အူးဗိုက်နှင့် ဂျပု သရဲခေါင်းပြတ်

ဂ်စ္စူSeptember 23, 20121min39241

အလုပ်မှာ ပင်ပန်းခဲ့၍လား မသိ ၊ ဒီနေ ့အိမ်အပြန်ခရီးဟာ ပုံမှန်နေ ့တွေထက်ပိုပြီး အနည်းငယ် နွမ်းလျနေသလို ခံစားမိသည်။

ခန္ဓာကိုယ်ကတော့ တစ်ချိန်လုံးနီးပါး ထိုင်နေရတဲ့ အလုပ်ဖြစ်ပေမဲ့ အကြောင်းပေါ်ပြီဆိုလျင် လူကော ဦးနှောက်ကော မနားရအောင် လှုပ်ရှားရသည်။

မန်နေဂျာရဲ့ အရေးပေါ် အစည်းအဝေးဆိုပြီး ရစ်လိုက်တဲ့အရစ်ရယ် ၊ ရှားပြီး ကြပ်လွန်းတဲ့ လိုင်းကားတွေရယ်ကြောင့်လည်း အိမ်ပြန်ခရီးဟာ ပုံမှန်နေ ့တွေထက် ပိုပြီး လူကို နောက်ကျ နွမ်းလျသွားစေသည်။

ပင်ပန်းခဲ့၍ ဗိုက်ဆာတာရယ် အနားယူချင်တာရယ် ပေါင်းပြီး အိမ်အမြန်ရောက်ချင်တဲ့စိတ်သာ ဇောကပ်နေတော့သည်မို ့ လိုင်းကားပေါ်က ဆင်းသည်နှင့် ခြေလှမ်းသွက်သွက်တွေက အိမ်သို ့အမြန်ရောက်ဖို ့သာ။

 

ဒါကြောင့်..

ကွေ ့ပတ်ပြီး တစ်မိုင်ကျော်လောက် လျှောက်ရလေ့ရှိတဲ့ အရင်နေ ့တွေက ပုံမှန်ပြန်နေကျလမ်းကို ခေါက်ပြီး

ဖြတ်လမ်း…“အင်း..ဖြတ်လမ်း..က တစ်ဝက်နီးပါးလောက် ကို နီးတာ…” ဆိုပြီး နယ်ခံတွေသာအများဆုံး သိတဲ့

ခပ်မှောင်မှောင် လူပြတ်တဲ့ ဖြတ်လမ်းကို စိတ်ဒုံးဒုံးချပြီး ရွေးလိုက်မိသည်။

ဖြတ်လမ်းကို လျှောက်တာတောင် စိတ်ကိုဒုံးဒုံးချပြီး လျှောက်သည်ဟူ၍ မသိသူများက ဒီကောင် ငကြောင်စကားပြောတယ် ဆိုပြီး ဟားကြပေလိမ့်မည်။သို ့ပေမင့်..

ကိုဗိုက်လို ဓာတ်သိ မြို ့ခံ တစ်ယောက်အတွက် ဒီလိုအချိန် ဒီလမ်းကို ရွေးချယ်ခြင်းဟာ အင်မတန် စိတ်ခြောက်ခြားခြင်းကို ဖြစ်စေသည်။

ညနေစောင်းလျင် လူသူကင်း တိတ်ဆိတ်နေပြီး၊ ခြံကြီး အိမ်ကြီးတွေ ဆောက်ထားသော်လဲ အိမ်အတော်များများမှာ အတည်နေထိုင်သူ လူမရှိပဲ ကုက္ကိုပင်ကြီးတွေ၊ ဝါးရုံတောတွေ ၊ ခြံကွက်လပ်က လူ ့တစ်ရပ်ရှိတဲ့ မြက်ရိုင်းပင်တွေ၊ ဝယ်ပြီး ပြစ်ထားတာကြာလို ့ ဆွေးမြေ့ ပျက်စီးနေတဲ ့ အိမ်အိုကြီးတွေရယ်သာ ရှိတဲ့ ဒီဖြတ်လမ်းဟာ ညဆို ခြောက်တယ် ဆိုတဲ့ ကောလဟလတွေနဲ ့ပေါင်းပြီး ကိုဗိုက် စိတ်ခြောက်ခြားမိတာ တော့ အမှန်ပင်ဖြစ်သည်။

 

နာနဘာဝ ဝိနာဘာဝတွေ စိတ်မဝင်စား၊ အယုံကြည်မရှိပေမဲ့ လမ်းအတွင်း တဖြည်းဖြည်း လျှောက်ဝင်ခဲ့သည်နှင့်အမျှတော့ ပို၍ ခြောက်ခြားနေဆဲဖြစ်သည်။

