ရွေးကောက်ပွဲအလွန် NLD စစ်တမ်း

ထွန်း ပြောင်September 25, 20121min1218

ရံဖန်ရံခါ၌ ကျွန်ုပ်တို့ လူသားများသည် မိမိကိုယ်ကိုသော်လည်းကောင်း ၊ မိမိချစ်ခင်နှစ်သက်သော မိတ်ဆွေ အပေါင်းအသင်းများကိုသော်လည်းကောင်း
ဝေဖန်ဆန်းစစ်မှု အပိုင်းတွင် လွန်စွာအားနည်းတက်ကြလေသည်။ အမှန်စင်စစ် ဝေဖန်မှုကို မပြတ်တမ်းပြုသင့်လှပေ၏ ။
သို့မှသာ ကောင်းမွန်သည့်အရာများမြင်လာလျှင်လည်း ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်သလို  ဆိုးသည့်အရာများတွေ့လာလျှင်လည်း
အချိန်မှီ ပြုပြင်နိုင်မည်ဖြစ်ပေ၏……..

စာရှုသူအပေါင်းတို့ခင်ဗျား  ………
ယခုဆိုလျှင် ကြားဖြတ်ရွေးကောက်ပွဲပြီး၍ NLDမှ အမတ်များ လွှတ်တော်တွင်းသို့ရောက်ခဲ့သည်မှာ လအနည်းငယ်ကြာခဲ့ပေပြီ…
NLD ၏ရွေးကောက်ပွဲဝင်ရခြင်း ရည်ရွယ်ချက် သုံးရပ် ဖြစ်သော –
(၁)တရားဥပဒေစိုးမိုးရေး (၂)ပြည်တွင်းငြိမ်းချမ်းရေး (၃)အခြေခံဥပဒေ ပြင်ဆင်ရေး ဟူသော
အချက်များ မည်မျှထိအောင်မြင် အထမြောက်ခဲ့ပြီလဲ …………….စသည့်အချက်များကို ကျွန်ုပ်ဉာဏ်မီသလောက် အကျဉ်းချုပ်တင်ပြပါမည်။

လက်ရှိကြုံတွေ့နေရသော တရားစီရင်ရေး အပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မီတီ ဥက္ကဋ္ဌ
ဖြစ်လာသည်မှလွဲ၍ ယခင်အတိုင်းပြောင်းလဲမှုမရှိသေးပေ ၊ဒုံရင်းဒုံရင်းပင် ။ လွှတ်တော်တွင်း၌ NLDမှ အမတ်များတင်သွင်းသော အဆို အများစုမှာလည်း
ပယ်ချခံခဲ့ရပြီးဖြစ်သည်။
ပြည်တွင်းငြိမ်းချမ်းရေးအပိုင်းတွင်မူ ငြိမ်းချမ်းရေးတောင်းဆိုဆန္ဒပြပွဲများတွင် NLD ပါတီဝင်များပါဝင်လှုပ်ရှားသည်မှလွဲပြီး
လုပ်ဆောင်ချက်မရှိသေးသလောက်ပင် ဖြစ်၏ ။
သို့အတွက်ကြောင့်ပင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ကချင်အရေးနှင့်ပက်သက်ပြီးဝေဖန်မှုများခံနေရဆဲဖြစ်သည်။
အခြေခံဥပဒေပြင်ဆင်ရေးအပိုင်းတွင်မူ ဘယ်နည်းဘယ်ပုံ ပြင်ဖို့ကြိုးစားနေသည်မသိ ၊ သမ္မတဦးသိန်းစိန်မှ ပြင်ဆင်ရန်အကြံပေးခဲ့စဉ်၌လည်း
အမိအရ ဆုပ်ကိုင်နိုင်ခြင်းမရှိခဲ့ပေ။

NLD မှတာဝန်ရှိသူများအနေဖြင့် မည်သို့မည်ပုံ နိုင်ငံရေးကစားကွက်ရွှေ့နေသည်မသိ။ ပြည်သူအများစုမှာ ကြားဖြတ်ရွေးကောက်ပွဲတွင်
တစ်ခဲနက်အားပေးထောက်ခံခဲ့ကြပြီး မိမိတို့ရင်ထဲမှဆန္ဒများ အမှန်တကယ်ဖြစ်ပေါ်လာမည့်နေ့ကို စောင့်မျှော်နေကြသည်မှာ အမှန်ပင်ဖြစ်ချေတော့၏…..

