ကြီးမိုက်ဒေါသထွက်နေသည်…Angry Kyeemite

ခုတလော အလုပ်ထဲမလဲ သိပ်အဆင်မပြေဘူးဗျာ…ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့။

ထုတ်ကုန်ကအရောင်းကျ ၊ကုမ်ပဏီက အရှုံးပေါ်၊ ထုတ်လုပ်မှု့ကုန်ကျစရိတ်တွေကကြီး၊

တစ်နေ့တစ်နေ့ ခေါ်လိုက်တဲ့မီတင်….အလုပ်လုပ်ရတယ်ကိုမရှိဘူး…

ခေါ်လိုက်တိုင်းလည်း အကြောင်းအရာက  ထုတ်လုပ်မှု့ကုန်ကျစရိတ်လျှော့ချရေး…

အင်ဒါရိုက်လေဘာမင်နီမိုက်စ် လုပ်ရေး(ပိုတယ်ထင်တဲ့ ဝန်ထမ်းလျှော့ချရေးဆိုပါတော့ဗျာ) …..

ဒီလိုနဲ့ရွာလယ်နေတာကြာပေါ့…

ဒီနေ့လည်း ထုံးစံအတိုင်း စိတ်ပျက်စရာမီတင်တွေကြောင့်…စိတ်ပင်ပန်းနွမ်းနယ်ပီး

အိမ်အပြန်…ခရီးရောက်မဆိုက်…ကျုပ်သားငယ်ပြောလိုက်ပုံက…

`ဖေကြီး…..ဖေကြီးကို သား ဝမ်းသာစရာနဲ့ စိတ်ညစ်စရာနှစ်ခုပြောဖို့ရှိတယ်…ဘယ်ဟာအရင်ပြောရမလဲ…´တဲ့……

`ဒုက္ခော´…..

ဒီကောင်က ငယ်သာငယ်တာ ဟာသဉာဏ်ရှိတယ်..ကျုပ်ကို အမြဲ ပဟေဋ္ဌိလုပ်နေကျ..

`ကဲ ကဲ ..အဖေလည်းအလုပ်ထဲမှာစိတ်တွေနောက်လာတာကွာ..ဒီတော့..သား အဖေ ဝမ်းသာမဲ့ ကိစ္စအရင်ပြောကွာ…´

`သား ဒီလပါတ်စာမေးပွဲမှာ…တစ်ဘာသာမှ ၈ဝမှတ်အောက်မလျှော့ဘူးအဖေ…ရီပို့ကတ်

တော့မရသေးဘူး…ဆရာမက အဖြေလွှာစာအုပ်တွေ ပြန်ပေးလိုက်တယ်..အဖေဒီမှာကြည့်လေ…´

`အော်..အေး အေး အဖေ တစ်ကယ်ဝမ်းသာပါတယ်ကွာ..မင်းအများကြီးတိုးတက်လာတာပဲ..

မင်းအဖြေလွှာစာအုပ်တွေတော့ အဖေ နောက်မှ ကြည့်ပါမယ်..ထားခဲ့ သား..

အဖေ့ကို ရေခဲသေတ္တာထဲကရေပုလင်းတစ်လုံးယူပေးပါသားရယ်..´

ဒီကောင်က စာကျက်ပျင်း၊ အဆော့မက်တော့ လပါတ်စာမေးပွဲတွေမှာ..အမှတ်မကောင်းဘူး..

အမြဲလိုလို အဆင့်က ၂ဝအထက်မှာချည်းဘဲ….