ဆေးသမား ပေါက်ဖော် ဆေးသွင်းရင်း မတော်တဆ သေခဲ့တဲ့ ကင်းတဲပျက် အနားရောက်တော့ ကြက်သီးအနည်းငယ် ထသွားသည်။

ကင်းတဲကျော်အောင် လျှောက်ပြီးတော့မှ ဒီလူ ဆေးဘိုး လာတောင်းရင် ဒုက္ခ ဆိုပြီး မလုံမလဲ အနောက်လှည့်ကြည့်မိသည်။ လာမတောင်း၊ အခြေအနေကောင်းသည်၊ အေးဆေး ဆက်လျှောက်သည်။

ခြောက်လို ့ ဘယ်သူမှ လာမငှားတော့ဘူးဆိုတဲ့ အိမ်အမဲကြီးနားရောက်တော့ အလင်းရောင်မဲ့နေသဖြင့် အားတော့ ငယ်မိသည်။ထိတွေ ့မြင်နိုင်သမျှ အရာ ခါးပိုက်နှိုက်၊ဓါးပြတွေမကြောက်၊ ကိုယ့်ခြေထောက် ကိုယ်ယုံပြီး ဘာမဟုတ်တဲ့ ကို်င်မရ ထိမရ မမြင်ရတဲ့ဟာတွေ အသံတွေကိုမှ စိုးရိမ်နေတဲ့စိတ်ကိုလည်း ချဉ်မိသည်။

 

အပင်ထိပ်ဂွကြားမှာ ခွထိုင်ပြီး ခြောက်တယ်ဆိုတဲ့ ခြံကွက်လပ်က ကုက္ကိုပင်ကြီးရယ် ၊ခပ်မှောင်မှောင် လမ်းချိုးရယ်၊ ဝါးရုံတောရယ် ကျော်ရင် လမ်းမကြီးပေါ်ရောက်ပြီမို ့ ခပ်သွက်သွက်လျှောက်ရန်သာ လိုတော့သည်။

ကုက္ကိုပင်ကြီးနားရောက်တော့ အားရပါးရ ဆွဲမဟ ဆိုပြီး ကားဂိတ်နားက ဝယ်ခဲ့တဲ့ အမဲနှပ် ပါဆယ်ထုတ်ကို ပြန်လည် သတိထားမိပြီး ကျစ်ကျစ်ပါအောင် ဆွဲထားမိလိုက်သည်။

တော်ကြာ အိပ်ပျော်နေတဲ့ သရဲကို အမဲနံ ့ပေးပြီး နှိုးမိသလို ဖြစ်မည်စိုး၍ အနံ ့မထွက်အောင် အိတ်ဝကို လက်ဖဝါးဖြင့် အသာအုပ်ပြီး ခက်သွက်သွက် လျှောက်လာလိုက်သည်။

လမ်းချိုးရောက်တော့ ခပ်ဆူးဆူး အူချလိုက်တဲ့ ခြံစောင့် ခွေးတစ်ကောင်ကြောင့် ကြက်သီးထသွားသည်။

ဒီတစ်ကောင် စ.အူလိုက်တာနဲ ့ တခြား ခွေးတွေပါ လိုက်အူကြကုန်သည်။

 

ပရလောကသားတွေကို ခွေးတွေက မြင်နိုင်တယ်ကြားဖူးသဖြင့် ဆေးသမားသရဲများ ပါလာသလား..ကုက္ကိုပင်ဂွက အကောင်များ ပါလာသလား မလုံမလဲဖြစ်ပြီး ဟိုကြည့်ဒီကြည့်ဖြင့် ခြေလှမ်းတွေကို ပို၍ အရှိန်မြှင့်လိုက်သည်။

လမ်းချိုးကွေ ့ပြီး ဝါးရုံတော ကျော်တာနဲ ့ လမ်းမကြီးသို ့ရောက်ပေတော့မည်မို ့ စိတ်အနည်းငယ် သက်သာရာရပြီး စိတ်ကလဲ..“ ဟဟ ဘာကောင်မှလဲ မရှိဘူး အေးဆေးဘဲ..” ဆိုပြီး အမှတ်မထင် ဘေးဘီ မျက်လုံးကစားကြည့်ရာ…

“အား..မေရီး…ခေါင်းပြတ်ရီး………………………အား……..သရဲ.သရဲ………….သရဲဗျို ့….အဟီး..ဟီး..ခေါင်းပြတ်ရီး…….အီး..အား…..အီး…….” ဆိုပြီး

