ပသီမောင်နှမရဲ့ အမုန်း

may flowersSeptember 24, 20121min34129

တကယ်တော့ ဒီပန်းတောရွာကို သွားကတည်းကပြန်ရင် ဒိလောက်မိုးကြီးချုပ်မှ ပြန်လာခဲ့မယ်ဆိုပြီး ကိုဘသာ

မတွေးခဲ့ရိုးအမှန်ပါ။ ဒီပန်းတောရွာမှာ ရစရာအကြွေးကိစ္စလည်းရှင်းရင်း အလုပ်ကိစ္စလည်းပြောဆိုရင်းဆိုပြီး မ

နက်ကတည်းက အိမ်ကငါးမိုင်ခရီးလောက်ကို စက်ဘီးစီးပြီးတစ်ကိုယ်တည်းထွက်လာခဲ့ပေမဲ့ ပြန်ရင်ဒီလောက်

မိုးချုပ်မှပြန်ရန်မရည်ရွယ်ထားခဲ့ပေမဲ့ အလုပ်ကိစ္စဆွေးနွေးရင်း ငယ်သူငယ်ချင်းလည်းဖြစ်၊ အလုပ်လုပ်ဖော်ကိုင်

ဖက်လည်းဖြစ်တဲ့ သူငယ်ချင်းမောင်ဝင်းရဲ့ ဖိတ်ခေါ်ဧည့်ခံမှုကြောင့် သောက်စားကြရင်းအတော်ကြီးမိုးချုပ်မှပြန်

ဖြစ်ခဲ့ပါတယ်။ အရေးတည်းစီးတော်ယာဉ်စက်ဘီးစုတ်ကလည်း ရွာအပြင်နားလောက်ရောက်မှ ဘီးပေါက်တော်

မူတော့ လူကလည်းယိုင်ထိုးနေတဲ့အပြင် စက်ဘီးကိုတွန်းပြီး ငါးမိုင်ခရီးလောက်ကို တွန်းသွားဖို့အဆင်မပြေတာ

ကြောင့် နီးစပ်ရာအိမ်တစ်အိမ်မှာပဲ နောက်နေ့မှလာယူပါမယ်ပြောပြီး စက်ဘီးကိုအပ်ကာ လမ်းလျောက်ပြန်လာ

ခဲ့ရပါတယ်။ အမှန်တော့ တာလမ်းတစ်လျှောက်သာ ပြန်ရင်ကိုဘသာနေတဲ့မြို့ကို ငါးမိုင်ခရီးလောက်ရှိမှာဖြစ်ပေ

မဲ့ လယ်ကွင်းပြင်ကိုဖြတ်ပြီးပြန်မယ်ဆိုရင်တော့ သုံးမိုင်ပြော့ပြောလောက်သာခရီးရှိတာမို့ စက်ဘီးကလည်း

ပေါက်နေတာနဲ့ အနီးဆုံးဖြတ်လမ်းဖြစ်တဲ့ လယ်ကွင်းပြင်တွေထဲက ဖြတ်ပြန်ဖို့ကိုဘသာရွေးချယ်လိုက်ပါတယ်။

လဆန်း ၁၃ ရက်နေ့မို့လက အရမ်းကြီးမသာပေမဲ့ လယ်ကန်သင်းရိုးတွေကိုမြင်နိုင်ရုံလောက်တော့ သာပါသေး

တယ်။

 

ကိုဘသာလည်း လယ်ကွင်းထဲလေလေးတစ်ဖြူးဖြူးနဲ့ သီချင်းလေးတိုးတိုးညီးပြီး အကြွေးတောင်းလို့ရတဲ့ ငွေ

ကို အိတ်ကပ်ထဲက ခဏခဏစမ်းကာ ခပ်သုတ်သုတ်လေးလှမ်းပြန်လာခဲ့ပါတယ်။ ဒီလမ်း ဒီခရီးကလည်း လမ်း

ရယ်လို့တိတိပပ မရှိပဲလယ်ကွင်းတွေက ဖြတ်လျောက်လာတော့ လူသွားလူလာကလည်းမရှိသလောက်ဆို

တော့ ကိုယ့်ငွေလေးရိုက်လုသွားမလားပူရသေးလို့ပါ။ ဒီလိုနဲ့လျောက်လာလိုက်တာ ခရီးတစ်ဝက်လောက်ကျိုး