သားယူလာပေးတဲ့ ရေအေးအေးလေးသောက်လိုက်ပြီးမှ…

`မင်းပြောမဲ့စိတ်ညစ်စရာ ကိစ္စ နားထောင်ဖို့ အဖေ အဆင်သင့်ပါသားေ၇..ကဲပြော..´

ဆိုလိုက်တော့ သူက ဘာမှမပြောဘဲ စါရွက်တစ်ရွက် ကျနော့လက်ထဲကိုထိုးပေးလာပါတယ်…

စာဖတ်ရင်းနဲ့ ကျုပ်ဒေါသတွေ တလိတ်လိတ်တက်လာပါတေ့ာတယ် ..အဲဒီစာဖတ်ပီးချိန်မှာ

မော့ကြည့်လိုက်တော့..အနားမှာသားမရှိတော့ပါဘူး…

စာပါအကြောင်းအရာကို စာရှု့သူများ ကိုယ်တိုင်ဖတ်ကြည့်ကြပါအုံး…

ကျောင်းအုပ်ကြီးလက်မှတ်မပါတဲ့ အေးဓါးပြ အလှူခံစာ
သားနဲ့ ကျုပ်နာမည်၊လိပ်စာဖုံးထားပါတယ်။

ကျောင်းကမီးလောင်တယ်…ကျောင်းပိတ်ရက်ကြီးမှာ..ဝါယာလျှော့ဖြစ်လို့တဲ့…

ကွန်ပြူတာအခန်းကစလောင်တာဆိုပဲ…ပိတ်ရက်ကြီးမှာ..ကျောင်းပိုင်ကွန်ပြူတာ

ဘယ်သူလာသုံးနေတာလဲ…တစ်ခုခုတော့မှားနေတယ်ထင်တယ်.. … ကဲဒါတွေထားလိုက်ပါလေ….ဒါကရဲကိစ္စပါ..ဒါမှမဟုတ် မီးသတ်ဋ္ဌာနကိစ္စ..သူတို့အလုပ်ပါ…

အဲ..အခု သူတို့လုပ်သမျှ ကျုပ်တို့ခေါင်းပေါ်ရောက်လာပီ…အဲဒါ..အဲဒါ……

ဘာတဲ့…ရေးရက်လိုက်တာ…

`မိဘတစ်ဦးလျှင် ငွေကျပ် (၁) သိန်းထက်မနည်း ပံ့ပိုးကူညီပေးပါရန်…တဲ့´

ကျောင်းအုပ်ကြီး အနေနဲ့ ငွေကျပ်တစ်သိန်းဆိုတာကို သူ့ ချမ်းသာမှု့စည်းစိမ်အရ

နှိုင်းယှဉ်ပီး သူ့အိမ်ရဲ့ တစ်နေ့ဈေးဖိုးလောက်ပဲသဘောထားပုံရတယ်..သူ့လခကရော

ဘယ်လောက်ရလို့လဲ….နောက်  မှတ်ချက်ဆိုပီးရေးထားသေးတယ်…

`ပံ့ပိုးကူညီငွေကိုအရစ်ကျစနစ်ဖြင့်လည်း ပေးသွင်းနိုင်ပါသည်။ ဤ ကျောင်းတွင်

သားသမီး (၁)ဦး ထက်ပို၍ သင်ကြားလျှက်ရှိပါက အတန်းအကြီးဆုံး (၁) ဦး

အမည်ဖြင့်သာ ပံ့ပိုးကူညီနိုင်ပါသည်။ကျန်သူများကိုကင်းလွတ်ခွင့်ပြုပါမည်။´…တဲ့….

 

ဆိုတော့ဗျာ…အတင်းအကြပ် ဓါးပြတိုက်သလိုဖြစ်မနေဘူးလား…ဝန်ထမ်းသားသမီးတွေ

ဘယ်လိုအလှုငွေထည့်ကြမလဲ…သတ်မှတ်ထားချက်ကလဲပါသေးတယ်နော်…

“မိဘတစ်ဦးလျှင် ငွေကျပ် (၁) သိန်းထက်မနည်း ပံ့ပိုးကူညီပေးပါရန်…တဲ့”

လုံးဝအဓိပ်ပါယ်မရှိတာဗျာ……………

 

ဒီနေ့ ခေတ်တွေစံနစ်တွေပြောင်းနေပြီဆိုဗျ…..ဆက်သွယ်ရေးတွေခက်ခဲနေသေးတဲ့

နယ်တွေမှာဘယ်လောက် မတရားမှု့တွေဖြစ်နေတယ်ဆိုတာ …မပြောချင်တော့ပါဘူး…

မြန်မာနိုင်ငံရဲ့ မြို့တော်ဟောင်း…ရန်ကုန်လို ကမ္ဘာကသိတဲ့မြို့လယ်ကောင်က ကျောင်းမှာတောင် ဒီလိုတွေ အေးဓါးပြ တိုက်နေတာ ရှိနေတယ်ဆိုကြောင်းလေးပါဗျာ…

စာဖတ်သူရွာသူားများကို ကျနော် ပြောချင်တာက ဒီကိစ္စမျိုးဟာ ဖြစ်သင့်ပါရဲ့လားဆိုတာပါ..