ကိုဗိုက်တစ်ယောက် ငိုယိုအော်ဟစ်ပြီး အမဲနှပ်ထုတ်ဆွဲ၍ ပြေးပါတော့သည်။

အမဲထုတ် တစ်ရမ်းရမ်းနှင့် အော်ငို၍ ပြေးသည်မှာ တရုတ် ကျန်ကျောင်း မြင်လျင် မင်သက် အံ့ဩရလောက်အောင်ပင် အလျင်ကား မြန်လှချေသည်မို ့ တခဏတွင်း ရပ်ကွက်တွင်းသို ့ရောက်၍  တစ်ရပ်ကွက်လုံး အပြင် ရပ်ကွက်လူကြီး ဦးခိုင်ပါ လန် ့နိုးလာပြီး

 

“ဟေ့ရောင် မောင်ဗိုက်…လစ်မစ်မပြည့်ရင် င့ါဆီ ပိုက်ဆံလာချေးကွာ၊ ရပ်ကွက်ကိုတော့ ဆူအောင် မနှောက်ယှက်နဲ ့” ဟူ၍

ဆူပူကျိန်းမောင်းတော့၏..။

မောင်ဗိုက်လဲ မခံချင်သဖြင့် ခေါင်းပြတ်သရဲကို ကိုယ်တွေ ့လိုက်ရှာပြီး၊ တစ်ကယ်ဟုတ်ရင် သုတ်သင်ရှင်းလင်းပေးရန် ဦးခိုင်နှင့် ဆိုက်ကားသများတွေကို စိန်ခေါ်ရတော့သည်။

 

ဦးခိုင်နှင့် ဆိုက်ကားသများအချို ့လဲ ဓာတ်မီးကိုယ်စီယူ၍ မောင်ဗိုက်တွေ ့ခဲ့သည့်သရဲကို လိုက်ရှာကြရာ..

ထိုနေရာအရောက်…

 

ခွေးတစ်ကောင်မှ ခေါင်းပြတ်သရဲအား ပတ်၍ ဟောင်နေတာတွေ ့ရ၏။

“တွေ ့လား သဂျီး…၊ခွေတောင်မြင်တယ်…ကျော်ပြောသားပဲ.သရဲက ခေါင်းပျက်နေတဲ့ ဂျပုပါလို ့..”

“ အသာနေစမ်းပါ ငဗိုက်ရာ..သေချာ ဓာတ်မီးနဲ ့ ထိုးကြည့်ကြပါဦး ဟ..” ဆိုပြီး ခွေးဟောင်နတဲ့ ဂျပု ခေါင်းပြတ်သရဲကို  ဓာတ်မီးနှင့် ဝိုင်းထိုးကြရာ..

“ဟင်..ဟာ”..ဖြစ်ကုန်ကြသည်။

ဟုတ်သည်။

အင်္ကျ ီအဖြူဖြင့် လူတစ်ယောက် ကျောပေးပြီး ဝါးနှစ်ပင်ကြား တွင် ခေါင်းစိုက်ဝင်လျက် ဒူးထောက်ခွေကျနေသည်။

ဆိုက်ကားသများအချို ့က ထိုလူအား..

ဂုတ်ဆွဲ တွဲထူပြီး ဓာတ်မီးဖြင့် ဝိုင်းထိုးကြည့်ရာ…အောင်ပု ဆိုသူဖြစ်နေ၏.။

ဆူဆူညံညံ အသံတွေနှင့် ဝိုင်းထိုးထားတဲ့ ဓာတ်မီးအလင်းရောင်ကြောင့် ငမူး အောင်ပုမှာ ဂယောင်ခြောက်ခြားဖြင့်

“ဟေ့ရောင် ကြောင်ရီး..ချဲတစ်ထောင်ဖိုး ပေါက်တာတောင် ဒီလောက် မီးစူးတဲ့ ကလပ်ပဲ ခေါ်လာရသလားဟ…” ဟူ၍ အမူးသံဖြင့် လေးလေးဖင့်ဖင့် ငြည်းတွားသံ စတင်ထွက်ပေါ်လာပြီး “ဂေ့…” ဆို

ကြို  ့တစ်ချက်ထိုး၍ ပြန်အိပ်သွားလေတော့၏..။

ချဲတစ်ထောင်ဖိုးပေါက်သော ဘော်ဒါဖြစ်သူ ကြောင်ရီးနှင့် အတူ အလွန်အကျွံ သောက်စားလာခဲ့ပြီးအပြန် ၌ ဝါးရုံဖက်၍ အပေါ့သွားရာမှ အိပ်ပျော်သွားဟန် ဖြစ်ပုံပေါ်၏..။

 

ဒူးထောက်၊ ကျောပေး ခေါင်းခွေနေတဲ့လူကို အမှောင် အကြောင်းပြပြီး မဆင်မခြင်ဖြင့် ဂျပုသရဲ ခေါင်းပြတ် ဟု အော်၍

ရပ်ကွက်ဆူအောင်လုပ်သော ဗိုက်ကလေးနှင့် ဝါးရုံတောမှာ ရှူးပေါက်ရင်းတောင် အိပ်ပျော်နိုင်သော အောင်ပု ဆိုသူတို ့အား ရပ်ကွက်လူကြီး ဦးခိုင်မှ စိတ်လေသော အမူအရာဖြင့် ပွစိပွစိလုပ်ကာ တစ်ဦးတည်း ဒေါခွီး၍ အရင်လစ် ချ သွားလေတော့ သတည်း….။

 

ကျေးဇူးတင်လျက်……….