 

8 comments

  • Reign

    September 25, 2012 at 12:15 pm

    I generally agree that self-assessment is essential for any individual/organisation but feel a little bit uneasy to accused NLD of lacking to have self assessment. As we all know it is now some months NLD MPs elected but the percentage of their coverage is still far from significantly impacted the current political scenario, in my personal opinion. We started to hear their voice but I think we need to wait some time , that is giving them some time more , in order to evaluate the impact.

  • ahnyartamar

    September 25, 2012 at 2:08 pm

    ရောမမြို့ကို တရက်တည်းနဲ့ တည်ခဲ့ရတာမဟုတ်ပါဘူး ကိုထွန်းပြောင် ရေ…. အချိန်ယူပြီး စောင့်ကြည့်ဖို့တော့ လိုမယ်ဗျို့…………။

  • kai

    September 25, 2012 at 2:36 pm

    မြန်မာပြည်အပြောင်းအလဲက.. ဒီခေတ်ကမ္ဘာမှာ.. အမြန်ဆုံးပဲလို့..သိထားသင့်ပါတယ်..
    ဆိုတော့…
    အမြန်လွန်ပြီး.. စစ်တပ်အာဏာပြန်သိမ်းသွားမယ်..ထင်နေမိကြောင်း..။

    ပြောရရင်..
    ရှေးစွန်းစွဲ.. ရှေးရိုးစွဲစိတ်ဓါတ်တွေ ..မပြင်နိုင်ကြသ၍…
    တခုခု…
    … မြန်မာ့လူထုဆန္ဒနဲ့ဆန့်ကျင်တဲ့.. တခုုခုဖြစ်လာမှာကို..
    အာမခံနိုင်ပါကြောင်း… :harr:

    (လက်ဆယ်ချောင်းထောင်ပြပြီး.. ၁ဝနှစ်.. ၁ဝနှစ်.. ထောင်ကာပြောသည်မှတ်ပါ)

  • အိမ်လွမ်းသူ

    September 25, 2012 at 3:31 pm

    အမှန်တကယ် တော့ ဝေဖန်မှူ့ မှာ အကြံပေးမှူ့ ကိုပါတွဲ ပြီး စဉ်းစားသင့် တယ်လို့ထင်ပါတယ်။ ဝေဖန်နေ ယုံနဲ့တော့ ဘာအကြိုးကျေးဇူး မှရမယ်လို့ မထင်ပါဘူး။ ဒေါ်စုရဲ့ ယခု လက်ရှိနေရာ နဲ့ လုပ်ပိုင်ခွင့် တွေကို အဲဒီ ဝေဖန်နေသူ လူတတ်ကြီး ဆိုသူတွေ ကိုပေး လိုက်ပြီ ဆိုပါစို့ ပြီးရင် အဲဒီလူ တွေကိုမေး ကြည့်ပါ ခင်းဗျားတို့ ဒီလိုအချိန်မျိုးမှာ ဒေါ်စုနေရာမှာဆို ခင်းဗျားတို့ဆိုရင်ကောဘာ လုပ်မလဲလို့။ ယခု သူလုပ်နေတာ ရဲ့ 50% လောက်ကိုအဲဒီလူတွေ လုပ်နှိုင်မယ် လိုထင်လား ဝေးသေး။ အကြံပေးမှူ့ မပါတဲ့ ဝေဖန်မှူ့ လောက်တော့ ရပ်ကွက်ထဲက ဆိုက်ကားသမား တောင်သူတို့ ထက် ပိုဝေဖန်တတ်သေးတယ် ဘာဖြစ်လို့လဲ ဆိုတော့ တိုင်းပြည်ဆင်းရဲ နေတဲ့ အချိန်မှာ ဒုက္ခအများစု ကိုအဲဒီ အောက်ချေလူတန်းစား တွေက လဲစင်းခံနေရလိုပဲ။ ကိုထွန်းပြောင်ကို ဆိုလိုချင်းမဟုတ်ပါ တချို့သော နိုင်ငံရေးလုပ်စား များကို စောက်မြင့်ကတ် ၍ပြောခြင်း ဖြစ်ပါသည်။ ဟိုကြော်ငြာထဲ ကလိုပေါ့ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ငါလဲမလုပ်တတ်ဘူး ဆိုတာမျိုးလိုပေါ့