လာတော့ ကိုဘသာခံတွင်းချဉ်ကာ ဆေးလိပ်သောက်ချင်လာပါတယ်။ ဒါနဲ့အမြဲဆောင်နေကျ ခါးကြားထဲညှပ်

ထားတဲ့ ကျင်ကျင်နေမင်းဆေးပေါ့လိပ်လေးကိုထုပ်ကာ မီးခြစ်ကိုအိပ်ကပ်ထဲကိုစမ်းအရှာမှာတော့ …။

ကိုဘသာ စိတ်ညစ်သွားမိပါတယ်။ မီးခြစ်ကိုမေ့ပြီး စက်ဘီးအရှေ့ခြင်းထဲမှာ ထဲ့ထားမိတာသတိရလိုက်လို့ပါပဲ။

ဒီလိုနဲ့ ဆက်သာလျောက်လာပေမဲ့ ကိုဘသာရဲ့ဆေးလိပ်သောက်ချင်နေတဲ့ခြင်ခြင်းကတော့ ဆက်ဖြစ်နေဆဲပါပဲ။

အဲ..လျောက်နေရင်းရှေ့က မဲမဲ..မဲမဲနဲ့လူရိပ်နှစ်ယောက်ကို မြင်တဲ့အချိန်မှာတော့ ကိုဘသာတော်တော်လေး

ဝမ်းသာသွားပါတယ်။ ဒါနဲ့ အဲဒီနှစ်ယောက်ကိုမှီရန်ကိုဘသာ အပြေးနီးပါးလိုက်လာခဲ့ပါတယ်။ တော်တော်နီးနီး

ကိုရောက်တော့ ရှေ့ကယောျ်ားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ရဲ့ပုံသဏ္ဍန်ပီပြင်အလာမှာတော့ အဲဒီသူနှစ်

ယောက်ဟာ ညာဘက်ကလယ်စောင့်တဲ့တစ်လုံးထဲကို ချိုးကွေ့ဝင်သွားကြပါတယ်။ ကိုဘသာလည်း လယ်

စောင့်လင်မယားနှစ်ယောက်ဝင်သွားတဲ့တဲကို မီးခြစ်ငှားမယ်ဆိုတဲ့အကြံနဲ့ လိုက်လာခဲ့ပါတော့တယ်။

တဲရှေ့အရောက်မှာတော့ တဲထဲကဘာမီးခွက်မှမထွန်းပဲမှောင်နေတာကြောင့် ခဏစောင့်ကြည့်နေပေမဲ့ တော်

တော်ကြာကြာတိတ်ဆိတ်နေတာကြောင့် ကိုဘသာအသံပြုပြီးအောခေါ်လိုက်ပါတယ်။

အိမ်ရှင်တို့အိမ်ရှင်တို့

“………………..”

လူမရှိကြဘူးလားကျွန်တော်မီးခြစ်လေးခဏလောက်ငှားချင်လို့ပါ..”

“……………………….”

အတန်ကြာသည်အထိတိတ်ဆိတ်နေတော့ ကိုဘသာ သံသယဝင်လာပါတယ်။ ဒါကြောင့်လက်ထဲလိုရမယ်ရသူ

ငယ်ချင်းဆီက ငှားလာတဲ့နှစ်တောင့်ထိုးဓါတ်မီး လေးရဲ့အလင်းရောင်ကို အားပြုပြီးတဲထဲကို ဝင်လာခဲ့ချိန်မှာ

တော့ ………..။

ဟင်..”

ရှင်းလင်းနေပြီး လူနေတဲ့အရိပ်အရောင်လုံးဝမရှိတဲ့တဲ့အတွင်းမှာတော့ ခေါင်မိုးကတစ်ဝက်တစ်ပျက်ပြိုကျလို့။

လူတစ်ယောက်ပုန်းနိုင်လောက်တဲ့ နေရာလည်းမရှိသလို မှုှန်ပြပြလရောင်ကြောင့်တဲနောက်ဘက်ကထွက်

သွားရင်လည်းအတိုုင်းသားမြင်နိုင်ပါရက်နဲ့ မျက်စိရှေ့တင် တဲအတွင်းဝင်သွားတဲ့ သဏ္ဍန်နှစ်ခုက ပျောက်ကွယ်

သွားတာကြောင့် ကိုဘသာပထမတော့အံ့ဩသွားပေမဲ့ နောက်တော့ငါ့သရဲခြောက်ခံရပါလားဆိုတဲ့ အသိကဝင်

