ကျွန်တော်နှင့် Highway လမ်း

ခ်စ္ရင္ထူး IISeptember 24, 20121min13810

LightTruck တစ်စီးဝယ်ထားပြီးတဲ့နောက်မှာ ကားအော်ဒါလိုက်တစ်ခု ရလိုက်သည် ။ 20.9.2012 မနက် 4.00 သွားခေါ်ရမည်။ အိပ်ယာက မနက်အစောကြီး မထသဖူး ထ ၊ အင်ဂျင်ဝိုင် တိုင်း ၊လေပေါင်ချိန် ပြီး သွားခေါ်ခဲ့ပါတယ်။ ကားနှစ်စီးအတူတူသွားဖို့ချိန်းထားပေမယ့် နေ့ဆွမ်းကပ်ချိန် အမှီသွားမယ်ဆိုပြီး သူတို့ကားက အစောကြီးထွက်သွားပါတယ်။ ချိန်းတဲ့နေရာကို 6.00 အရောက်သွားခဲ့ပါတယ်။ ကား ဒီဇယ်ဖြည့်ပြီး တစ်ခါတည်း နောက်က အမှီလိုက်ခဲ့ပါတယ်။ လမ်းမှာ မပျင်းရအောင် အေသင်ချိုဆွေက သီချင်းဆိုပြပါတယ်။ မနက်အစောပိုင်း ကားမမောင်းဖူးလို့ ခေါ်ထားတဲ့ ဒရိုင်ဘာက မောင်းပါတယ်။ အင်္ဂပူ မြို့ကို ရောက်တော့8.00 လောက်ဖြစ်နေပါပြီ ။ ရှေ့ခရီးကို ကျွန်တော်က တလှည့် မောင်းပါတယ် ။ မြို့ကွင်းလမ်းက အရမ်းဆိုးပါတယ်။ Butterfly နဲ့လမ်းနဲ့ ဆောင့်မိတာမျိုးတွေတောင် ရှိပါတယ်။ ၁ နာရီခွဲ လောက်မောင်းမှ ဟင်္သာတ ကိုရောက်ပါတယ်။ခဏ နားပြီးတာနဲ့ ဇလွန် ကို ဆက်ပါတယ်။ ဇလွန်ရောက်တော့ 11.15 မိနစ်တိတိပါ။ ဘုရားဝင်း ထဲမှာ ကားရပ်ပေးဖို့ပြောပါတယ်။ တစ်ကယ်ဆိုရင် ကားငှားခထဲမှာ ရပ်နားခ က မပါပါဘူး ။ ကျွန်တော်က ရပ်နားခ ပေးရမယ်လို့ပြောတော့ မသိသလိုလုပ်နေတယ်။ ဘာမှ မပြောချင်တာနဲ့ ၃၀ဝ ထုတ်ပေးလိုက်တယ်။ ပြီးတော့ သူတို့ခေါ်တာက ဓနုဖြူ မြို့ ။ ဇလွန်က လမ်းဘေးက ဖြတ်သွားရင်းနဲ့မကောင်းတတ်လို့ ဝင်ပို့ပေးရတာ။ မပို့ပေးပြန်ရင်လည်း အပြောခံထိဦးမယ်.( ခုအချိန်က လုပ်ငန်းပါးတဲ့အချိန်ဆိုတော့ သူတို့မျက်နှာ ကြည့်နေတယ်) ဇလွန်မှာ အကြာကြီး နေတယ်။ ဓနုဖြူ ရောက်တော့ 3.30 ဖြစ်နေပြီ ။ ဒါတောင် အနားက ဘုရားတွေ လိုက်ပို့ပေးပါဦးတဲ့။ အားမနာလျှာမကျိုး ၊ ကားလေးတစ်စီးကို ကျွန်တော်ပါ အပါအဝင်ဆို 19 ယောက်စီးရတာ။ ခေါင်းက အရမ်းပူတယ်။ ဘယ်အချိန် လေးကျိုးမလဲ မသိဘဲ မောင်းနေရတာ။ သူတို့မို့လို့ ပြောရက်တယ်။ ညအိပ်ပြီး မနက်ကျ တော့ ကျွန်တော်က စစ်သူကြီး ဗန္တုလ ခံတပ် သွားကြည့်မလို့ ပြောတော့ သူတို့ကို အရင် လိုက်ပို့ပေးရတယ်၊ ပြီးတော့မှ ကျွန်တော်က ကြည့်ဖြစ်တယ် ။ စစ်သူကြီး