ချစ်ခဲ့မိ၍ အပြစ်ရှိသည်

အောင် မိုးသူSeptember 24, 20121min22220
သူမ အကြောင်းတွေးတိုင်း ကျွန်တော့်နှလုံးသားတွေ ဝုန်းဒိုင်းကျဲခုန်နေတုန်းပင်ဖြစ်သည်။ သူနှင့်ကျွန်တော့်ဇာတ်လမ်းသည် ဘယ်သို့ဘယ်ပုံဟု ပြောရမှန်းမသိအောင် ကျွန်တော့်ရာဇဝင်တွင် ပြောစမှတ်တွင်ခဲ့သည်။ ကျွန်တော့်အချစ်သည် တစ်ဖက်သတ်အချစ်လား၊ ဘယ်လိုအချစ်လဲ ကျွန်တော်ကိုယ်တိုင်ပင် နာမည်မတပ်နိုင်ခဲ့ချေ….။ ထိုအချစ်တို့၏ မြစ်ဖျားခံရာသည်……………

သည်နေ့အလုပ်အသစ်ဝင်ရမည်ဆိုသောကြောင့် ကျွန်တော့်စိတ်များလှုပ်ရှားနေ၏။ ကားဂိတ်မှ အဆင်း ကျွန်တော်အလုပ်လုပ်ရမည့် ရုံးရှိရာသို့အလာတွင်……

“ဟေ့…… မနေ့က ရုံးကခန့်လိုက်တဲ့ လူသစ်လား….”

အသံရှိရာသို့ ကျွန်တော်လှည့်ကြည့်မိလိုက်သည်။ ဂျင်းဘောင်းဘီဒူးဖုံးအကျပ်ကလေးနှင့် ခေတ်ပေါ်အဝတ်အစားလေးကို ကျကျနနဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်…အသားကဖြူဖြူနှင့် တရုတ်မလေးဖြစ်မည်ဟု ကျွန်တော်တွေးလိုက်မိသည်..။

“ဟုတ်ပါတယ်…. အစ်မက ……….”

“ငါက….. ဒီမှာ မာကတ်တင်း(Marketing) လေ….. နင့်နာမည်က….”

“ပိုင်ထက်အောင် ပါ……… အစ်မနာမည်က ”

“ယမင်းအောင်ပါ……….”
စစတွေ့ချင်းမှာပဲ ကျွန်တော်သူမကို မှတ်ချက်ချခဲ့ဖူးသည်…။ နှခေါင်းပြားပြားနှင့်… မည်သို့မျှမလှသော တရုတ်မလေးဟုပင် သတ်မှတ်ခဲ့သည်….။

************************************

ရုံးခန်းထဲရှိ ကွန်ပျူတာရှေ့တွင် ထိုင်နေရသော ကျွန်တော်သည်….။ အပြင်ထွက်ရျ် အလုပ်လုပ်နေရသော သူမပြန်လာလျှင် ကျွန်တော့်အတွက် စားစရာတစ်ခုခု ပါလာမြဲဖြစ်ရျ် ကျွန်တော်သည် နေ့စဉ်လိုလို သူမအားစောင့်မျှော်တတ်လာသည်….။

“ထက်ပိုင် နင့်အတွက်…… ကော်ပြန့်ပါတယ်…လာစား”

“ဗိုက်ဆာနေတာနဲ့ အတော်ပဲ ရှောင်မေ့ နင်အရမ်းသိတတ်တာပဲ….”

သူမသည် စကားပြောလျှင ်”ရှောင်မေ့” ဟု သူမကိုယ် သူမ ပြောတတ်သောကြောင့်…. သူမ၏ နာမည် ယမင်းအောင် ပျောက်ကာ ကျွန်တော်၏ နှုတ်တွင ်ရှောင်မေ့ဟုသာ ခေါ်ပြောခဲ့သည်…။ သူမ မုန့်များဝယ်လာသော နေ့တွင် ကျွန်တော်ထိုင်ခုံမှထပြီး သူမရှေ့တွင် မုန်းစားချိန်တွင်…. သူမ၏ မျက်ရစ်မပါသော မျက်ဝန်းများသည် ကျွန်တော့်ကို ငေးမောစေနိုင်အောင် စွမ်းဆောင်နိုင်လာသည်…။

“ရှောင်မေ့…. နောက်နေ့ဝယ်လာရင် ငါပိုက်ဆံပေးလိုက်မယ်.. နင်လည်း ကုန်မှာပေါ့…”

“ဟာ မယူဘူး…. ရတယ်….”

