မှတ်ဉာဏ်တွေကို
    ဖျက်စီးတဲ့ အရာဘဲ..

    – သူမရှိ၊ ငါမရှိ၊ ယောကျာင်္းမိန်းမ ဆိုတာမရှိလုပ်တော့…အဲဒီလိုလူမျိုးဟာ
    လောကရဲ့ အပြင်ဘက် ရောက်သလိုခံစားရတော့…ကြောင်တောင်တောင်ဖြစ်နေတယ်..

    -ငယ်ငယ်တုံးက စာသင်ကျောင်းမှာ…ဆရာ/မတွေက…အမှတ် သညာတွေကိုတည့်
    ပေးပြီးကာမှ..ကြီးလာပြီး..ရိပ်သာရောက်ခါမှ…သညာတွေ
    ပြန်ဖျက်ခိုင်းတယ်ဆိုတော့..ဒါလည်းလူကို ဖျက်စီးခြင်း တမျိုးဘဲ…)

    ဘာသာခြား..ထင်ပါရဲ့….တရားထိုင်လို့ရတဲ့…ကြည်နှုးမှု့ အေးချမ်းမှု့ တော်ပါပြီ ကျွဲပါးစောင်းတီး ပုံပြင်လေးပါဗျာ သည်းခံနားထောင်ဖတ်ရှု့ပေးပါ ကျွဲအနားမှာ စောင်းသွားတီးတော့ အဟိတ်တိရိစာ္ဆန် ဆိုတာ ဂီတကိုမခံစားတတ်တော့ (ခွေ ့)ဝှေ့လွှတ်တာပေါ့ အဲ့ဒါ လူတွေက ဂီတကိုမခံစားတတ်ရကောင်းလား ဆိုပြီး ကျွဲုကို အပြစ်တင်တာကြတာပေါ့ (ကျွဲပါးစောင်းတီးဆိုပြီးတော့ပေါ့) အဲ့ဒါကို ရှေးယခင်ကတည်းက ကျွဲစဉ်ဘောင်ဆက်ကတည်းက ကျွဲတွေ ခံလာခဲ့တာပေါ့ဗျာ ခု့ခေတ်ကြတော့ ( ခေတ်ကျွဲ့ပေါ့ဗျာ. ) သူ့ရဲ့ ကျွဲဘိုးစဉ်ဘောင်ဆက် ခံခဲ့ရတဲ့စကားကို သူက ဒီလိုလေး ပြန်ခြေပ သဗျ ကျွဲက ဂီတကို မခံစား တတ်တော့ ကျွဲပါးစောင်းတီး တဲ့ တော်တော်မတရားတဲ့လူတွေ ဒါဆို ကျွဲစားတဲ့ မြက် ခင်ဗျားတို့လူတွေ စားကြည့်စမ်းပါဗျာ. ကျွဲလို စားသလို အရသာရှိ့မလားလို့ တဲ့ ဒါလေးပါပဲ ပို့စ်တင်သူ အကို ကိုယ်တိုင်လေ့လာပါ သုံးသပ်ပါ ပြီးမှ့ ဝေဖန်ပါ ဗုဒ္ဓဘာသာ ဆိုတာ လူမျိုးဘာသာမရွေး စမ်းသပ်ခံနှိုင်တဲ့ ဘာသာ တစ်ခု့ပါ ငါ့အကို ထင်ကြေးနဲ့ ဘေးမထု့ပါနဲ့ဗျာနော့် အညာသားဒါပဲပြောချင်ပါတယ် ……

    • ထွန်း ပြောင်

      September 23, 2012 at 11:50 pm

      ဟုတ်ပါတယ် ကိုအညာသားရေ……..
      ဒီလူ့အဖြစ်က ဘာနဲ့တူသလဲဆို ကျုပ်တို့ငယ်ငယ်က သင်ခဲ့ရတဲ့ထဲက
      စကားပုံလေးလိုဖြစ်နေပြီတူပါရဲ့ဗျာ……….
      ”နွားစာခွက်ထဲ့ ခွေးတဲ့ ” တဲ့
      ကဲစဉ်းစားသာ ကြည့်ကြပါတော့ဗျာ…

  • Ko out of...

    September 23, 2012 at 7:07 pm

    San Hla Gyi ခင်ဗျား…
    ပထမမေးခွန်းကိုဖြေရမယ်ဆိုရင်တော့..ယခုအခါကမ္ဘာမှာ တချို့သောနိုင်ငံတွေမှာ ဘယ်ဘာသာမှ မကိုးကွယ်ဘဲ…လွတ်လွတ်လပ်လပ်နေတဲ့ အဖွဲ့တွေရှိနေတယ်…သူတို့မရိုင်းကြပါဘူး…

    – နောက်နိုင်ငံတကာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁၈)မှာ….ဘယ်ဘာသာကိုမှ မကိုးကွယ်ဘဲ မိမိဘာသာလွတ်လပ်စွာ နေနိုင်ခွင့်ရှိတယ်…ဒါဟာအလကားရေးထားတာမဟုတ်ဘူး…ဘာသာတရားမရှိ လည်း လူတွေ မရိုင်းသွားဘူး လို့ပြောတာနဲ့ အတူတူဘဲ…

    – နောက်တခုထပ်ရှင်းပြပေးကြည့်ပါ့မယ်..ဥပမာ San Hla Gyi ကိုအမေအဖေမွေးပေးတုံးက..လူလေး အဖြစ်မွေးပေးတာလား? ဗုဒဘာသာ အဖြစ်မွေးပေးတာလား? ဘယ်နေ့ဗုဒသာသာဝင်စဖြစ်လဲ? ဘုန်းကြီးကျောင်းစတက်တဲ့နေ့လား? ကိုရင်ဝတ်တဲ့နေ့လား? ဥပုဒ်စောင့် ၅ပါးသီလစယူတဲ့နေ့လား? ဒါကိုယ်သိဖို့လိုတယ်..မိဘကဗုဒ္ဒဘာသာဝင်ဖြစ်လို့ ကိုက လိုက်ဖြစ်တာလား? တကယ်တော့ ကလေးဆိုတာ..အဖြူထည်းလေးတွေပါ…

    ဒါပေမဲ့ သူကြီးပြင်းလာရာ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး အရောင်အမျိုးမျိုးဆိုးခြင်းခံနေရတာ…ဒါဖြင့်ရင် ကလေးကို ဘာမှ မသင်ယူစေဘဲ အရိုင်းအတိုင်း ထားရမယ် အဲလိုလား? မဟုတ်ဘူး…ခန္ခာ (၃)မျိုးနဲ့ ဥပမာပေးကြည့်ပါ့မယ်…၁။ သဘာဝခန္ခာ (အဖြူထည်ကလေးများ) ၂။ ဥပါဒါနခန္ခာ..အစွဲခန္ခာ( ပုထုဇဉ်လူကြီးများ) ၃။ အနုပါဒါနခန္ခာ.. ဖြူစင်ရိုးသားသော ဥတ္တရိမနုဿ..အစွဲကင်းစင်သူ(အရိယာပုဂ္ဂိုလ်များ)

    အဲဒီသုံးမျိုးမှာ…ကလေးတွေဖြူစင်တာဟာ ဘာနဲ့တူလည်းဆိုတော့ သရက်ပင်တစ်ပင်ဟာ ဘာအနှောင့်အယှက်၊ဘာနွယ်ပင်ပေါင်းပင်ခြုံမရှိဘဲ ကြီးပြင်းလာတာကို…လွတ်လပ်တယ်လို့ပြောလို့မရဘူး..သူ့ကို အချိန်မရွှေးပေါင်းနွယ်ခြုံတွေ ရစ်ပတ်လွမ်းခြုံနိုင်တယ်…ဒါကြောင့်သူတို့ကို အချိန်းမရွှေးသိမ်းသွင်းလို့ရတယ်..

    အေးဒါပေမဲ့..နွယ်ပင်ပေါင်းပင်ခြုံတို့ဟာ မူလအပင်ကို ဒုက္ခပေးတယ်ဆိုတာကို သိပြီးကိုယ့်အပေါ်ကို လုံးဝ
    အတွယ်မခံအငြိမခံတဲ့ ဉာဏ်ပညာသတိဆိုတဲ့ မဂ္ဂင်(၈)ပါး ဓမ္မစက်ကို အစားထိုးပေးနိုင်မှသာလျှင်..တကယ်လွတ်လပ်တဲ့လူလို့ပြောလို့ရတယ်…အရိယာပုဂိ္ဂုလ်တွေရဲ့ ခန္ခာဟာ နွယ်ပင်ပေါင်းပင်၊အင်းဆက်ပိုးမွားတွေ.. အတွယ်မခံတော့တဲ့ ပြုပြင်ပြီးသရက်အပင်နဲ့တူတယ်..ဒါကို
    အနုပါဒါနခန္ခာ လို့ခေါ်ပါတယ်…

    “ဒါကြောင့် တရားဆိုတဲ့ ဓမ္မစက်ဟာ အာဏာစက်ကိုပျက်စေတယ်..အဏာစက်သည် လူကို ကိုယ့်ကိုယ်ကို (အချုပ်အချာပိုင်မှု)ကို တားမြစ်သည်..အာဏာသည် မည်သူ့အာဏာပင်ဖြစ်ပါစေ လူ့လွတ်လပ်ငြိမ်းချမ်းမှု ကိုပျက်စေပါသည်…ထို့ကြောင့် အာဏာသည် လူအရွံ့ရှာဆုံး၊ အကြောက်ရွံ့ဆုံးအရာဖြစ်သည်…အာဏာစက်ကို လွတ်မြောက်ရန်မှာ ဓမ္မစက်သာတတ်နိုင်သည်.”.

    အာဏာစက်သည် မသိသူ မကျင့်သူ မလွတ်သူကိုသာ အာဏာထားခြင်းဖြစ်သည်..တရားသည်လူ့စည်းကမ်း လူ့တန်ဖိုးကို ပြသောတရားဖြစ်သည်…မဂ္ဂင်ရှစ်ပါးဓမ္မစက်လှည်ပတ်နေသူသည်…လူတွေသတ်မှတ်သော စည်းကမ်းကို အထူးလိုက်နာရန်မလိုဘဲ..တရားဟာသူ့ဟာသူ လွန်ကျူးမှု မရှိသည် အတွက်…အာဏာနှင့် စည်းကမ်းတို့သည်…ဓမ္မစက်လှည်နေသူတို့အတွက် အထူးသီးခြားမှတ်ဖို့ အချိန်နေရာမလို..

    နောက်ဒုတိယမေးခွန်းကတော့…မိဘတွေဝတ္တရားပျက်မပျက်ဆိုတာ…အေးနှင်တို့အတွက်ချည်းဘဲ လုပ်ပေးနေရတယ်…ငါအသက်လည်းကြီးပြီ…ငါ့အတွက် သံသရာခရီးချော့မွေ့အောင် ၊သံသရာအတွက်ရိက္ခာထုတ် ဆိုပြီး ငါ့အတွက်လုပ်လိုက်ပါဦးမယ်…မင်းတို့ကို ဒီအမွေတွေထားခဲ့ရင် ရန်ဖြစ်ရုံဘဲ..ဒါကြောင့် ဘုန်းကြီးဘဲလှူလိုက်တော့မယ်ဆိုတဲ့ စကားတွေဟာ..ဝတ္တရားပျက်ကွက်တာဘဲ မဟုတ်လား?…သံသရာအတွက်ငါ ငါ ဆိုတဲ့ သဿတမိစာ္ဆဒိဋ္ဌိဖြစ်နေတာရောဘယ်လိုပြောမလဲ? အလှူခံပုဂိ္ဂုလ်ဖက်ကြည့်ပြန်တော့လည်း ငါတို့ဟာ အပင်စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်တဲ့ဗျာ….ဒါဆိုဘာဖြစ်လို့ အပင်က ဒီဘဝမှာ ချက်ချင်းမပေါက်ပါသလဲ? ဘယ်သူမှ မသိနိုင်တဲ့ နောင်ဘဝမှ အပင်ပေါက်မယ် ဆိုတာ ဘယ်သူကသက်သေပြပေးမလဲ?

    – နောက်မိုးပြာဂိုဏ်းသား ဟုတ်မဟုတ် ဆိုတဲ့မေးခွန်းဟာလည်း..ကျွန်တော်ဟာ မိုးပြာဆရာဆိုတဲ့ လူကိုယ်ကောင်ကို လေ့လာသူ မဟုတ်ပါ…မိုးပြာဆရာတော် …အသုံးပြုနေတဲ့ ဆေးအကြောင်းကို လေ့လာသူပါ…ဆေးအကြောင်းသိချင်ရင် ကျွန်တော်သိသလောက်ဖြေပေးမယ်…သိရင်သိတယ် မသိရင် မသိဘူးပေါ့..အကျယ်သိချင်ရင်ဒီမှာလေ့လာပါ..http://www.ariyathitsa.org/

    နောက်ကျွန်တော်ဟာ ဘာသာတရားအားလုံးကို လေ့လာသူတစ်ယောက်ပါ..သို့သော်ကျွန်တော် ဘယ်ဂိုဏ်းဝင်ပါဆိုတာ မရှိပါ..ဘာသာရေးကိုလေ့လာပေမဲ့ ဘာသာဝင်မဟုတ်ပါ… ဘာသာရပ်တခုအနေနဲ့ ယခုချိန်ထိ လေ့လာနေတုံးပါ…ဒီလိုလေ့လာလို့ သိရှိသလောက်ကို လက်တွေ့ဘဝလောကမှာ….အသုံးချသူတစ်ယောက်ပါ…

    နောက် ကိုစံလှကြီးပြောတဲ့…
    “ဥပမာ ကျနော်က ခရစ်ယာန်ဘာသာဝင် တယောက် မဟုတ်လို့ သခင်ယေရှုရဲ့ တရားတွေကို မဝေဖန်ပါဘူးဆိုတာ”….ကျွန်တော် လက်မခံပါ..တခါတခါ ကိုယ့်ဘုန်းကြီးတွေ ကံတရား အကြောင်းပြောရင်းနဲ့…ဖန်ရှင်းဆင်းဘာသာကို ထိခိုက်နေတာဘဲ မဟုတ်လား?…သူတို့ကိုကျတော့ ဘာမှ ပြန်မပြောတာ အင်းအားကြီးနေလို့လား? ” အားမတန်မာန်လျှော့” တာလား?
    အခုလည်း ဆေးအကြောင်းပြောရင်းနဲ့ တဖက်ကဆေးရဲ့ ဆိုးကျိုးကို ထည့်ပြောမိတာ …လူကိုရည်ရွှယ်ပြီး တိုက်ခိုက်ခြင်း မဟုတ်ပါ…မူကိုပြောခြင်းသာ ဖြစ်ပါသည်….