မသကာ..“မီးလောင်သွားသောကျောင်းဆောင်အစား ကျောင်းဆောင်သစ်ဆောက်လုပ်ရာတွင်

မျှော်မှန်းသည်ထက် သိန်းပေါင်းများစွာ ပိုမိုကုန်ကျပါသဖြင့် ဤကျောင်းရှိကျောင်းသားကျောင်းသူ များ

၏ မိဘများထဲမှ တတ်နိုင်သ၍ ပါဝင်လှူဒါန်း ပံ့ပိုးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။”

ဒီလိုဆိုလက်ခံသေးတယ်….

သားတော်မောင်ကလည်း အလှူငွေမထည့်ရင်ကျောင်းမှာ သူမျက်နှာငယ်မှာ၊

အတန်းပိုင်ဆရာမ စိတ်ဆိုးမှာ..စသည်ဖြင့်တဂျီဂျီနဲ့…

ကျုပ်တို့လို ဝန်ထမ်းလုပ်စားနေရတဲ့ မိသားစုတွေ ဘယ်လိုလုပ်ကြရမလဲ…

ကြီးမိုက်တစ်ယောက် ခေါင်းစားနေလို့ ဝိုင်းဝန်းအကြံပြုပေးကြပါအုန်းလို့

အခြား မတတ်နိုင်သူမိဘများအားလုံးကိုယ်စား တင်ပြလိုက်ရကြောင်းပါ…

စာဖတ်သူအားလုံးကိုလေးစားလျှက်…

ဒေါသအမျက် ချောင်းချောင်းထွက်နေသော…

ကြီးမိုက်။

 

67 comments

  • Mလုလင်

    September 26, 2012 at 1:56 am

    ထုတ်ကုန် အရောင်းကျ တာကို 100 % လက်ခံပါကြောင်း … Customer Feedback ကတော့ ပျော့တယ် ဆိုပဲ …. အဲဒါလေး ..။

  • pazflor

    September 26, 2012 at 2:05 am

    နောက်တစ်နည်းရှိပါတယ်ခင်ဗျ။ ဆရာမကြီးကိုအကြံပေးလိုက်ပါဗျာ….
    ကျောင်းဝင်းထဲက မြေကွက်နည်းနည်းကို company ကိုခွဲပေးလိုက်ပါလို့…
    ငယ်ငယ်ကနေခဲ့ဖူးတဲ့ မြို့ထဲကကျောင်းလေးတုန်းက အသစ်ဆောက်တော့ ယုဇနကို မြေ ၇ဝ ရာနှူန်းခွဲပေးလိုက်ရတာမှတ်မိနေသေးတယ်ခင်ဗျ….

    • kai

      September 26, 2012 at 3:48 am

      အဲဒီကျောင်းက.. ဆရာမကြီးပိုင်တာလား.. ဟင်င်င်.. :kwi:

  • kyeemite

    September 26, 2012 at 8:39 am

    အဲဒီကျောင်းဟာ လွန်ခဲ့တဲ့ခြောက်နှစ်တုန်းကလဲ ကျောင်းအပ်သူတွေဆီက အလှူငွေမကောက်ဘို့ တားထားတဲ့ကြားက ခေါင်းမာမာနဲ့ ကောက်လို့ နောက်မှ မိဘတွေကို ပြန်ခေါ်ပြီး အမ်းပေးရဘူးတယ်။