သူမသည် တခြားနယ်ကဇာတိဖြစ်ရျ် ဝါသနာပါရျ်သာ အလုပ်လုပ်နေခြင်းဖြစ်သည်။ ကျွန်တော်နှင့်သူမတွင် အခြေအနေများစွာကွာခြားနေလေသည်။ ကျွန်တော်သည် အိမ်အား အလုံးစုံထောက်ပံ့နေရသော လူတစ်ယောက်ဖြစ်နေခြင်းဖြစ်သည်…။

********************************

ဟုတ်ရျ်ကျော ်ပုတ်ရျ်ပေါ်ဆိုသလိုပင်………  ကျွန်တော်နှင့်သူမအား ကြိုက်နေကြသည်ဟု ရုံးတွင် ထင်ယောင်ထင်မှားရှိလာသော အချိန်များတွင်….. သူမသည် ကျွန်တော့်အား ရှောင်ခွာခွာဖြစ်လာသည်..။ ရုံးရှိကန်တင်းတွင် ထမင်းတူတူစားသော အချိန်များတွင် သူမဘေးနားတွင ်ကျွန်တော့်အား မထိုင်ခိုင်းတော့ချေ..။

“ထက်ပိုင်အောင်… အစ်မတစ်ခုမေးးမယ်နော်….”

ကျွန်တော့်ဘေးတွင် စာရင်းကိုင်လုပ်သော အစ်မက သူမမရှိသော အချိန်တွင် ကျွန်တော့်အား စကားတစ်ခွန်းလာမေးလေသည်..။

“နင်ရှောင်မေ့ကို ကြိုက်နေပြီလား….”

“အင်း…..”

တစ်ခွန်းသာကျွန်တော်ပြောနိုင်တော့သည်..။ ငြင်းလည်းမငြင်းချင်ပေ……………။

“အရူးအမူး မဖြစ်သေးရင် မောင်လေးမေ့လိုက်ဖို့ အစ်မသတိပေးမလို့ပါ…. မင်းသူ့ကို မချစ်တာပဲကောင်းတယ်…”

ကျွန်တော်အံ့ဩသောမျက်လုံးများဖြင့် ထိုအစ်မအားကြည့်ချိန်တွင်…… ထိုအစ်မ၏မျက်ဝန်းများသည် စေတနာအရိပ်အယောင်များပေါ်နေသည်ကို ကျွန်တော်တွေ့လိုက်ရသည်…။

“ဟုတ်ကဲ့ပါ အစ်မ……”

အရူးအမူး မဖြစ်ခင်ဆိုသည့် စကားလုံးတွင် ကျွန်တော်သည် သူမကြောင့် မူးတော့ မူးနေခဲ့ပြီ… ရူးတော့ မရူးသေးချေ….။

*************************************

စာရင်းကိုင်အစ်မပြောသော နေ့မှစရျ် သူမအား ကျွန်တော်စောင့်ကြည့်မိခဲ့သည်…။ သူမနှင့်ပတ်သက်ရျ် ကျွန်တော်သိရသည်မှာ သူမသည် မျက်ရစ်မရှိသော သူမမျက်လုံးများအား မျက်တောင်မွှေးအရှည်များ အမြဲတပ်ဆင်လေ့ရှိသည်…။ သူမ၏ နှုတ်ခမ်းများသည် အမြဲတမ်းပန်းနုရောင်သန်းရျ် စိုပြေနေသည်….။ သူမ၏ ပြောင်းဖူးမွှေးဆန်ဆန် ဆံပင်များသည် မသန်စွမ်းရျ် ခြောက်သွေ့နေပေမယ့် အားလုံးပေါင်းလိုက်လျှင် သူမသည ်ကျွန်တော့်အတွက် အလွန်ကြည့်ကောင်းနေသည်..။ ကျွန်တော် ကျွန်တော့်ကိုယ်ကို ပြန်မေးကြည့်သည်…….
ငါရူးနေပြီလား…….  ကျွန်တော်မရူးသေးပါ…။