    ကဲစာလည်းရှည်းသွားပြီ …ကျေးဇူးပါဘဲ ကိုစံလှကြီး…

    • San Hla Gyi

      September 23, 2012 at 9:01 pm

      ကဲ မိတ်ဆွေရေ
      ခင်ဗျား ကျုပ်ပြောတဲ့ မေးခွန်းတွေကို လိုရင်းမဖြေဘူး။ ကဲ ခင်ဗျားပြောတဲ့ တချို့သောနိုင်ငံတွေမှာ ဆိုတာကတော့ ကျုပ်ကလည်း ကိုယ်တိုင်မမြင်ဘူး။ ခင်ဗျားမြင်ရင်တော့လည်း မပြောတတ်ဘူး။ အဲဒီလူတွေ မရိုင်းတာက သူ့အကြောင်းနဲ့ သူရှိလိမ့်မယ်။ အတိုင်းအတာ တခုအထိ ပညာတတ်တာ ဥစ္စာဓနကြွယ်ဝတာ စသည်ဖြင့်ပေါ့။ လူလူချင်း အသိပညာချင်း မတူဘူး ကိုယ့်လူရဲ့။ ဒီကိစ္စလည်း ကျုပ်ကိုပါကြီး ဆိုသူရေးတဲ့ ဆောင်းပါးထဲမှာ ရှင်းထားပြီးပြီ။ အဲဒီတုန်းကလည်း မကျေနပ်ရင် ဝင်ရောက်ဆွေးနွေးနိုင်တယ်လို့ ပြောခဲ့သေးတယ်။ ခင်ဗျားကြည့်ရတာ ဒီဆောင်းပါးကို ဖတ်ပြီးပြီနဲ့ တူပါတယ်။
      ဘာသာရေးဟာ ဥပဒေလိုပဲ ဆရာရဲ့။ လူတွေကို ထိန်းပေးထားတာ။ ဒါဖြင့် ဥပဒေရှိရဲ့သားနဲ့ လူတွေဘာလို့ ရာဇဝတ်မှု ကျူးလွန်နေကြတာလဲ။ ဒီဥပဒေက အသုံးမကျရင် ဖျက်ပစ်လိုက်လို့ ပြောရင် ပိုဆိုးသွားလိမ့်မယ်။ ဒီဟာရှိလို့ ဒီလောက်ခံသာနေတာ ကိုယ့်လူရဲ့။ ဟူး နောက်ကအကြောင်းကို ရှေ့တပုဒ်မှာ ရှင်းရတာ ဖီလင်မလာသလိုပဲ။ ခုနပြောသလို ထောင်ကျထဲမှာ ဘာသာမဲ့နည်းတာက မရှိသလောက်ကို ဖြစ်နေတဲ့ လူဦးရေကိုးဗျ။
      ခင်ဗျားက သူကြီးလိုပဲ လူ့အခွင့်အရေးကြေညာစာတမ်းနဲ့ ကိုင်ပေါက်တာကိုဗျ။ ဘယ်သာဘာကိုမှ မကိုးကွယ်ပဲ လွတ်လပ်စွာနေပိုင်ခွင့်ရှိတယ် ဆိုတာ လူ့အခွင့်အရေး ကြေညာစာတမ်းဆိုတဲ့ အတိုင်း လူတယောက်ရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို အသိအမှတ်ပြုတာဗျ။ အဲဒါကို ခင်ဗျားက ရအောင် ကိုယ်လိုရာဆွဲယူပြီး ဘာသာတရား မရှိလည်း လူတွေရိုင်းမသွားပါဘူးလို့ ပြောတာနဲ့ အတူတူပဲ ဆိုတော့ အဲဒီအခွင့်အရေး ကြေညာစာတမ်းမှာ အဲဒီလို ရေးထားလို့လား။ ဒါမှမဟုတ် ခင်ဗျားက အဲဒီစာတမ်းရေးဆွဲသူမို့ ကိုယ့်ဘာသာ အဓိပ္ပါယ်ဖွင့်လိုက်တာလား။ ကဲ မိတ်ဆွေတို့ရေ အားလုံးအမြင်ပါပဲနော်။
      ခင်ဗျားရဲ့ အောက်ကရှင်းချက်တွေကတော့ ပါဠိစာတွေနဲ့ ရေးပေမယ့် ဒီအပေါ်က အချက်တွေနဲ့ တိုက်ရိုက်မဆိုင်ဘူးဗျ။ အဲဒါကြောင့် လမ်းလွဲသွားလိမ့်မယ်။ လမ်းလွှဲရာမှာတော့ အတော့်ကို တော်ပါပေတယ်။
      နောက်ဒုတိယမေးခွန်းကလည်း ခင်ဗျား အမှန်တော့ သေသေချာချာ မဖြေဘူးဗျ။ ဒါပေမယ့် ဒါကို ကျနော်က ဘာလို့မေးတာလဲ ဆိုတော့ ခင်ဗျားဆောင်းပါးရဲ့ အဓိကအချက်က ဒါပဲဖြစ်တဲ့အပြင် ဆောင်းပါးထဲမှာလည်း ထည့်ရေးထားလို့ သေချာအောင် မေးတာပဲ။ အခု ခင်ဗျားဖြေတာလဲ ဒီအယူအဆကို ခင်ဗျားစွဲကိုင်တယ် ဆိုတဲ့ သဘောမျိုးပဲရေးတော့ ထပ်မပြောတော့ပါဘူး။ ကဲ စာဖတ်သူတွေ မြင်ပါတယ်နော်။
      တတိယမေးခွန်းကတော့ အရေးကြီးတယ်ဗျ။ ဒါလဲ ခင်ဗျား မဖြေဘူး။ အဲဒီတော့ ဒါတော့ ကျနော်ထပ်မေးရလိမ့်မယ်။ ခင်ဗျားပေးတဲ့ လင့်ခ်မှာကိုက ဓမ္မဝိဟာရီဆရာတော်ဟာ ဗုဒ္ဓသာသနာတော်မှာ အရိယသစ္စာတရားကို ကြိုးစားရှာဖွေ ဖော်ထုတ်ခဲ့ပါသည်လို့ ရေးထားတယ်ဗျ။ ကျန်တဲ့ မိတ်ဆွေတွေလဲ ကြုံရင်ဝင်ကြည့်ကြပါ။ သူက ခရစ်ယာန်သာသနာတို့ မွတ်ဆလင်သာသနာတို့ တခုမှရေးမထားဘူး။
      အဲဒီတော့ ဒီမေးခွန်းကိုတော့ ထပ်မေးမယ်။ ဒီတော့ မိုးပြာဂိုဏ်းက ဗုဒ္ဓဘုရားရှင်ကို ကြည်ညိုသူ ယုံကြည်သူတွေလား? ။ ဘုရားရှင်သာသနာလို့ ခင်ဗျားတို့ ဆရာက ရေးထားပုံထောက်ရင် ခင်ဗျားတို့ဟာ ဗုဒ္ဓကို ကြည်ညိုသူတွေ ယုံကြည်သူတွေလို့ ပြောနိုင်တယ်ဗျ။ ဘာလို့လဲဆိုရင် ဒီပုဂ္ဂိုလ်ကို မယုံဘူးဆိုရင် သူ့လမ်းစဉ်ကို ဘာမှရှာဖွေစရာ မလိုဘူးလေ။ အဓိပ္ပါယ်လည်း မရှိဘူး။ အဲဒီတော့ ဒါကို ကျေးဇူးပြုပြီး ဖြေပေးပါ။ မေးခွန်းက ရိုးပါတယ်။ ရဲရဲဖြေနိုင်ဖို့ပဲ လိုတယ်။ တခြားမိုးပြာဂိုဏ်းသားတွေလဲ ဖြေပေးပါ။ မိုးပြာဂိုဏ်းရဲ့ အကြောင်းကို ကျနော်က သိချင်လို့ပါ။ ဘယ်သူပဲဖြေဖြေ ကျနော်ကတော့ မူလဆောင်းပါးရှင်ကိုပဲ ပင်တိုင်အမေးအဖြေ လုပ်ပါမယ်။ ဥပမာ ခင်ဗျားတို့က ဗုဒ္ဓဘုရားရှင်ကို ကျနော်တို့ကလဲ ယုံကြည်သူတွေပါ ဆိုရင် ကျနော်က ဆောင်းပါးရှင်ကို ဟုတ်သလားလို့ မေးမယ်ပေါ့။ အမှန်တော့ ခင်ဗျားတို့ စာထဲမှာကိုက ကြည်ညိုကြောင်း ယုံကြည်ကြောင်း ပြောထားပြီးသားပါ။ မိုးပြာဂိုဏ်းဝင် မဟုတ်တဲ့လူက တိတ်တိတ်နေပေးပါ။ ခင်ဗျားတို့ ဝါဒကိုတောင် ခင်ဗျားတို့ မိုးပြာဗုဒ္ဓဘာသာလို့ ခေါ်သေးတာပဲဗျာ။ ကျုပ်တို့က ကြည်ညိုတယ် ယုံကြည်တယ် ဒါပေမယ့် ရှိခိုးတာတော့ မလုပ်ဘူးဆိုလည်း ရပါတယ်။ ရဲရဲဖြေစမ်းပါ။ ကဲ မိတ်ဆွေတို့ မေးခွန်းရှင်းတာ မြင်ပါတယ်နော်။
      နောက်ပြီး ခင်ဗျားပြောတဲ့ တချို့ဘုန်းကြီးတွေ အပြင်မှာပြောတယ်ဆိုတဲ့ ကိစ္စကတော့ ကျုပ်တို့မန်းဂေဇက်နဲ့ မဆိုင်ဘူးလေဗျာ။ ကျုပ်က ဒီဆိုက်ဒ်ရဲ့ ပေါ်လစီကိုပဲ ပြောတာပဲ။ ဒီတော့ ဒီပြောတဲ့ နေရာနဲ့ မဆိုင်တဲ့ အချက်တွေကတော့ ဒီမှာမဆွေးနွေးဘူး။ ကျနော်လည်း ဒီပို့စ်နဲ့ မဆိုင်တဲ့ ငါးပါးသီလတို့ ဦးဉာဏတို့အကြောင်းမှ မပြောပဲကိုး။ နောက်ပြီး ကျုပ်က ကျုပ်နဲ့ ကျုပ်တို့ဆိုက်ဒ်ရဲ့ ရပ်တည်ချက်ကိုပဲ ပြောတာလေ။ အပြင်ကဟာတွေ ပြောပြီး မရှုပ်ပါနဲ့ဗျာ။ ခင်ဗျား မရှင်းရင် ကျနော်ထပ်ပြောမယ်။ ကျနော်က ဖန်ဆင်းရှင်ဝါဒအကြောင်း ဆွေးနွေးဖို့ မရှိဘူး။ အရှောင်အတိမ်းကတော့ ဂျက်စီဂျိန်းပါလား။

  • nature

    September 23, 2012 at 7:21 pm

    “ဒါကြောင့် တရားဆိုတဲ့ ဓမ္မစက်ဟာ အာဏာစက်ကိုပျက်စေတယ်..အဏာစက်သည် လူကို ကိုယ့်ကိုယ်ကို (အချုပ်အချာပိုင်မှု)ကို တားမြစ်သည်..အာဏာသည် မည်သူ့အာဏာပင်ဖြစ်ပါစေ လူ့လွတ်လပ်ငြိမ်းချမ်းမှု ကိုပျက်စေပါသည်…ထို့ကြောင့် အာဏာသည် လူအရွံ့ရှာဆုံး၊ အကြောက်ရွံ့ဆုံးအရာဖြစ်သည်…အာဏာစက်ကို လွတ်မြောက်ရန်မှာ ဓမ္မစက်သာတတ်နိုင်သည်.”.

    ဒါကြောင့် အစိုးရပစ္စည်းခိုးရင်အပြစ်မဖြစ်ဘူးလို့မြှောက်ပေးတာကိုး…။
    အပြစ်မဖြစ်တာကိုအစိုးရကအပြစ်ပေးရင်မတရားဘူး။ မတရားရင်ဆန့်ကျင်ကြ အာဏာဖီဆန်ကြ။ ပြီးရင်အာဏာသိမ်းမယ်။ ဓမစက်နဲ့အုပ်ချုပ်မယ်ဆိုတာ ဒီသဘောများသက်ရောက်နေသလားလို့။

  • nature

    September 23, 2012 at 7:27 pm

    ဒီလိုပုံစံနဲ့ကိုယ်ကြိုက်တာလုပ်ကုသိုလ်ဖြစ်တယ်ဆိုတဲ့ လူဗိန်းကြိုက်ဝါဒကိုဖြန့်ချီပြီးလူစု။ နိုင်ငံပေါင်းစုံဖြန့် ။ ဓမစက်နဲ့အုပ်ချုပ်မယ်ဆိုပြီး အာဏာသိမ်း ။ ကမာ္ဘကြီးကိုအုပ်ချုပ်မဲ့ဝါဒမျိုးပဲ။

  • Ko out of...

    September 23, 2012 at 7:50 pm

    nature ပြောသလို….”ဓမ္မစက်နဲ့အုပ်ချုပ်မယ်ဆိုတာ ဒီသဘောများသက်ရောက်နေသလားလို့”

    ဆိုတာ…ကို အကျယ်ချဲ့ရမယ်ဆိုရင်….သီရိဓမ္မသောကမင်းက လူတွေကို …ဓါးနဲ့မိုးပြီး သတ်ဖြတ် အုပ်ချုပ်လာရာကနေ….ဪငါက ဒီလိုလူတွေကို သတ်ဖြတ်နေလို့ကတော့…မဟုတ်သေးဘူး..ဆိုပြီး ကိုရင်ငယ်လေးဟောတဲ့
    တရားသဘောနဲ့ ယခုဖြစ်သမျှအကျိုးတွေဟာ ဟိုးအရင့်အရင်ဘဝက အကြောင်းတရားကြောင့်ဆိုပြီးဟောတာကို….ဘုရင်ကသဘောကျပြီး…အေးလူတွေကို မသတ်ဖြတ်ရတော့ဘဲ…ဒီသဘောတရားနဲ့ အုပ်ချုပ်မယ်ဆိုပြီး လုပ်လိုက်တာ ကနေ့ အထိပါဘဲ…ဒါလည်း ဓမ္မဘဲပေါ့…ဒါပေမဲ့ ပရမတ္တဓမ္မပေါ့ဗျာ….

    ဒါကြောင့် ဓမ္မဆောင်တဲ့ ပုဂိ္ဂုလ်တွေက ဒီပရမတ္တတရားပျောက်မှာစိုးလို့ အစိုးရမင်း၏ အာဏာစက်နဲ့ ပေါင်း ပြီးကာကွယ်နေရတာပေါ့…
    ဘုရားဟောတဲ့ ဝိနည်းအာဏာဒေသနာဟာ မင်းအစိုးရရဲ့ အာဏာနဲ့ မပေါင်းပါဘူး…ကနေ့တော့ ဓမ္မစက်ဟာ အာဏာနဲ့ ပူးပေါင်းပြီဆိုတော့…..ဓမ္မဆိုတာ ဘယ်မှာရှိတော့မလဲ?…

    • San Hla Gyi

      September 23, 2012 at 9:16 pm

      ကဲ ဆောင်းပါးရှင်မိတ်ဆွေရေ
      ဒီမှာလဲ ခင်ဗျားတခါထပ်ပြီး ဘုရားဟောတဲ့ ဝိနည်းဒေသနာလို့ ထပ်ပြောပြန်ပြီ။ အဲဒီတော့ ခင်ဗျားကလဲ ဗုဒ္ဓကိုယုံကြည်သူလို့ ထင်ရတယ်ပေါ့။ အဲဒီတော့ ကျေးဇူးပြုပြီး ဖြေပေးစမ်းပါဗျာ။ မိုးပြာဝါဒဟာ ဗုဒ္ဓရဲ့ အရိယသစ္စာတရားတွေကို ဖော်ထုတ်တာလို့ ရေးထားတာပဲ။ ဒါဆို ခင်ဗျားတို့ကလဲ ဗုဒ္ဓရဲ့လမ်းစဉ်ကို ယုံကြည်သူတွေလား ?။ ဒါမှမဟုတ် မယုံကြည်သူတွေလား ?။ မယုံကြည်ရင်တော့ ဘာမှ ရှာဖွေဖော်ထုတ် နေစရာ မလိုတော့ဘူးလေ။ အဲဒါလေး သိချင်လို့ပါ။
      ကဲ မိတ်ဆွေတို့ ကျုပ်မေးတာ ရှင်းရှင်းလေးပါနော်။ နောက်ပြီး ကျုပ်က ကျုပ်ရဲ့ရပ်တည်ချက်နဲ့ ဒီဆိုက်ဒ်ရဲ့ ပေါ်လစီကိုပဲ ပြောရာမှာ အပြင်က ဘုန်းကြီးတွေ ဘာတွေပြောပြီး လမ်းမလွှဲပါနဲ့။ ကျနော်က ကျုပ်မေးတဲ့ ပန်းတိုင်ကို မပြောင်းပါဘူး။

  • nature

    September 23, 2012 at 8:07 pm

    တရားသဘောနဲ့ ယခုဖြစ်သမျှအကျိုးတွေဟာ ဟိုးအရင့်အရင်ဘဝက အကြောင်းတရားကြောင့်ဆိုပြီးဟောတာကို….ဘုရင်ကသဘောကျပြီး…အေးလူတွေကို မသတ်ဖြတ်ရတော့ဘဲ…ဒီသဘောတရားနဲ့ အုပ်ချုပ်မယ်ဆိုပြီး လုပ်လိုက်တာ ကနေ့ အထိပါဘဲ…ဒါလည်း ဓမ္မဘဲပေါ့…ဒါပေမဲ့ ပရမတ္တဓမ္မပေါ့ဗျာ….

    ဒါကမှန်ကန်တဲ့ဓမ္မလေ။မတူဘူး။ အဲဒီမှန်ကန်တဲ့ဓမ္မကြောင့် သတ်ဖြတ်မှုတွေကင်းဝေးပြီး ငြိမ်းချမ်းသွားတာမှန်ကန်တဲ့ဓမ္မကြောင့်ပဲ။ ဓမ္မဆိုတဲ့ခေါင်စဉ်တခုတည်းကိုပဲယူပြီး အောက်ကထည့်ထားတဲ့အကြောင်းအရာက သတ်ဖြတ်ဆူပူမှုတွေကိုအားပေးနေရင်ဓမ္မမဟုတ်ပဲအဓ္ဓမဖြစ်နေမှာပေါ့။

    အစိုးရပစ္စည်းခိုးရင်အပြစ်မဖြစ်ဘူးဆိုပြီးမြှောက်ပေးတာနဲ့တခြားစီလေ။ ဒါကအဓ္ဓဖြစ်နေတော့ ဆူပူအကြမ်းဖက်မှုတွေကိုဦးတည်နေတယ်လို့ထင်ပါတယ်။

    • nature

      September 23, 2012 at 10:42 pm

      အထက်ပါကွန်မန့်မှာ အဓမ္မဆိုတဲ့စာလုံးပေါင်းမှားနေလို့ပြင်ဖတ်ပေးကြပါ။

      ဓမ္မဆိုတဲ့ခေါင်စဉ်တခုတည်းကိုပဲယူပြီး အောက်ကထည့်ထားတဲ့အကြောင်းအရာက သတ်ဖြတ်ဆူပူမှုတွေကိုအားပေးနေရင်ဓမ္မမဟုတ်ပဲအဓမြ္မဖစ်နေမှာပေါ့။

      ဒါကအဓမ္မဖြစ်နေတော့ ဆူပူအကြမ်းဖက်မှုတွေကိုဦးတည်နေတယ်လို့ထင်ပါတယ်။

  • San Hla Gyi

    September 23, 2012 at 9:29 pm

    ကဲ မိုးပြာဝါဒီဆရာတို့
    ခင်ဗျားတို့ လူက ကျုပ်မေးတဲ့ ရိုးရိုးလေးမေးခွန်းကို မဖြေရဲဘူးလို့ထင်တယ်။ ကျုပ်က ခင်ဗျားတို့ဆိုက်ဒ်မှာ ဗုဒ္ဓရဲ့ အရိယသစ္စာတရားအညွှန်းဆိုလို့ ခင်ဗျားတို့ဟာ ဗုဒ္ဓကို ယုံကြည်သူတွေလို့ ထင်တယ်။ မယုံကြည်ပဲ သက်သက်လျှောက်ရေးထားတာ ဆိုရင်တော့ ဘာလုပ်သင့်သလဲ ခင်ဗျားတို့ပဲ စဉ်းစားပေတော့။
    ဒီတော့ ဗုဒ္ဓကို ယုံကြည်သူတွေလား ?။ ဒါမှမဟုတ် မယုံကြည်သူတွေလား ?။ အဲဒါလေးနည်းနည်း ဖြေပေးစမ်းပါ။ လစ်ဘရယ်ဝါဒ သမားတွေက ဒီလောက်ရှင်းတာလေးကို ပါဠိတွေ အများကြီး ထည့်စရာတောင် မလိုပါဘူး။ ကျန်တဲ့ မိတ်ဆွေတွေလဲ ကျုပ်မေးတဲ့ မေးခွန်းကို မြင်ပါတယ်နော်။
    Yes or no အဖြေလေးတွေနဲ့ ရှင်းရှင်းလေး လုပ်စမ်းပါဗျာ။