 

ခွက်ဒစ်တူ – ဘီအီး

လန်ကြုတ်ရေးသားသူ – အူးဗိုက်

 

 

 

41 comments

  • မောင်ပေ

    September 23, 2012 at 7:05 pm

    ခွက်ဒစ် အကွက်သစ်
    နှပ်ပစ် ကြက်ချစ်
    ဆက်ရစ် လက်မနစ် (လစ်မနက်)

  • aemoshu

    September 23, 2012 at 7:48 pm

    ဖတ်ရင်းနဲ့ ငါတောင် လန့်တယ် ဗိုက်ကလေးရယ်…

  • etone

    September 23, 2012 at 7:51 pm

    အဟီး… တော်သေးတာပေါ့ … ငမူးအောင်ပု …ဝါးပင်ကြားမှာ မူးနေတာမို့လို့ ….
    ထင်တာက … … ရူရူးထိုင်ပေါက်နေတာ … ထင်လို့ …. ခွိခွိ :kwi:

  • ရာဇဝင်လူဆိုး

    September 23, 2012 at 7:56 pm

    ဝါးရုံဖက်ပြီး အပေါ့သွားတဲ့ ကိုပု က အရှေ့ကိုငိုက်နေတယ်ဆိုတော့ ..ဖောင်ပြင်နေမလားပဲ။
    ချဲတစ်ထောင်ဖိုးပေါက်တဲ့ ကိုကြောင်ကတော့ ခုချိန်ဆို ..မာဆတ် မှာ နှပ်နေပြီထင်တယ်။
    ဒါနဲ့..သရဲ ခေါင်းပြတ်ကြောက်တဲ့ ဗိုက်ဗိုက် ကတော့ သူကြီးဆီက ပိုက်ဆံချေးပြီး…အဟဲ အဟဲ…:P

  • ဇောက် ထိုး

    September 23, 2012 at 9:36 pm

    ဦးဗိုက် နေကောင်းတယ်နော်…ကျန်းမာပါစေဗျာ..

    • စိန်ဗိုက်ဗိုက်

      September 24, 2012 at 11:20 am

      အူးဇောက်.လဲ နေကန်းတယ်နော်..
      အရင်အိမ်ထောင်နဲ ့ပဲ မလား..
      :harr:

  • marblecommet

    September 24, 2012 at 12:06 am

    ကိုဗိုက်က
    ကျော့်ကိုမှ မခေါ်ဘဲကိုး
    အမြည်းကောင်းလို့
    တြောက်ထဲ သွားတော့
    ဂျပုသရဲခြောက်ခံရတယ်
    ထင်ကုန်တာပေါ့…

    • စိန်ဗိုက်ဗိုက်

      September 24, 2012 at 11:22 am

      ူအူးကမ်းနဲ ့ဆို ဂျရှည်သရဲပါ အစစ်ပါလောက်မယ် ဂျ

  • may flowers

    September 24, 2012 at 12:29 am

    အမလေး ဘယ်တော့များသရဲခေါင်းပြတ်ကြီးများထွက်လာမလဲလို့….ခုတော့ :kwi:

  • kyeemite

    September 24, 2012 at 9:04 am

    :kwi: :harr:
    ဦးဗိုက် အထူးကြိုက်
    အမူးတစ်သိုက်
    အရူးအမိုက်

  • surmi

    September 24, 2012 at 9:30 am

    ဖြစ်မှဖြစ်ရလေ ဗိုက်ဗိုက်ရယ်
    တော်သေးတာပေါ ့ ကြောက်ကြောက်နဲ ့
    ဒုတ်နဲ ့မဆော်လိုက်တာ ။
    ဒါမျိုးတစ်ကယ်ကြုံဖူးတယ် ။ အမြင်မှားပြီး သရဲထင်မိတာ

  • Novy

    September 24, 2012 at 9:54 am

    ဂျပု သရဲခေါင်းပြတ် ဆိုတော့
    ဂျပု သရဲခေါင်းပြတ် ပေါ့ :harr:

  • mayjuly

    September 24, 2012 at 9:56 am

    တရဲများကြောက်စရာမှတ်လို့ …

    တခါမှ မမြင်ဘူးလို့ ကြောဒါနော် … :hee:

  • စိန်ဗိုက်ဗိုက်

    September 24, 2012 at 11:33 am

    အူးပေတို ့..
    အူး amoshu တို ့..
    အူး အီတုံးတို ့..
    အူး ရာဇဝင်လူဇိုးတို ့
    အူး မေဖလားဝါးတို ့..
    အူးမိုက်တို ့..
    အူးဆာ တို ့..
    ဦးနိုဗီတို ့..
    အူးမေဂျူလိုင် ရှူရှူးမတို ့..အားပေးတဲ့အတွက ကျေးကျေးပါနော..
    ထီပေါက်ရင် ဘီအီးဝယ်တိုက်ပါ့မယ်
    :harr:

  • kotun winlatt

    September 24, 2012 at 11:36 am

    အဟိ….အူးးးးဗိုက် ဘီးအီးအသောက်များပီးးးး
    ထင်ရောင်ထင်မှားးးတွေ ဖစ်ကုန်တယ်ပေါ့….

    • စိန်ဗိုက်ဗိုက်

      September 24, 2012 at 11:51 am

      မသောက်ရသေးလို ့ဖြစ်တာ အူးဂျက်လီရ 🙂

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    September 24, 2012 at 12:01 pm

    သရဲခြောက်တယ်လို့နာမည်ကြီးတဲ့နေရာတွေကို ဖြတ်ရတော့မယ် ကိုယ်ကလည်းသရဲကြောက်တယ်
    အဲ့သည်အခါ အဆိုပါဒေသကို ညကြီးမင်းကြီး ဖြတ်သန်းသွားဘို့ အခြေနေဖြစ်လာတဲ့ခါ
    အလွန်ဂွကျတတ်ပါတယ်
    မပူကြပါနဲ့ ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု ရဲ့ သရဲခြောက်သောနေရာများကို
    ဖြတ်သွားနိုင်သော အစီမံနည်းနာနိနိဿယကျမ်းကြီး ကို ဆရာစားမချန် ဤနေရာမှ
    ဝေငှလိုက်ပါတယ်
    ဖြစ်တတ်သည်များမှာ –
    အချို့ကတော့ အဲ့သည်ဒေသကိုဖြတ်ရင် ဘုရားစာတွေရွတ်ကြပါတယ်
    တစ်ချို့က သီချင်းအော်ဆိုပါတယ်
    တစ်ချို့က အော်ဆဲဘာဒယ် :mrgreen:
    အချို့ကတော့ ဂဲတွေဘာတွေယူသွားပြီး အဲ့သည်နေရာရောက်လို့ စိတ်မသန့်တဲ့နေရာကို ဂဲနဲ့ထုပါတယ်
    အချို့ကတော့ အဲ့သည်နေရာရောက်တာနဲ့ အပီထွက်ပြေးပါတယ်
    သို့သော် ကျွန်ုပ်ကတော့ အဲ့သည်လိုမလုပ်ပါဘူး
    သိကြတဲ့အတိုင်းပါဘဲ ကျွန်ုပ်ရဲ့ နည်းပညာဟာ အလွန်ရိုးရှင်းပြီး လောင်စာချွေတာတဲ့အဆင့်မြင့်
    နည်းပညာကြီးဖြစ်ပါတယ်
    အဲ့သည်နေရာကိုဖြတ်တော့မယ်ဆိုရင်
    ပုဆိုးကို ခေါင်းမူးခြုံလိုက်ပါ ( အချို့များဝတ်ရုံကြီးခြုံပြီးမျက်လုံးလေးဘဲဖေါ်ထားသလိုပါ )
    ဒီနေရာမှာ သိရမှာက ကိုယ်ဝတ်တဲ့ပုဆိုးကိုယ်ခြုံတာက အခြားအဝတ်တစ်ခုခြုံတာထက်
    ပိုအစွမ်းထက် ( ပိုကြောက်စိတ်နဲ ) တဲ့သဘောရှိပါတယ်
    ဆိုခဲ့ပြီးသလို ကိုယ့်ပုဆိုးကိုယ်ခေါင်းမူးခြုံပြီး မျက်နှာကို တတ်နိုင်သမျှလုံခြုံအောင်လုပ်ပြီး
    အနှီးခရီးကို ဖြတ်သန်းမယ်ဆိုရင် ဘာမှ ကြောက်စိတ်မရှိဘဲ ဖြတ်သန်းသွားနိုင်ပါလိမ့်မယ်လို့
    ရဲရဲကြီးအာမခံပါတယ်
    အထူးပြောခြင်တာက မယုံကြည်မဖြစ်ပါနဲ့ စမ်းကြည့်ပါ ပွဲတွေ့ပါ
    အာမခံသည်။

    • စိန်ဗိုက်ဗိုက်

      September 24, 2012 at 12:05 pm

      အရပ်ရှည်တဲ့လူတွေတော့ ပုဆိုးခြုံရင် ပြဿာရှိမယ်ထင်တယ်နော် ဘပု

      ငယ်ငယ် ခလေးဘဝက နင်ဂျာလုပ်ရင် ခြုံနေတာ တစ်ကိုယ်လုံး လုံတယ်..