လာပါတယ်။ ဒါပေမဲ့ဆေးလိပ်သောက်ချင်လို့ခံတွင်းချဉ်နေတာကြောင့်စိတ်တိုနေတာကြောင့်ကော၊

ယမကာအရှိန်နဲ့မူးနေတာကြောင့်ပါ ကိုဘသာကြောက်စိတ်ဝင်ရမဲ့အစားဒေါသထွက်လာပါတယ်။

ဒါကြောင့်တဲအပြင်ဘက်ကိုပြန်ထွက်လာပြီး…

#ငါ…..**8….@*&…..#####&*……..##%*

အမေနှမကုန်အောင် မူးမူးနဲ့သရဲကို ကိုင်ဆဲပြီးသကာလ ထိုတဲဘက်ကို လှည့်ပြီးမဖွယ်မရာအပြုအမူနဲ့ အပေါ့

အပါး စွန့်ပြီးကိုဘသာ ရင်ကိုကော့ပြီးထွက်လာခဲ့ပါတယ်။ ခြေလှမ်းဆယ်လှမ်းလောက် အရောက်မှာတော့

”တောက်”

ကျယ်လောင်စူးရှသောတောက်ခေါက်သံကို ပီပီသသကြီးကိုဘသာကြားလိုက်ရပါတော့တယ်။ ထိုအသံကို

ကြားချိန်မှာတော့ သရဲဆိုတာတစ်သက်လုံးမကြောက်ခဲ့သောကိုဘသာတစ်ယောက် တစ်ကိုယ်လုံးတုန်သွား

ကာ ကြက်သီးတွေထပြီး မခံစားဘူးတဲ့ကြောက်စိတ်ကြောင့် မပြေးရုံတမယ်ခြေလှမ်းတွေနဲ့ အိမ်ကိုအပြေးလေး

ပြန်လာခဲ့ရပါတော့တယ်..။

 

အပိုင်း- ၂ ကိုဆက်လက်တင်ပြပေးပါ့မယ်။

 

29 comments

  • စိန်ဗိုက်ဗိုက်

    September 24, 2012 at 3:51 pm

    ဆိတ်ဝင်စားသဗျို ့..
    ဘယ်သူတောက်သလဲသိချင်သဗျား.

  • Khaing Khaing

    September 24, 2012 at 3:56 pm

    ဆက်လက်မျှော် ဖတ်နေမည် ဖြစ်ပါကြောင်း …… မမမေရေ ……

  • may flowers

    September 24, 2012 at 3:58 pm

    စိန်ဗိုက်ဗိုက်ရေ အပိုင်း-၂ မှာသိရပါ့မယ်နော်..။

    အားပေးတဲ့အတွက် ကျေးဇူးပါ ခိုင်ခိုင်ရေ။

  • Mon Kit

    September 24, 2012 at 4:02 pm

    ကောင်းနေပီ… ကောင်းနေပီ….
    ဇာတ်ရှိန်ကို ပြောပါတယ်….
    အဲလို ပို့စ်မျိုးဆို သိပ်ကြိုက်…
    လောကီရဲ့ ထူးခြား ဆန်းကြယ်မှုတွေပေါ့…
    ဆက်မျှော်နေမယ်နော်…….
    :hee:

  • Ma Ei

    September 24, 2012 at 4:04 pm

    မေဖလားဝါးလေးက
    စာရေးသားကောင်းလှချေလားကွယ်…
    စောင့်ဖတ်နေပါမယ်နော်…

  • may flowers

    September 24, 2012 at 4:04 pm

    Mon Kit ရေသိပ်ကြိုက်တယ်ပြောလို့ ရေးရတဲ့သူလည်း အားရှိတာမို့ ကျေးဇူးအထူးတင်ပါတယ်လို့။

