ကလိမ်ကကျစ်ဈေးရောင်းနည်း

the bestSeptember 23, 20121min20014

ဟိုတလောက ကြိုက်တာယူ ၁၀၀ဝကျပ်လို ့ဆိုင်ရှေ့မှာရေးထားပြီး

ဝယ်လိုသူက စိတ်ဝင်စားလို ့ ဆိုင်ထဲ ဝင်ကြည့်လိုက်တော့

ကြိုက်တာယူ ၁၀၀ဝကျပ်က နည်းနည်း ၅၀၀ဝကျပ်၊တစ်သောင်းကျော်က များများ

ဝယ်သူလှည့်စားပြီး ရောင်းတဲ့ပို ့စ် တစ်ခုကို အမှတ်ရလို  ့

ဒီပို ့စ်ကိုရေးလိုက်ပါတယ်။

 

သတ်မှတ်တဲ့တန်ဖိုးဝယ်ရင် သူတို ့အပြောအရ  ၄၀၀ဝကျပ်တန်တဲ့ ပစ္စည်းတစ်ခုလက်ဆောင်ပေးတယ်။

 

ပင်ရင်းကကိုယ်တိုင်လာရောင်းတာဆိုတော့ သူတို ့ပစ္စည်းကို မိတ်ဆက်တဲ့အနေနဲ ့

ရောင်းပေးနေတာလို ့ထင်နေတာ။ အသုံးလိုနေတာနဲ ့ဝယ်လိုက်ပါတယ်။

 

အဲဒီကနေ မိတ်တွေတစ်ယောက်အိမ်ရောက်လို ့ပြောပြလိုက်တော့

၂၅၀ဝကျပ်တန်ပစ္စည်းက JUNCTION SQUARE မှာ

သူတို ့ ၁၈၀ဝကျပ်နဲ ့ဝယ်လာတာလို ့ဆိုပြီးထုတ်ပြတယ်။

တစ်မျိုးထဲတစ်ပုံစံထဲပါပဲ။

တစ်ခြားပစ္စည်းတွေကိုကော ဘယ်လောက်ဈေးတင်ထားသလဲတော့မသိဘူး။

ပိုတင်ထားတဲ့ငွေကို လက်ဆောင်ပေးပါတယ်ဆိုပြီး ပညာပြရောင်းလိုက်တာဟာ

မရိုးသားတဲ့ ဈေးရောင်းနည်း၊ကလိမ်ကကျစ်ဈေးရောင်းနည်းတစ်မျိုးလို ့မြင်မိပါတယ်။

 

 

 

14 comments

  • etone

    September 24, 2012 at 12:04 am

    အစ်ကိုရေ အဲ့ဒီလိုစားသုံးသူကို လိမ်ရောင်းတဲ့ ဆိုင်တွေခဏခဏတွေခဲ့ဘူးပါတယ် ။ သူတို့ကတော့ လူစိတ်ဝင်စားအောင် စွဲဆောင်တယ်ပေါ့နော် ဒါပေမယ့် ကာစတမ်မာတွေစိတ်ထဲ နားလှည့်ပါးရိုက်သလိုခံစားရတာမို့ ဘုမသိဘမသိတခါဝင်သွားခဲ့ရင်တောင် နောက်ထပ်သွားဖြစ်မှာမဟုတ်တော့ဘူးလေ။ အရင်ကလည်းဒီအကြောင်းရေးခဲ့ဖူးပါတယ် ။ တနပ်စားကြံတဲ့ဆိုင်တွေဘယ်တော့မှ ကြာကြာမရပ်နိုင်ပါဘူး ။
    :om:

  • may flowers

    September 24, 2012 at 12:40 am

    ဒါမျိုးတနပ်စားဉာဏ်နဲ့ ဈေးရောင်းနေတဲ့သူတွေ ကြာကြာရပ်တည်ဖို့မလွယ်လောက်ပါဘူး..ပြည်သူတွေက
    လည်း မျက်စိပွင့်နားပွင့်လာကြပါပြီ အရင်လိုပဲအချဉ်ဖမ်းနေဦးမယ်ဆိုရင်တော့ မြောင်းထဲရောက်မှာသေချာ
    ပါတယ်..