  • မောင်ပေ

    September 23, 2012 at 9:39 pm

    လေးလိပ်ကို နှစ်ရာနဲ ့… လေးလိပ်ကို နှစ်ရာနဲ ့ ခေါင်းမူးသွားပြီ ရက်ရူဘီသယ်ရေ
    ဒန်တန်တန်

  • San Hla Gyi

    September 23, 2012 at 9:58 pm

    ကဲ ကိုပေနဲ့ မိတ်ဆွေတို့ရေ
    ကျေးဇူးပြုပြီး သက်သေအဖြစ် ဝိုင်းကြည့်စမ်းပါဗျာ။ ဒီလောက် ရှင်းတာကို ဒီစာရေးသူက သူဟာ ဘာဘာသာမှ မဝင်ပါတဲ့။ ဘယ်ဘာသာမှ ဝင်စရာ မလိုပါဘူးဗျာ။ မိုးပြာဆရာတော် လေ့လာနေတဲ့ ဆေးအကြောင်းကို လေ့လာသူပါဆိုတော့ သူက ဒီဝါဒဟုတ် မဟုတ်ကလဲ မသေချာတော့ဘူး။ အဲဒီတော့ ဒီမှာ စာရေးတဲ့ ကိုယ့်ဆရာ ခင်ဗျားလေ့လာနေတဲ့ မိုးပြာဆရာရဲ့ ဆေးကို ခင်ဗျားက ယုံသလား ?။ မယုံသလား ?။ မယုံ့တယုံလား ?။ အဲဒါလေး နည်းနည်းလောက် ဖြေစမ်းပါ။
    မိုးပြာဆရာတွေလဲ ဝင်ဖြေနိုင်ပါတယ်။ ခင်ဗျားတို့ ဝါဒကိုးဗျ။ နောက်ပြီး ကို Ko out of ဆိုတဲ့ စာရေးတဲ့ ကိုယ့်ဆရာ ခင်ဗျားဟာ ဘယ်ဘာသာဝင်မှ မဟုတ်ဘူးဆိုရင် ခင်ဗျားဟာ ခင်ဗျားပဲ ဆေးတွေကို တိတ်တိတ်လေး လေ့လာပါ။ ဗုဒ္ဓဘာသာကို ဝင်ပြီး ဝေဖန်ခွင့် မရှိဘူး။ ဒီဆိုက်ဒ်ရဲ့ စည်းကမ်းပါ။ အပြင်မှာ ဘုန်းကြီးတွေကို ဘာလို့ မပြောသလဲ ဘာလဲနဲ့ မဆိုင်တာတွေ ပြောပြီး လမ်းလွှဲဖို့ မလုပ်ပါနဲ့။ ကျုပ်တို့က မန်းဂေဇက်ရဲ့ ဆွေးနွေးပွဲမှာပါ။ အပြင်က ကိစ္စတွေနဲ့ မဆိုင်ပါဘူး။
    သူကြီးကတော့ ဝမ်းသာအားရနဲ့ ကိုရင်စံလှကြီးရေ ဒီမှာ ဒီမှာ ကိုယ်တိုင်ရေးစာတွေ့ပြီ ဆိုပြီး ရုပ်ပြောင်ကြီး ဆွဲလိုက်တာ လျှာကြီးကို တန်းလန်းကြီးထွက်လို့။ သူ့ဆရာတွေရဲ့ ကိုယ့်တာဝန် ကိုယ်မယူရဲပုံတွေကို မြင်ပြီး သွားရေတွေ တမြှားမြှားကျလာမှဖြင့် ဘယ်လိုပုံ ထွက်မလဲဆိုတာ ရွာသူရွာသားတို့ စဉ်းစားသာ ကြည့်ပေတော့။

    • မောင်ပေ

      September 24, 2012 at 9:15 pm

      ဆရာစံ
      ကျိတ်သာကျိတ်
      ထေရဝါဒ ဗုဒ္ဓဘာသာဝင် အားလုံး
      ခင်ဗျားအနောက်မှာ ရှိတယ်

  • San Hla Gyi

    September 23, 2012 at 10:27 pm

    ကဲ သူကြီးရေ
    သူကြီးရဲ့ အတွေးအခေါ် ဆန်းသစ်တဲ့ ဆရာတွေ သတ္တိရှိပုံကတော့ မြင်တဲ့အတိုင်းပါပဲ။ သူက မိုးပြာဆရာရဲ့ ဆေးကို လေ့လာသူဆိုတော့ ဒီဝါဒကို ယုံမယုံတောင် မသေချာတော့ဘူးလို့ ထင်တယ်။ အရင်တုန်းကတော့ မိုးပြာဆရာတော်ရဲ့ တရားတွေဆိုပြီး ပြောနေတာ တွေ့ပါတယ်။ အခုတော့ ဒါလည်း မဟုတ်တော့ သလိုပဲ။ သစ္စကပရိဗိုဇ်ကြီး ထက်တောင် ဆိုးနေပါပြီ။ ဟိုပရိဗိုဇ်ကြီးကမှ ဘုရားရှေ့မှာ သူလည်း ဒီလိုပဲ ယုံပါတယ်။ သူ့နောက်က လူတွေလဲ ဒီလိုပဲ ယုံပါတယ်ဆိုပြီး ပြောရဲသေးတယ်။ ဒီအတိုင်းဆို နာနာ(သံတွဲ) ကမှ ရဲရဲဝံ့ဝံ့ ငါမွတ်ဆလင်ကွလို့ ပြောရဲတယ်ဆိုတော့ တော်သေးတယ်။ မောင်မိုးပြာရဲ့ ဆရာဘာကြောင့်ပြာဆိုတဲ့ လူကမှ ကိုယ့်ကိုကိုယ် ရဲရဲဝံ့ဝံ့ ဝန်ခံရဲသေးတယ်။
    အဲဒီတော့ သူကြီး ကိုယ်တိုင်ရေးစာဆိုသူတွေကို တာဝန်ယူရဲဖို့ ပြောထားပါ။ အခုတော့ ကန့်ကွက်ရပါလိမ့်မယ်။ ဒီလူက သူဟာ ဘာအယူမှ မယူပါဆိုတဲ့ သဘောမျိုးဆိုတော့ သူကတော့ ဗုဒ္ဓဘာသာကိုလည်း ဝေဖန်မယ်။ ခရစ်ယာန်ကိုလည်း ဝေဖန်ချင် ဝေဖန်မယ်။ မွတ်ဆလင်ကိုလည်း ဝေဖန်ချင် ဝေဖန်မယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ သူကို့တော့ ဝေဖန်လို့ မရဘူးပေါ့။ တကယ့်ကို လူလည်ကြီး သားသမီးပါ။ အဲဒီတော့ အဲဒီလို general မျက်နှာဖုံးစွပ်ပြီး ဘာသာရေးလို ကိစ္စမျိုးကို ဝေဖန်တာကို ကန့်ကွက်ပါတယ်။ အမှန်တော့ အခုရေးတာတွေက ကျနော်သိသလောက် မိုးပြာဝါဒရဲ့ တရားတွေပါ။ အချိုမှုန့်ပမာ ဝိပဿနာတို့ ဘာတို့ပေါ့ဗျာ။
    ကဲ မိုးပြာဆရာတွေလဲ ဝင်ဆွေးနွေးနိုင်ပါတယ်။ အမှန်တော့ ကျုပ်က သူကြီးခေါ်လို့ပါ။ အမှန်ဆို ကျုပ်က ဆွေးနွေးမယ်ဆိုလဲ မောင်မိုးပြာဆိုပြီး ကိုယ့်ကိုကိုယ် သတ္တိရှိတဲ့ လူမျိုးဆို တော်သေးတယ်။

  • myanmar oscar

    September 23, 2012 at 11:18 pm

    ဟလို….ကိုပေရေ Comment တွေဖတ်ရင်းနဲ့ နှစ်လိပ်ကုန်သွားလို့ လေးလိပ်လောက်ပေးပါဦးဗျို့……..
    ကိုကိုစံကြီးရေ…..ကိုကိုအပြောတွေသိပ်အားကြတယ်ဂျာ၊
    သရဏဂုံ သုံးပါးတာ တင်ခိုင်းထားလိုက်တော့………..

    • San Hla Gyi

      September 24, 2012 at 8:29 pm

      အင်း ကျနော်အပြောတွေ ကြိုက်တယ်ဆိုလို့ ကျေးဇူးပါဗျာ။ နောက်စောင့်ဖတ်ပါအုံး။ မူလက ကျုပ်နဲ့ ရင်းနှီးတဲ့ ကိုပေတို့ ကိုကြောင်ကြီးတို့ မ poochတို့ အရီးခင်လတ်တို့ကို သက်သေခေါ်ပြီးမှ ပြောမလို့ပါ။ အခုတော့ လူတွေအားလုံးစောင့်ဖတ်တာ သေချာလို့ သက်သေထပ်မခေါ်တော့တာပါ။ ကျနော်ကွန်မန့်တွေ စုံအောင် ဖတ်ကြည့်ပါ။ တခုနဲ့ တခု အချိတ်အဆက် ရှိပါတယ်။ နောက်ပြီး လူတယောက် မတ်တပ်ရပ်ပြီး စကားပြောနေတာကို မြင်ရသလိုမျိုး ပုံပေါ်အောင် ကြိုးစားရေးထားပါတယ်။

  • ထွန်း ပြောင်

    September 23, 2012 at 11:56 pm

    အိုဘယ့် အချင်းရွာသားအပေါင်းတို့ ………
    ရွာထဲမှာ ဂိုဏ်းဆရာယောင်ယောင် ဘာယောင်ယောင်တွေ လာပြီးမွှေနေကြပြီ…..
    သတိတရားလက်ကိုင်ထားပြီး အမှားကိုအမှားတိုင်းမြင်နိုင်အောင်
    စဉ်းစားဆင်ခြင် နိုင်ကြပါစေ………………

  • kai

    September 24, 2012 at 3:03 am

    ဆိုတော့..
    သူတို့စာအုပ်တွေကျုပ်ဖတ်ဖူးသလောက်တော့.. ပစ္စုပ္ပန်ကမ္မဗုဒ္ဓဘာသာ(မိုးပြာ)မှာ.. ဗုဒ္ဓဘာသာဆိုတဲ့ စာလုံးထည့်ထားပါတယ်..
    သူတို့ဟာ.. ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြောင်းပါ…။
    =
    ဆိုတော့…
    မိုးပြာဂိုဏ်းအကြောင်းဝေဖန်နေသူတွေဟာ.. သူတို့စာအုပ်တွေအကုန်ဖတ်ဖူးသလား..
    တအုပ်ဖတ်ဖူးသလား..တပိုဒ်ဖတ်ဖူးသလား.. မေးရမှာပဲ..
    တဆင့်သူများပြန်ပြောတာမဟုတ်ပဲ.. တိုက်ရိုက်ဖတ်ပြီးမှ.. အကောင်းအဆိုး.. ဝေဖန်စေလိုတာပါ.
    တဆင့်..ကြားတာနဲ့..သွားဝေဖန်ရင်..ဝေဖန်သူအဖြစ်က.. အဓိပ္ပါယ်မရှိပါဘူးနော…
    =
    ဆိုတော့…
    စည်းကမ်းနံပါတ် ၆ ကိုရေးရှင်းချင်ပါတယ်..။
    တချို့တွေ.. စည်းကမ်းနံပါတ်၆ ရဲ့အဓိပါ္ပယ်သေသေချာချာ သဘောမပေါက်နေကြဘူးမှတ်ပါတယ်..
    ဒါက..ယူအက်စ်ရဲ့ လူ့အခွင့်အရေးထဲက ပေါ်လစီတခုပါပဲ..
    အင်္ဂလိပ်လိုတော့ ..Hate ဆိုတဲ့စကားလုံးနဲ့သုံးပါတယ်..။ Hate က.. Crime ရာဇဝတ်မှုဖြစ်နိုင်ကြောင်းပါ…။(ဒါကြောင့်.. Hateful စာတွေမရေးဖို့..မတင်ဖို့ စည်းကမ်းထဲထည့် ပိတ်ထားတာဖြစ်ပါတယ်..)
    လောလောဆယ်.. မိုးပြာခေါင်းဆောင်နဲ့..အပေါင်းအပါတွေတော်တော်များများကို.. ဓမ္မစက်ဆိုတာကြီးက….အာဏာစက်(အစိုးရ)နဲ့ပေါင်း.. ထောင်ချထားပါတယ်.(ပြီးခဲ့တဲ့.. လွတ်ငြိမ်းချမ်းသာခွင့်နဲံ.. လွတ်လာတယ်လို့.. (မှော်ဆရာဖေ့စ်ဘုတ်ဂရုအဆိုအရ) သတင်းမရှိပါ)
    အဲဒါ.. အဲဒါ…
    အစိုးရနဲ့.. အင်အားများဘာသာရေးအုပ်စုကြီးနဲ့ပေါင်းလုပ်တဲ့.. Religious hate crime ပါပဲ..။ လက်တွေ့ကျကျ.. ဖြစ်ပြီးနေပါပြီ..။
    (အရင်စစ်အစိုးရဟာ.. သူတို့နဲ့..အယူအဆမတူသူ..ကိုယ်ပိုင်ယုံကြည်ချက်ကြောင့်.. ဒီမိုကရေစီအရေးတောင်းသူတွေကို.. ဖမ်းဆီး…သတ်ဖြတ်..ထောင်ချ..လုပ်ခဲ့ဖူးပါပြီ..။ လူ့အခွင့်အရေး အချိုးဖေါက်ဆုံး အစိုးရအဖြစ် သမိုင်းနာမယ် ဆိုးခဲ့ပြီးပါပြီ..)

    ဘယ်လောက်ဆိုးနေသလည်းဆိုတော့…
    မြန်မာပြည်ထဲအင်အားကြီးထေရဝါဒဗုဒ္ဓဘာသာဂိုဏ်းဝင်တွေက.. မိုးပြာဗုဒ္ဓဘာသာ ဂိုဏ်းဝင်တွေကိုလည်း..စာစောင်..ဂျာနယ်..တွေကနေ.. ဖြေရှင်းခွင့်မပေးပါ..။
    ဒါဟာ.. သူတ်ု့ရဲ့ယုံကြည်ချက်နဲ့.. လူ့အခွင့်အရေးကိုပိတ်ဆို့နေတာ.. ဖြစ်ပါတယ်..။
    ( history repeats itself.. ဖြစ်ပါလိမ့်မယ်..။
    .. ဝဋ်လည်တယ်ဆိုတာ.. ဒီလိုအကျင့်ကိုထပ်ခါလုပ်နေရင်း.. အမှန်တရားလို့စွဲမှတ်မှားသွားပြီး.. အဲဒါကိုနုငယ်တဲ့ကလေးတွေက.. မသိစိတ်ထဲကလက်ခံလိုက်ပြီးနောက်.. သူတို့တွေရဲ့လက်ထက်ရောက်တဲ့အခါ.. ထပ်ခါပြန်လုပ်တာပါပဲ…။)

    အောက်က.. လင့်ခ်ကစာကို သွားဖတ်ကြစေလိုပါတယ်..။
    https://myanmargazette.net/82523
    တကယ်အဖြစ်ကလေးပါ..
    ပြီးခဲ့တဲ့တပါတ်ကတင်.. အဲဒီလူနဲ့.. မုတ်ဆိတ်တွေနဲ့..မွတ်ဆလင်တယောက်အပြန်အလှန်ငြင်းခုန်နေတာ.. တွေ့ရတယ်..။
    ( ဖုံးနဲ့ဗီဒီယိုတိုတိုလေးတောင် ရိုက်ခဲ့သေးတယ်..)
    တော်တော်လေးလှမ်းလှမ်းမှာတော့…ရဲ၃ယောက် မသိမသာအကဲခတ်ရင်း.. အဲဒီလူကိုစောင့်ရှောက်ပေးနေလေရဲ့..
    နည်းနည်း.. Hot နေတဲ့ကာလဖြစ်လို့ပါ…။

    6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။

    ဆိုတာမှာ.. သဘောတရားရေးအရ.. ဝေဖန်ဆွေးနွေးဆဲဆိုကြိမ်းမောင်းကြတာနဲ့..
    ပုဂ္ဂိုလ်ရေး.. လူမျိုးရေး.. ဘာသာရေး..။ အသားအရောင်အရ.. မုန်းတီးနှိပ်ကွပ်ဖိနှိပ်ကြတာနဲ့.. မတူပါကြောင်း.. :kwi:
    ယုံကြည်ချက်ကို.. လွတ်လပ်စွာထုတ်ဖေါ်ရေးသားဆွေးနွေးတာကို.. အားပေးပါကြောင်း..