  • may flowers

    September 24, 2012 at 4:05 pm

    ကျေးဇူးပါမအိရေ..ညန်ညန်လေးရေးတင်ပေးပါ့မယ်.. =D

  • surmi

    September 24, 2012 at 4:22 pm

    ကြင်ကြင်နေမင်း ဆေးပေါ ့လိပ်နဲ ့ ပသီမောင်နှမဆိုတော ့ …….?
    မေဖလားဝါး ရေးတဲ ့နယ်က ကျုပ်ကောင်းကောင်းရင်းနှီးနေတဲ ့နယ်များဖြစ်နေမလား
    ပသီမောင်နှမဆိုတာ နှစ်နေရာတော ့မရှိနိုင်သလို
    ကြင်ကြင်နေမင်းဆေးပေါ ့လိပ်ကလည်း နာမည်တူမရှိနိုင်ဘူးဆိုတော ့
    မဟုတ်မှလွဲရော ပဲခူးရိုးမတစ်နေရာကိုများ အခြေတည်ထားသလားဗျာ
    ဟုတ်တယ်ဆိုရင်တော ့ အဲဒီမောင်နှမဆိုတဲ ့ အကောင်တွေနဲ ့ရေစက်က မကုန်
    သေးဘူးပဲ ။ ကဲ ကဲ ထားပါ ဆက်စောင် ့နေမယ်ဗျာ ။

  • may flowers

    September 24, 2012 at 4:35 pm

    ကိုဆာမိတို့များတော်လိုက်တာ ဆေးလိပ်နံမည်နဲ့တောင် အခြေတည်တဲ့အရပ်ကို သိနိုင်တယ်နော်

    ဟုတ်ပါ့ကိုဆာမိရေ

    ပဲခူးရိုးမကရွာလေးတွေကိုအခြေတည်ပြီးရေးထားတာမှန်ပါ့…အားပေး ကော့မန့်ပေးတဲ့အတွက်

    ကျေးဇူးပါ.။

  • ရွှေရိုး (ရွှေမန်း-ဒိုင်အို)

    September 24, 2012 at 4:40 pm

    တစေလား…ဟင်..သားကကြောက်တတ်တယ်နော်

  • may flowers

    September 24, 2012 at 5:11 pm

    ကြောက်နဲ့ သားသားတစ္စေဟုတ်ဖူး တရဲ :harr:

  • candle .

    September 24, 2012 at 6:39 pm

    ကောင်းခန်းရောက်မှ ရပ်ရဝူးလေ..

  • ကိုရင်မောင်

    September 24, 2012 at 7:07 pm

    စိန်ဗိုက်ဗိုက်ရဲ့တရဲပြီးတော့
    နောက်တရဲတပုဒ်လာပြန်ပါ ပကော
    ကောင်းခန်းရောက်မှမီးပြတ်သွားသလိုဘဲနော်……..
    အားပေးနေပါတယ်…..
    ပသီမောင်နှမဆိုတော့
    ကုလားတရဲပေါ့………..

  • ကိုခင်ခ

    September 24, 2012 at 8:11 pm

    မမေရေ မျှော်ရတာမောအောင်တော့ မလုပ်နဲ့နော်။
    အပိုင်း ၂ ကိုမျှော်နေလျှက်—–။

  • မဟာရာဇာ အံစာတုံး

    September 24, 2012 at 9:19 pm

    “တောက်” ခေါက်သံက
    အမူးတောင် ပြေလောက်တယ်ဆိုတော့ …
    တော်တော်တော့ ပြင်းထန်တယ်ထင်တယ် ..
    နောက်ခါ ပေါက်ဖော်တစ်ယောက် ဘီအီးမူးပြီး သောင်းကျန်းနေရင်
    အဲ့ တောက်ခေါက်သံကို သွားငှားပြီး ခေါက်ရမယ် ..
    :kwi:
    အားပေးသွားပါတယ်ဗျို့ ….
    စောင့်မျှော်လျက်ပါလို့ …..

  • မောင်ပေ

    September 24, 2012 at 9:55 pm

    ရတနာ စိန်ကျောက် ဇယ်မတောက်
    သရဲမောင်နှမ တစ်တောက်တောက်
    မေလေး နဲ ့ဆိုဖောက်
    မောင်ပေ တစ်အားကြောက် ။
    နောက်တစ်လုံး…အဲလေ..နောက်တစ်ပိုင်းကို မျှော်နေပြီနော

  • may flowers

    September 24, 2012 at 10:26 pm

    candle ရေအားပေးကော့မန့်ပေးတဲ့အတွက် ကျေးဇူးပါနော်။

    ဟုတ်ပါတယ် ကိုရင်မောင် ရေပသီမောင်နှမက ကိုရင်မောင်ပြောသလိုပါပဲ။

    အားပေးတဲ့အတွက် ကျေးဇူးနော်။

    အမြန်ဆုံးရေးတင်ပေးပါ့မယ် ကိုခင်ခရေ။ ခုလိုဝင်ရောက်ဖတ်ရှု ကော့မန့်ရေးပေးတဲ့အတွက် ကျေးဇူးပါ။

