အမှု့တိုင်ကြားသူအား အော်ဟစ်မောင်းထုတ်သော စခန်းမှုးအား … တိုင်ကြားထားသော်လည်း အရေးမယူသေးခြင်းကိစ္စ …

myohtatSeptember 23, 20121min1398

ကျွန်မ .. ဒေါ်ငွေရည်စိုး .. နိုင်ငံသားအမှတ် (ရ/ညလပ(နိုင်)113030 ) ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်မြို့နယ်
ဝင်္ဂဘော်ကျေးရွာနေသူသည် (15-5-2012) ည (7း30)နာရီ ခန့်အချိန် တရွာထဲနေ အောင်ကျော်လင်း(ခ)ဖိုးလင်း ဆိုသူမှ
အရက်မူးပြီး ပိတ်ထားသောတံခါးအားကန်ဖွင့်ခြင်း မကြားဝံ့မနာသာ ဆဲဆိုရန်ဆခြင်းများပြုလုပ်နေပါသဖြင့် ထိမ်းသိမ်း
အရေးယူပေးပါရန် ပြွန်တန်ဆာရဲစခန်းသို့  ည .. (8း30)နာရီ ခန့်တွင်တိုင်ကြားခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်း
မရှိပါသဖြင့် (16-5-2012) နေ့ (9း30)နာရီ ခန့်တွင် ပြွန်တန်ဆာရဲစခန်းသို့သွားပြီး ထပ်မံတိုင်ကြားခဲ့ရာ ပြွန်တန်ဆာရဲစခန်းမှုးမှ
အရေးယူဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် ကျွန်မအား အော်ဟစ်မောင်းထုတ်ခဲ့ပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ (ကူညီပါရစေ) ဟု ချိတ်ဆွဲထားသော ဆိုင်းဘုတ်လေးကိုကြည့်ပြီး မျက်ရည်ကျမိပါသည် …
ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ဟု ရဲစခန်းတိုင်းတွင်ချိတ်ဆွဲထားသည်ကိုမှမလေးစားဘဲ
အကူအညီတောင်းသောပြည်သူ တဦးအား ရိုင်းပြစွာ အော်ဟစ်ကြိမ်းမောင်း မောင်းထုတ်ခြင်းမှာလည်း(လုံးဝ)မဖြစ်သင့်ပါ …
ထို့ကြောင့် … ရဲချုပ် …   မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရုံးအမှတ်(8) နေပြည်တော်ဟုလိပ်မူတပ်ပြီး …
မိတ္တူများကို (1) ဝန်ကြီး … ပြည်ထဲရေးဝန်ကြီးဌာန ရုံးအမှတ်(10)နေပြည်တော်
(2) ဒုဝန်ကြီး … ပြည်ထဲရေးဝန်ကြီးဌာန ရုံးအမှတ်(10)နေပြည်တော်
(3) ပဲခူးတိုင်းရဲတပ်ဖွဲ့မှုး … ဟု …  (21-5-2012)နေ့တွင် နေရပ်လိပ်စာ နိုင်ငံသားအမှတ် အပြည့်အစုံရေးပြီး ..
စာတိုက်မှ မှတ်ပုံတင်စာပြုလုပ်ပြီး  တရားဝင်တိုင်ကြားခဲ့ပါသည်။
တိုင်ကြားပြီး … တစ်လခန့်အကြာမှာ .. ညောင်လေးပင်မြို့နယ်ရဲတပ်ဖွဲ့မှုးမှ .. ကျွန်မအားခေါ်ယူစစ်ဆေး
မေးမြန်းခဲ့ပါသည်  .. ယနေ့တိုင်(လုံးဝ)ထူခြားမှု့မရှိသေးပါသဖြင့် … ရိုသေလေးစားစွာဖြင့် .. ထပ်မံတင်ပြတိုင်ကြားအပ်ပါသည်။

ရိုသေလေးစားစွာဖြင့်
ဒေါ်ငွေရည်စိုး ရ/ညလပ(နိုင်)113030

ဝင်္ဂဘော်ကျေးရွာ ၊ညောင်လေးပင်မြို့နယ်
ပဲခူးတိုင်းဒေသကြီး။

 

မှတ်ချက် … မတရားဘူးထင်လို့ … ဒီ …(post)ကို တဆင့်တင်ပေးလိုက်တာပါ ….