  • မောင်ပေ

    September 24, 2012 at 8:50 am

    ကလီကမာကြေငြာတွေလဲရှိတယ်ဗျို့
    ၆၀၀၀ဝတန် အင်းကျီကို ၁၅၀၀ဝလျှော့ဈေးဖြင့် ရောင်းပြီ ဆိုတဲ့ ကြေငြာမျိုးမှာ လျှော့ဈေးဆိုတဲ့ စကားလုံးကို လုံးဝ သတိမထားမိအောင် ခပ်မှိန်မှိန် ခပ်သေးသေးရိုက်ထားတယ်
    ကြေငြာကို သာမန်ကာလျှံကာဖတ်မိပြီး သွားဝယ်တော့ ၄၅၀၀ဝ တဲ့ ။ ဒါနဲ့ပိုက်ဆံအဲဒီလောက်မပါဘူး ပြန်မယ်အလုပ် ၂၀၀ဝတန် ပိုက်ဆံအိတ်ဇွတ်ထိုးရောင်းတယ်
    ငါးကြင်းပြပြီး ငါးသလဲထိုး ဇွတ်ရောင်းတဲ့ ပရောဂျက်

  • the best

    September 24, 2012 at 9:29 am

    etone , may flowers ,နဲ ့ မောင်ပေ တို ့ရဲ့ အမြင်တစ်မျိုးစီ ဝင်ဆွေးနွေးတာ ကျေးဇူးပါပဲ။
    etone ရေ
    တစ်နပ်စားကြံတဲ့ဆိုင်တွေ တစ်သက်စားမဖြစ်အောင် သတိပေးရတော့မယ်။

    may flowers ရေ
    အခုထိ ကျွန်တော်လို အချဉ်ကရှိနေသေးတယ်ဗျာ။ အခုတော့ သကာလောင်းလိုက်ပါပြီ။

    ကိုပေရေ
    ကိုပေ ပြောပြတဲ့ ကလီကမာကြေငြာတွေ ဟာသတိပြုသင့်တဲ့ ပညာပေးလေးပါ။
    နောက်ဆိုရင် ငါးကြင်းလည်းမဝယ် ငါးသလဲထိုးလည်း ရှောင်ရတော့မယ်။

  • ဦး ဂျစ်

    September 24, 2012 at 9:48 am

    ထစ်ကနဲ့ ဆို ကျုုပ်တို့တောသားတွေ ခံရဖို့ ကိန်းဆိုက်တော့တာ …
    အခုလို သိရတော့လဲ နောင် သတိထားရတော့မယ်လေ …
    စီးပွါးရေး ဈေးကွက်တွေကိုလဲ လိုက်မမှီနိုင်တော့ပါလား ကွယ်ရိုု့ …

    :om:

  • Thu Wai

    September 24, 2012 at 10:40 am

    ်fancy ရောင်းတဲ့ဆိုင်တွေက လာတဲ့သူကို ကြည့်ပြီးဖဲ့တဲ့ဆိုင်တွေများပါတယ် သူတို့ဟာက အမြဲတမ်းရောင်းနေရတာမဟုတ်တော့

  • Khaing Khaing

    September 24, 2012 at 11:09 am

    မြန်မာပြည်မှာနေတော့ ဒါတွေကရိုးနေပါပြီး … ဘယ်မှာဈေးရောင်းပွဲတော် ဈေးလျော့တယ် Discount ဘာလေးဝယ်ရင် ဘာပစ္စည်းလက်ဆောင်ပေးမယ်ဆို ဒါတွေက စစ်မှန်တယ်ဆိုတာ တကယ်တာ့ ရှားပါတယ် …. ဒါကြောင့် ရန်ကုန်မြို့မှာ ဘယ်စင်တာတွေပဲဖွင့်ဖွင့် အားတက်သရောသွားဖို့ကို သိပ်စိတ်မရှိခဲ့ဘူး … စင်တာတွေက ဒီဇိုင်းသာပြောင်းသွားတယ် ဘယ်နေရာမှာမှ ဈေးသက်သာတယ်ဆိုတာမရှိခဲ့ဘူး …….

  • mayjuly

    September 24, 2012 at 11:29 am

    ဒါမျိုးတွေက ရိုးနေပါပြီ…
    လမ်းဘေးကဆိုင်တော်တော်များများတွေ့ဖူးပါတယ်…
    လည်သလို လုပ်စားနေကြတာဆိုတော့ …
    ပေါပေါ ရမယ်ဆိုရင်သတိသာထားပေတော့ …..

  • candle .

    September 24, 2012 at 11:52 am

    စိတ်ပျက်စရာ ဈေးကွက်စီးပွားရေး တွေထဲမှာ..
    အကောင်းဆုံးးကတော့ တန်ရာတန်ကြေးပေးပြီး..
    ထိုက်သင့်တဲ့ ပစ်စည်း ရယူခြင်းပါဘဲ..

  • mamanoyar

    September 24, 2012 at 1:29 pm

    ဈေးရောင်းတယ်ဆိုတာလဲ စေတနာရှေ့ထားပြီး
    နှစ်ဦးနှစ်ဘက်အကျိုးရှိအောင် ရောင်းချလျှင်
    တိုးတက်မှာပါပဲ
    ဒီလိုကလိမ်ကကျစ်နဲ့ရောင်းခဲ့ရင် မမြဲပါဘူး

  • မဟာရာဇာ အံစာတုံး

    September 24, 2012 at 10:04 pm

    ဒီပို့စ်ကို ဖတ်အပြီး ..
    ဘာမဆိုင် ညာမဆိုင်
    ဥဆာမိဂျီးရဲ့ ရွှေပင်နားတော့ ရွှေကျေး ဆိုတာကို
    သွားပြီး သတိရလိုက်မိပါရဲ့ဗျာ ..