အမြဲတမ်းစောင့်ကြည့်နေသောကြောင့် သူမ၏ပြစ်ချက်လေးတစ်ခုသာ ကျွန်တော်တွေ့လိုက်ရသည်..။ သူမသည် အလွန်အမင်းအလှပြင်ရျ ်အသုံးအစွဲကြီးခြင်းပင်….။ မည်သို့ပင်ဆိုစေ သူမသည် ကျွန်တော့်မျက်စိထဲတွင် ဘယ်တော့မဆို လှနေခြင်းပင်….။
နေ့တိုင်းပင် ကိုယ့်ကိုယ်ကို ကျွန်တော်မေးကြည့်မိသည်…။သူမနှင့်ကျွန်တော်ကြိုက်နေပြီလား…… သူမတော့မသိပါ… ကျွန်တော်ကတော့ သူမအားချစ်နေသည်မှာ အသေအချာပင်ဖြစ်သည်…။ တစ်ရက်တွင် သူမအား စကားတစ်ခွန်းကျွန်တော်မေးလိုက်မိသည်…။

“ရှောင်မေ့ နင့်မှာ ရည်းစားရှိလား….”

“မရှိပါဘူး…နင်ကလည်း….”

“ဒါဆို ဟိုနေ့က နင်ရုံးမှာ ဂျီတော့ချက်နေတုန်းက ဘယ်သူနဲ့ပြောနေတာလည်း…”

“ဟာ… အဲဒါ အီစီကလီတွေပါဟာ….. ဘာမှမဟုတ်ပါဘူး….”

ကျွန်တော်တို့နှစ်ယောက်ပြောနေသော စကားကို စာရင်းလုပ်နေသော အစ်မကကြားပြီး ကျွန်တော့်အား မျက်ခုံးတစ်ချက်ပင့်ပြသည်..။ ကျွန်တော် သူမအားကြည့်ရျ် ပြုံးရုံသာ ပြုံးလိုက်မိသည်…။

*************************

ခံစားချက်များ တစ်ရက်ထက်တစ်ရက် စုမိလာသောအခါ ထိုခံစားချက်များသည် သိမ်းထားရျ်မနိုင်သော တစ်ရက်တွင် ပွင့်အန်ထွက်လာလိမ့်မည်…။ သူမနှင့် ပတ်သက်သော ကျွန်တော့်ခံစားချက်များသည်လည်း တစ်ရက်တွင် ပွင့်အန်ထွက်ခဲ့ရသည်….။

“ထက်ပိုင်အောင်….. သည်ည တရုတ်တန်းသွားရအောင်….”

စကားစလိုက်သော သူမလိုပင် မာကတ်တင်းလုပ်သော ရတီဆိုသော ကောင်မလေးနှင့် သိန်းသန်းဆိုသော သူငယ်ချင်းနှစ်ယောက်ကို ကျွန်တော်တစ်ချက်ကြည့်လိုက်သည်…။

“ရှောင်မေ့ရော လိုက်မှာလား…”

“လိုက်မယ်လေ…. သွားကြတာပေါ့….”

နာမည်ကြီးလှသော တရုတ်တန်းရှိ ဘီယာဆိုင်တစ်ဆိုင်မှာ ထိုင်နေတဲ့အချိန်မှာ ကျွန်တော်ဗိုက်ထဲ ဘီယာက (၃)ခွက်လောက် ဝင်သွားပြီ…။ သူမကတော့ ဘီယာမသောက်ဘူး….ကျွန်တော့်ရှေ့မှာ ရှက်လို့ထင်ပါတယ်…..။ ကျွန်တော်တို့ပြန်တော့မယ် အချိန်မှာ ရတီက…

“ထက်ပိုင်အောင်….. နင်ရှောင်မေ့ကိုလိုက်ပို့လိုက်လေ…”

တွန်းပို့နေတော့ ကျွန်တော်လည်း သူမနောက်ကိုလိုက်ခဲ့လိုက်သည်….။ အရည်ကလည်း နည်းနည်းလေး ဝင်နေပြီဆိုတော့ နည်းနည်းတော့ သတ္တိတွေကောင်းနေပြီ…။

“ရှောင်မေ့….. နင့်ကိုငါချစ်တယ်ဟာ….”