  • cobra

    September 25, 2012 at 3:58 pm

    ပြောင်းလဲမှုတွေဖြစ်နေတာလူတော်တော်များများသိပါတယ်။
    ကိုထွန်းပြောင်ကဘယ်မှာသွားအိပ်နေတာလဲ
    ခုမှထလာပြီးပြောနေတာလား။ 🙂

    • ထွန်း ပြောင်

      September 25, 2012 at 9:32 pm

      စာဖတ်သူအပေါင်းတို့ခင်ဗျား
      ကျွန်တော့်ပို့ရဲ့ရည်ရွယ်ချက်က ရှင်းပါတယ် ဘယ်လောက်အလုပ်ပြီးမြောက်ခဲ့သလဲဆိုတာကိုပဲ
      ဆန်းစစ်ဖို့ပါ ….ဘေးထိုင် ဘုပြော လေကန် ရခြင်းမဟုတ်ပါခင်ဗျား …

      ကျွန်တော်တို့မြန်မာစကားပုံလေးတစ်ခုအမှတ်ရမိပါရဲ့ဗျာ…
      ”ကိုယ့်ပေါင်ကိုလှန်ထောင်း”တယ် တဲ့ ……..
      ကျွန်တော်တော့ အဓိပ္ပာယ်တစ်မျိုးဖွင့်ချင်တယ်ဗျာ….ကိုယ့်ပေါင်ကိုထောင်းမှ နဲနဲသက်သာမယ်လေ.
      သူများလာထောင်းရင် မလွယ်ဘူးဗျ….အင်နဲ့အားနဲ့ထောင်းသွားမှ ခက်ရချည်ရဲ့ …
      ဒီနေရာမှာကျွန်တော် ပြောချင်တဲ့သဘောက အမေစုကိုအပြစ်ရှာနေတာမဟုတ်ဘူးဗျ ..
      သူလုပ်နေရတဲ့ အခက်ခဲတွေကိုလည်း နားလည် စာနာမိပါတယ် ….
      ဒါပေမယ့် တကယ့်တကယ်အောက်ခြေမှာ အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်နေကြတယ်ဗျ…
      စာဖတ်သူများလဲ သိပြီးဖြစ်ပါလိမ့်မယ် … ပါတီညီလာခံ ကိစ္စနဲ့ပက်သက်ပြီး အငြင်းပွားနေတာတွေ
      ပါတီတွင်း ဆန္ဒပြနေတာတွေ …. ဒါတွေကိုသာ အချိန်မှီမပြုပြင်မထိ်န်းသိမ်းနိုင်ရင်
      ခင်ဗျားတို့ ကျွန်တော်တိ်ု့မျှော်လင့်ထားတဲ့ အားထားရတဲ့ ဒီမိုကရေစီပါတီကြီး အစိတ်စိတ်အမွှာမွှာ
      ဖြစ်သွားနိုင်တယ်ဗျ … အဲတာဆိုရင် မျက်ဖြူဆိုက်လေ ဖွတ်ကြိုက်လေဖြစ်သွားမှာပေါ့ …
      နောက်တစ်ခု သူကြီးပြောပြောနေတဲ့ ရှေးရိုးစွဲနေတဲ့လူတွေလည်း ပါတီခေါင်းဆောင်ပိုင်းမှာ
      ရှိနေတုန်းပဲဗျ ………. ဒီပုံစံတိုင်းဆို 2015 ရောက်ရင်တော့ အခက်ကြီးကြုံလိမ့်မယ်ထင်မိပါကြောင်း ။။

  • Fall Guy

    September 25, 2012 at 11:43 pm

    ကိုထွန်းပြောင်ရဲ့ရည်ရွယ်ချက်ကိုလေးစားပါတယ်။ ဒါပေမယ့်ဒေါ်စုကိုဝေဖန်တာ ကောင်းကျုိုုးထက်ဆိုးကျုိုုးပိုဖြစ်သလားလို.။ပြသနာတွေကိုဒေါ်စုအချိန်မှီဖြေရှင်းနိုင်မှာပါ။ ၂၀၁၅လွန်မှဝေဖန်ထောက်ပြစေချင်ပါတယ်။

Leave a Reply