“အပျင်းပြေ အငြီးပြေ လက်ဆော့ခြင်း”

1 ပထမဆုံးလက်ဆော့ဘူးတဲ့ ပုစဉ်းလေးပါ
2 မအောင်မြင်လိုက်ခဲ့တဲ့ ပုစဉ်းလိုက်ပွဲ
3 ပုစဉ်းမဲမဲလေး လာအနား ဆော်ထဲ့လိုက်တာ………………….ကင်မရာနဲ့ပါဗျာ
4 လိပ်ပြာလေးကိုလက်ဆော့ပြီးမှကြည့်မိတယ် တကယ်လှတာဘဲဗျာ
5 အကောင်တူနေရာကွဲ ………………………
6 ကျုံးနံဘေးက ထပျံတဲ့ခိုကလေးတွေ
7 ကျုုံးထဲမှာပျံနေတဲ့ခိုကလေးတွေ
8 ကောင်းကင်မှာခိုနားခြင်း
9 နားသူနား ပျံသူပျံ
10 သူကတော့ အေးဆေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

 

11 သူကတော့ ကော့ပျံလန်နေတာဘဲ

 

12 ပြေးနိုင်မှလွတ်မယ်တဲ့နော်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
13 မှီတော့မယ်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
14 အနီးဆုံးမှာနေချင်တယ်
15 ဒို့မဝေးတော့ဘူးနော်…………………………………………..

 

16 အလင်းသက်ဆင်းရာ
17 အလင်းရောင်နဲ့ အမှောင်ရိပ်

 

 

 

19 သူကလဲမာန်ဖီနေတဲ့ပုံလေးပါဘဲ

 

 

 

21 ရေပြင်ပေါ်တလက်လက် စိန်ပွင့်တွေ ကျဲပက်

 

22 လှိုင်းအကြွနဲ့ မဗေဒါ

 

23 ပုစဥ်းလေးနှစ်ကောင်မောတော့နား
24 ကန်စွန်းနွယ်လေး…………….
 

25 အရိပ်ထင်………………………..
“အပျင်းပြေ အငြီးပြေ လက်ဆော့ခြင်း”

 

 

အခုရက်ပိုင်းမှာ ဓါတ်ပုံပိုရိုက်ဖြစ်ပါတယ်။

စက်တင်ဘာလထဲမှာ တိမ်တွေလှတော့ပိုရိုက်ဖြစ်ပါတယ်။

အဲလိုလှတပတ ဓါတ်ပုံတွေရိုက်ရင်းကနေ လက်ဆော့မိတာလဲအများကြီးပါဘဲ။

ဟိုတစ်ရက် ကန်ပါတ်လမ်းမှာလိပ်ပြာတွေ ပုစဉ်းတွေပျံဝဲနေတာ တွေ့တော့လိုက်ရိုက်ပါတယ်။

ဒါပေမယ့် မကျွမ်းကျင်တော့ စိတ်တိုင်းကျလောက်တဲ့ပုံကိုမရပါဘူး။

အောင်ပင်လယ်ဘက်မှာသွားတုံးကတော့ ချောင်းလေးထဲမှာပုစဉ်းလေးနားနေတာကို လက်ဆော့ဖြစ်ပါတယ်။

စိတ်တိုင်းကျတဲ့ပုံလေးတစ်ပုံဆိုရင်လဲမမှားပါဘူး။.

နောက်ရက်မှာတော့ အလုပ်ကိစ္စနဲ့သွားရင်း သစ်ပင်ပေါ်မှာလိပ်ပြာလေးနားနေတဲ့ပုံကို မထင်မှတ်ဘဲရလိုက်ပြန်ပါတယ်။

နောက်ရက်တော့ကျုံးနံဘေးက ခိုလေးတွေ

နောက်ရက်မှာရေထဲမှာဝဲပျံနေတဲ့ပုစဉ်းမောင်နှံ

ရေထဲကျနေတဲ့အရိပ်ကလေးတွေ

အလင်းအမှောင် လှပတဲ့အတွဲအစက်ကလေးတွေကို လက်ဆော့ဖြစ်ပါတယ်။

ကဲအပျင်းပြေ အငြီးပြေ အားပေးလိုက်ပါအုံးနော်။

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(26-9-2012)

 

 

15 comments

  • candle .