ကျွန်တော်ပြောလိုက်တဲ့စကားက တိုက်ရိုက်ကြီးဆိုပေမယ့် သူမမျက်နှာ ဘယ်လိုမှအရောင်မပြောင်းသွားချေ။ ကျွန်တော် အရဲစွန့်ပြီး သူမလက်ကို ကိုင်လိုက်သည်။ သူမရဲ့နူးညံ့တဲ့လက်ဖျားရဲ့အထိအတွေ့က ကျွန်တော့်တစ်ကိုယ်လုံးကို နွေးထွေးသွားသည်။ အဲသည်ခံစားမှုက တခဏဆိုတာ သိလို်ကရတဲ့အချိန်မှာ သူမလက်တွေက ကျွန်တော့်လက်ကို တွန်းဖယ်ပြီး ရှောင်သွားသည်….။

“သူများတွေကြည့်နေတယ်လေ……”

“လက်ကိုင်တာပဲ ဘာလို့ရှက်ရမှာလဲ…..”

သူမ စီးမယ့်ဘတ်စကားအရောက် ကျွန်တော်ရော သူမပါ ပြေးတက်လိုက်သည်..။ ထိုင်ခံနေရာ ရတာနဲ့ တစ်ခါတည်း သူမလက်ကို ကျွန်တော်အမိအရ ဆုပ်ထားလိုက်သည်..။ စိတ်ထဲမှာ ဘယ်သူလာလာ ဂရုမစိုက်ဘူးဆိုပြီး……….။ အဲသည်နေ့ဟာ ကျွန်တော့်အတွက် သူမနဲ့ပတ်သက်ခဲ့ရတာ အမှတ်ရဆုံးနေ့ဆိုရင် မမှားတော့ချေ….။ နောက်လာမယ့် ရက်တစ်ရက်မှာ ကျွန်တော့ရင်တွေ မီးလောင်ရမယ့် အခြေအနေတစ်ခုကို ရင်ဆိုင်ရတော့မယ်မှန်း ကျွန်တော်လည်း မသိခဲ့ရဘူးချေ။

***************************

ထိုနေ့က ရုံးဆင်းချိန်မှာ မိုးတွေအသည်းအသန် ရွာသွန်းနေခဲ့ခြင်းဖြစ်သည်….။

“ထက်ပိုင် ရှောင်မေ့မှာ ထီးမပါဘူး… ရှောင်မေ့သူငယ်ချင်းက တက္ကစီနဲ့လာခေါ်မယ်ပြောထားတယ်… ရှောင်မေ့ကို….. ရုံးဝထိ ထီးနဲ့လိုက်စောင့်ပေးဦး…”

“ဘယ်သွားမှာလဲ ရှောင်မေ့က….”

“လှည်းတန်းလေ…..”

“ဒါဆို မြေနီကုန်းကို လမ်းကြုံလိုက်မယ်လေ….ရလား”
“ရတယ်လေ…လိုက်ခဲ့”

မိုးကလည်း သည်းသဖြင့် သူမရေမစိုစေရန် ကျွန်တော့်ရဲ့ကိုယ်တစ်ခြမ်းလုံး စိုသည်အထိ ထီးကိုမိုးထားပေးမိသည်။ သူမမျှော်နေသော ကားလေးသည် ကျွန်တော်နှင့်သူမရှေ့တွင် ဆိုက်ရောက်လာသည်…။ ကားနောက်တံခါးသည် ပွင့်ရျ်ထွက်လာသောသူတစ်ယောက်သည် ပိန်ပိန် ရှည်ရှည် အသားညိုညို ယောက်ျားလေးတစ်ယောက်ဖြစ်သည်…။ ထိုယောကျာ်းလေး သူမကို ပြုံးပြလိုက်သောအပြုံးသည် ကျွန်တော်၏ ရင်ဘတ်ကို တစ်ခုခုအင်အားပြင်းစွာ လာမှန်သကဲ့သို့ပင်…။ ထိုအချိန်တွင် ကျွန်တော်သည် သူမနှင့် လမ်းကြုံလိုက်ရမည်လား… လိုက်ရမည်လား… စဉ်းစားရတော့မည်..။

“ထက်ပိုင်အောင် လာလေ…ခေါင်းခန်းမှာထိုင်လိုက်…”