ကျဆုံးတဲ့ နေရာ ။ အဲဒီနေရာ ရောက်တော့ စိတ်ထဲတော့ တစ်မျိုးပဲ ၊ ပြောမပြတတ်တဲ့ ရသမျိုး တစ်ခုခု ရသလိုပဲ။ ဓါတ်ပုံကတော့ ရလိုက်ပါတယ် ။ နောက်တစ်ခုက ကျောက်စာတွေ ။ စုစုပေါင်း 399 ရှိတယ်တဲ့ ။ ကျွန်တော်ကတော့ ရေ မကြည့်ဖြစ်ဘူး။ အဲဒီအထဲမှာ ကျောက်အကြည် တစ်ချပ်ပါတယ်။ ဟိုဘက် သည်ဘက် မြင်နေရတယ် ။ ထူးထူးဆန်းဆန်း ကတော့ အဲဒါပဲ ရှိတာပါ ။ နေ့ခင်းဘက် 12.30 ပြန်ထွက်ခဲ့တယ် ။ လူနှစ်ယောက်ထပ်တင်ပေးဖို့ ကပ်ပြောတယ်။ ဘယ်ရမလဲဗျာ လမ်းကဘယ်လောက်ဆိုးလဲ ခင်ဗျားလဲ အသိပဲလေ။ ကားက လေး ကျိုးရင် လမ်းခုလတ်မှာ ဘာမှ လုပ်လို့ ရမှာ မဟုတ်ဘူး လို့ပြောလိုက်ရတယ်။ တစ်ကယ်ပါပဲ ။ငါးချဉ်တော့ အိမ်ဖို့ဆိုပြီး လက်ဆောင်ပေးလိုက်တယ်။ တောင်ပေါ်ကျောင်းကို နှစ်တိုင်းဆွမ်းကပ်တာတဲ့။ ရွှေကျင် ဂိုဏ်း ဆိုတော့ ဝိနည်း ကတော့ အရမ်း လေးစားလိုက်နာတယ်။ ဟိုက်ဝေးလမ်းကို ဒီလောက်အဝေးကြီး တစ်ခါမှ မမောင်းဖူးသေးတော့ ကားကြီးတွေ တွေ့ရင် ဘေးကို အရမ်းကပ်လို့ ဆရာက မန်တယ်။ နောက်ခန်းက လူတွေ မူး(ကားတောက်) နေတာကို မကြည့်ဘဲ ကားကို ယိမ်းလို့ ပြောတယ်။ ညဘက် ဆိုင်ကယ် ၊ စက်ဘီး တွေ့ရင် မီးမချ ရင် ချဖို့ ပြောတယ်။ ဒီတစ်ခါလမ်းကြောင်းက ကျွန်တော့် အဖို့ ပညာ တော်တော်လေး ရလိုက်ပါတယ်။ ဓါတ်ပုံတွေက တင်လို့မရဘူး ဖြစ်နေလို့ ဗျို့ ။ ကျွန်တော်လည်း အလုပ်က များနေတာနဲ့ ။ ရွာကို သတိရနေတာပါ။ ကိုအရင့်ရောင် ကိုပိုပြီး သတိရတယ်။ မော်တော်ပီကယ် မြင်တိုင်း ဆိုရင် ပိုမှန်မယ် ။ ဓနုဖြူ မြို့က ပူတာတော့ တော်တော်လေး ပူတယ်။ ညနေပိုင်း မိုးရွာလို့ တော်သေးတယ်။ မဟာဗန္တုလ အကြောင်းကိုတော့ ပြောကြတာ သိပ်မတွေ့ရဘူးဗျ ။ ကျွန်တော်ကတော့ ရောက်တည်းက မေးရတာ ။ သမိုင်းမှာ စစ်ကြောင်းချီတာ အမြန်ဆုံး ဟာ ဗန္တုလ ပါ။ ရခိုင်ကနေ ရန်ကုန်ကို ရိုးမကို ကျော်ပြီး လာရတယ်။ အင်္ဂလိပ်က ရွှေတိဂုံ ကို တပ်စွဲထားတာကြောင့် နောက်ဆုတ်ရင်းနဲ့ ဓနုဖြုမှာ ကျတယ်။ အသက် 42 မှာ တိုက်ပွဲကျ တယ်လို့ မှတ်သားရပါတယ်။ ။
ပုံတွေ တင်လို့ရတဲ့နေ့ကျရင် တင်ပေးလိုက်ပါ့မယ်။ ခုတော့ ဘာဖြစ်နေတာလဲ မသိဘူး တင်လို့မရဘူးဖြစ်နေလို့…
ဒါနဲ့ ရွာထဲ ကားအော်ဒါ ခေါ်ချင်ရင် ဆက်သွယ်လိုက်နော် .. 🙂