      အခုတော့ ပြန်ခြုံကြည့်လိုက်ဦးမယ်..

      အောင်ပု တောင်ရှည် ပုဆိုးရောင်းဝယ်ဖြန် ့ချိရေး လိမိတက်
      မလုံရင် ငွေပြန်အမ်းမည်

      • pooch

        September 24, 2012 at 1:01 pm

        လျှောက်မစမ်းနဲ့နော် ဗိုက်ဗိုက်
        လူမှား အရိုက်ခံနေရအုန်းမယ် 😆

    • ရဲစည်

      September 26, 2012 at 12:48 am

      ကျနှတ် ချုံဖူးသီ
      လူလုံ၏… သရဲ မလန့်.. ဂန့် ဂန့်
      ပုဆိုးခြုံနည်း သင်ဒန်း တက်ချင်၏…

  • Khaing Khaing

    September 24, 2012 at 1:10 pm

    အာ … ပေးထားတဲ့ကော်မန့် ဘယ်ပျောက်သွားလဲသိဝူး ….

    ဒါကထပ်မန့်တာ ….

    အူးလေးဗိုက် …. ဒီအတိုင်းဆို အဲဒီဖြတ်လမ်းမှာ သရဲရှိဝူးပေ့ါနော် …. နောက်နေ့ အဲဒီလမ်းကပဲ ပြန်လာတော့ သိလား ….. အိမ်စောစောပြန်ရောက်တော့ … စောစောခို်င်း … အဲလေ .. စောစောနားရတာပေ့ါလို့ … ဟုတ်ဝူးလား ……..

  • mamanoyar

    September 24, 2012 at 1:43 pm

    တော်ပြီ ဖြတ်လမ်းကတွားတော့ဝူးးးးးးးးးးးးးးးးး သရဲကြောက်တယ်

  • စိန်ဗိုက်ဗိုက်

    September 24, 2012 at 2:02 pm

    အူးလေးပူးချ် တို ့..
    အူးလေးခိုင်ခိုင်တို ့..
    အူးလေး..မမနိုရာတို ့..
    ကျေးကျေးဗျို ့..

    သရဲခြောက်တဲ့ လမ်းတွေသွားရင် ဘပုပြောတဲ့ လုံခြုံရေး အစီအစဉ်ကို တော့ မမေ့နဲ ့ဦးဗျ
    :harr:

    • Khaing Khaing

      September 24, 2012 at 2:09 pm

      ငယ်ငယ်က ကြားဖူးတာပဲ … သရဲခြောက်ခံရရင် သေးနဲ့သာကော့ပန်းလိုက်တဲ့ … သရဲ့လန့်ပြီးထွက်ပြေးရောတဲ့ …

      • လုံမလေး မွန်မွန်

        September 24, 2012 at 2:23 pm

        ကြားဖူးတာကတော့ သရဲက ကြောင်ကြောက်တယ်တဲ့…
        ဒီတော့ သယ်ရင်းတစ်ယောက်က ပြင်ဦးလွင်သွားတော့ ဟိုတယ်ကို ပြန်မဝင်ခင်မှာ ကြောင်မျက်နှာအကြီးကြီးပါသော ဘစ်တစ်ထည်ကို ဝယ်သွားသည်ကို ကြားခဲ့ဖူးပါကြောင်း… :harr:

        • ကိုရင်စည်သူ

          September 24, 2012 at 2:29 pm

          လုံအူးမလေး မွန်မွန်ကို တရဲဘဝမရောက်ခင်က သရဲကြီးအူးစည်လက်ဆွောင်ပေးခဲ့ဒဲ့
          ကြောင်ကြီးသဘက်ကော ချိဒေးရဲ့လား… တိမ်းထားနော့်.. 😳
          သရဲကြီး အူးစည်က ကြောင်ဆိုကြောက်တတ်ဖူး..
          ဂျစ်ဒတ်ဒါ… အဟွီးး :kwi: :kwi:

        • စိန်ဗိုက်ဗိုက်

          September 24, 2012 at 2:43 pm

          အူး လုံမလေးမွန်မွန်..တို ့..
          အူးစိ တို ့..
          အူး ခိုင်ခိုင်တို ့ရေ..