    ဦးပါလေရာပြောတာအမှန်ပေါ့..ခုပြောတဲ့ ကျုပ်သားကျောင်းစအပ်တဲ့နှစ်ကဖြစ်တာလေ…
    အပေါ်က ကိုကျော်သိန်းပြောတာလည်းအမှန်ပဲ….ကျောင်းဆောက်ဖို့ ရန်ပုံငွေအတွက်…
    အကြိမ်ကြိမ် နည်းအမျိုးမျိုးနဲ့ တတ်နိုင်တဲ့မိဘတွေဆီက လက်သိပ်ထိုးပြီးလည်း
    အလှူခံပြီးသားပါ….ဆရာမတစ်ဦးကို အလှူခံဖြတ်ပိုင်းတစ်အုပ်စီပေးပြီး
    တစ်ယောက်ငါးသိမ်းရအောင်အလှူခံပေးရမယ်ဆိုလို့ ဆရာမတွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့
    ကောက်ပေးခဲ့ရပီးကြောင်း လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဆရာမတစ်ဦးကလည်းပြောပါတယ်..

    မကြာသေးမှီ ကလည်းပဲ မင်းဓမ္မ လမ်းကမြန်မာကွန်ဗင်းရှင်းစင်တာမှာ
    ရံပုံငွေစတိတ်ရှိုးလုပ်လိုက်ပါသေးတယ် ။
    လွှတ်ဟေ ့ဆိုရင် ထိတ်ဆုံးက ကွဲတတ်တဲ ့ ကျွန်တော်မောင်ကျော်သိန်းလည်း
    လက်မှတ်တစ်ဆောင်နှစ်သောင်းနှုံးနဲ ့ သုံးဆောင်စာ ဝယ်ပြီး အလှူလုပ်လိုက်ပါသေးတယ်။

    ကိုကျော်သိန်းခင်ဗျား….ခံရတာတွေလည်းများ နှစ်လည်းကြာပြီဆိုတဲ့ အကြောင်းတွေ အမှန်အတိုင်း
    ရင်ဖွင့်စေချင်ပါကြောင်း…ဒီရွာထဲမှာကို အဲဒီကျောင်းကကျောင်းသားမိဘတွေ တော်တေနာ်လေးရှိနေလို့
    ပါ…အားလုံးဝိုင်းဆွေးနွေးပေးကြတာကျေးဇူးတင်ပါကြောင်း…. :buu:

  • ကြောင်ကြီး

    September 26, 2012 at 8:48 am

    သိန်းငါးထောင်
    ရှိန်းကားကြောင်
    ယိမ်းဖားအောင်
    စိမ်းသလားမောင်၊
    ကရိန်းကားရှောင်
    ဘိန်းစားငေါင်
    ဟိန်းကြွားဆောင်
    ဂိမ်းမကစားပေါင်..။

  • Crystalline

    September 26, 2012 at 9:28 am

    ရှာမကြီးကလည်းအထက်ကညွှန်ကြားလို့လားမသိ.. ဆရာမကြီးအော်ဂယ်နိုက်စ်လုပ်တာကောင်းလို့ဆိုပြီး တကယ်ဖြစ်လာရင်တော့နာမည်ကောင်းယူလေအုန်းမယ်နော်. ဦးကြီးမိုက်ရယ်စိတ်လျော့ပါ. ကလေးက စာတော်တယ်ဆိုတော့ကုန်ရကြိုးနပ်ပါတယ်. အဲလိုတွေကြိုမြင်လို့ မီးမီးတို့ကတော့ အပိုကြီးပဲလုပ်တော့မယ်. :kwi:

  • kyeemite

    September 26, 2012 at 10:54 am

    Crystalline ရေ အပိုကြီးတော့မလုပ်စေချင်ပါဂျောင်း…
    သဂျီးကလည်း မြန်မာပြည်လူဦးရေတိုးပွားရေးအတွက်
    ရွာထဲက အပိုဂျီး၊လူပိုဂျီးဒွေဂို အတင်းအိမ်ထောင်ပြုခိုင်းနေပါဂျောင်း…
    စိတ်နောက်နေသူ :kwi:
    ကြိုက်မီး။(Angry Mite)

  • manawphyulay

    September 26, 2012 at 11:16 am

    ကျောင်းကရော ဘယ်သူပိုင်တာပါလဲရှင်.. ခုချိန်ထိ ပညာရေးစနစ်က ဒီလိုပဲဖြစ်နေသေးပါလား..