8 comments

  • ကိုရင်မောင်

    September 23, 2012 at 3:58 pm

    ဒီခေတ်ဂျာနယ်တွေလွတ်လွတ်လပ်လပ်ရေးနေကြပြီ…
    ဂျာနယ်တွေကနေရေးလိုက်ယင်ပိုကောင်းမယ်ထင်တယ်….
    ပိုထိရောက်မယ်လို့ထင်ပါတယ်……….

  • ဂဂျီဂဂျောင် ပျိုတို့မောင်

    September 23, 2012 at 7:40 pm

    ဟုတ်ပါ၏ ၊ ဂျာနယ်တစ်စောင်စောင်နှင့်ကစ်လိုက်လျှင် ကြည့်ကောင်းသောပွဲ တပွဲ
    ဖြစ်လာနိုင်ပါကြောင်း နှင့်
    တာဝန်မဲ့ ပြည်သူ့ဆန်စား ရဲငမှုူး အား ထိရောက်စွာ အပစ်ပေးသင့်ကြောင်း ။

  • myohtat

    September 24, 2012 at 9:08 am

    အခုလို အကြံပေးကြတာ … အထူးဘဲကျေးဇူးတင်ပါတယ် …
    အဖွဲ့သားအားလုံးကို .. လေးစားစွာဖြင့် …

  • Thu Wai

    September 24, 2012 at 9:58 am

    သစ်ထူးလွင်မှာ ဓတ်ပုံနှင့်တကွ တင်ကြည့်ပါ တစ်နိုင်ငံလုံး တစ်ရက်အတွင်းပျံ့သွားလိမ့်မည်

  • mayjuly

    September 24, 2012 at 11:06 am

    ဒါမျိုးတွေ က ရှိနေသေးပါလား…..
    ပြည်သူတွေကို မထီမဲ့မြင်လုပ်နေသလိုပဲ …
    ဒီလိုစိတ်ဓါတ်တွေ ဘယ်တော့များမှ ပပျောက်မှာပါလိမ့် …

  • candle .

    September 24, 2012 at 7:10 pm

    တော်တော် ဆိုးပါလား..
    ပြည်သူက ဘယ်သူ ့ကိုအားကိုးရမှာလဲ..
    ပြောတော့ ကူညီပါရစေဆို..

  • ဘဲရှုပ်

    September 24, 2012 at 8:30 pm

    တော်တော်ဆိုးတဲ့ ရဲတွေ
    ရဲတပ်ဖွဲ့ နံမည်ကို လူဆိုးတပ်ဖွဲ့လို့ တရားဝင်ပြောင်းပေးရမယ်
    အခြေခံလူတန်းစားအတွက် အားကိုးဖို့ရာ မလွယ်ရေးချ မလွယ်ပါ
    ေs ာက်ကျင့်ကလဲ ခေါက်ရိုးကျိုးနေကြမှကိုး ။

  • uncle gyi

    September 24, 2012 at 11:22 pm

    ဒီလိုပါပဲရဲစခန်းသွားအမှုဖွင့်ချင်ပါတယ်ပြော
    သူတို့ကလာရောက်အကြောင်းကြားထားပါသည်လို့စာအုပ်တအုပ်ထဲရေးပြီးရင်
    ပြီးပြီအမှုဘယ်တော့မှမဖွင့်ဖူး
    ဖွင့်ပြီးအမှုတွေမပြတ်ရင်သူတို့အထောင်းခံရမှာလေ

Leave a Reply