    • San Hla Gyi

      September 24, 2012 at 9:01 pm

      ကဲ ဟုတ်ပါပြီ သူကြီးရေ
      သူကြီးကို ကျနော်ပြန်ဖြေလိုက်ပါတယ်။ သူကြီးအဆိုအရ ပစ္စုပ္ပန်ကမ္မဗုဒ္ဓဘာသာ ဆိုတဲ့ စကားလုံးမှာ ဗုဒ္ဓဘာသာဆိုတဲ့ စကားလုံးထည့်ထားလို့ ဗုဒ္ဓဘာသာလို့ ပြောပါတယ်။ ဟုတ်ပါတယ် ကျနော်လည်း ဒီလိုပဲ မြင်ဖူးပါတယ်။ အဲဒါကြောင့် ဒီမောင်တွေကို သေချာအောင် ခင်ဗျားတို့ဟာ ဗုဒ္ဓကို ယုံကြည်သူ ကြည်ညိုသူတွေလားလို့ ထပ်မေးရတာပါ။ ဒီဆရာတွေက ပြောလို့မရပါဘူး။ တော်ကြာမှ ကျုပ်က ဗုဒ္ဓတရားတော်ကို ဖွေရှာပေမယ့် သူ့ကို မယုံပါဘူးလို့ ဆိုရင် ဘယ်လိုလုပ်မလဲ။ သူတို့က စကားကို အမျိုးမျိုး ပြောင်းပြောပါတယ်။ အခုလဲ သူကြီး မြင်တဲ့အတိုင်း ဒီဆရာတွေကိုယ်တိုင် ဒီလောက်လွယ်တဲ့ မေးခွန်းကို မဖြေရဲပါဘူး။ တယောက်မှကို မတွေ့တော့တာပါ။ ဆောင်းပါးရှင်က လွဲရင်ပေါ့။ ကျနော်ပြောထားသလိုပဲ သူကြီးက ဝင်ဖြေပေမယ့် ကျနော်သူတို့ အတည်ပြုချက်ကို ယူလိုက်ပါအုံးမယ်။ သူတို့က ကာယကံရှင်တွေမို့ပါ။
      ကဲ မိုးပြာဆရာတို့ ခင်ဗျားတို့ရဲ့ ဒုဂိုဏ်းချုပ်ကြီးက ပြောနေတယ် အဲလေ ယောင်လို့ သူကြီးက ပြောနေတယ်။ ခင်ဗျားတို့ဟာ ဂေါတမဗုဒ္ဓလို့ အမည်ရတဲ့ မြတ်စွာဘုရားကို ကြည်ညိုသူ ယုံကြည်သူ သူ့ရဲ့လမ်းစဉ်ကို ယုံကြည်သူတွေတဲ့။ ဟုတ်သလား ?။ ခင်ဗျားတို့ကို အဲဒီလိုပဲ လက်ခံလိုက်ရမလား ?။ သတ္တိရှိရှိ ဖြေစမ်းပါဗျ။
      နေအုံး သူကြီး အခုထက်ထိ ကျနော်က သူတို့ကို မဝေဖန်ရသေးပါဘူး။ သူများတွေ ဝေဖန်တာတော့ ကျနော်က ပိတ်ပင်လို့ မရပါဘူး။ သူကြီးဆရာတွေက ဝေဖန်ဖို့ နေနေသာသာ ကျနော် မိုးပြာဆရာရဲ့ ဆေးကို လေ့လာသူပါလို့ ပြောလို့ ဒါဖြင့် ခင်ဗျား ဒီဆေးကို ယုံသလား မယုံဘူးလား လက်ခံသလား လက်မခံဘူးလား မေးတာ အခုထက်ထိ စကားပြန် မရတော့ပါဘူး။ အဲဒီတော့ သူကြီးရဲ့ မိုးပြာဆရာတွေ ကိုယ်တိုင်က အဓိပ္ပါယ် မရှိပါဘူး။ သူရဲဘောကြောင်ပါတယ်။ ဘာတဲ့ ပွတ်လေလေ ဂူရွှေမှာ အရောင်ထွက်တယ် ဆိုလားကြားဖူးပါတယ်။ အခုတော့ ကိုယ်ယုံတာတောင် ကိုယ်မပြောရဲပါဘူး။ အားလုံး ပျောက်နေတာ သူကြီး သတိထားမိမှာပါ။ တိုက်ဆိုင်တာလဲ ဖြစ်နိုင်ပါတယ်။
      နောက်ပြီး စည်းကမ်းချက် အမှတ် ၆ အနေနဲ့ ပြောရရင် ဒါက မန်းဂေဇက်ရဲ့ စည်းကမ်းပါ သူကြီး။ အစိုးရက လုပ်နေတာတွေကို ဒီဂေဇက်က လူတွေကို လာမပြောပါနဲ့။ မဆိုင်ဘူးလို့ ထင်ပါတယ်။ အခုလဲ မိုးပြာဂိုဏ်းဝင်တွေကို မျှမျှတတ ဆွေးနွေးခွင့်ပေးထားတာပဲ မဟုတ်လား။ ဒီဂေဇက်မှာပါ။ ဒါပေမယ့် ခင်ဗျားဆရာ ပြန်ဖြေလိုက်တာ ကျနော် နှစ်ခေါက်ဖတ်ယူလိုက်ရတယ်။ ခေါင်းကို မူးသွားတာပဲ။ နောက်တော့ ကျနော် ပြန်ရှင်းပြပါ့မယ်။ နောက်ပြီး သူကြီးရဲ့ ဆောင်းပါးရှင်ဟာ ဘယ်လောက်လည်သလဲ ဆိုတော့ သူ့ကို ပြောမှာစိုးလို့ သူကချက်ချင်း ဘယ်ဘာသာဝင်မှ မဟုတ်ပါတဲ့လေ။
      အောက်မှာ ကျနော်ဆက်ရေးပါ့မယ်။

  • kai

    September 24, 2012 at 3:16 am

    ကျုပ်အနေနဲ့အပေါ်က.. စာကိုတိုတိုနဲ့.. လိုရင်းပဲဝေဖန်ကြည့်ပါမယ်..
    .. တရားထိုင်တာဟာ.. လုပ်သင့်လုပ်ကောင်းတယ်ယူဆပါတယ်..။
    သမာဓိရအောင်ရယ်.. စိတ်တည်ငြိမ်အောင်ထားတာရယ်မှာအင်မတန်အထောက်အကူရလို့ပါ..။

    ဒီလိုနဲ့.. တရားထိုင်တာဟာ.. ကမ္ဘာအနှံ ့ခေတ်စားပြီး.. တခြားဘာသာသာသနာဝင်တွေပါ..လုပ်နေကြ..လုပ်ကြတာဖြစ်ပါတယ်..

    ဆေးလိပ်သုံးစွဲတာနဲ့မတူပါကြောင်း..

    • San Hla Gyi

      September 24, 2012 at 9:06 pm

      အော်နောက်ပြီး မေ့လို့ သူကြီး။ စည်းကမ်းချက်ကို နည်းနည်းပြင်ပေးပါ။ ပြင်နိုင်ရင်ပေါ့။ ဘာသာမဲ့ဆိုရင် ဘယ်ဘာသာကိုမှ မဝေဖန်ပါနဲ့ သူကြီး။ ကိုယ်မှ မယုံကြည်ပဲ ဘာလို့ အချိန်ကုန်ခံပြီး ပြောနေမလဲ။ အကျိုးမရှိပါဘူး။ ယုံကြည်သူက ကိုယ့်ဘာသာ ကျင့်ကြံပစေပေါ့။
      ဒါဆို ကျနော်လဲ ဘာသာမဲ့ အမည်ခံပြီး မွတ်ဆလင်ဘာသာရဲ့ တရားတွေကို ယုံကြည်ချက်ကို ထုတ်ဖော်ရေးသားတာလို့ နာမည်တပ်ပြီး ဝေဖန်ရင်ရော စည်းကမ်းချက် နံပါတ် ၆နဲ့ ငြိမလားလို့ သိပါရစေနော်။

  • nature

    September 24, 2012 at 6:48 am

    ဟုတ်…ဟုတ်ကဲ့ပါသူကြီး….။ :mrgreen:
    ဒါနဲ့ပြောစရာလေးနည်းနည်းကျန်နေလို့။
    ….သူတို့စာအုပ်တွေကျုပ်ဖတ်ဖူးသလောက်တော့.. ပစ္စုပ္ပန်ကမ္မဗုဒ္ဓဘာသာ(မိုးပြာ)မှာ.. ဗုဒ္ဓဘာသာဆိုတဲ့ စာလုံးထည့်ထားပါတယ်…
    ဗုဒ္ဓဘာသာဆိုတာဘုရားတရားသံဃာရတနာသုံးပါကိုယုံကြည်စွာကိုးကွယ်ပြီး ၊ ကံ ကံ ၏ အကျိုးကိုယုံကြည်ရင်ဗုဒ္ဓဘာသာဝင်လို့ဆိုနိုင်ပါတယ်။

    ဒါပေမဲ့ဘုရားသည်ကိုးကွယ်ရာမဟုတ်လို့ဆိုတဲ့အယူဝါဒမျိုး ၊ ကံ ကံ ၏ အကျိုးကိုမယုံကြည်တဲ့အယူဝါဒမျိုးက ဘယ်လိုလုပ်ဗုဒ္ဓဘာသာဖြစ်နိုင်မှာလည်း။ မြန်မာပြည်ဟာဗုဒ္ဓဘာသာ ကို ယုံကြည်စွာကိုးကွယ်တဲ့နိုင်ငံ ဖြစ်လို့ ခေါင်းစဉ်လေးနဲ့ အစပိုင်းနဲနဲထည့် ကိုယ်ကြိုက်တဲ့အယူကို ရည်ရွယ်ချက်ရှိရှိ လိုသလိုဆွဲပြော ဘယ်လိုလုပ်ဗုဒ္ဓဘာသာဖြစ်နိုင်မှာလည်း။
    မိုးပြာတွေ ဘာဖြစ်လို့ဗုဒ္ဓဘာသာအတင်းဖြစ်ချင်နေရတာလဲ။ ဗုဒ္ဓဘာသာလို့ မဟုတ်ပဲ ဗုဒ္ဓဘာသာလို့ ဘာဖြစ်လို့ အတင်းဇွတ်ငြင်းနေရတာလဲ။

  • Ko out of...

    September 24, 2012 at 7:09 am

    Ko Kai ရေ တခုလေးတော့ ဆွေးနွေးပါရစေ..

    ဥပမာ မြန်မာပြည်ကလူတွေက ဒီမိုကရေစီ ရချင်တယ် ဆိုတာ ….သိပြီးလိုချင်မဟုတ်ဘူးဗျာ…အားကျပြီး လိုချင်တာ…အမှန်တော့ သိပြီးမှလိုချင်ရမှာ…

    အခုလည်းတရားထိုင်တယ်ဆိုတာ သိပြီးမှ အားထုတ်ရမှာ..သိပြီးအာထုတ်မှ သူရဲ့ ကျေးကျွန်မဖြစ်မှာ..

    စကားတခုတောင်ရှိပါတယ်..အစကကျွန်တော် အကျင့်ကို လုပ်ပါတယ်….နောက်တော့ အကျင့်က ကျွန်တော်ကို ပြန်လုပ်တယ်ဆိုသလိုပေါ့… အခုလည်းအစတော့ ကျွန်တော်က တရားကိုအားထုတ်တယ်. နောက်တော့ တရားက ကျွန်တော့်ကို ပြန်အားထုတ်ခိုင်းတယ်ဗျာ…အကျင့်တခုက လူကိုလွမ်းမိုးသွားပြီဆိုရင် ပြန်နုတ်ဖို့ မလွယ်ဘူး ကိုခိုင်….ကျွန်တော်တောင် အခုထိ လိုအပ်ရင် အသုံးချပါတယ်…ဒါပေမဲ့ မီးညပ်လေးနဲ့ ကိုင်ပြီး အသုံးချရတာပေါ့ဗျာ….

    တနည်း အစတော့ ကျွန်တော်အရက်ကို သောက်တယ်…နောက်တော့ အရက်က ကျွန်တော်ကိုပြန်သောက်တယ် ဆိုသလိုပေါ့ဗျာ…

    နောက်အစတော့ ကျွန်တော် ပိုက်ဆံကိုရှာတယ်….နောက်တော့ ပိုက်ဆံ ကပိုက်ဆံကိုပြန်ရှာသလိုပေါ့..အဲဒီလိုဖြစ်ရင် ကိုယ့် အခန်းကဏ္ဍပျောက်ပြီ..ဒါသတိထားရမည့် အချိန်လို့မြင်ပါတယ်…ကိုခိုင်..ကျေးဇူး

    • kai

      September 24, 2012 at 3:26 pm

      ကျုပ်အနေနဲ့တော့..
      တရားထိုင်တာဟာ.. ဗုဒ္ဓဘာသာဝင်တွေကို.. ဗုဒ္ဓက..စွဲမြဲလုပ်စေချင်ခဲ့တဲ့.. ဓလေ့အကျင့်လို့မထင်ပါဘူး..
      ဟိန္ဒူသာသနာကနေ.. ကူးယူ..ကူးစက်ထားတယ် ယူဆမိပြီး… ကိုယ်တိုင်လည်း.. တရား(နေ့စဉ်မပျက်)ထိုင်ပါတယ်.။

      အခုတင်သတင်းတွေလိုက်ဖတ်နေတာ.. ဒေါ်စုက.. သူလည်း… တရားထိုင်တယ်တဲ့.. :harr:

      မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်မှာ ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားမှာ အခုလို ပြောကြားခဲ့ပါတယ်။

      “ကိုယ်ရင်ဆိုင်ဖြေရှင်းရမယ့် ပြဿနာတစ်ရပ်ကို ကြုံလာတိုင်းမှာ ကိုယ်လုပ်နိုင်မယ့်ကိစ္စကို တစ်ထစ်ချင်း၊ တစ်ဆင့်ချင်း ကိုင်တွယ်ပါ။ ပထမဆုံး ငါဘာလုပ်ရမလဲ ဆိုတာကို တစ်ဆင့်စီ စဉ်းစားပါ။ ဒိနောက်မှာ ဒါလုပ်မယ်။ တတိယအဆင့်အဖြစ် ဒါလုပ်မယ် ဆိုတာမျိုးပေါ့။ အဲသလို လုပ်သွားတဲ့အခါမှာ စိတ်လည်း တည်တည်ငြိမ်ငြိမ်ရှိပြီး အများကြီး လွယ်ကူသွားပါတယ်။ ကျွန်မဘဝမှာ ပြဿနာတွေကို ဒီနည်းနဲ့ပဲ ရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်”

      နေအိမ်အကျယ်ချုပ်ဘဝနဲ့ နေခဲ့ရတဲ့အချိန်တွေမှာ ဘယ်လိုနေခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ ပြောရာမှာတော့ “ကျွန်မတရားထိုင်တယ်။ ကျွန်မစာဖတ်တယ်။ ရေဒီယို နားထောင်တယ်။ ကာယလေ့ကျင့်ခန်း လုပ်တယ်၊ ကျွန်မဟာ ကမာ္ဘပေါ်မှာ အကျန်းမာဆုံး နိုင်ငံရေး အကျဉ်းသားလို့ ထင်ပါတယ်” လို့ ဟာသနှောပြီး ပြောသွားပါတယ်။

      http://www.rfa.org/burmese/news/assk-columbia-university-09232012201738.html

      • Nyein Nyein

        September 24, 2012 at 7:35 pm

        “တရားထိုင်တာဟာ.. ဗုဒ္ဓဘာသာဝင်တွေကို.. ဗုဒ္ဓက..စွဲမြဲလုပ်စေချင်ခဲ့တဲ့.. ဓလေ့အကျင့်လို့မထင်ပါဘူး..
        ဟိန္ဒူသာသနာကနေ.. ကူးယူ..ကူးစက်ထားတယ် ယူဆမိပြီး… ကိုယ်တိုင်လည်း.. တရား(နေ့စဉ်မပျက်)ထိုင်ပါတယ်.။ ”
        ဗုဒ္ဓက အမြဲတမ်း တရားထိုင်နေရမယ်လို့ မပြောခဲ့ပါဘူး။ ဣရိယပုတ်လေးပါးလုံးမှာ၊ အချိန်တိုင်း (နေစဉ်၊ ပြုစဉ်၊ ထိုင်စဉ်၊ လဲလျောင်းစဉ်တိုင်း)မှာ သတိကပ်ပြီး နေထိုင်ဖို့(တရားအားထုတ်ဖို့ )လမ်းညွှန်ခဲ့တာပါ။ တရားထိုင်တာထက် တရားအားထုတ်မှုကို စွဲမြဲလုပ်စေချင်တာလို့ လက်ခံထားတာပါ။
        တရားထိုင်တာဟာ ဟိန္ဒူဘာသာကနေ ကူးယူ ကူးစက်ထားတယ် ယူဆမိတယ်ဆိုတော့ကား သူကြီးက ဘာလို့အဲဒီ့လိုမျိုးယူဆမိတာလဲလို့ သိချင်မိပါတယ်။ ဟိန္ဒူဘာသာက အဦးဆုံးပေါ်ပေါက်တဲ့ ဘာသာတရားမို့လို့ နောက်မှပွင့်ထွန်းတဲ့ ဗုဒ္ဓဘာသာမှာ တရားထိုင်ခြင်းဆိုတာက ကူးယူ ကူးစက်ထားတယ်လို့ ယူဆထားတာပါလား?????

        • kai

          September 26, 2012 at 5:19 am

          ဣရိယပုတ်လေးပါးလုံးမှာ၊ အချိန်တိုင်း (နေစဉ်၊ ပြုစဉ်၊ ထိုင်စဉ်၊ လဲလျောင်းစဉ်တိုင်း)မှာ သတိကပ်ပြီး နေထိုင်ဖို့(တရားအားထုတ်ဖို့ )လမ်းညွှန်ခဲ့တာပါ။

          အဲဒီအပေါ်က.. စာလေးကို နှစ်သက်ပါတယ်..။
          တရားထိုင်တာကတော့.. အောက်မှာ ဝိကီကစာ..

          Some of the earliest references to meditation are found in the Hindu Vedas.[18] Around the 6th to 5th centuries BCE, other forms of meditation developed in Taoist China and Buddhist India.

      • Nyein Nyein

        September 24, 2012 at 7:38 pm

        p.s: ဒီ comment က သူကြီးရဲ့ယူဆချက်လေးကို သိချင်ရုံသက်သက်ပါ။ ဘာသဘောမှ မရှိပါကြောင်း။ ပြောခဲ့ဖို့ ကျန်ခဲ့လို့ပါ။

  • Mလုလင်

    September 24, 2012 at 11:17 am

    မနေ့ က ဒီပိုစ့် စတက်တက်ချင်း တွေ့တာ .. အဲ့ဒါ . ပိုစ့် ကိုဖတ်ပြီး comment တွေဖတ်ချင်လို့ အလုပ်ထဲကနေ . ပြန်လာပြီး လာဖတ်တာ .. တန် တယ် ထင်မိတယ် ..။

    • Alpha Vanishing

      September 24, 2012 at 6:21 pm

      အကြံ တူတယ် ကိုရင်လုလင် ရေ…

  • ပန်းစံပါယ်

    September 24, 2012 at 2:59 pm

    ဖတ်ကြည့်ရသလောက် ခေါင်းစဉ်ရယ် ရေးထားတဲ့ပိုစ့်ကစားသားတွေက အဓိပ္ပါယ်မရှိ။ comment တစ်ချို့ကစာသားတွေကြပြန်တော့တစ်မျိုး
    (Ko out of… says:

    Ko Kai ရေ တခုလေးတော့ ဆွေးနွေးပါရစေ..

