မည်သူမျှ ဘီအီး မသောက်ရ

တစ်နေ့သ၌ သူကြီးဦးခိုင်မှ ၎င်း၏ ရွာသူရွာသားများအား “ည မထွက်ရ” အမိန့်ကို ထုတ်ပြန်လေရာ အချိန်မတော် သန်းခေါင်ကျော် ရွာအတွင်း အော်ဟစ် သောင်းကျန်းလေ့ရှိသူ ဘီအီးသမား စိန်ဗိုက်ဗိုက်မှာ လွန်စွာ စိတ်ဆိုးသွားရကား သူကြီးဦးခိုင်၏ အမိန့်ကို အပြင်းအထန် ကန့်ကွက်သော်ငြားလည်း ရွာလယ်ပိုင်းမှ ထိပ်ပြောင်ပြောင်နှင့်လူကြီး ဖြစ်သူ မောင်ပေ ဆိုသူမှ အဆိုပါ အမိန့်ကို လွှတ်၍ ထောက်ခံနေပြန်သဖြင့် သူကြီးဖြစ်သူမှာ မည်သို့မည်ပုံ ပြုလုပ်ရမည်ကို ရွာ၏ မျက်နှာဖုံး လူကြီးသူမများ ဖြစ်ကြကုန်သော ဘဘပါလေရာ၊ ဘိုးဘိုးကြောင်ကြီး၊ ဦးဦးထူးဆန်း၊ ကိုကိုပုပု၊ မောင်မောင်စံလှ၊ ဘဘိုးကြီးမိုက် စသူတို့အပြင် ရွာ၏ မယ်မယ်များ ဖြစ်ကြသည့် အရီးလတ်၊ ဒေါ်ဒေါ်ပဒုမ္မာ၊ ကြီးကြီးမမ၊ ဘွားဘွားဆူး စသူတို့နှင့် တိုင်ပင်လေရာ ထိုသူတို့၏ အကြံပေးချက်အတိုင်း မဲစနစ်ဖြင့် ဆုံးဖြတ်ရန် အလို့ငှာ သူကြီးဖြစ်သူမှ ၎င်း၏ ရွာသူရွာသားများအား လာရောက် မဲပေးကြရန် ရွာအတွင်း လှည့်လည်၍ ကြေညာမောင်းခတ်စေရန် အာပလာ မောင်အံစာ ဆိုသူအား လွှတ်လိုက်သော်ငြားလည်း မဲပေးကြရန် တစ်ဦးတစ်ယောက်မျှ ပေါ်မလာသဖြင့် ထိုအကြောင်းအား လွန်စွာ နားထိုင်းသော ဘဲဥ ဆိုသူထံတွင် စုံစမ်းလေရာ ဘဲဥ မှ သူကြီးဦးခိုင်၏ အမေးကို မည်သို့ ကြးသွားသည်မသိ၊ “သူကြီးသမီး ရပြီကွ၊ ရပြီကွဟေ့၊ ရပြီကွ” ဟူ၍ ထအော်ပြီးနောက် သူကြီးဦးခိုင်အား ဝမ်းသာအားရ အတင်းဖက်လိုက်သည်တွင် သူကြီးဖြစ်သူမှာ ဘဲဥ၏လက်မှ လွတ်အောင် မနည်းရုန်းထွက်၍ ပြေးခဲ့ရလေရာ ၎င်း၏ အိမ်ဂေဟာ အရောက်တွင် လျှာအတောင့်လိုက် ထွက်နေသဖြင့် အိမ်ရှေ့ ကွပ်ပစ်ပေါ်တွင် အသင့် တွေ့လိုက်ရသည့် ပုလင်းအား ဘာမသိ၊ ညာမသိ မော့လိုက်သည့် အခိုက် ဘီအီးသမား စိန်ဗိုက်မှာ လွန်စွာ လျင်မြန်လှသော အရှိန်ဖြင့် သူကြီးထံသို့ ပြေးလာပြီး သူကြီး၏ လက်အတွင်းမှ ပုလင်းအား အတင်းလုယူလိုက်ကာ အလျင်စလို ပုလင်းအား လှုပ်ခတ်ကြည့်လိုက်ရာတွင် ပုလင်းအတွင်းမှ မည်သည့် အသံမျှ မကြားရသဖြင့် ထပ်မံ၍ ပုလင်းအား ဇောက်ထိုး မှောက်ကြည့်လိုက်သော်ငြားလည်း ပုလင်းအတွင်းမှ ဘာမျှ ကျဆင်းလာခြင်း မရှိသည်ကို တွေ့လိုက်ရသည်တွင် လွန်စွာ စိတ်ဆိုးသွားရကား သူကြီးဦးခိုင်အား