  • Wai Phyoe

    September 26, 2012 at 11:51 am

    ပာာ ကြားသားမိုးကြိုး ဆရာမကြီး ဂွင်ကလည်းမသေးပါလား အေးပေါ့လည်း ဂွင်ကောင်းလို့လဲ ဆရာမကြီးဖစ်တာပေ့ါ

  • Swal Taw Ywet

    September 26, 2012 at 12:07 pm

    ကိုကြီးမိုက်ရေ…
    ပို.စ် တစ်ပုဒ်ပြီး တစ်ပုဒ် လက်စွမ်းပြလာလိုက်တာဗျာ။
    မျက်ရည်ဝဲအောင်လည်းလုပ်ခဲ့ပါရဲ့။
    ဒေါသထွက်စရာဆိုလည်းပေါ်လွင်လှပါရဲ့။
    စိတ်ထိန်းပါ အစ်ကိုရေ။
    သွေးကျဆေးလေးရောဆောင်ထားရဲ့လား??
    ကိုရွှေတိုက်နောက်က လိုက်လိုက်ပါပြီနော်….
    ပြော ကို …..မ ပြောာာာာာာာာ…ချင်တော့ဘူး…..ဟူးးးးးးးးးးးးးး
    Let’s try our best for our mother land.
    with respect,
    Swal Taw Ywet.

  • kyeemite

    September 26, 2012 at 1:57 pm

    ကိုစွယ်တော်ရေ..သွေးကျဆေးတော့မှန်မှန်သောက်နေကြောင်းပါဗျာ…
    ညနေအိမ်ပြန်ရောက်တိုင်း သားကိုစောင့်ပါအုံးလို့ဖြောင့်ဖျနေရသေး…

    စိတ်နောက်နေသူ :kwi:
    ကြိုက်မီး။(Angry Mite)

  • အရီးခင်လတ်

    September 28, 2012 at 4:20 pm

    Angry Bird ကြီးရေ့

    ကျွန်မ သာ ဆိုလဲ ကိုယ်ထည့်နိုင်မယ် ဆိုရင်တောင်မှ ဒီလို အေးဓားမြ ပုံမျိုး ကို မကြိုက်ပါ။

    ကိုယ့်ကျောင်းပြန်လည် ထူထောင်ဖို့ အတွက် ကျောင်းသားဟောင်းများရော၊ လက်ရှိကျောင်းသားများပါ ပူးပေါင်းရင် ကောင်းပေမဲ့ ဆရာမကြီး ရဲ့ request က အာဏာရှင်ဆန် နေသမို့ မိဘများ ကို ပြန်လည်တောင်းပန်သင့်ပါကြောင်း။

    သို့ပင်သို့ငြား (၁)
    ကလေးတွေ ကို မြေဇာပင် တော့ မဖြစ်စေတာ အမှန်ပါ။
    ဒီတော့ ကကြီးမိုက် ရေ
    လက်ရှိမှာ အကျွန်တို့ ကလေးများ မျက်နှာ ထောက်၍ ပေးလိုက်ခြင်းက ပိုပြီး သင့်တော်လေရော့မလား။

    သို့ပင်သို့ငြား (၂)
    အာဏာရှင်ပုံစံ မဖြစ်သင့်ကြောင်း ဆရာ/ဆရာမများ သိစေရန် မဖြစ်မနေ စုပေါင်း ဆောင်ရွက်သင့်ပါကြောင်း။
    အင်အားလိုရင် ခေါ်ဗျို့။ :harr:

  • Green Rose

    September 28, 2012 at 4:59 pm

    ကိုကြီးမိုက်ရေ……

    ပြန်မေးကြည့်ပါလား အဲဒီ့ဆရာမကြီးကို…. ဆရာမကြီးကရော ဘယ်လောက်ထည့်ဝင်မတည်မှာ လဲလို့ပေါ့။ သေသေချာချာမျက်နှာချင်းဆိုင်သွားပြီးဆွေးနွေးသင့်ပါတယ်။ နောက်ပြီးသိန်း၅၀၀၀/- တောင်ကုန်မယ်ဆိုတော့ ဘယ်လိုအဆောက်အဦးမျိုးများ ဆောက်မလို့လဲမသိ၊ ရွာထဲက အင်ဂျင်နီယာတွေနဲ့ ဝိုင်းဝန်းပြီးဆောက်လိုက်ရင်…… ကုန်ကျစရိတ်များသက်သာမလားမသိဘူးနော်။ ဒါဆို မဖြစ်မနေထည့်ဝင်ရမယ့် ကျောင်းသားမိဘတွေ နည်းနည်းတော့ သက်သာမယ် ထင်တယ်။
    သချာသွားစုံစမ်းကြည့်ပါလား။ ၁သိန်းတောင်ထည့်ရမှာဆိုတော့ အဆောက်အဦးပုံစံ၊ ပရိဘောဂတွေ၊ အသေးစိတ်စာရင်းသေချာတောင်းကြည့်ပြီး reasonable ဖြစ်တယ်ဆိုရင် အလှူငွေထည့်ရတာ စိတ်နည်းနည်းချမ်းသာမလားမသိဘူးလေ။ ကုန်ကျစရိတ် အတိအကျ ထွက်လာပြီးသားဆိုတော့ အချက်အလက် အသေးစိတ်ရှိပြီးဖြစ်ရပါမယ်။ အဲဒါတွေမှ မပြနိုင်ဘူးဆိုရင် မထည့်ပါနဲ့။

    လေးစားလျှက်
    (Green Rose)

  • uncle gyi

    September 28, 2012 at 10:32 pm

    angrybird က ဘယ်လိုလုပ်ပြီး
    angrykyi ဖြစ်သွားရတာတုန်းကိုကျီးရဲ့
    သိန်း၅၀၀ဝ ၆ထပ်ဆိုတော့ပေ ၁၂၀*60 လောက်တော့ရှိမယ်ထင်တယ်
    ကျောင်းဖွင့်ချိန်ငွေကောက်ခံခြင်းမပြုရဆိုလို့
    အခုမှကောက်ရတာနဲ့တူပါတယ်
    အခုလိုအချိန်မှာအခုလိုကျောင်းအပေါ်စေတနာထားပြီး
    ငွေကောက်ခံမှုကိုကိုယ်ကျိုးထိခိုက်မှာမကြည့်ပဲကောက်ရဲတဲ့ဆရာမကြီး
    ကိုခင်ဗျားတို့သားကျောင်းမှာရထားတာဂုဏ်ယူလိုက်စမ်းဘာ

  • YE YINT HLAING

    September 29, 2012 at 5:43 am

    “စာဖတ်သူရွာသူားများကို ကျနော် ပြောချင်တာက ဒီကိစ္စမျိုးဟာ ဖြစ်သင့်ပါရဲ့လားဆိုတာပါ..”
    ဒါနဲ့ ပါတ်သက်ပြီး ရှက်သင့်တဲ့ သူတွေ ကတော့ တပုံကြီးပေါ့ဗျာ ! ဒေါသဖြစ်ကြမဲ့ ကျောင်းသားမိဘတွေလည်း တပုံကြီး ဖြစ်ပါလိမ့်မယ် ။ မဖြစ်သင့်တာတွေ ကြုံနေ တွေနေ ဖြစ်နေ မြင်နေ ကြားနေရတာတွေကလည်း တပုံကြီးပဲဗျာ ! အင်း — ဘယ်တော့များမှ — ပြောချင်တော့ ပါဘူးဗျာ —-