          သရဲလမ်းကို ပုဆိုးခြုံပြီး ကြောင်မျက်နှာဖုံးတပ်ပြီး ရှူရှူးပန်းဖို ့ ရယ်ဒီလုပ်ပြီး ဒိုးရမဲ့ ကိန်းဆိုက်နေပါပကောလားဗျာ..

  • ကိုရင်စည်သူ

    September 24, 2012 at 2:21 pm

    အူးဗိုက်… ကျော့်က သရဲ ကြောက်ဒတ်ဒယ်…
    ကျော့်ကို ဘီလာ တိုက်ဗျာ…
    အူးဗိုက်နဲ့ အတူတူဘီအီးလာ တောက်ပီး
    သရဲမတွေ ရှိဒဲ့လမ်းသွားရအောင်….
    သရဲမလမ်းဒွေရောက်ရင် ကျော့်ကို မေ့နဲ့နော်… 😆 😆

  • လုံမလေး မွန်မွန်

    September 24, 2012 at 2:21 pm

    အကြိမ်ကြိမ်အခါခါ စဉ်းစားပြီးမှ ဒီကွန်မန့်ကို ရေးလိုက်ပါတယ်..တွတ်ပီယောက်ဖ…
    အကြောင်းမှာ အူးလုံမလေးမွန်မွန် ဟူသောအမည်သည် အဆင်ပြေ၏ မပြေ၏ စဉ်းစားနေသောကြောင့်ပေတည်း… :mrgreen:

    ပြောချင်တာကတော့… သဂျီးပြောတဲ့…
    “ဟေ့ရောင် မောင်ဗိုက်…လစ်မစ်မပြည့်ရင် င့ါဆီ ပိုက်ဆံလာချေးကွာ၊ ရပ်ကွက်ကိုတော့ ဆူအောင် မနှောက်ယှက်နဲ ့”
    အဲ ဇဂါးကို ဘယ်အခြေအနေပဲရောက်ရောက် မမေ့ပါနဲ့လို့… 🙂

  • ညလေး

    September 24, 2012 at 2:40 pm

    အူးဗိုက်ရယ် ့ ့ ့ ့လေးလေးည လည်း သည်းထိတ်ရင်ဖို သရဲခေါင်းမပျတ် ပိုစ့်အား ဝင်ရောက်ဖတ်ရှူ့ရင်း တြောက်ထဲ ဟီးဟီး ရီတွားပါဒယ်ဂျာ ့ ့ ့

    • စိန်ဗိုက်ဗိုက်

      September 24, 2012 at 2:51 pm

      အူး လေးလေးညလေးရေ.
      အပျင်းပြေလေးပါ…ကျေးကျေးဗျ…

  • သူရဇော်

    September 24, 2012 at 3:00 pm

    စိန်ဗိုက်ဗိုက်ရေ ကျော်တို့နဲ့မတွေ့ဒါကြာဘာဘော့လား…… လမ်းကြုံရင်ဘီအီးလေးကစ်လိုက်ချင်တေးဘတွာ………. နို့အနှီခေါင်းပြတ်ကြီးက ရှုးရှုးထိုင်ပေါက်ရင်းအိပ်ပျော်နေတဲ့အမူးသမားဆိုတော့ သေးအိုင်ကြီးထဲဒူးထောက်ပီး အိပ်ပျော်နေဒါပေါ့နော်…….. (မီးရောင်တွေအရမ်းစူးတဲ့နိုက်ကလပ်) ဟဲဟဲ အဲဒါလေးနှစ်သက်မိသဗျာ… အင်မတန်စာအရေးအသား ပြောင်မြောက်ပါပေတယ်……. အရူးမလင်ရယ်…… ခိခိခိ