မျက်ထောင့်နီကြီးများဖြင့် ကြည့်လိုက်ပြီးနောက် “ခညားဂျီးက ည မထွက်ရ အမိန့်ဆိုဒါဂျီးကိုလည်း ဘာမဆိုင် ညာမဆိုင် အာဏာပါဝါ ပြချင်လို့ ထုတ်လိုက်ချင်သေး၊ အခုလည်း ကျုပ် အကြွေးနဲ့ ဝယ်ခဲ့ရတဲ့ ဘီအီးပုလင်း ကိုလည်း အကုန်မော့ပစ်လိုက်သေး” ဟူ၍ ပြောပြောဆိုဆို သူကြီး၏ ကျောပြင်အား “ဖြောင်း” ခနဲ ရိုက်ချလိုက်လေရာ ဘီအီးအရှိန် တက်လာနေသည့် သူကြီးဖြစ်သူမှာ စိန်ဗိုက် အား မိုက်ကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် “မင်းလားကွ၊ ငါ့ကျောကို ရိုက်တာ” ဟူ၍ လေးလေးပင်ပင် အရက်သမားသံဖြင့် ပြောလိုက်ပြီး အိမ်ပေါ်ထပ်သို့ တက်ရောက်သွားရာ ခဏအကြာတွင်မူ ၎င်း၏ လက်ဆွဲတော် နှစ်လုံးပြူးကြီးကို ကိုင်လျက် ယိုင်တိုင်တိုင် ခြေလှမ်းဖြင့် အိမ်ပေါ်ထပ်ဆီမှ ပြန်ဆင်းလာသည်ကို တွေ့လိုက်ရလေရာ ဘီအီးသမား စိန်ဗိုက်မှာ ဖနောင့်တင်ပါး တစ်သားတည်းကျအောင် ပြေးသည်တွင် ဘီအီးမူးနေသော ဦးခိုင်မှ အမြှီးသာ ခပ်ရေးရေး မြင်ရတော့သည့် စိန်ဗိုက်ရှိရာသို့ မှန်းဆ၍ “ဒိုင်း” ခနဲ နှစ်လုံးပြူးဖြင့် ပစ်လေရကား အဆိုပါ သေနတ်သံကြောင့် ရွာအတွင်း အုန်းအုန်းကျွတ်ကျွတ် ဖြစ်သွားပြီး အကြောင်းသိစေရန် သူကြီးအိမ်သို့ လာရောက် စုံစမ်းကြလေရာ သူကြီးဦးခိုင်မှ ဘာမပြော ညာမပြော သူ့နှစ်လုံးပြူးကြီးနှင့်ချည်း လိမ့်ခွဆော်နေသဖြင့် တစ်ရွာလုံး သူကြီးရန်မှ လွတ်စေရန် ဘေးကင်းရာသို့ ရှောင်ရှားပုန်းအောင်နေရသည့် အခိုက် တစ်ဖက်ရွာဆီသို့ အလည်သွားရာမှ ပြန်လာသော သူကြီးကတော်မှ သူကြီးဖြစ်သူ၏ ဇက်ပိုးအား အနောက်မှနေ၍ အတင်းလွှဲကာ ဖြောင်းကနဲ ရိုက်ချလိုက်တော့မှပင် သူကြီးဖြစ်သူလည်း အမူးပြေသွားပြီးနောက် ဖြစ်စဉ် အလုံးစုံအား သိလိုက်ရသော အခါတွင်ကား “ည မထွက်ရ” ဟူသော အမိန့်အစား “မည်သူမျှ ဘီအီး မသောက်ရ” ဟူသော အမိန့်ကို ပြောင်းလဲ ထုတ်ပြန်လိုက်လေရာ ဘီအီးသမား စိန်ဗိုက်မှာ လွန်စွာ ညစ်သွားရကား ၎င်း၏ အနီးတွင် ရှိနေသော နဖူးပြောင်ပြောင်ကြီးအား ၎င်း၏ လက်အတွင်း ကိုင်ဆောင်ထားသော ဘီအီးပုလင်း အလွတ်ကြီးဖြင့် “ဒေါင်” ကနဲ ရိုက်ထည့်လိုက်လေရာ နဖူးပြောင်ပြောင်နှင့် မောင်ပေဆိုသူ လူကြီးမှာလည်း လွန်စွာ တင်းသွားလေရကား ဘီအီးသမား စိန်ဗိုက်ကို အတင်းဖက်၍ နပန်းချလိုက်လေတော့သတည်း ………….။