    ဥပမာ မြန်မာပြည်ကလူတွေက ဒီမိုကရေစီ ရချင်တယ် ဆိုတာ ….သိပြီးလိုချင်မဟုတ်ဘူးဗျာ…အားကျပြီး လိုချင်တာ…အမှန်တော့ သိပြီးမှလိုချင်ရမှာ…

    အခုလည်းတရားထိုင်တယ်ဆိုတာ သိပြီးမှ အားထုတ်ရမှာ..သိပြီးအာထုတ်မှ သူရဲ့ ကျေးကျွန်မဖြစ်မှာ..)

    ရောထွေးနေတယ်..ဦးတည်ချက်က ဘယ်ကိုသွားချင်တာလဲမသိ မရှင်းလင်းဘူးဖြစ်နေတယ်။ တရားထိုင်နေကြတဲ့သူတွေကို ဝေဖန်ခြင်းလား ဗုဒ္ဓရဲ့ဝါဒ လမ်းစဉ်ကိုဝေဖန်ခြင်းလား။ မသဲကွဲ မရှင်းလင်းဘူးဖြစ်နေတယ်။ ဘာမှတော့နားမလည်းပါဘူး။ သူများတွေလိုလည်း မပြောတတ်ဘူး။ စာအရေးအသားကောင်းသူ၊ အတွေးအခေါ်ဉာဏ်အမြော်အမြင်ရှိသူတစ်ယောက်ဖြစ်သည့်အားလျော်စွာ ရှင်းလင်းကွဲပြားအောင်ရေးရင် ဖတ်ရတာတစ်မျိုးဖြစ်နိုင်ပါတယ်။ အခုလိုရောထွေးမပစ်လိုက်စေချင်ပါဘူး။ မလိုလားအပ်တဲ့ အငြင်းပွားမှုတွေလည်း ရှောင်ရှားပြီးဖြစ်မယ်ထင်ပါတယ်။

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    September 24, 2012 at 3:29 pm

    ကျုပ်မန်းထားတာ ဘာ့ကြောင့် ဘယ်သူဖျက်လိုက်သဒုံး 👿

    • kai

      September 24, 2012 at 3:34 pm

      သေချာရဲ့လား.. ဗိုလ်ကြီး(ကိုရင်အောင်ဘု)ရယ်..
      ကိုရင့်စာဖျက်ထားတယ်လို့.. Log ထဲ.. မတွေ့မိလို့..။
      ဒီအထဲရေးထားတဲ့.. ဘယ်ကော်မန့်မှ ဖျက်မထားပါကြောင်း….

      • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

        September 24, 2012 at 3:59 pm

        သေခြာပါတယ်သဂျီးမင်းခင်ဗျား
        ကျနော်ကိုယ်တိုင်ဒီလိုရေးထားတာပါ
        ……………………………………………….
        ဘာသာတရားဆိုတာကို ကိုးကွယ်ရတာက ချမ်းသာခြင်းအကြောင်းတွက်ဘဲ ဖြစ်လေတယ်လို့
        အကြမ်းဖျင်းပြောရမှာဘဲ အကြမ်းဖျင်းတွေဘဲပြောနေတာပါ
        သက်ဆိုင်ရာ ဘာသာဝင်တိုင်းရဲ့ ရရှိဘို့အရာက နိဗ္ဗာန် ( ချမ်းသာခြင်း ) ဘဲဟုတ်ဘူးလားနော
        ဆိုခြင်တာက သဘောအနေနှင့် လူတွေဟာ ချမ်းသာခြင်းကို အလိုရှိကြတာဘဲ
        နည်းနည်းလေး ထပ်နုလိုက်တော့ ချမ်းသာခြင်းရဲ့ အပေါ်မှတော့ သဘောတွေကွဲသွားကြတာပါဘဲ
        ဟိုချမ်းသာ ဒီချမ်းသာတွေအများကြီးထဲက ဗုဒ္ဓတရားထဲက ချမ်းသာကို ဘဲ စောင်းပေးပြီးပြောရမယ်ဆိုရင်တော့
        ( သူများချမ်းသာကိုသွားပြောရင် ရွာလည်သွားနိုင်တယ်လေ )
        ဆိုခဲ့ပြီးသလို ဗုဒ္ဓတရားတော်ထဲက ဘာသာရေးတရားအားထုတ်မှု့ ဟာ ဆေးလိပ်နဲ့တူတယ်ဆိုတာလေးကိုအထူးပြုပြောကြည့်ရရင်
        စာရေးသူရဲ့တစ်ခုသောပိုစ့်မှာ မိမိအနေနှင့် ခပ်နောက်နောက်လေးပြောခဲ့ဘူးသလားထင်မိပါတယ် ( အထင်ပါ )
        ( ကြည့်ရတာ ကိလေသာကို အပြည့်ဝခံစားဘူးပုံမပေါ်ဘူး ) ဆိုပြီးတော့ပါ
        ( သံဝေဂဉဏ် ) ဆိုတဲ့ စကားတစ်ခုကို အမှတ်ထားသိပေးထားစေလိုပါတယ်
        လူ သတ္တဝါတွေမှာ စား၊ ဝတ်၊ နေရေး အခြေခံသဘောသုံးခုရှိတယ်လို့ အကြမ်းဖျင်းပြောလိုပါတယ်
        ဒါကလူတိုင်းသိပါတယ်
        ( အကြမ်းတွေနဲ့ဘဲဖျင်းနေရတာ အားတော့နာလှပါတယ် အကြမ်းမဖျင်းရင် ကြမ်းစာအုပ်ထူကြီးဖြစ်သွားနိုင်လို့ဘာ)
        သက်ရှိသတ္တဝါတွေတိုင်းရဲ့ တူညီတဲ့သဘောသုံးခုကတော့ စားမယ်အိပ်မယ်မေထုံမှီဝဲမယ် ဒီသုံးမျိုးသော အကြမ်းဖျင်းသဘောဘာ
        ဆိုတော့ကာ ဗုဒ္ဓတရားတော်ထဲက နေ
        ( အချို့ကတော့ မြတ်စွာဘုရားကို ဗုဒ္ဓလို့အတိုကောက်ခေါ်ရင်မကြိုက်ကြဘူး )
        စားဝတ်နေရေး အကြောင်းသုံးပါးနှင့် စားခြင်းအိပ်ခြင်းမေထုံမှီဝဲခြင်းအကြောင်းတွေကို ကိလေသာတွေလို့ အကြမ်းဖျင်းထပ်ပြောဘာဒယ်
        ( မစားရင်သေမှာပေါ့ဘာညာမလုပ်ကြနဲ့ပေါ့ဗျာ အကြမ်းဖျင်းနေရတာ )
        အဖန်တစ်လဲလဲပြုနေရတဲ့ စားဝတ်နေ သုံးပါးနဲ့ စားအိပ်မေထုံမှီဝဲခြင်းအကြောင်းမှာ မငြီးငွေ့တတ်
        ( သံဝေဂဉဏ်မရတတ် ) လို့ကတော့ ဗုဒ္ဓတရားထဲက တရားအားထုတ်ခြင်းဆိုတာ အလကားဘဲ
        ဒါ့ကြောင့် ချုပ်ပြီးပြောရရင်တော့ အနုသယ ကိလေသာကို မဂ်ဉဏ်ဖြင့်မပယ်ရသေးတဲ့သတ္တဝါမှာ
        လိုခြင်မှု့ဆိုတဲ့ ကိလေသာတွေဖြစ်နေမှာဘဲ
        ကိလေသာတွေဆိုတာကလည်း ဘယ်တော့မှ အဆုံးမသတ်တာကို နည်းနည်းလေးတော့ သိကြမလားဘဲ
        သူ့ဖာသ တရားအားထုပ်နည်းမတူလို့ မမှန်လို့ ဆိုတာတွေကို ကြည့်ပြီး ဗုဒ္ဓတရားထဲက
        ( ကိလေသာငြိမ်းရန်အလို့ငှာ တရားထုတ်ခြင်းကို ) စမုတ်ကီးတာနဲ့ တူတယ်လို့ ထင်နေသူအနေနှင့်
        ကိလေသာတို့၏ အဆုံးမရှိသောမီး သဘောများ
        ကိလေသာနည်း၍ ငြိမ်းချမ်းခြင်းသဘောများကိုလည်း အပျင်းပြေ ဘာညာပေါ့ဗျာ
        ပြေလို့ပြောတာ မိကျောင်းကိုရေငုတ်သင်သလိုတော့ဖြစ်နေတယ် :harr:
        ပြောခြင်တာက
        လိုခြင်တက်မက်မှု့တွေကို ကိလေသာ
        ကိလေသာကြောင့် ပူပင်သောကဖြစ်တယ်
        ကိလေသာတို့ကင်းရန် ကမြင်းကြောမထဘဲ ငြိမ်ငြိမ်နေပြီးကိလေသာကိုပယ်တယ်
        ကိလေသာပယ်နိုင်တော့
        အေးဆေး
        အေးဆေး

  • Black Cloud

    September 24, 2012 at 4:31 pm

    စာဖတ်သူတို ့ရေ…..

    ကျွန်တော် အခုတလော အလုပ်များနေလို ့ ဘာစာမှ မရေးဖြစ်ပါ…..
    အခုခနလေး ဆိုက်ကိုဝင်ကြည့်တာ အခု post ကိုမြင်တော့ မရေးပဲမနေနိုင်လို ့ဝင်ရေးလိုက်ရတာပါ….

    ရှေးဦးစွာဖြင့် ပြောလိုတာကတော့ ကျွန်တော်ဟာ စာပေနဲ ့ပတ်သက်ရင် အခု ပြောနေကြတဲ့လူတွေလောက် နှံနှံစပ်စပ် မသိပါဖူး….
    ဒါပေမယ့် အခု ကော်မန် ့ကိုတော့ ကြားလူ တယောက်အနေနဲ ့ရေးပါရစေ…..

    ဆေးလိပ်နဲ ့ဘာသာရေးဆိုတော့လည်း ဆေးလိပ်အကြောင်းကစပြောတာပေါ့ဗျာ…….

    ဆေးလိပ်က မကောင်းပါဖူး…. ဆေးလိပ်မှာ နီကိုတင်းပါတယ်…… အဆိပ်ပါတယ်…..
    လူတိုင်းသိပါတယ်…..
    ဆေးလိပ်သောက်ရင် မကောင်မှန်းလည်း လူတိုင်းသိပါတယ်….
    ဒါဆို ဘာလို ့များသောက်နေကြလဲဗျာ…………..
    စိတ်အပန်းပြေလို ့ပါ……. တခါတလေ သိပ်များ စိတ်ရှုပ်သွားရင် ဆေးလိပ်လေးသောက်ပီး အမောဖြေလိုက်ရင် အားလုံးကို ခနမေ့သွားပါတယ်…..
    စိတ်ဖြေဆေးလေးပေါ့ဗျာ…………

    ဘာသာရေးကကော….
    စာရေးသူကတော့ ဘာသာရေးဆိုတာထက် တရားထိုင်တာကို ဦးစားပေးပြောထားတော့ တရားထိုင်တာကိုပဲပြောမယ်ဗျာ……
    တရားထိုင်တယ်ဆိုတာ စိတ်တည်ငြိမ်မှူရှိပါတယ်……………
    ကောင်းကျိုးများပါတယ်…. လူအများစု က ကောင်းတယ်လို ့ လက်ခံပါတယ်…..
    တရားထိုင်တာများလို ့ စိတ်ဖောက်ပြန်မှူ မိသားစု တာဝန်လစ်ဟင်းမှူ အစဖြင့်ပေါ့……….
    ရှိကောင်းရှိနိုင်ပါတယ်……….. ရှားပါတယ်…. အင်မတန်ကြားရခဲပါတယ်…….
    စာရေးသူ ကြားဖူးနားဝလေးများရှိရင် post သီးသန် ့တင်နိုင်ပါတယ်…..
    ဗဟုသုတရတာပေါ့…………

    အချုပ်ကတော့
    ဆေးလိပ်ဆိုတာ အဆိပ်ပါ….. တန်ရုံသုံးရင် ဆေးဖြစ်နိုင်ပါတယ်…………….
    အဲ့လိုပဲ
    တရားထိုင်တာဟာ ဆေးပါ….. လွန်သုံးရင် ဘေးဖြစ်နိုင်ပါတယ်……………..

    လူတွေ သောက်သမျှ ဆေးအားလုံးမှာ အဆိပ်တွေ ရာခိုင်နှုန်းတခုစီပါပါတယ်…………
    ဒါဆို ဆေးသောက်ရင် သေကုန်မှာပေါ့လို ့ပြောမှာပေါ့……
    မဟုတ်ပါဖူး…. အဆိပ်က ပါသင့်သလောက် အချိုးလေးပဲပါလို ့ပါ…………

    တန်ရင်ဆေး လွန်ရင်ဘေးတယ်……………….
    ဆေးလိပ်မှ တရားထိုင်တာမှ မဟုတ်ပါဖူး……………
    ဒီစကားက အားလုံး သောအရာအတွက်ပါ…………..

    အကျိုးရှိသော ဆေးအဖြစ်သုံးနိုင်ကြပါစေ…..

    လေးစားလျက်
    တိမ်မည်း

  • aung moethu

    September 24, 2012 at 4:33 pm

    ဘာမှတော့ ဝင်မပြောချင်ပါဘူးဗျာ။ ဒါမယ့် ကျတော်သိထားတာတစ်ခုကတော့ တရားထိုင်တာ meditation လုပ်တာတွေဟာ ယခု ကမ္ဘာတစ်ဝန်းမှာ ကျန်းမာရေးညီညွတ်လွန်းလို့ အားလုံးက ယုံကြည်စွာနဲ့လက်ခံသုံးစွဲလာကြတာကိုတော့ ကျတော်သိထားပါတယ်။ း))))))

  • San Hla Gyi

    September 24, 2012 at 7:18 pm

    ကဲ စာဖတ်သူ မိတ်ဆွေများရေ
    အမှန်တော့ ဒီပို့စ်ဟာ မဆွေးနွေးသင့်ပဲ ရှုတ်ချသင်တဲ့ ပို့စ်တခု ဖြစ်ပါတယ်။ ဘာကြောင့် ဒီလို ပြောနိုင်တာလဲ ဆိုတာ ကျနော် နောက်တနာရီလောက်ကြာရင် စီကာပတ်ကုံး ရှင်းပြပါမယ်။ ဒီပို့စ်ဟာ မိုးပြာဆရာတွေဟာ ဘယ်လောက်ပဲ စကားကြီး စကားကျယ်ပြောပြော တကယ်တာဝန်ယူတဲ့စိတ် မရှိတာရယ် သူရဲဘောကြောင်တာရယ်ကို ပေါ်လွင်စေပါတယ်။ သူကြီးကိုလဲ request လုပ်စရာ ရှိပါတယ်။ အခု ကျနော် ထမင်းစားလိုက်အုံးမယ်။

  • Nyein Nyein

    September 24, 2012 at 7:53 pm

    ကိုစံလှကြီးက မဆွေးနွေးသင့်တဲ့ ပို့စ်လို့ပြောပေမယ့်လည်း မနေနိုင်ဘဲ တစ်ခုလောက်ပြောချင်လို့ပါ။ ko out of ရေးတဲ့ ပို့စ်တွေကို ဖတ်ဖူးပါတယ်။ ဝင်လည်း ဆွေးနွေးဖူးပါတယ်။ ko out of ရဲ့ပို့စ်တွေမှာ သူရေးသားထားတာကိုကြည့်ရင် တကယ့်ဗုဒ္ဓဘာသာဝင်တစ်ယောက်က ရေးထားတယ်လို့ထင်ရပါတယ်။ ဘာသာတရားနဲ့ ပတ်သက်ပြီး အားနည်းသူများ ဖတ်မိရင် အမှန်ထင်သွားနိုင်ပါတယ်။ ပါဠိများသုံးပြီး ရေးသားခြင်းများကြောင့်လည်း အထင်မှားသွားနိုင်ပါတယ်။ (ငြိမ်းက ကိုယ့်ကိုယ်ကို ဘာသာရေးကို အရမ်းသိ၊ အရမ်းတတ်နေတယ်လို့မဆိုလိုပါဘူး။ ငြိမ်းလည်း လေ့လာနေတုန်းပါပဲ။) ပြီးတော့ ဗုဒ္ဓဘာသာကို ဝေဖန်ချင်တယ်ဆိုရင် သုတ္တန်ကို လေ့လာပြီး မဝေဖန်ပါနဲ့။ အဘိဓမ္မာကို သေချာလေ့လာပြီးမှ ဝေဖန်ဖို့အကြံပေးချင်ပါတယ်။ သုတ္တန်ကျမ်းများဟာ ဘုရားဟောကို အဋ္ဌကထာဆရာများက ၎င်းတို့ရဲ့သဒ္ဓါတရားပေါ်မူတည်ပြီး ပြန်လည်ပြီး အနက်ဖွင့်ထားတာဖြစ်တဲ့အတွက်ကြောင့် အလုံးစုံဟာ မတိကျပါဘူး။ ဒါကြောင့် အဘိဓမ္မာတရားတော်ကို သေချာစွာ(စိတ်ဖွင့်ပြီး) လေ့လာပြီးမှသာ ဝေဖန်ပါလို့ အကြံပြုချင်ပါတယ်။

    • Ko out of...

      September 25, 2012 at 1:27 pm

      မင်္ဂလာပါ Nyein Nyein

      ငြိမ်းငြိမ်းပျောက်နေသလိုဘဲ..အလုပ်များနေလား?