    • စိန်ဗိုက်ဗိုက်

      September 24, 2012 at 3:05 pm

      ဟုတ်မယ်ဗျ
      ဒူးတော့ ရှူရှူး ပေနေလာက်မယ်ထင်တယ်

      ထီပေါက်ရင် အူးသူရတို ့နဲ ့ ဂဇော် ကစ်ကြသေးတာပေါ့ဗျာ..
      🙂

  • Rose Minn

    September 24, 2012 at 3:55 pm

    ကိုယ့်စိတ်က ကိုယ့်ကိုပြန်နှိပ်စက်တယ်ဆိုတာ ဒါမျိုးကိုး။ပျောက်တော့လည်းပျောက်လို့ ပေါ်လာတော့လည်း သွေးရူးသွေးတန်းနဲ့ လုပ်ချင်ရာလုပ်အော်ချင်ရာအော်နေတာ ဦးဗိုက်တို့များ ရွာထဲကိုဆူရော။ တကထဲ အဲညက rose အိပ်မရခဲ့ဘူး။ ရုံးမှာ တဝါးဝါးနဲ့။ ကိုသူရက တောင်ပြောသေး။ ညကင်းအလှည့်ကျလာသလားတဲ့။ ခွိခွီ။ ဦးလေး ဘပုရဲ့နည်းကို ဖြင့် ကိုဖက်တီးကပ် ကိုလုပ်ခိုင်းရင် ပုဆိုး တကွင်း ဆို အနံဆက်မှ အဆင်ပြေနိုင်မယ်။ တစ်ကွင်းထဲ ဆို မဖြစ်ချေဘူးခင်ဗျ။ စိတ်ကူးနဲ့ မြင်မိသား………..ဟေဟေ။

    • စိန်ဗိုက်ဗိုက်

      September 24, 2012 at 4:19 pm

      အူးလေးဖတ်ကတ်အတွက် အူးလေးဘပုက စပါယ်ရှယ်မိတ်ထ် တောင်ရှယ်တွေ ချုပ်ပြီးသား..
      :harr:

  • မဟာရာဇာ အံစာတုံး

    September 24, 2012 at 7:27 pm

    ကိုယ့်တယ်ရင်း တစ်ယောက်က ပြောဖူးဒယ် ..
    သူက စမ်းချောင်းမှာ နေဒါ ..
    သူ ငယ်ငယ်က သူ့အစ်ကိုနဲ့ ညဘက်ကြီး ဖြတ်လမ်းတစ်ခုကနေ ပြန်လာတုန်း
    ဝတ်ရုံဖြူ ဝတ်ထားတဲ့ မျက်နှာပြင်ကြီး ဖြစ်နေတဲ့ သရဲမနဲ့ တွေ့လို့ ပြေးခဲ့ရတယ်တဲ့ ..
    သူ့ကိုယ်တိုင် မြင်ခဲ့ရတာ ဆိုပဲ ….
    ဥလေးဗိုက် ပြောဒါ အဲ့ဂလိုများ ဖစ်နေမလားဆိုပြီး ဖတ်လိုက်ရဒါ ..
    ပြီးဒေါ့ .. ပြီးဒေါ့ ..
    ဥအောင်ပုဂျီး ဖင်ထောင်နေတာ တွေ့လိုက်ရဒါဂိုး ..

    ဒါနဲ့ အဲ့တုန်းက ဥအောင်ပုဂျီးက ပုဆိုးနဲ့လား …
    ဘောင်းဘီနဲ့လားဆိုတာ ကြောကြဘာ ..
    ဒါမှ အတွေး ပိုရှင်းမှာမို့ဘာ ..

    • စိန်ဗိုက်ဗိုက်

      September 25, 2012 at 10:31 am

      စကတ် နဲ ့ ထင်တယ် အူးလေးရ
      😆

  • အရီးခင်လတ်

    September 25, 2012 at 3:04 am

    မောင်ဗိုက် ရေ

    ရီလိုက်ရတာ ဖတ်ဖတ်မော။
    သရဲ က မင်းကို ကြောက်ဖို့ လဲ ထားလိုက်ပါဦးဟယ်။
    စကားသိပ်ရှည်နေလို့ မဖြစ်ဘူး။
    ကင်းလှည့်လိုက်ဦးမယ်။
    ကင်းလှည့်ရင်း သရဲကြောက်လာပါက ဘပု နည်းကို သုံးမည်ဖြစ်ကြောင်း။ 😆

    • စိန်ဗိုက်ဗိုက်

      September 25, 2012 at 10:29 am

      ကင်းလှည့်ရင်း ပသီမောင်နှံထဲကလို တောက် ခေါက်သံကြားရင်တော့ ပြေးသာပြေးဗျို ့..
      ပုဆိုးခြုံလဲ လုံမှာမဟုတ်တော့ဘူး..
      သရဲက ဆိတ်ကြီးတယ် 🙂

  • အလင်းဆက်

    September 25, 2012 at 7:52 pm

    လန်ကြုတ်ပြီး..ရေးထားပေလို ့သာပဲ…
    ဟဲဟဲ..။

    ဆက်ပါဦး..ဗီုက်ဗိုက်..ရေ ့..ဟေဟေ့ ။
    🙂

  • ကြောင်ကြီး

    September 26, 2012 at 10:19 am

    ဘပုခေါင်းပြတ်
    လအုစောင်းထွက်
    ဝတုဖောင်းကပ်
    ရမှုကြောင်းမှတ်..။

Leave a Reply