  • kyeemite

    September 29, 2012 at 9:29 am

    အင်း..ကျုပ်ကတော့ ဆုံးဖြတ်ချက်ချမရသေးပါဘူးဗျာ…ဒါပေသိ..အရီးခင်လတ်ပြောတဲ့
    သို့ပင်သို့ငြား (၂) ကိုတော့ ကြိုက်တယ်ဗျာ…
    အာဏာရှင်ပုံစံ မဖြစ်သင့်ကြောင်း ဆရာ/ဆရာမများ သိစေရန် မဖြစ်မနေ စုပေါင်း ဆောင်ရွက်သင့်ပါကြောင်း။
    ကျနော်လိုချင်တာလည်း အဲဒါပါပဲ။

    uncle gyi ခင်ဗျား..ကျောင်းတစ်ခုထဲပေါ်စေတနာထားလို့ ဘယ်ပြည့်စုံပါ့မလဲဗျ
    ဆရာမဆိုတာ ကျောင်းသားတွေရော ကျောင်းသားမိဘတွေ အတွက်ပါ စဉ်းစား
    ပြီးအကောင်းဆုံးလုပ်ရမှာမဟုတ်လား…ဒီလိုတဘို့ ထဲကြည့်တဲ့ ဆရာမကြီးမျိုး
    အတွက် ကျနော်ဂုဏ်မယူတတ်သေးပါဂျောင်းဗျာ… :buu:

    Green Rose ရေ…
    ဒီလိုခေါင်းပူနေချိန်မှာ အင်မတန်ကောင်းတဲ့ အကြံဉာဏ်ကောင်းလေးပေးလို့
    ကျေးဇူးပါနော..သူငယ်ချင်းကျောင်းသားမိဘတစ်ချို့နဲ့တိုင်ပင်နေပါတယ်…
    အကောင်းဆုံးဘယ်လိုလုပ်နိုင်မလဲလို့ပါ…

    YE YINT HLAING..ရေ ဖတ်ရှု့ပီး ကွန်မန့်လေးပေးတဲ့အတွက်ကျေးဇူးပါ

  • uncle gyi

    September 29, 2012 at 9:45 am

    ကိုကျီးကျွန်တော်ပြောတဲ့လိုရင်သဘောမပေါက်ဖူးနဲ့တုူတယ်

  • kyeemite

    September 29, 2012 at 10:44 am

    uncle gyi ခင်ဗျား…ဆိုလိုရင်းကိုသဘောမပေါက်ဘူးဗျာ…ထားပါလေ..
    အဓိကကတော့…အလှူငွေက ပမာဏများနေလို့ပါ…
    ကျနော်အပါအဝင် ကျောင်းသားမိဘ တော်တော်များများဟာ
    လခစားဝန်ထမ်းတွေပါ…ရတဲ့လခလေးနဲ့ မိသားစုတာဝန်ကို မနိုင် နိုင်အောင်
    မနဲကြီးထမ်းနေကြရတာပါ..ကျနော့်သူငယ်ချင်းတစ်ယောက်ဆို အငှားတက်စီ မောင်းပီး
    အိမ်တာဝန်ထမ်းနေတာ…သူ့မှာဆို ကလေးနှစ်ယောက်လုံး အဲဒီကျောင်းမှာ…ဘယ်လိုလုပ်မလဲ…
    .အဲဒီကြားထဲ အလှူငွေ တောင်ခံပုံက…
    “`မိဘတစ်ဦးလျှင် ငွေကျပ် (၁) သိန်းထက်မနည်း ပံ့ပိုးကူညီပေးပါရန်…တဲ့´”
    ဆိုတော့….
    အန်ကယ်ဂျီး အနေနဲ့ အကောင်းဆုံး ဘာလုပ်သင့်သလဲဆိုတဲ့
    အကြံကောင်းဉာဏ်ကောင်းလေးရှိရင် မစ စေလိုကြောင်းပါခင်ဗျာ…
    လေးစားခင်မင်စွာဖြင့်..
    ကြီးမိုက်။
    :buu:

  • R Ga

    September 29, 2012 at 3:14 pm

    ဒီဘက်ခေတ်ကြီးမှာ ဒါမျိုးတွေလည်းရှိတုန်းပေါ့ ။ လေးမိုက်ရေ သတင်းစာထဲမှာ ထည့်ရေးဖု့ိ ပို့လိုက်ပါလား။ ဒါဆိုပိုသိသွားလိမ့်မယ်။ သူတို့တောင်းတဲ့ စာကို Scan ဖတ်ပြီးပါပို့လိုက်ဗျာ.။

Leave a Reply