ဤတွင် ပြီး၏ ………….။

45 comments

  • ကြည်ဆောင်း

    September 25, 2012 at 11:43 am

    ဒါလေးများ …
    ဘီအီးမသောက်ရတော့လဲ ဘီယာ ဒါမှမဟုတ် Red လေဘယ်တွေ Blue လေဘယ်တွေပြောင်းသောက်လိုက်ပေါ့ကွယ် ….
    ပိုက်ပိုက်ကတော့ တဂျီး ဆီကတောင်းပေါ့
    :harr:

    • မဟာရာဇာ အံစာတုံး

      September 25, 2012 at 1:11 pm

      ဟုတ်ကဲ့ဘာ ခည ..
      ခုလို ပထမဆုံး လာရောက်အားပေးသွားတဲ့ ..
      ဦးဦးဒေါ်ဒေါ် ကိုကိုမမ ကြည်ဆောင်းကို တေးဇူးအားဂျီး တင်ပါလယ် ခည ..

      • pooch

        September 25, 2012 at 1:35 pm

        ထန်းရည်လည်း ရှိတယ်မလား ဒါလေးများ 😆

  • စိန်ဗိုက်ဗိုက်

    September 25, 2012 at 11:46 am

    တရားခံက နားထိုင်းတဲ့ ဘဲအု ကြောင့်ပဲ..
    ဘဲအုကို လိုက်ရှာကြဟေ့..
    သုံးပိုင်းပိုင်းပြီး တစ်ပိုင်းကို ဘီအီးနဲ ့မြည်း တစ်ပိုင်း ဆွမ်းတော်တင် တစ်ပိုင်းရေထဲကျ
    ငါငုပ်လို ့ရ
    :harr:

    • ကိုခင်ခ

      September 25, 2012 at 12:44 pm

      ကိုစိန်ဗိုက်ဗိုက် ငုပ်လို့ရသွားတာက ဘယ်အပိုင်းလဲဟင်၊ ပြီးတော့ ဘာလုပ်လိုက်လဲ။

      • စိန်ဗိုက်ဗိုက်

        September 25, 2012 at 12:57 pm

        ဟိုက်စ်..
        ဘယ်အပိုင်းရွေးရင် ကောင်းမလဲ အုအုရေ
        :harr:

        • မဟာရာဇာ အံစာတုံး

          September 25, 2012 at 1:20 pm

          ရွေးချင်ဒဲ့အပိုင်း ရွေးဒဲ့
          အားလုံး အိုကေဒယ်ဒဲ့ ..
          အုအုက ကြောဒါ ..
          :kwi:

  • မောင်ပေ

    September 25, 2012 at 12:19 pm

    ငါ၏ မဟာနှဖူးကို ထိခိုက်တော်မူသော မဟာဘာဂျာအံကြီး အား ငါ၏ မူးမတ်တော် ပေါက်ဖော် ထံ ၊ ရှိသမျှ အကုန်ဖြတ်ဖောက်ချုပ်စေဖို ့တာဝန်လွှဲအပ်လိုက်သည် ။ တွေ ့ရာဓါးမဆိုင်း ဖြတ်စေ
    ဘုံ
    မစ်စတာပေ
    :kwi:

  • amatmin

    September 25, 2012 at 12:22 pm

    ဘိုအံရေ..
    ဂလောက်စာရှည်ကြီးကို ..တကြောင်းတည်းနဲ့ ရေးနိုင်တာကို အားကျသဗျို့.
    တတ်နိုင်ပါပေရဲ့ ဗျာ.. 🙂

  • may flowers

    September 25, 2012 at 12:44 pm

    ဟားးးးးးးးးးးးးးး တကယ်ပဲမရယ်ရမနေနိုင်တော့ဘူး…ဒါများလွယ်လွယ်လေး သဂျီးကအမိန့်ထုတ်တာ

    ဘီအီး တစ်မျိုးပဲဟာ..ကျန်တဲ့ဘလူးတို့ ဘလက်တို့ ၊ ချက်အရက်တို့၊ ဖောရှောတို့ပါမှပါပဲ အေးဆေးပါ :harr:

  • mayjuly

    September 25, 2012 at 1:00 pm

    ဘီအီး သောက်ရင်ဘာဖြစ်မှာလဲ ဟင်…

    သိ်ချင်ပါတယ်ဂျ … :hee:

  • kyeemite

    September 25, 2012 at 1:17 pm

    အာပလာ မောင်အံစာ ရဲ့ ဟာသလေးပေါ့လေ…
    လုပ်ကြပါ..လုပ်ကြပါ…
    မင်းတို့လုပ်မှတို့သဂျီးလဲ ဘီအီးသောက်ဖြစ်သွားတော့တယ်… :harr: :hee:

  • Mon Kit

    September 25, 2012 at 1:18 pm

    အမောင်အံဇာတုံးရေ..
    အသင် ဂရင်းနစ်စံချိန် ကျော်လွန်ဆု ကို ဆွတ်ခူးရရှိသွားပါကြောင်း…
    ကမ်ဘာ့အရှည်ဆုံးသော စာကြောင်းတစ်ကြောင်းရေးသွားနိုင်လို့ပါကွယ်……
    :kwi: :harr:

    • kai

      September 25, 2012 at 1:47 pm

      တကြောင်းထဲရေးနိုင်တာ.. မြန်မာစာပေကို..နှံ့စပ်တဲ့.. ကိုရင်အံရဲ့ အံ့ဖွယ်ကြွယ်ဝမှုပဲလို့ မှတ်ချက်ချပြီးသကာလ… ဖွက်ထားသော” ဗော့ဂါ”ကို” ဂွတ်ကနဲ့”မော့ချလိုက်ရလေသတည်း.. :kwi:

  • ahnyartamar

    September 25, 2012 at 1:30 pm

    စာတပုဒ်လုံးကို ပုဒ်မ တခါတည်းပဲချရေးသွားတဲ့ မဟာရာဇာခြောက်မျက်နှာကို လေးစားမိပါ၏။ တကယ်တော့ ဘီအီးဆိုတာ အရက်မဟုတ်ဘူးဗျ၊ ဟောဒီမှာ ဘာသာပြန်ကြည့်၊ Burma Economy Development Committee က ထုပ်လုပ်တာမို့ အများအခေါ် ဘီအီး တကယ်တော့ ဘီ၊ အီး၊ ဒီ၊ စီ ဖြစ်သွားတာလို့ မဆလ ခေတ် အစောပိုင်း၊ ကျတော့ အဖေက ပြောဖူးပါ၏။ တကယ်တော့ အရက်ဖြူကမှ သူ့ရဲ့ ကိုယ်ပိုင်နာမည်ပါ။ ဘီ၊ အီး၊ ဒီ၊ စီ ကတော့ brand အုံနာပေါ့။