သူမရဲ့ ချိုသာသော စကားတစ်ခွန်းရဲ့ အမိန့်ကို ကျွန်တော်မလွန်ဆန်နိုင်ပါ….။ ကားခေါင်းခန်းရှိ နောက်ကြည့်မှန်တွင် မြင်နေရသောမြင်ကွင်းသည် ကျွန်တော့်အမြင်များကို ဝေဝါးသွားစေသည်…. ။ သူမကို ထိုယောက်ျားလေးသည် ပုခုုံးဖက်ကာ သူမသည် ထိုယောက်ျားလေး၏ ရင်ခွင်အစုံထဲတွင် ရောက်နေလေသည်…။ ကျွန်တော်သူမကို စိတ်နာရမည်လား…. တရုတ်တန်းသွားသည့်နေတုန်းက သူမ ကျွန်တော့်အား မပြောပြခဲ့ပေ….။ သူမပြောဖူးသလိုပင် ကျွန်တော်သည် အီစီကလီများလား… မေးခွန်းများဖြင့် မွန်းကြပ်နေတော့သည်…။

ကောက်ရိုးပုံထဲအပ်ရှာရသည်မှာ လွယ်ဦးမည်… မိန်းကလေးတစ်ယောက်၏ရင်ထဲတွင် အချစ်ရှာရသည်ကပိုရျ်ခက်လိမ့်မည်ဟု ကျွန်တော်ထင်သည်…။ သူမရင်ထဲတွင် ကျွန်တော်ရှိမလားဆိုသော မေးခွန်းသည် အထပ်ထပ်မေးနေဆဲပင်ဖြစ်သည်….။

***************************

နောက်နေ့များတွင်လည်း သူမသည် ကျွန်တော့်အပေါ်ဆက်ဆံရေးများမပြောင်းလဲသွားချေ..။ သူမနှင့်ပတ်သက်သမျှ မခံစားနိုင်သော ကျွန်တော်သာ အလုပ်ထွက်စာတင်လိုက်ရသည်..။ ထိုအချိန်တွင် စာရင်းကိုင်အစ်မက စကားတစ်ခွန်းကျွန်တော့အားပြောသည်.။

“နင့်နေရာမှာ လုပ်သွားတဲ့ ကောင်လေးတွေအကုန်လုံးအဲလိုပဲ တစ်ယောက်ယောက်ကို အရူးအမူးဖြစ်ပြီး အလုပ်ထွက်သွားကြတာချည်းပဲ… ငါစောစောကတည်းက ပြောသားပဲ ထက်ပိုင်အောင်ရယ်..”

ထိုအစ်မအား ကျွန်တော် ဘာမှမပြောနိုင်တော့ချေ….။ အချစ်သည် ပန်းပွင့်နဲ့တူသည်တဲ့…. မိုးစက်မိုးပေါက်ကလေးတွေ တစ်ပေါက်ချင်းကျမှ ဖူးပွင့်လာတဲ့ပန်းေးလတွေ..။ မိုးတွေသည်းသည်းမည်းမည်း ရွာရင်တော့ ငုံသွားတတ်ကြတယ်…။ ကျွန်တော့်အချစ်တွေ သူမအပေါ်မှာ သည်းသည်းမည်းမည်း ဖြစ်ခဲ့တာလားဆိုတာ ကျွန်တော်ကိုယ်တိုင်မတွေးတတ်အောင်ပါပဲ… ကျွန်တော်မရူးသေးပါဘူး…။

ဘတ်(စ်)ကားအတူတူစီးရင်း သူမဆံပင်တွေကိုကျွန်တော်  ခိုးခိုးနမ်းရှိုက်ခဲ့ဖူးသည်…။ နှာခေါင်းပြားပြားကလေး ပါးမို့မို့ ဖွေးဖွေးလေးအား… ပတ်ဝန်းကျင်မေ့အောင် ကျွန်တော်ငေးကြည့်ဖူးသည်။ သူမရဲ့ နှုတ်ခမ်းဖျားက မုသားတွေကို တပ်မက်စွာ ကျွန်တော်နာခံခဲ့ဖူးသည်..။