  • uncle gyi

    September 24, 2012 at 11:15 pm

    ဈေးပေါတိုင်းမလိုချင်နဲ့
    အပိုပေးတိုင်းမလိုချင်နဲ့
    ဒါတွေကလူတွေရဲ့လောဘစိတ်ကိုအခြေခံတဲ့ဈေးရောင်းနည်းတွေပါ
    နောက်အများကြီးလာအုန်းမယ်မျှော်

  • the best

    September 24, 2012 at 11:55 pm

    ဦး ဂျစ် ၊ Thu Wai ၊ Khaing Khaing ၊ mayjuly ၊ candle ၊ mamanoyar ၊
    မဟာရာဇာ အံစာတုံး ၊ uncle gyi တို ့အားလုံးကို ကျေးဇူးတင်ပါတယ်။

    ဦး ဂျစ်ရေ…
    ထစ်ကနဲ့ ဆို တောသားတွေ ခံရသလို
    အစ်ကနဲ ့ဆို မြို ့သားတွေလည်း လည်ပင်းညစ်ခံနေရပါတယ်။

    Thu Wai ရေ….
    အမြဲတမ်းရောင်းနေရတဲ့ ဆိုင်တွေလည်း သတိထားနေရပါတယ်။

    Khaing Khaing ရေ….
    ဘာလေးဝယ်ရင် ဘာပစ္စည်းလက်ဆောင်ပေးမယ်ဆို ဒါတွေက စစ်မှန်တယ်ဆိုတာ
    တကယ်တာ့ ရှားပါတယ်ဆိုတာ တကယ်ပါပဲ။
    တချို ့တွေက ရက်လွန်တွေ၊ ရက်လွန်ခါနီးတွေပေးကြတယ်။

    Mayjuly ရေ…
    လည်သလို လုပ်စားနေကြတာဆိုတော့ …
    ပေါပေါ ရမယ်ဆိုရင်သတိသာထားပေတော့ …..လို ့ဆိုတဲ့ သတိပေးစကား
    ဈေးဝယ်ထွက်တိုင်းမြင်သာအောင် ကဒ်ပြားမှာရေးပြီး
    ပိုက်ဆံအိတ်မှာ ထည့်ထားလိုက်မယ်။

    Candle ရေ…
    တန်ရာတန်ကြေးပေးပြီး..ထိုက်သင့်တဲ့ ပစ္စည်းရဖို ့က
    ဈေးဝယ်သူတိုင်းရဲ့ ဆန္ဒပါ။

    Mamanoyar ရေ….
    စေတနာမထားပဲ ကလိမ်ကကျစ် ရောင်း နေကြတဲ့သူတွေကို
    ထိထိရောက်ရောက် ပညာပေးဖို ့
    စားသုံးသူများ ကာကွယ်ရေးအသင်းက
    ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာစောင့်ကြည့်ကြတာပေါ့။

    မဟာရာဇာ အံစာတုံးရေ…
    ခင်ဗျားက “ဘာမဆိုင်” “် ညာမဆိုင်” သွားပြီး သတိရလိုက်မိပါတော့
    ကျွန်တော်က “ကြံမဆိုင်” သွားပြီး သတိရလိုက်မိပါတယ်။

    uncle gyi ရေ…
    မုန် ့ဟင်းခါးစားပြီးရင် ဟင်းရည်အဆစ်တောင်းချင်သေးတယ်လေ။

  • myanmarcitizen

    September 25, 2012 at 3:58 pm

    “ဒွေးနဲ့ ခွဲမရအောင်တူတယ်လူတစ်ယောက် သူနဲ့ ဇာတ်ကားရိုက်မယ် ဇာတ်ကားနာမည်က လွမ်းစေတီတဲ့”
    “ထက်ထက်မိုးဦးတစ်ယောက် ဘာဖြစ်ပြန်ပြီ ဆိုပဲ”
    “သက်မွန်မြင့် တစ်ယောက် ဒီနှစ်မှာ လက်ထပ်တော့မယ် …”
    “200 ကျပ်ပဲရောင်းပါတယ်။ ဘယ်ဆိုင်မှာမှ ဒီဈေးနဲ့မရောင်းပါဘူး။ ”

    အဲဒီလိုမျိုး တစ်ကားပေါ် တစ်ကားတက် ပြီး မဟုတ်တဲ့သတင်းတွေ ပါးစပ်ကပြောပြီး ဂျာနယ်လိမ်ရောင်း တဲ့သူတွေကိုလဲ ထဲ့ဗျာ။ 🙂

Leave a Reply