    September 27, 2012 at 11:32 am

    24 ကန်စွန်းပင် နဲ ့ 25 ကနဖော့ပင်လေးတွေကိုတောင် လှပအသက်ဝင်အောင် လက်ဆော့နိုင်လွန်းတဲ့ ကိုပေါက်ရဲ ့
    အနုပညာကို မချီးမွမ်းဘဲ မနေနိုင်လို ့ ပထမဦးဆုံး အားပေးသွားပါတယ်..
    နံပါတ် 10 ကတော့ candle ရဲ ့ အကြိုက်ဆုံးပါ…

  • Ma Ei

    September 27, 2012 at 2:20 pm

    No, 4 ပန်းကလေးနဲ့ လိပ်ပြာ ပုံလေး ကြိုက်တယ်…
    ပန်းကလေးကလဲလှ၊လိပ်ပြာလေးလဲလှ ဒီလိုလှတဲ့
    ဓါတ်ပုံလေးတွေကြည့်ရတာ စိတ်ချမ်းသာပါတယ်…

  • eipu

    September 27, 2012 at 2:39 pm

    ပုံအားလုံးကို အားပေးသွားပါသည်။

  • mayjuly

    September 27, 2012 at 4:33 pm

    တစ်ခါကြည့်ရင် အနည်းဆုံး တစ်ပုံတော့ ဟီးးး
    အားပေးသွားပါတယ်ဂျ ..

  • မဟာရာဇာ အံစာတုံး

    September 27, 2012 at 7:58 pm

    ဖေဂျီးရေ ..
    အောက်ဆုံး နှစ်ပုံ ကြိုက်သဗျာ ..
    စိမ်းစိမ်းစိုစိုလေး .. ကြည့်လို့ အမြင်အေးစေသဗျ ..

  • ဝရမ်းပြေးဘခက်

    September 27, 2012 at 9:02 pm

    ဝင်ကြည့်သွားတယ် ကျေးဇူးတင်နော် ေိေိ
    အလကား စတာ ။ ပုဇဉ်း ပုံလေးကြည့်နေရင်း ဇတ်လမ်းတွဲ လို့
    ခဏတော့ စိတ်ဝင်စားသွားတာ အမှန်ပါ ။

  • Shwe Ei

    September 27, 2012 at 9:14 pm

    ခိုတွေကိုသဘောမကျပါဝူးလေးပေါက်ရေ။ ဒါ့ပုံကိုပေါတာမဟုတ်ပါဝူး ခို ဆိုတဲ့အကောင်တွေကိုသဘောမကျတာပါ။ ပဇင်းလေးတွေတော့ချစ်စရာအကောင်းသား။ :hee:

  • Hnin Hnin

    September 28, 2012 at 1:39 am

    ..ခိုစာကျွေးချင်တယ်…ဟိုတန်းပေါ်က ခိုလေးတွေ ဓာတ်လိုက်မှာစိုးတယ်…
    ရေစိမ်းစိမ်းလေးထဲက ကန်စွန်းပင် မျက်စိအားဖြည့်ဖို့ Desktop တင်လိုက်ပြန်ပြီ…
    သများကန်စွန်းပင်က ခုမှကြည့်ရင်းကြည့်ရင်း ဘယ်သူဟင်းစားတုတ်သွားလဲ မသိဘူး..
    း-( ….ထိပ်တုံး ၂ညွန့် ပြတ်နေတယ်…နောက်မဆို အင်္ဂါစုံပြီး အတော်လှမှာ….. း-)

  • ပစ်ပစ်ချန်

    September 28, 2012 at 8:47 am

    နံပါတ်၈က ခိုတန်းလေးက မိုက်တယ်နော်
    နားသူနား ပျံသူပျံမှာ ရေပြင်ဖက်ကိုကြည့်နေတဲ့ ခိုနှစ်ကောင် ဘာတွေတို်င်ပင်နေကြပါလိမ့် 🙄
    :hee:

  • ရွှေ ကြည်

    September 28, 2012 at 12:31 pm

    လေးပေါက် 10,18,21,22,24 ပုံတွေကိုတော်တော်လေးသဘောကျပါ၏။

  • မောင်ပေ

    September 28, 2012 at 8:01 pm

    လေးပေါက် ရဲ ့ဒရက်ဂွန်ဖလိုင်းတွေကို မြင်ရတော့ ၊ စပိုက်ဒါမန်း ကို ပြောင်ထားတဲ့ မူဗီခွေကို သတိရမိတယ်ဗျို ့

Leave a Reply