      ငြိမ်းပြောတဲ့ ဗုဒ္ဓဘာသာကို ဝေဖန်ချင်တယ်ဆိုရင် သုတ္တန်ကို လေ့လာပြီး မဝေဖန်ပါနဲ့ဆိုတာ…အဘိဓမ္မာကို သေချာလေ့လာပြီးမှ ဝေဖန်ဖို့အကြံပေးချင်ပါတယ်ဆိုတာ…

      အဲဒါကျွန်တော် အမြင်နဲ့ မတူတာဘဲ..
      အဘိဓမ္မာနောက်လိုက်ရင် ထေရဝါဒ….သုတ္တဓမ္မ နောက်လိုက်ရင် ဘုရားရဲ့ဝါဒလို့ပြောချင်တယ်….

      ကြွားလိုက်ဦးမယ်…ကျွန်တော်အရင်တုံးက အဘိဓမ္မာ စာမေးပွဲလည်း ဖြေခဲ့ဖူးပါတယ်..နောက်တော့ ဘုံပိုင်းအကြောင်းလေ့လာတာ့ ပေါ့ပျက်ပျက်ဖြစ်လာတယ်..ဒေါက်တာရိုင်းစ်ဒေးဗစ်တောင်မှ…ဘာပြော လည်းဆိုတော့…အဘိဓမ္မာ ပိဋကတ်တခုလုံးမရှိစေကာမူဘုရားတရား စိုးစဉ်းမျှလျှော့သွားမည်မဟုတ်..
      အဘိဓမ္မာ ပိဋကတ် မှာပါရှိသောတရားအားလုံး ဟာသုတ္တန်ပိဋကတ်မှာတွေ့ရတယ်…လို့ပြောတယ်…

      နောက်အဘိဓမ္မာရဲ့ သဘာဝမကျပုံလည်း ကျွန်တော်အများကြီးဖတ်ရတယ်…ဥပမာ ယခုမြင်တွေ့ရသော နေ၊လ၊ နက္ခတ် တို့သည် ထိုစတုမဟာရာဇ် နတ်ပြည်တွင်ပါဝင်သော ဘုံဗိမာန်များ ဟု ဗုဒဘာသာကျမ်းစာက ဆိုထား၏..ယခုလူတွေလပေါ်ရောက်ပြီ စတုမဟာရာဇ် နတ်များကို မတွေ့ရ..နောက်မြင့်မိုရ်တောင်ဆိုတာလည်း သိပံပညာထွန်းကာလာတာနဲ့ အမျှ ကမာ္ဘရဲ့ အချင်းတိုင်းလို့လည်းရနေပြီ…မြင့်မိုရ်တောင်ကို မိုင်ဖွဲ့ရင် ဒီကမာ္ဘပေါ် foundation ချဖို့နေရာတောင်ရှိမှာမဟုတ်ဘူး…နောက် ခန္ခာဗေဒ ထွန်းကားလာချိန်မှာ အစာအိမ်ထဲ သန္ဒေမရှိတာ လူတိုင်းသိနေပြီ…သားအိမ်ဆိုတာ သီးခြားရှိတယ်…ကိုးလလွယ်ဆယ်လဖွါး ဆိုတာမှန်ပေမဲ့ အပေါ်က အစာသစ် အောက်ကအစာဟောင်း …အမေက ငရုပ်သီးစပ်စားရင်ပူ…ဒါတွေဟာ ဘယ်သူသိလို့လဲ? ချက်ကြိုးကနေအစာပိုးဆောင်ပေးတာ သိပုံမပေါ်ဘူး..ပြောရင် အများကြီးပါငြိမ်းငြိမ်း…ဘုးရားတရားကိုသေချာလေ့လာပါဦးလို့ ထပ်ပြောပါရစေ..ကျေးဇူး…

    • San Hla Gyi

      September 25, 2012 at 6:13 pm

      မ Nyein Nyein ရေ
      ခင်ဗျားကို ကျနော်က ဆောရီးလို့ အရင်တောင်းပန်ပါတယ်။ ခင်ဗျားကို ကျနော်ပြောတာ ပိတ်ပင်သလို ဖြစ်သွားရင်ပေါ့။ အမှန်တော့ ခင်ဗျား သူကြီးကို ပြောတာ ကောင်းပါတယ်။ ဒါပေမယ့် ခင်ဗျားကွန်မန့်ထဲမှာ ကျုပ်သိပ်အသည်းယားတဲ့ စာကြောင်း ပါနေတယ်။ အဲဒါကြောင့် ခင်ဗျားကို တားလိုက်တာပါ။ ကျနော့်ကို စိတ်မရှိပါနဲ့။ ကျုပ်ဒီဆွေးနွေးပွဲ ပြီးရင် ခင်ဗျား ကျနော့်ကို မေးနိုင်ပါတယ်။ ပြောမိတာ ဗွေမယူပါနဲ့။

  • San Hla Gyi

    September 24, 2012 at 8:18 pm

    အမယ်လေး မ Nyein Nyein
    ခဏကလေး စောင့်ပါအုံးဗျာ။ ကျနော်ပြောတာ ကျနော့်မှာ အကျိုးအကြောင်း ရှိလို့ပါ။ ခင်ဗျားတို့ ဒီလိုပြောနေလို့ သူတို့ပိုအကြိုက်တွေ့နေတာ။ ခဏလေး စောင့်ပါဗျာ။ ကျနော် ပြောပါရစေအုံး။ ကျနော်ပြောတာကို နားထောင်ပါအုံး။ တကယ်တမ်း ခင်ဗျားတို့ ပါဠိတွေ ယှဉ်ပြောရင်လည်း သူတို့ကို မယှဉ်နိုင်ပါဘူး။ ကျနော် မြင်ပြီးပါပြီ။ အဲဒါကြောင့် ဒီဆရာတွေ မင်းမူနေခဲ့တာပဲ။ တကယ်တမ်း သုတ္တန်က သူတို့က ခင်ဗျားထက်တောင် ပိုကျွမ်းမလားပဲ။

    • Nyein Nyein

      September 25, 2012 at 7:38 pm

      ဟုတ်ကဲ့ပါ ကိုစံလှကြီးရယ်။ ကိုစံလှကြီး ပြောသလိုပဲ စောင့်နေပါ့မယ်။

  • မဟာရာဇာ အံစာတုံး

    September 24, 2012 at 9:49 pm

    တရားကို ဆေးလိပ်နဲ့ နှိုင်းတယ် …
    ဒါဟာ မနှိုင်းသင့်တဲ့ အရာလို့ မြင်ပါတယ် ..

    ဒါကို ရိုးရိုး ဥပမာ တစ်ခုနဲ့ နှိုင်းပြရရင် …
    ခင်ဗျားက ကောင်မလေး တစ်ယောက်ဆီမှာ ချစ်ခွင့်ပန်တယ် ..
    ဒီအခါ ကြားထဲက လူတစ်ယောက်ကနေပြီး ကောင်မလေးကို ပြောတယ် ..
    အဲ့ဒီလူက တကယ် ချစ်တာမဟုတ်ဘူး ..
    မင်းကို ဖျက်ဆီးချင်လို့ ချစ်တယ် ပြောတာလို့ .. ပြောရင်ဖြင့် …
    ခင်ဗျားမှာ ဘယ်လို ခံစားရမယ် မသိ ….

    ဒီပို့စ်နဲ့ ပတ်သက်လို့ ရိုင်းရိုင်း ပြောရရင် ဒါဟာ မမှီတာနဲ့ စပျစ်သီး ချဉ်တယ်လို့ စွပ်စွဲလိုက်တဲ့ သဘောမျိုး ဖြစ်နေပါတယ်။ ပြီးတော့လည်း တရားထိုင်တယ် ဆိုတာနဲ့ ပတ်သက်ပြီး ပြောရရင် ..
    အစ ပထမ တရားထိုင်ချိန်မှာ မခံနိုင်အောင် ညောင်းညာတာ ဓမ္မတာ ပါပဲ .. နောက်ပိုင်းမှာတော့ ညောင်းညာတာတွေ မဖြစ်တော့ဘဲ စိတ်လည်း တည်ငြိမ်လာသလို၊ လူလည်း ပေါ့ပါလာသလို ဖြစ်လာပါတယ် .. ဒါဟာ လက်တွေ့ပါ။

    ဒီတော့ကာ ဘယ်လိုဖျက်စီးနေလဲဆိုရင်… ဆိုတဲ့ ထဲက အပေါ်ဆုံး တစ်ပိုဒ်အရ ..
    စာရေးသူဟာ တရားကို ခဏတာ ထိုင်ဘူးပြီး ညောင်းတာကို မခံနိုင်တာနဲ့ ထွက်ပြေး အပြစ်တင် လုပ်လိုက်တဲ့ သဘောမျိုး ဖြစ်နေတယ်လို့ မြင်မိပါတယ် …။

    ဒါတွေဟာ ဒီပို့စ်အပေါ်မှာ မြင်မိတဲ့ ကျုပ်အမြင်တွေလို့ ပြောချင်ပါတယ် …။

  • kthwinzayarmyo

    September 24, 2012 at 9:50 pm

    ကိုစံလှကြီး ကြောက်တဲ့နေရာ ရောက်သွားပြီ ငြိမ်းငြိမ်းရေ
    အဘိဓမ္မာမှာ သမထ -ဝိပသနာ အားထုတ်နေချိန် ဖြစ်တဲ့စိတ်ကို
    မဟဂ္ဂုတ် စိတ်လို့ခေါ်တယ်
    ဝိရတီ ကြဉ်တဲ့ စေတသိက်တွေ တချိန်တည်း ဇြစ်တယ်
    ဝိရတီဆိုတာက သမ္မာဝါစာ၊သမ္မာကမ္မန္တ၊ သမ္မာ အာဇီဝ မဂ္ဂင်တွေ
    တနည်း သီလ မဂ္ဂင်တွေ ဆိုတော့
    ဘုရားဟောပြခဲ့တဲ့ မဇ္ဈိမ ပဋိပဒါ နည်း တော့ မဟုတ်တော့ဘူးထင်တယ်
    (အဘိဓမ္မာ အရ သမထ ဝိပသနာတိုက)
    ဘုရားဟောပြ ခဲ့တဲ့ တရားသိဖို့ နည်းလည်း မဟုတ်ဘူးလို့မြင်တယ်

    • San Hla Gyi

      September 24, 2012 at 10:41 pm

      ကဲ ကိုယ့်ဆရာ
      ကျုပ်က ကြောက်လို့ မဟုတ်ဘူး။ ဆွေးနွေးတဲ့ နေရာမှာ အဆင့်မကျော်ချင်လို့ပဲ။ တကယ်တမ်း ခင်ဗျားတို့ ဖြစ်နေတာက ပါဠိဘာသာ ပြဿနာမဟုတ်ဘူး။ အတွေးအခေါ် မရှင်းတာပါ။ ခင်ဗျားလဲ ဘုရားဟောပြခဲ့တဲ့ နည်းတွေ ဘာတွေပြောတော့ ကျုပ်ပထမဆုံး မေးတဲ့မေးခွန်းကို အရင်ဖြေစမ်းပါဗျာ။ ခင်ဗျားတို့ဂိုဏ်းရဲ့ သဘောထားကို မေးတာပါ။ ခင်ဗျားဖြေလဲ ကျုပ်က ပို့စ်ပိုင်ရှင်ကို အတည်ပြုအုံးမှာပါ။

  • kthwinzayarmyo

    September 24, 2012 at 10:02 pm

    ဆက်ပြီးပြော၇ရင်
    တရားသိဖို့နည်းက ၁။ သူတော်ကောင်းနဲ့ ပေါင်းရမယ်
    ၂၊ သူတော်ကောင်း တရားနာရမယ်
    ၃၊ဟောတဲ့တရား သဘောပေါက်ရမယ်
    ၄၊သဘောပေါက်တဲ့ အတိုင်း ကိုယ့်အဖြစ်အပျက်တွေမှာ သိမြင်နှလုံးသွင်းရမယ်
    တရားမသိသေးဘဲ ကျင့်ရင်ပွားရင်
    တရားမသိ= မတရားသိ
    မတရား ကျင့်မိပြီး မတရားတွေပဲ များလာလိမ့်မယ်
    (ဒါတွေကြောင့် ပိုစ်တင်သူက တရားစခန်းတွေကို အပြစ်ပြောတာလား?)