    မဟာရာဇာ အံစာတုံး တို့များ တော်လိုက်တာနော်

    ကွက်ကျော်မြင်တတ်ပါ့ တောက်ခေါက်သံကိုတောင်သွား

    ငှားဦးမယ်ဆိုပဲ… 😀 ။ ကြိုငှားထားပြီး ဘီအီးမူးလို့မထိန်းနိုင်တဲ့သူတွေကို တစ်ခါငှားတစ်ထောင်လောက်

    နဲ့ ရှယ်လိုက်ရင် ကွက်တိ။

    “ နောက်တစ်လုံး…အဲလေ..နောက်တစ်ပိုင်းကို မျှော်နေပြီနော” တဲ့

    ကိုမောင်ပေရေ မြန်မြန်လေးတင်ပေးနိုင်

    အောင်ကြိုးစားပြီး မြန်မြန်ရေးနေပါတယ်လို့..အားပေးတဲ့အတွက်ကျေးဇူးပါ။

  • ကြည်ဆောင်း

    September 25, 2012 at 10:02 am

    တကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းတဲ့ …
    နေရာဒေသနဲ့ဆိုင်တဲ့ ဖြစ်ရပ်လေးတွေပေါ့နော်
    နောက်တစ်ပိုင်းကိုမျှော်နေပါတယ်ဗျို့ …

  • Novy

    September 25, 2012 at 10:36 am

    စိတ်ဝင်တစားတဲ့ ဖတ်သွားပါတယ်
    ဆက်ရန်များကိုလည်းမျော်နေပါတယ်နော်

  • ma me kyaw

    September 25, 2012 at 11:21 am

    မမမေရေ ဖတ်ရတာကိုရီးယားကားကြည်.ရသလိုဘဲ အခန်းဆက်အပိုင်း……ဆိုပီးမလုပ်နဲ.နော်

  • may flowers

    September 25, 2012 at 11:37 am

    ကြည်ဆောင်း၊ Novy ၊ နဲ့ma me kyaw ရေ အားပေးကော့မန့်ရေးပေးတဲ့အတွက် ကျေးဇူးပါ။

    ဇာတ်သိမ်းပိုင်းကို အခုပဲ ရေးတင်လိုက်ပါပြီနော်။

  • etone

    September 25, 2012 at 1:51 pm

    ခေါင်းစဉ်ကြောင့် ၊ ပထမပိုင်းမှာတင် ဇာတ်လမ်းလေး .. ပေါ်နေသယောင်ယောင်ရှိပေမယ့် …. ပို့စ်က စိတ်ဝင်စားစရာပဲ …. ဒုတိယပိုင်း ပြေးဖတ်လိုက်ဦးမယ် …… ။ 😀

    ဟိုတွေ့ကရာနေရာ ရူရူးပန်းတတ်တဲ့ ကြောင်ဝတုတ် …… ၊ သတိထားနော် …. နတ်ကိုင်ခံရမယ် … :kwi:

    • mayjuly

      September 25, 2012 at 2:01 pm

      ဟီးးမမတုံ နတ်ကိုင်တာ ဘီလိုဂျီးလဲဟင် …
      မနတ်တနတ်တွေကိုင်ကိုင်နေတာတော့တွေ့ဘူးတယ်ချင့် .. :Kwi:

  • Wow

    September 25, 2012 at 2:56 pm

    ကတောက်… တဲ့ :harr:
    :kwi:
    :Chee:
    ဆက်ရေးပါဦး မေပန်းလေးရေ…

  • Wow

    September 25, 2012 at 3:01 pm

    ဘာလို့မရတာလဲ… ကတောက်
    :chee:

  • may flowers

    September 25, 2012 at 5:45 pm

    စိတ်ဝင်တစားနဲ့ ဖတ်ရှုကော့မန့်ပေးတဲ့အတွက် ကျေးဇူးပါ ရေ။
    mayjuly ၊နဲ့ Wow ကောကျေးဇူးနော်။

  • may flowers

    September 25, 2012 at 5:48 pm

    စိတ်ဝင်တစားနဲ့ ဖတ်ရှုကော့မန့်ပေးတဲ့အတွက် ကျေးဇူးပါ etone ရေ။
    mayjuly ၊နဲ့ Wow ကောကျေးဇူးနော်။

Leave a Reply