အားလုံးကို သတိရနေလျှက်
ချစ်ရင်ထူး ..

10 comments

  • Khaing Khaing

    September 24, 2012 at 3:03 pm

    ကားဝယ်တာ ကားနဲ့ပတ်သက်ပြီး ဘာတွေဒုက္ခရောက်ပြီးပြီလဲ …. ရန်ကုန်ကိုအော်ဒါ လာရင်လည်း ဖုန်းဆက်လိုက်ဦးနော် …. ကြုံတုန်းလေး သူငယ်ချင်းကားကို လိုက်စီးချင်လို့ ……..

  • Mon Kit

    September 24, 2012 at 3:05 pm

    ဪ….. ဆြာက ကားအော်ဒါ လိုက်နေတာကိုးးးးးးးး…..
    ဒါ့ပုံ တင်လို့ရရင်တင်ပေးပါနော်…
    ပိုပြည့်စုံတာပေါ့…
    ကားအော်ဒါ လိုက်နေဒါဆိုတော့ .. သွားလမ်းသာလို့ .. ပြန်လမ်းဖြောင့်တန်းပါစေနော်…
    :hee:

  • မောင်ပေ

    September 24, 2012 at 8:38 pm

    အော်ဒါခေါ်ရင် တစ်ကယ်လိုက်မှာလား လို ့
    :kwi:
    ကိုကြီးတို ့က မန်းတလေးကနေ ကို လှမ်းခေါ်အားပေးချင်တာပါ
    ဟီဟိ

  • မဟာရာဇာ အံစာတုံး

    September 24, 2012 at 10:21 pm

    မြစ်ကြီးနား ကနေ ကော့သောင်း
    ကော့သောင်း ကနေ မြစ်ကြီးနား
    အသွားအပြန် ဘယ်လောက်ယူမလဲဟင်င်င် ..
    :kwi:

  • surmi

    September 24, 2012 at 11:04 pm

    ကားတစ်စီးကို မယားငယ်ဆယ်ယောက်နဲ ့ညီသတဲ ့
    ဟိုတုန်းကကြားဖူးခဲ ့တာ
    ကားကိစ္စဘယ်လောက်ရှုပ်ထွေးတယ်ဆိုတာတင်စားထာတာပေါ ့
    ကျုပ်လဲ ကားသမားလူထွက်ဆိုတော ့ ကိုရင်ဘယ်လိုဖြစ်နေမယ်ဆိုတာ
    မြင်ယောင်မိပါတယ်
    :harr:

    • kai

      September 24, 2012 at 11:14 pm

      တကယ်လားဟင်.. ရှာပေးလေ..
      ကျုပ်ကားကို.. ၂ယောက်လောက်နဲ့ပဲ.. လဲမလားလို့..

      လေဒီခိုင်ကို မတိုင်နဲ့နော..။
      .. နောက်ပြီး တကယ်ပြောတာ.. :kwi:

      • surmi

        September 24, 2012 at 11:58 pm

        သဂျီးမင်းရယ်
        အဓိပ္ပါယ်ကောက်လွဲနေပြီဗျ။
        မယားငယ်ဆယ်ယောက်နဲ ့ညီတယ်ဆိုတာ ကားတန်ဘိုးဟုတ်ဖူး
        ဘယ်လောက်အလုပ်ရှုပ်ပြီး ဒုက္ခရောက်မလဲ လို ့ဆိုလိုတာဗျ
        သဂျီးပဲ စဉ်းစားကြည် ့လေ
        တစ်ယောက်ထဲနဲ ့တောင် ချာလပတ်ယမ်းနေပြီ ဆယ်ယောက်ဆို ရင်တော ့
        အောင်မငေးးးးးးး
        ကားသမားဘွ လွယ်ဘူးဗျ
        ကျုပ်လဲ တစ်နေ ့ ရေးချင်ပါသေးတယ်ဗျာ။ မြန်မာပြည်မှာက ကားလောက က
        တစ်မျိုးဗျ။ ပျော်စရာလဲကောင်းသလို စိတ်ညစ်စရာတွေလဲ အပြည် ့ဘဲဗျို ့ ။

        • MaMa

          September 25, 2012 at 7:15 am

          ချစ်ရင်ထူးရဲ့-
          avatar ပုံလေးကို မြင်ဖူးသလိုပဲ။ 😉
          မြန်အောင် ဟင်္သာတ ကားလမ်းက လမ်းပေါက်တာ နှစ်သိပ်မကြာသေးလို့ လမ်းဆိုးတာ နာမည်ကြီးပါတယ်။
          ပြောရမယ်ဆိုရင် ရန်ကုန် ဟင်္သာတ ကားလမ်းလည်း နှစ်ပေါင်းများစွာကြာပြီဆိုပေမယ့်
          နွေမိုးဆောင်း သုံးရာသီလုံးမှာ ရာဇဝင်နဲ့ကို လမ်းဆိုးတာပါပဲ။

          ဇလွန်ပြည်တော်ပြန်ဘုရားသွားချင်တာ ရထားလမ်းပြီးအောင်စောင့်နေတယ်။
          (ဒီစာကို သဂျီးမမြင်ပါစေနဲ့) :harr:

          ဆြာဆွာမိရဲ့ ကားသမားဘွ ဖြစ်ပုံ ဇာတ်လမ်းစုံကိုလည်း မျှော်လင့်နေပါတယ်။

        • surmi

          September 25, 2012 at 8:34 am

          အန်တီမမရေ လာမယ်စိတ်ချ
          ကျနော်ကိုယ်တိုင်က ကားသမားတွေရဲ ့ အကျင် ့ဆိုးတွေကိုပြောချင်နေတာ ။
          စာကောင်း ကောာင်းမရေးနိုင်လို ့ ရေးနိုင်မည် ့သူကိုတောင် ပြောပြချင်မိသေးတာ

  • kyeemite

    September 25, 2012 at 10:42 am

    :kwi:
    ဓါတ်ပုံလေးတွေပါရင် ပိုကောင်းသွားမှာ…
    လမ်းဆိုးတာတော့ တော်တော်ဆိုးတယ်ဗျို့..

Leave a Reply