  • San Hla Gyi

    September 24, 2012 at 10:36 pm

    ကဲ မိတ်ဆွေတို့
    ပထမဆုံးအနေနဲ့ ဒီပို့စ်ဟာ ဆွေးနွေးဖို့ထက် လျစ်လျူရှုတာတို့ ကဲ့ရဲ့တာတို့ ပိုလုပ်သင့်တဲ့ ပို့စ်တခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတာ တချက်ချင်း ရှင်းပြပါမယ့်။ တစ်အချက်က ကိုယ့်ကိုကိုယ် တာဝန်ယူမှု မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆောင်းပါးထဲမှာ ရေးထားတဲ့ တရားတွေ ဥပမာ သူငါမရှိ ယောကျာင်္းမိန်းမဆိုတာ မရှိတို့ ဘာတို့ဟာ ဗုဒ္ဓရဲ့ အနတ္တတရားတော်ပါ။ နောက်ပြီး စာရေးသူ ကိုယ်တိုင်လဲ အောက်ကကွန်မန့်တွေထဲမှာ မဂ္ဂင်ရှစ်ပါးဓမ္မစက်တို့ ဘုရားဟောတဲ့ ဝိနည်းအာဏာဒေသနာတို့ ရေးထားပါတယ်။ အခြားပါဠိစကားလုံးတွေကလဲ ဗုဒ္ဓရဲ့ မူပိုင်စကားလုံးလို့တောင် ပြောလို့ရပါတယ်။ အခြားဆောင်းပါးတွေထဲမှာလည်း ဒီလူဟာ အခြားမိုးပြာဝါဒီများနဲ့ အတူ ဘုရားရှင်တို့ ဘုရားအလိုတော်ကျတို့ ခဏခဏ ပြောလေ့ရှိပါတယ်။ ကြည့်ရတာ ဂေါတမမြတ်စွာဘုရားရှင် ကိုသူတို့ထက် ကြည်ညိုသူတောင် မရှိဘူးလို့ ထင်ရပါတယ်။
    အဲဒါကြောင့် ကျနော်ကလည်း ခင်ဗျားဟာ ဗုဒ္ဓကို ယုံကြည်သူ ကြည်ညိုသူတယောက်လားလို့ မေးလိုက်ပါတယ်။ မေးခွန်းက ရှင်းရှင်းလေးပါ။ ရည်ရွယ်ချက်လည်း ရှင်းပါတယ်။ ဗုဒ္ဓကို ယုံကြည်သူတယောက် ဆိုရင်တော့ ဗုဒ္ဓတရားတွေကို ဆွေးနွေးနိုင်ပါတယ်။ မဟုတ်ရင်တော့ မဆွေးနွေးတာ ကောင်းပါတယ်။ ဟုတ်တယ်လေဗျာ ကိုယ်မှ မယုံကြည်တာ ဘာမှရှာဖွေဆွေးနွေးတာတွေ လုပ်စရာ မလိုပါဘူး။ ယုံကြည်သူတွေ လုပ်ကြပေစေပေါ့။ အဲဒါ သူ့ကို မေးပေမယ့် အခြားမိုးပြာဝါဒီများကိုပါ မေးတာပါ။ သိတဲ့အတိုင်း အခုချိန်ထိ မဖြေသေးပါဘူး။ အခြားမိုးပြာဂိုဏ်းသား တွေလဲအတူတူပါပဲ။ အခု ကျနော် ပြောတဲ့ မေးတဲ့ အချက်တွေဟာ မတရားဘူး အကျပ်ကိုင်တဲ့မေးခွန်း ဆိုရင် မိတ်ဆွေများကကော မိုးပြာဝါဒီများကပါ ထောက်ပြနိုင်ပါတယ်။
    မေးခွန်းကို ဘာလို့ မေးရတာလဲဆိုရင် အတွေးအခေါ်ဆွေးနွေးရာမှာ တဘက်သားရဲ့ ရပ်တည်ချက်ကို သိဖို့ အရေးကြီးပါတယ်။ အခုဖြစ်နေတာက တခါတလေ မိုးပြာဂိုဏ်းသားတွေက ဗုဒ္ဓသည်ကိုးကွယ်ရာမဟုတ်တို့ ဘာတို့ ဆောင်းပါးတွေရေး မိတ်ဆွေတွေက ကွန်မန့်တွေပေး ဒီလိုမပြောသင့်ပါဘူးနဲ့ ဆွေးနွေး ဆဲတဲ့လူကဆဲ စာကိုကြည့်လိုက်တော့ သူများရဲ့ facebook မှကူးယူ ဖော်ပြပါသည်။ ကိုယ်တိုင်ရေး မဟုတ်ပါဆိုတော့ ပြောတဲ့လူက ဒန့် တန် တန့်ဆိုပြီး ဟတ်ကော့ကြီး ဖြစ်ကျန်နေခဲ့ပါတယ်။ ဒါမျိုး သူတို့ ခဏခဏ လုပ်တတ်ပါတယ်။
    အမှန်တော့ သူပြန်ဖြေပါတယ်။ ဒါပေမယ့် ကျနော် သိပ်မရှင်းပါဘူး။ ဗုဒ္ဓကို ယုံကြည်သလား မယုံကြည်သလားတော့ ဘာမှ မပြောပါဘူး။ ဘာသာမဲ့ ဆိုတဲ့သဘောမျိုး ပြောသွားပါတယ်။ မိတ်ဆွေတို့ သူ့ကွန်မန့်ကို ဖတ်ကြည့်ပါ။ သူတို့ရဲ့ ဒုဂိုဏ်းချုပ်ကြီး အဲလေ သူကြီးကတော့ သူတို့က ဗုဒ္ဓဘာသာတွေ ဗုဒ္ဓကို ယုံကြည်သူတွေဆိုတဲ့ သဘောမျိုး ပြောလို့ ကျနော်သူတို့ကို ထပ်မေးထားပါတယ်။ ဒုဂိုဏ်းချုပ်ကြီး အဲလေ သူကြီးပြောတာဆိုတော့ မှန်မှာပါ။ သူတို့ ဖြေရဲ မဖြေရဲ ကြည့်ရအုံးမယ်။
    ဘာသာမဲ့ဆိုလဲ ကိုယ့်ဘာသာ လေ့လာပါ။ ကိုယ်မယုံကြည်တဲ့ တရားတွေ ပုဂ္ဂိုလ်တွေရဲ့ အကြောင်းကို မဆွေးနွေးပါနဲ့။ တကယ်တော့ ဘာသာမဲ့လို့ ပြောလိုက်တာက သူကြီးရဲ့ စည်းကမ်းချက် ၆ ကနေလွတ်အောင် ကိုယ်လွတ်ရုန်းတာပါ။ အဲဒီစည်းကမ်းချက် ၆ အကြောင်းကိုတော့ နောက်တော့ သူကြီးနဲ့ ရွာသူရွာသားတွေ အသေးစိတ် ဆွေးနွေးသင့်ပါတယ်။ အပေါ်က ကွန်မန့်မှာလဲ ကျနော်သူ့ကို မေးပြီးပါပြီ။
    နောက်ပြီး ကျနော်က မိုးပြာဆရာတော် အသုံးပြုနေတဲ့ ဆေးအကြောင်းကို လေ့လာနေသူလို့ ပြောလို့ ကျုပ်က ခင်ဗျားလေ့လာနေတဲ့ ဆေးကို ခင်ဗျားက ယုံသလား မယုံသလားလို့ မေးလိုက်တော့ သိတဲ့အတိုင်း ဘာမှ ပြန်မဖြေတော့ပါဘူး။ မိတ်ဆွေတို့ ကျုပ်မေးတာ တရားပါတယ်နော်။ ဘာမှလည်း ခက်တာ အကျပ်ကိုင်တာ မပါဘူး မဟုတ်လား။
    အဲဒီတော့ မိတ်ဆွေတို့ စဉ်းစားကြည့်ပါ။ ကိုယ်လေ့လာနေတဲ့ ဟာကိုတောင် ယုံသလား မယုံသလား လက်ခံသလား လက်မခံသလား မပြောဝံ့တဲ့ လူတယောက်ဟာ ဘယ်လိုလုပ်ပြီး သူရေးတဲ့စာကို သူတာဝန်ယူနိုင်မှာလဲ။ သူရေးတဲ့စာတွေက ဘယ်လောက်ပဲ ပါဠိစာတွေသုံးသုံး မိတ်ဆွေတို့ အလေးမူသင့်တဲ့ စာကော ဟုတ်ရဲ့လား။ ရှက်ဖို့ ကောင်းလိုက်တာ ကို Ko out of ရာ။ ရှက်တတ်ရင် လဲသေဖို့တောင် ကောင်းပါတယ်။
    ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင် ရှက်တာနဲ့တင် ရေမရှိတဲ့ ချောင်းမှာ နှာခေါင်းဖော်ပြီး သေလိုက်မှာပါ။ ဒါပေမယ့် ခင်ဗျားအနေနဲ့တော့ ရှက်တတ်ရင် ဆွဲကြိုးချတာပဲဖြစ်ဖြစ် တိုက်အမြင့်ကြီးပေါ်က ခုန်ချတာပဲဖြစ်ဖြစ် အိပ်ဆေးတွေအများကြီး သောက်တာပဲဖြစ်ဖြစ် အဆိပ်စားလိုက်တာပဲဖြစ်ဖြစ် ရေနက်တဲ့ချောင်းမှာ လည်ပင်းကိုသဲအိုးကြီးဆွဲပြီး ခုန်ချလိုက်တာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ပထမနည်းက ကျုပ်ရဲ့ မူပိုင်နည်းမို့ပါ။
    အစကဆို မိုးပြာတရားအကြောင်း ပြောပြီဆို ကျုပ်ဟာ မိုးပြာဂိုဏ်းသားဆိုပြီး ရဲရဲဝံ့ဝံ့ ပြောပြီး ရောက်လာတတ်သူတွေ ရှိသေးတယ်။ အခုတော့ တယောက်မှ ပေါ်မလာတော့ပါဘူး။ သူတို့ ဘဝကလည်း သနားတော့ သနားစရာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဆရာဖြစ်သူကလဲ ထောင်ထဲမှာ သူတို့ကိုလည်း ဘယ်နေရာသွားသွား လူတွေက ဟိုအကောင် မောင်းသလို မောင်းလွှတ်တတ်ပါတယ်။ အမှန်တော့ ကျနော်က သူတို့နဲ့ ဆွေးနွေးမလို့ပါ။ ဒါပေမယ့် အခြေခံဖြစ်တဲ့ ကိုယ်ဘာယုံသလဲ ဆိုတာတောင် မဖြေရဲလို့ တခြားအဆင့်မြင့်တာတွေ ဆွေးနွေးလဲ ဖြစ်မှာမဟုတ်ဘူး ထင်လို့ပါ။
    ကျနော် ဒီအခြေခံလေးတွေ သူတို့ ဖြေမလား စောင့်ကြည့်ပါအုံးမယ်။ မဖြေရင် နောက်ပိုင်းဟာတွေ ဆက်မေးဖို့ မလိုတော့ပါဘူး။ ကိုယ့်ကိုကိုယ် တာဝန်မှ မယူရဲတာ။ ကျနော်က လာပြီး ကဲ့ရဲ့ဖို့ပဲ ကျန်ပါတော့တယ်။ သူတို့ ရှက်တတ်လာအောင်ပါ။
    ကဲ မိုးပြာဆရာတို့ ခင်ဗျားတို့က နောက်ဘဝ မယုံသူတွေဆိုတော့ ပြောရတော့ ခက်ပါတယ်။ ဒါပေမယ့် ဒီပုံအတိုင်းဆို ခင်ဗျားတို့ ဆုတောင်းကြည့်ပါ။ နောက်ဘဝဆိုတာ တကယ်လို့ ရှိခဲ့ရင် ဆင်ဖြစ်ရင်လဲ တိုက်ဆင် ကြက်ဖြစ်ရင်လဲ တိုက်ကြက် ဒေါင်းဖြစ်ရင်လဲ ခွပ်ဒေါင်း လူဖြစ်ရင်လဲ ကိုယ်ပြောတဲ့စကား ရေးတဲ့စာကို ကိုယ်ရဲရဲဝံ့ဝံ့ ဝန်ခံရဲတဲ့လူတွေ ဖြစ်ပါစေလို့။
    ခင်ဗျားတို့ မဖြေရင် နောက်ပိုင်း ကျနော်ဒီပို့စ်ကို ဖြည်ပစ်မယ့်အပြင် ခင်ဗျားတို့ရဲ့ လုပ်ရပ်ကိုလည်း ရှုတ်ချမှာပါ။ စာဖတ်သူတွေရှေ့မှာ ခင်ဗျားတို့ ရှက်နေရလိမ့်မယ်။ သေတာကတခါ ရှက်တာက အခါခါဗျ ဟဲ ဟဲ။ နောက်လာခဲ့အုံးမယ်။

  • Mလုလင်

    September 24, 2012 at 11:14 pm

    ခဏခဏ ဝင်ဝင် ဖတ် နေတယ် ဆိုတာလေး နော …. ပိုစ့်ပိုင်ရှင် ရဲ့ … ဦးဆောင် ဆွေးနွေးချက် လေးတွေ လဲ မျှော် နေတယ် ဆိုတာလေး ….။

  • ဦးဦးပါလေရာ

    September 25, 2012 at 12:11 am

    ကျုပ်လဲ အချိန်မရတဲ့ကြားက ဒီပိုစ့်ပဲ ဝင်ဖတ်နေပါကြောင်း
    ဒီအထဲက စွပ်စွဲပြောဆိုချက်တွေကို ချေဖျက်ဆွေးနွေးဖို့ ဆန္ဒရှိပေမယ့်
    အခုထိတော့ မထိုက်တန်သေးဘူးလို့ပဲ မြင်နေကြောင်း

  • surmi

    September 25, 2012 at 12:45 am

    ပြောရရင် မောလွန်းလို ့ မပြောပဲနေတာ
    တရားအားထုတ်ရှုမှတ်တယ်ဆိုတာ ကိုယ်အမူရာ နဲ ့ စိတ်အမူယာ အားလုံးကို
    တတ်နိုင်သမျှမလွတ်တန်း ရှုမှတ်နေရတာလို ့မြင်မိတယ် ။
    ဒါမှလည်း အပ္ပမာဒ တရားနဲ ့ညီမယ်ထင်တယ် ။ ထေရဝါဒမှာ တရားရှုမှတ်တဲ ့အခါ
    ထိုင်တဲ ့ နည်းတစ်မျိုး တည်းကိုဘဲ ကျင့်ရမယ်လို ့မဆိုထားပါဘူး ။
    စိတ်ထင်ပြောရရင် ဒီကနေ ့ခေတ်ရိပ်သာတွေမှာ တရားထိုင်တာကို
    ဦးစားပေး လုပ်ခိုင်းရတာကလည်း ပေါ ့ပေါ ့ပျက်ပျက်နဲ ့ ဝီရိယနည်းသွား
    မှာစိုးလို ့ထင်ပါတယ်။ တစ်နာရီထိုင် ပြီး တစ်နာရီ စင်းကြံ လျောက်ရင်း
    မှတ်ရတာဆိုတော ့ ကျန်းမာရေးဘက်ကကြည် ့ရင်တောင်မှ သွေးလည်ပတ်မှု
    ကောင်းစေမှာပါ ။ အမြင်မတူတဲ ့အတွက် သိပ်မဆွေးနွေးချင်ပါဘူး
    အပြစ်မပြောပဲ ကိုယ် ့အယူဝါဒ ကိုယ် ့အထင်ကိုယ် ့အတွေးဆိုပြီး
    တင်ပြရေးသားပေါ ့။ ဟိုဟာက ဘုရားဟောမဟုတ်ဘူး ဒီဟာကဘုရား
    ဟောတာမဟုတ်ဘူးလို ့ပြောရအောင် အထိတော ့ကျော်မနှိုက်သင် ့ဘူး
    လို ့မြင်မိတယ်။ မိုးပြာဝါဒမိုးပြာအယူအဆကို ဦးညာဏကစတင်ဖေါ်ထုတ်
    တယ်ဆိုရင် ဦးညာဏ ကိုပဲ မိုးပြာဘုရားလုပ်လိုက်ပေါ ့။
    အဓိကပြဿနာက အယူအဆမတူတာ မဟုတ်ဘူး။ အလကားနေအလကား
    ဘုရားလာလုလို ့ဖြစ်ရတာ ။ ဘယ်သူဖြစ်ဖြစ်ကိုးကွယ်လို ့ရတာပါပဲ
    ဒါပေမဲ ့ ကိုယ်တီထွင်ထားတဲ ့ အတွေးအခေါ်တွေကို လွန်ခဲ ့တဲ ့
    နှစ်ပေါင်းနှစ်ထောင် ့ငါးရာကျော်ကဘုရားကပြောတာပါဆိုတော ့ ….?

  • အရီးခင်လတ်

    September 25, 2012 at 3:49 am

    ကျွန်မ အသိ ခရစ်ယာန်ဘုန်းကြီး က သူတို့လဲ တရားထိုင်ကြောင်း ပြောတယ်။
    တရားထိုင်ရင် စိတ်ငြိမ်ပြီး အေးချမ်းတယ်တဲ့။
    သမာဓိရတယ်တဲ့။
    သူတို့ ကတော့ ဘုရားသခင် နဲ့ ပိုပြီးဆက်သွယ်လို့ရတယ် ဆိုပါတယ်။

    ဒီက မြန်မာဘုန်းကြီးကျောင်းမှာ အနောက်တိုင်းသားတွေ တရားအမြဲလာထိုင်တာ တွေ့ရပါတယ်။
    ဗုဒ္ဓဘာသာဖြစ်ရေး၊ မဖြစ်ရေးထက် သူတို့စိတ်ဟာပိုပြီး အေးချမ်းမှုရလာတာ ကို လက်တွေ့သိရှိ လာတာမို့ပါ။
    အလကားတော့ သူတို့ ဘယ်အချိန်ဖြုန်းပါ့မလဲ။

    တရားပြသူက နည်းမှန်လမ်းမှန် ဖြစ်အောင် တော့ ပြပေးတတ်ဖို့ လိုမယ်။

    မဟုတ်ရင်တော့ Ko Out Of … ပြောသလို “အချိန်ကုန်..ရောဂါတွေလည်းရ…အပိုလုပ်ငန်းတခုလိုဖြစ်နေပါတယ်…”
    ဆိုတာ ဟုတ်ပါမယ်။

    ဒီတော့ Ko Out Of … ကို ကျွန်မ ပြောချင်ပါတယ်။
    Ko Out Of … မှာ တရားထိုင်လို့ စိတ်အေးချမ်းမှု ကို မရခဲ့တာဖြစ်နေရင်
    တကယ်ဘဲ နည်းမှန်ပြပေးနိုင်တဲ့ ဆရာတော် များထံ မှ နည်းကို လိုက်နာဖို့ ပါ။

    ရဟန်းဆိုတိုင်း ကိုယ်ကိုယ်တိုင် မကျင့်ကြံနိုင်သူဆိုရင် နည်းမှန် မသိနိုင်လောက်ပါဘူး။

  • kthwinzayarmyo

    September 25, 2012 at 10:24 am

    မိုးပြာဝါဒီ တွေလို့ မခေါ်ဘဲ ပစ္စုပ္ပန် ကမ္မ ဝါဒီ တွေ
    ပစ္စုပ္ပန် ကမ္မဝါဒ ဗုဒ္ဓဘာသာဝင်တွေလို့ ခေါ်လိုက်ရင်
    ပထမ မေးခွန်းက ရှင်းမယ်ထင်တယ်
    ကိုဆာမိ ပြောသလို ဦးညာဏ ကိုပဲ မိုးပြာဘုရားလုပ်လိုက် လို့
    မဖြစ်ဘူး ဘာလို့လဲဆိုတော့
    ဘုရားဟောတရား ကိုပဲ အဌကထာ ဆရာတွေ ဖွင့်ဆိုတာကို
    အဌကထာ တွေကိုပဲ ဘုရားလုပ်လိုက်လို့ ထေရဝါဒီတွေ ကို
    ပြောလို့ မရသလိုပေါ့
    ဦးဉာဏ ဖွင့်ဆိုသလို လိုက်နာတွေးခေါ်တဲ့ ပစ္စုပ္ပန် ကမ္မ ဝါဒီ တွေပါ။

    • surmi

      September 25, 2012 at 10:48 am

      ဟုတ်ပြီ
      ပစ္စုပ္ပန်ကမ္မဝါဒလို ့ပဲသုံးနှုံးမယ်ဗျာ
      ဗုဒ္ဓဘာသာတော ့မထည ့် ပါနဲ ့ နော
      ပြောသာပြောရတာ သဂျီးက ဘုရားအပိုင်စီးပါတယ်လို ့အော်နေဦးမယ်။
      ကဲ ကဲ ဆက်ပြောကြပါဦး
      ကျုပ်တော ့နားပြီဗျို ့ နောင်တော်ပစ်ဆုတ်ပန်ကမောက်ကမ အဲ ….
      မှားလို ့ ကောင်မဝါဒီ တို ့ရေ ……..
      :harr:
      :kwi:

      • surmi

        September 25, 2012 at 10:53 am

        ဟေ ့ လူဂျီးတွေ
        စိတ်ဆိုးရဘူးနော်
        ခင်ညားတို ့က ကိုယ် ့နည်းနဲ ့ကိုယ် အရိယာကြီးတွေဆိုတော ့စိတ်မဆိုးဘူမှတ်လား
        ဟဲဟဲ ဟဲဟဲ

    • San Hla Gyi

      September 25, 2012 at 6:35 pm

      ကဲ kthwinzayarmyo ရေ
      ခင်ဗျားက ကျုပ်မှတ်မိသလောက် ကိုကျော်သိန်းတင်တဲ့ ပို့စ်မှာကတည်းက ကျုပ်ဟာမိုးပြာဂိုဏ်းသားပါလို့ ပြောပြီးဝင်လာတော့ ကျုပ်က ခုချိန်ထိ အထင်ကြီးထားပါတယ်။ အဲဒီလို ရဲရဲဝံ့ဝံ့နဲ့ ကိုယ်ယုံကြည်တာကို ရဲရဲပြောရဲတဲ့လူကို ကျုပ်က ရန်သူဆိုရင်တောင် လေးစားတယ်။ ကျုပ်အထင် မှန်ပါစေလို့လဲ ဆုတောင်းပါတယ်။ ခင်ဗျားအခုပြောတဲ့ ကွန်မန့်ထဲမှာပဲ ပစ္စုပ္ပန် ကမ္မဝါဒ ဗုဒ္ဓဘာသာဝင်တွေလို့ ကိုယ့်ကိုကိုယ် ပြောသွားပါတယ်။ နောက်ပြီး ဒီ ko out of ပေးတဲ့ မိုးပြာဝါဒရဲ့ လင့်ခ်ထဲမှာလဲ ဓမ္မဝိဟာရီ ဆရာတော်ဟာ ဗုဒ္ဓသာသနာတော်မှာ အရိယသစ္စာတရားကို ကြိုးစားရှာဖွေ ဖော်ထုတ်ခဲ့ပါသည်လို့ ရေးထားပါတယ်။ ဒုဂိုဏ်းချုပ်ကြီး အဲ ယောင်လို့ သူကြီးကလဲ ခင်ဗျားတို့ဟာ ဗုဒ္ဓကို ကြည်ညိုသူ ယုံကြည်သူတွေလို့ ပြောသွားပါတယ်။ ကျနော်က သူများပြောတာ သိပ်နားမထောင်ချင်ပါဘူး။ ကာယကံရှင် ပြောတာပဲ ကြားချင်ပါတယ်။
      ဒီတော့ မိုးပြာဂိုဏ်းက ဂေါတမဗုဒ္ဓလို့ အမည်ရတဲ့ မြတ်စွာဘုရားကို ကြည်ညိုသူ ယုံကြည်သူတွေလား ?။ သူရဲ့လမ်းစဉ်ကို ယုံကြည်သူတွေလား ?။ မိတ်ဆွေတွေက မဟုတ်ဘူးပြောလိုက် ခင်ဗျားတို့က ဟုတ်တယ်ပြောလိုက် ဆိုတော့ ခင်ဗျားတို့ အကြောင်းသိပ်မရှင်းလို့ မေးတာပါ။ Yes or no အဖြေလေးတွေနဲ့ ပြန်ဖြေပေးပါ။ ကျန်တဲ့ စာဖတ်သူမိတ်ဆွေတွေကို သက်သေထားပြီး မေးပါတယ်။ ကျန်လူတွေကလည်း မဖြေရင် ဝိုင်းသတိပေးကြပါ။
      စိတ်မပူပါနဲ့။ ခင်ဗျားတို့ကို ဘုရားရှင်ကို ရှိမခိုးခိုင်းပါဘူး။ ဒါပေမယ့် ပုဂ္ဂိုလ်တယောက်ရဲ့ လမ်းစဉ်ကို လိုက်နာတယ်ဆိုတာ ဒီပုဂ္ဂိုလ်ကို ကြည်ညိုလေးစားစိတ် ရှိရပါ့မယ်။ အဲဒီတော့မှ သူ့ရဲ့လမ်းစဉ်ကို ယုံပြီး လိုက်နာတယ်ဆိုတာ ဖြစ်လာတာပါ။ ကျနော်ပြောတာ မရှင်းဘူး ယုတ္တိမရှိဘူးဆိုလဲ ပြောပါ။ နောက်ပြီး ခင်ဗျားတို့က ပုဂ္ဂိုလ်တယောက်ကို ယုံကြည်စိတ် ကြည်ညိုစိတ် မရှိပဲနဲ့ သူ့ရဲ့လမ်းစဉ်ကို လိုက်နာတယ်ဆိုရင်လဲ ရှင်းပြပေးပါ။ ဒီကလူတွေလဲ အထူးအဆန်း ကြားရတာပေါ့။
      ကျုပ် နောက် တနာရီ နှစ်နာရီလောက်ကျရင် ပြန်လာခဲ့မယ်။ အခု ထမင်းစားလိုက်ဦးမယ်။

      • Ko out of...