အချစ်ဆိုတာ လက်ပေါ်မှာ တင်ထားတဲ့ ပြဒါးလိုပဲတဲ့….. ဖြန့်ထားရင်တော့ အကောင်းသား…။ လက်နဲ့ဆုပ်လိုက်မှ လွတ်ထွက်သွားတော့သာ…။ ကျွန်တော့်အဖြစ်လည်း အဲဒီလို ဖြစ်နေတယ်ထင်တာပဲ….။ သူမနဲ့ပတ်သက်ခဲ့ဖူးတဲ့ကျွန်တော် သူမအကြောင်းတွေးရင် ခုထိတစ်ကိုယ်လုံးနွေးနေတုန်းပဲ….။ သူမနှင့်ကျွန်တော်… ကျွန်တော်နှင့်သူက ဘယ်သူက အပြစ်ရှိသလဲဆိုတာကိုတော့……။

ချစ်ခဲ့မိရျ် အပြစ်ရှိသည်…..။

************

အောင်မိုးသူ

20 comments

  • Mon Kit

    September 24, 2012 at 1:19 pm

    မာယာများတဲ့ နှာခေါင်းပြားပြားနဲ့ ရှောင်မေ့…
    ရိုးသားပီး အချစ်ကို မသိသေးတဲ့ ထက်ပိုင်အောင်….
    စောစောစီးစီး သိလိုက်ရတာ ကံကောင်းလို့ .. လို့ မှတ်လိုက်ပါကွယ်….
    :chee:

  • ဒဿ ဖွတ်ကျား

    September 24, 2012 at 1:32 pm

    အားပေးသွားပါတယ် စာရေးသူရေ ..

    စကားမစပ် ကိုယ့်ဆြာရေ ဂဏန်း ၁ရဲ့ဘေးဘယ်ဘက်အစွန် က ကီး ​”`~”
    အဲ့ဒါရယ် “i” ရယ် နဲ့ ပေါင်းပြီး “၍” ကို ရိုက်လို့ ရပါကြောင်း ..။

    ရ ကောက်ကို -ျ် တပ် ရိုက်ထားတာလေးတွေ တွေ့လို့ လက်တို့ ခဲ့ပါတယ်ဗျို့..

    :kwi:

    ခင်တဲ့

    • aung moethu

      September 24, 2012 at 3:20 pm

      ဟုတ်ကဲ့ ကိုဒဿနဲ့ဖွတ်ကျား း) ကျတော် အရင်တုန်းက မသိလို့ရေးတာလေးတွေလေ..။ ခု ပြန်ပြင်ချိန်မရလိုက်လို့ပါ ၍ ဒီလို ရိုက်ရတယ်ဆိုတာ သိသွားပါပြီ။ ကျေးကျေးနော်. း)))))))))

  • Khaing Khaing

    September 24, 2012 at 1:44 pm

    လောကြီးမှာ မျက်နှာများတတ်တဲ့ မိန်းကလေးတွေလည်းရှိတတ်ပါတယ် ….. တစ်ခါတစ်လေ လုပ်ဖော်ကိုင် ဖက်မို့လို့ ခင်လို့မင်လို့ ဆက်ဆံတာကို အရောင်တွေပြောင်း ကိုယ့်ဘက်ကနေတစ်မျိုးတွေးရင်ခုန်မိရင်တော့ ရင်ခုန်သူရဲ့အပြစ်လို့ဆိုချင်တယ်…… ထိုမိန်းကလေးက ထိုယောက်ျားလေးတစ်ယောက်ကိုပဲ ဦးစားပေးရင် ဒါဟာ မာယာတွေပေ့ါ ….. ဒီလိုမှ မဟုတ်ပဲ တစ်ရုံးလုံးကလူတွေကို ဒီလိုပဲဆက်ဆံတတ်ရင် ကိုယ့်ဘက်ကအမှားပါပဲ ……. တည့်တည့်တိုးမှ သိလိုက်ရတာ ယူညံ့လို့ ………

    • aung moethu

      September 24, 2012 at 3:21 pm

      ချစ်ခဲ့မိလို့ ကျတော်သာ အပြစ်ရှိပါ၏။ း((((

  • mamanoyar

    September 24, 2012 at 2:39 pm

    ဝူးးးးးးးးးးးးးးးးးးးးးးးးး
    ဖြစ်မှဖြစ်ရလေ
    ရှောင်မေ့ကလည်း ရည်းစားရှိရင်ရှိတယ်ပေါ့
    ဘာမှန်းမသိဘူး