        September 26, 2012 at 9:19 am

        San Hla Gyi ရေ…

        ပုဂ္ဂိုလ်တယောက်ရဲ့ လမ်းစဉ်ကို လိုက်နာတယ်ဆိုတာ ဒီပုဂ္ဂိုလ်ကို ကြည်ညိုလေးစားစိတ် ရှိရပါ့မယ်ဆိုတာ ဒို့လက်ခံပါတယ်….ဗိုလ်ချုပ်အောင်ဆန်းကို ဒို့မတွေ့ခဲ့ပါဘူး..ဒါပေမဲ့ ဗိုလ်ချုပ်ကို ဒို့လေးစားတယ်…ဗိုလ်ချုပ်ရဲ့ လမ်းစဉ်ကို ယုံကြည်ပါတယ်…ဒီနေရာမှာ ယံကြည်တယ်ဆိုတာ…ယုံကြည်ယုံနဲ့ မပြီးပါဘူး…သူပြောတဲ့ အတိုင်းလိုက်လုပ်မှ ကိစ္စပြီးပါတယ်…လမ်းညွှန်သူဆိုတာ ပန်းတိုင်အရောက် ထမ်းခေါ်ပေးတဲ့လူ မဟုတ်ပါဘူး…

        .ကြည်ညိုတယ်ဆိုတာလည်း …ယခုအကြည်ညိုခံ ပုဂိ္ဂုလ်တွေ မရှိတော့လည်း….သူထားခဲ့တဲ့ နည်းပညာတွေ၊ အဆုံးအမတွေကိုကြည့်ပြီး….ဪသူတို့တတွေဟာ လေးစားထိုက်တဲ့ လူတွေပါလားဆိုပြီး ကြည်ညိုဖို့လည်းလိုသလို လိုက်လုပ်ဖို့ပိုအရေးကြီးပါတယ်လိုက်လုပ်ရင်ကြည်ညိုရာရောက်ပြီးသားလို့ ဒို့မြင်ပါတယ်…ဒါကြောင့်ပန်းရေချမ်းဆွမ်းတွေနဲ့ အချိန်ကုန်ခံပြီး လုပ်နေဖို့မဟုတ်ဘူးလိုဒို့မြင်တယ်…

        ကားမောင်းတတ်အောင် သင်ပေးတဲ့ ကားဆရာကို ကားမမောင်းခင် နေ့တိုင်း သူ့ကိုပန်းရေချမ်းဆီမီးတွေနဲ့ သူရှေ့မှာ ဒူးထောက်ပြီး ကြည်ညိုဖို ဘယ်ကားဆရားကမှမခိုင်းပါဘူး….ကားမောင်းတဲ့ အခါ အန္တရာယ်မရှိမောင်းတတ်ဖို့ပါ…ငါကားမောင်းတတ်အောင်ဘယ်သူက သင်ပေးခဲ့တာလည်း သူမေ့လောက်ပါဘူး…

        ဘုရားဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ဝကျော်က ကြည်ညိုလေးစားထိုက်တဲ့ လူသားတစ်ယောက်ပါ…အခုသူမရှိတော့ပေမဲ့ သူကိုလေးစားကြည်ညိုတာ ဘာကိုကြည့်ပြီးလေးစာနေကြသလဲ? ရုပ်ကိုယ်ကောင်ကိုပြောသလား? အဆုံးအမကိုပြောတာလား? သူအသက်ရှင်စဉ် ဝက္ကလိ ငါကိုယ့် ခန္ခာအပုပ်ကောင်ကိုကြည့်ပြီး ကြည်ညိုနေလို့ ဘာမှ မထူးဘူး…ငါ့ရဲ့ အဆုံးအမကို သဘောမပေါက်ရင်..ငါ့ကိုကြည်ညိုရာမရောက်ဘူး..

        ဘုရားကိုကြည်ညိုလွန်းလို့ ဘုရားအစစ်အမှန်ကိုရှာနေရတာပေါ့…ဒါပေမဲ့ ဒို့ရှာတဲ့ ဘုရားက မြေလျှိုးမိုးပျံ…နတ်ပြည်ကို ခြေလှမ်းသုံးလေးလှမ်းနဲ့ ကြွတဲ့ ဘုရားတော့ မဟုတ်ဘူး…

        ဒို့ရှာတဲ့ဘုရား၊ တရား၊ သံဃာက ဒီလိုပါ…

        ဘုရား…
        တလွဲမတွေးနဲ့ …ကလေးတို့ရယ်…ဒို့ရဲ့ ဘုရားဆိုတာကွယ်…
        သားတို့လို မိဘများ…လူသားကမွေးဖွား…
        လူသားအကျိုးမြင့်တင်ရန်… ကိုယ်တိုင်အားစိုက်ဇွဲတွေသန်…
        အသိဉာဏ်ပညာသာလို့သွား… လူသားခေါင်းဆောင်တို့ဘုရား…

        တရား…
        သာမန်လူသားဒို့ဘုရားမှာ…တရားသိမြင်တာ…
        တရားဆိုတာ သမ္မာကွဲ့ …
        လူမှာကပ်ပြီးဆောင်ရသတဲ့…
        ပေးယူမျှတကျိုးလိုလား..အဲဒါဒို့ဘုရား…
        ဘဝလမ်းညွှန်…နေနည်းစနှစ်…
        မြတ်တရားရဲ့အနှစ်…

        သံဃာ….
        ဘုးရားရဲ့သား…သံဃာမှာ…
        လူသားကိုးကွယ်ရာ…
        သိမြင်ကျင့်တွေတူပါမှ…သံဃအဖြစ်ကိုရ…
        မဂ္ဂင်ပွားရင်းတရားရှာ…လူသားတွေအတွက်ပါ…
        အသိဥဏ်ပညာပေးကာပွား…တို့ရဲ့ သံဃာများ…

  • kthwinzayarmyo

    September 25, 2012 at 10:50 am

    အရီးစာကို ဖတ်ပြီးတော့ ပိုစ် တင်သူအပေါ် အရီးရဲ့ စေတနာကို
    တွေ့ပါတယ်. အရီးပြောသလိုပဲ တရားစခန်း ဝင်ရင်
    သမာဓိ ရတယ်. အေးချမ်းတယ်ဆိုတာ ကျွန်တော် တော့ သိပါတယ်
    အရင်တုန်းက မန္တလေး ဖားအောက်တောရမှာ တစ်လကျော်လောက်
    ကိုရင်ဝတ် တရားအားထုတ်ဖူးတယ် (အဲဒီ တုန်းက ကျွန်တော့ အမြင်က
    ဖားအောက်နည်းမှ မဟုတ်ရင် တရားရဖို့တောင် ခက်ခဲတယ်လို့)
    ဒါနဲ့ ကျွန်တော့် Mail ထဲ ကို အင်အားကြီးလာတဲ့ မိုးပြာ အဓမ္မ ဝါဒ ဆိုတဲ့
    စာ ရောက်လာတော့ စည်းရုံးရေး ကောင်းတယ်ဆိုတော့
    ငါတော့ဖြင့် နားယောင် မသွားလောက်ဘူးလို့တွေးပြီး
    မဖတ်သင့်တဲ့ site တွေလို့ပြောတဲ့ sayamvasi တို့တွေ ဖတ်ပြီး
    လွတ်လပ်တဲ့ .ငြိမ်းအေးတဲ့ ယောနိသော မနသီကာရ ဖြစ်တဲ့ အတွေးအမြင်တွေ
    ဖြစ်လာတဲ့အတွက် ကျွန်တော် ပစ္စုပ္ပန် ကမ္မ ဝါဒီ ဖြစ်သွားတော့တာပဲ
    အရီးပြောတဲ့ စိတ်အေးချမ်းမှုကို သိပါတယ်
    စိတ်ငြိမ်းအေးမှု နဲ့ မတူ တာပါ. ဦးဉာဏ ညွှန်ကြားချက်က
    ယောနိသော မနသီကာရ ဖြစ်ပြီးမှ (တရားသဘောသိပြီးမှ)
    သိပြီးတာတွေ ပွားများရမယ်
    ဒါကြောင့် ပိုစ်တင်သူက သူ့အမြင်နဲ့
    (မသိခင် ပွားနေတဲ့ တရားစခန်းတွေကို အပြစ်မြင်တာလား? )

    • Ko out of...

      September 25, 2012 at 12:10 pm

      kthwinzayarmyo ပြောသလိုဘဲ….သိပြီးမှပွားများရမှာ…ဆိုတာမှန်ပါတယ်…

      မသိခင်က ဘာကိုပွားများမလဲ?

      အရိယာရဲ့ပထမ အဆင့်ဟာ ဘာဝနာ ပုဂ္ဂိုလ်မဟုတ်သေးပါဘူး…ဒဿနပုဂိ္ဂုလ်ဘဲရှိပါသေးတယ်…

      ပထမအဆင့်ဟာ ပြဿနာတွေကို ရှင်းလင်းနိုင်တာ မဟုတ်သေးဘူး…ပြဿနာတွေကို ရှင်းလင်းပြီးတာလည်းမဟုတ်သေးဘူး..ရှင်းလင်းရမည့် ပြဿနာကို သိသူဘဲဖြစ်သေးတယ်..
      ဒါကြောင့် ဘာဘဲလုပ်လုပ်…သိပြီးမှ လုပ်စေချင်တဲ့ ရည်ရွှယ်တခုကလွှဲလို့ ဘာရည်ရွှယ်ချက်မှ မရှိပါဘူး…တရားသိဖို့ဆိုတာkthwinzayarmyo အပေါ်မှာရေးထားသလို သူတော်ကောင်းနဲ့ အရင်ပေါင်းရမည် စသည့် အချက် (၄)ချက်ကိုပေါ်အခြေခံဖို့လိုတယ်….သူများပြောတဲ့ အရိယာဆိုပြီးတော့လည်း ချက်ချင်းလက်မခံသေးနဲ့ဦး? သူဟောတဲ့တရားဟာ…တရားဂုဏ်ရည် (၆) ချက်နဲ့ ကိုက်ညီရမယ်…အဲဒီထဲမှာ တချက်ချက်လွှဲချော်နေရင်လည်…ဒါမဟုတ်သေးဘူး…

      တရားဂုဏ် (၆)ချက်ကို အသေးစိတ်သိချင်တယ်ဆိုရင် ဓမ္မဝိဟာရီဆရာတော်ဟောကြားတဲ့ တရားလေးနာယူကြည့်ပါလား?….http://www.ariyathitsa.org/

  • koko thant

    September 25, 2012 at 11:42 am

    …. ကျွန်တော်ဝင်ပါကြည့်ပါရစေ…
    ဒီပို့မျိုး…ဒီကွန်မန်းမျိုးတွေတွေ့ရ..ဖတ်ရတာဟာ..ဒီဆိုက်ရဲ့ အရသာ..
    ဒီဆိုက်ရဲ့ အဓိပါယ်ပါပဲ။ ဒီဆိုက်ရဲ့ လှပမှုလို့ပြောချင်ပါတယ်။
    တဦးနဲ့ တဦး…အပြန်အလှန်ဝေဘန်ထောက်ပြ ကြတာဟာ တိုးတက်ဖို့ ရဲ့ အဓိက အခြေခံလို့လဲ ခံစားမိပါတယ်။
    ဒါပေမယ့် ဒီမှာဖတ်ရတာကတော့…လိုနေသေးသလိုခံစားမိတယ်။
    တဖက်က သူ့အမြင်.. သူ့အသိတွေကို တင်ပြပြောဆိုသွားတယ်။
    တဖက်ကတော့.. အဲဒီအမြင် အဲဒီအသိတွေကို ဝေဘန်ခြင်း.. ထောက်ပြခြင်း. ဆွေးနွေးခြင်းမျိုးသိပ်မဟုတ်ပဲ.. လူကိုပဲ လိုက်ဖိနေတယ်။
    တဖက်ကတော့လဲ .. မူကိုပဲ ပြောချင်တာတွေကို ပြောပြသွားတတ်တယ်။
    တဖက်ကတော့လဲ.. လူကိုပဲ လိုက်ဖိနေတယ်။ သေသေချာချာဖတ်ကြည့်ရင် အထင်သားကြီးတွေ့နေရပါတယ်။
    ဘယ်သူက ဘယ်လိုဆိုတာကတော့ စာဖတ်သူတိုင်းတွေ့မြင်နိုင်တာမို့ ကျွန်တော်ပြောနေစရာလိုမယ်မထင်မိပါဘူး….
    ဒါထက်တိုးတက်တဲ့ ဝေဘန်မှုမျိုးများ ထွန်းကားပါစေလို့ ဆန္ဒပြုရင်း….

    • kai

      September 25, 2012 at 12:25 pm

      လွတ်လပ်စွာ..ရေးသားပြောဆို.. ဆွေးနွေးခွင့်ရှိခဲ့ရင်..
      အဲဒါတွေမှာ.. တည်မှီပြီး.. ဖတ်သူ..ရေးသူ..ဆွေးနွေးသူတွေ.. အသိသညာတိုးတယ်..။
      လူတွေအရည်အသွေးတက်လာတယ်..။ တိုးတက်တယ်လို့.. သိသာပါတယ်..

      ဆိုတော့…
      စာဖတ်သူတွေ..ဆုံးဖြတ်ပါစေ…
      သမိုင်းကျန်ရစ်စေသတည်း… :harr:

    • Ko out of...

      September 25, 2012 at 12:30 pm

      koko thant says: welcome ပါဗျာ..

      တကယ်တော် လူတွေက မူနဲ့လူ စသည်ဖြင့်ပြောပြောနေကြတာ တကယ်တမ်းလူနဲ့မူကို ကွဲကွဲပြား မသိကြဘူးဗျာ….နိုင်ငံတနိူင်ငံ မတိုးတက်တာ လူကိုတော်လှန်ရမှာ မဟုတ်ဘူး မူစနှစ်ကို တော်လှန်ရမှာ…ဒါလူတိုင်းသိတယ်….မူကိုတော်လှန်တာ ဘာဖြစ်လို့လူတွေသေနေကြလဲ?
      ဘုရားတရားဟာ လူအကြောင်းဘုရားမပြောဘူး…လူပေါ်မှာ ချယ်လှယ်နေတဲ့ ဒုက္ခအကြောင်း ကိုသာပြော…ဒါကြောင့် သူတို့ကိုဘယ်လောက်ဟောဟော မရဘူး…ဒဿနမပေါက်သရွှေ့ ပြဒါးတလမ်း သံတလမ်းဘဲဗျာ…ဒီလို thirdperson အနေနဲ့လေ့လာပေးတာ သိပ်ကောင်းတယ်…ဆက်ဝေဖန်ပေးပါ ဝဲလ်ခမ်းဘဲ…

    • San Hla Gyi

      September 25, 2012 at 6:41 pm

      ကဲ ကိုယ့်ဆရာ ခင်ဗျားလဲ မိုးပြာဆိုတာ ကျုပ်သိပါတယ်။ ဘယ်သူမှ လူကို မဖိပါဘူး။ ခင်ဗျားလူတွေ ကျုပ်မေးတဲ့ ရှင်းရှင်းလေး မေးခွန်းကို မဖြေပဲ ဝေ့နေပါတယ်။ ဘာတွေ ကြောက်နေသလဲ မသိပါဘူး။ ခင်ဗျားပါ ကူပြီး တိုက်တွန်းပေးပါ။ ဒါမှမဟုတ် ခင်ဗျားဝင်ဖြေလဲ ရပါတယ်။

Leave a Reply