  • Tun Tun Naing

    September 24, 2012 at 3:32 pm

    အော် အချစ်ရှုံးသမား….
    ဒဿ ထက်ပိုင်…
    သီတာ ရှောင်မေ့..
    ရင်ဆိုင်တွေ့ တော့ ဖင်ထိုင်မေ့ပေါ့ ကွယ်

  • ကိုရင်စည်သူ

    September 24, 2012 at 3:35 pm

    ကြိုက်ဒယ်.. အူးစည်ကြိုက်တဲ့ ဇာတ်လမ်းမျိုးနဲ့ ကွက်တိပဲ..
    တီလုပ်မလေး ရှောင်မေ့ အူးစည်ကို အပျော်လာကြံလို့ဂတော့…
    တရုတ်တန်းမှာ အပြုတ်နမ်းပလိုက်မှာ… :kwi:
    စာရေးသူရဲ့ ဒရမ်မာအရေးအသားကို အသိအမှတ်ပြုပါဒယ်ဗျာ.. 🙂

    • Khaing Khaing

      September 24, 2012 at 4:12 pm

      အူးစည်က … အဲလိုသဘက်သတ်ခြစ်ချင်နေတာလား ….. အလွမ်းသမားကြီး လုပ်ချင်တယ်ပေ့ါ … လုံးဝမသနားဘူးနော် …..

  • Shwe Ei

    September 24, 2012 at 5:06 pm

    ပွင့်ပွင့်လင်းလင်းပြောရရင် ကောင်လေးကအတော်ပိန်းဒယ်။

    ပြေးဘီ။
    ဒက်ကလောက် ဒက်ကလောက်
    :harr:

  • Thu Wai

    September 24, 2012 at 5:17 pm

    ဲခြစ်ခဲ့မိ အရာထင် ခဲ့

  • may flowers

    September 24, 2012 at 5:44 pm

    စီလုပ်မလေး တော်တယ် ကောင်လေးတွေတစ်ယောက်ပြီးတစ်ယောက် အလုပ်ပြုတ်အောင်လုပ်
    နိုင်လို့… :101:

  • Mလုလင်

    September 24, 2012 at 6:28 pm

    bro .. အောင်မိုးသူ .. sorry ပါဗျာ .. သူ (ကိုယ့်လူ ခေါ်တဲ့ ရှောင်မေ့) ပြောတာ တော့ အမေ့ တူ … တစ်ယောက် လမ်းကြုံလိုက်ချင် လို့ပါတဲ့ … ထပ်တောင်းပန်ပါတယ်နော့ .. sorry ပါဗျာ ..။

  • candle .

    September 24, 2012 at 7:06 pm

    သတိထားနော်..ကိုထက်ပိုင်..
    ခုခောတ်က ဆူးပေါ်ဖက်ကျလဲ..အင်း..ဆူးကျိုး တဲ့ခောတ်ဆိုလားဘဲ..
    အရေးကောင်းတဲ့ ဒရမ်မာ ဇာတ်လမ်းလေးတွေကို အမြဲ..အားပေးလျှက်..

  • Nyein Nyein

    September 24, 2012 at 8:03 pm

    ကိုအောင်မိုးသူရဲ့ ကိုယ်တွေ့လေးပါလားနော်………………… 🙄 :mrgreen: အဲဒီ့လိုမိန်းကလေးမျိုးနဲ့ မတွေ့ဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်………

  • Crystalline

    September 25, 2012 at 9:16 am

    ကိုအောင်မိုးသူရဲ့ဇာတ်ကောင်အမျိုးသမီးက မရှောသော်လည်းစွမ်းအိပေါ့..

  • kyeemite

    September 25, 2012 at 1:33 pm

    အပြစ်ရှိသူ အောင်မိုးသူ
    ကြားကဖြတ်သူ Mလုလူ… :kwi:

  • mayjuly

    September 25, 2012 at 3:01 pm

    ဘယ်သူမပြု မိမိ မှုတဲ့ … :hee:

  • cobra

    September 25, 2012 at 6:02 pm

    စအရင်ခေတ်တွေတုန်းကတော့မသိဘူး
    ဒီခေတ်မှာတော့စချစ်တဲ့သူကရှုံးမှာသေချာနေပြီပဲ
    အဲ့တော့ မချစ်တော့ဘူး အချစ်ပဲခံတော့မယ်….. 🙂

Leave a Reply