  • Shwe Tike Soe

    September 25, 2012 at 1:46 pm

    ဘီအီးမသောက်ရလဲ အေးဆေးပဲ ကိုရီးယားဆိုဂျူ သောက်မှာပေါ့လို. အဲဒါလဲ ဘီအီးလိုပဲ ခွိခွိခွိ :hee: :kwi:

  • Ma Ei

    September 25, 2012 at 2:02 pm

    မဟာရာဇာ အံစာတုံး ရေ…
    အဖြတ် အတောက်မရှိ တစ်ဆက်တည်းရေးထားသော စာသားကို
    MRTV မှ သတင်းကြေညာသူများကဲ့သို့ အသံကို အနိမ့် အမြင့် လုပ်၍
    ဟန်ပါပါဖြင့် ဖတ်သွားခဲ့ပါတယ်ကွယ်…

  • MaMa

    September 25, 2012 at 2:22 pm

    တော်လိုက်ကြတာ။
    ရေးတဲ့သူကလည်း စာတစ်ကြောင်းတည်းနဲ့ ဖြစ်ပုံပျက်ပုံအလုံးစုံကို ရှင်းလင်းပြတ်သားအောင်ရေးနိုင်တယ်။
    ဖတ်တဲ့သူကလည်း စာတစ်ကြောင်းတည်းနဲ့ ရေးသွားတယ်ဆိုတာကို သိကြတယ်။
    ကိုယ်လိုလူချည်းသာဆိုရင် မောင်အံဇာ ရေးရကျိုးနပ်မည်မထင်။
    :hee:
    မြန်မာစာပေလောက တစ်ခေတ်ဆန်းစေတဲ့ ရေးဟန်သစ်ပဲ။
    အတုခိုးလောက်ပါပေတယ်။ :harr:

  • Khaing Khaing

    September 25, 2012 at 2:29 pm

    အမလေး …. မူးသွားတာပဲ …. မသောက်ပဲမူးတာ ဒီတစ်ခါပဲရှိတယ် ………

  • Wow

    September 25, 2012 at 4:01 pm

    သများဒွေပြောမှပဲ တစ်ကြောင်းထဲရေးထားမှန်းသိပြီး ကဗျာကရာ အပေါ်ပြန်တက်ပြီးကြည့်တော့ ဟယ်…ဟုတ်သား တော်ထှာ
    :chee:
    :buu:

  • ညလေး

    September 25, 2012 at 4:11 pm

    ဖတ်လိုက်ရထှာာာမူးလို့ အူးအံရယ် တော်ပါပေတယ် ဂယ် ဘီအီး တစ်မျိုးထဲမရတာ ကျန်တာ အကုန်သောက်လို့ရတယ်လို့ မီးမောင်းထိုးပြ သွားတာဗြဲ ့ ့ :barr:

  • ညလေး

    September 25, 2012 at 4:13 pm

    မွှားချက် :berr:O:-)

  • နေဝန်းနီ

    September 25, 2012 at 4:30 pm

    ဘီအီး မတောက်ရတော့ ဘာဖစ်လဲ အူးလေးအံဇာတုံးရဲ့ တောအရက်ဆိုင်တစ်ဆိုင်လုံး ရှိနေတာကို…။ အဲဒါကမှ ထန်းညက်နံ့ မွှေးမွှေးလေးနဲ့ ရှလွတ် …။ တရေတောင် ကျလာပြီ……….. :ha

  • လုံမလေး မွန်မွန်

    September 25, 2012 at 5:03 pm

    ဟုတ်ပါ့..ဘယ်တော့ စာကြောင်းဆုံးမလဲဆိုပြီး ဖတ်ရင်းဖတ်ရင်းနဲ့ တစ်ပုဒ်လုံးဆုံးမှပဲ ပုဒ်မချတော့တယ်… နာ့မှာ ပုဒ်မလိုက်ရှာတာနဲ့ စာတွေတောင်ကျော်ဖတ်မိလို့ အကြောင်းအရာကိုသိအောင် နောက်တစ်ခေါက် ထပ်ဖတ်ရတယ်… :mrgreen:

    မြန်မာသဒ္ဒါ စကားစပ်သင်ရိုးတွင် သည်စာကို ထည့်သွင်းသင်ကြားသင့်ပါကြောင်း ရွာထဲက အမတ်များ လွှတ်တော်တက်လျှင် တင်ပြစေလိုပါသည်… 🙂

  • cobra

    September 25, 2012 at 5:41 pm

    ရွာထဲမှာလဲ အရက်ချစ်သူတွေများတယ်နော်။
    ရွာထဲမှာလည်းအကြီးတွေများပြီးတော့ လူငယ်တွေကိုလက်တွဲခေါ်မယ်ဆိုတာ
    မရှိဘူး။သူတို့ပဲချိန်းချိန်းပြီးသောက်နေကြတယ်။
    ခေါ်ပါလားတစ်ခါတလေ တိုက်ဖူးတယ်ရှိအောင်…..။

  • ကိုရင်မောင်

    September 25, 2012 at 6:09 pm

    ဟုတ်ပဗျာ…အဖြတ်အတောက်မရှိ တစ်ကြောင်းထဲ…..
    ဒီလိုအရေးအသားမျိုးသူများပြောမှသတိထားမိတယ်..
    ချီးကျူးပါတယ် ကိုအံကြီးရေ………..

  • အလင်းဆက်

    September 25, 2012 at 7:43 pm

    အံစာ ကတော့ လုပ်ချလိုက်ပြန်ပါပြီ ။

    ပြောရဥိးမယ် ။
    တားတားကတော့ ဘီအီးသောက်ဘူးဂျ ။

    ဝီ…မှ ဝီ..ပဲ။
    🙂

  • မဟာရာဇာ အံစာတုံး

    September 25, 2012 at 8:19 pm

    ဟုတ်ကဲ့ပါ ခညာ ..
    ယခုကဲ့သို့ ကျနော့်ရဲ့ ပို့စ်မှာ ကွန်မန့်များ ဝင်ရောက် ချီးမြှင့်ပေးသွားကြပါကုန်သော …

    ကြည်ဆောင်း၊ အမပုချ်၊ စိန်ဗိုက်၊ ကိုခင်ခ၊ မောင်မောင်ပေ၊ ကိုမတ်၊ မေဖလားဝါး၊ မေဂျူလိုင်၊ ဘဘကြီးမိုက်၊ မွန်ကစ်၊ သဂျီး၊ ဦးညာ၊ ကိုကိုရွှေတိုက်၊ အမအိ၊ အန်တီမမ၊ မာမီခိုင်၊ အမဝိုး၊ ညလေး၊ ဦးနေ၊ မမွန်မွန်၊ ကော်ဘရာ၊ ကိုရင်မောင်၊ အလင်းဆက်

    … တို့အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါရစေခင်ဗျာ …

    ပြီးတော့ …
    ပို့စ်ထဲမှာ ပါတဲ့အတိုင်းပဲ ကျနော်က အာပလာ ကောင်သာ ဖြစ်ပါဂျောင်း …
    ယခုပို့စ်မှာလည်း စိတ်ကူးပေါက်တုန်း ဖျစ်ညှစ်ပြီး ရေးသားလိုက်ခြင်းသာ ဖြစ်ပါဂျောင်း …

    ချစ်တဲ့ …
    အံစာတုံး

  • တေလေ

    September 25, 2012 at 8:43 pm

    အဟွင့် ကျေးဇူးတင်ခံချင်လို့ ဝင်လာခါမှ နောက်ကျနေပြန်ပြီ ၊
    သများလဲ တိုအံချာရဲ့ ပို့စ်လေးကို ချီးမြှုင့် မလို့ ဝင်လာတာပဲ ဥစ္စာ ။
    ဒါပဲနော် ညက်နှာ အလိုက်ရ :chee:

  • မိုးသောက်ချိန်

    September 25, 2012 at 8:58 pm

    သူကြီးအမိန့်ကြောင့် စီးပွားပျက်ပါပြီဗျာ ………..
    ရွာပြင် ထန်းတောက စီမံကိန်းတွေကြောင့် အသိမ်းခံခဲ့ရလို့
    ရွာထဲမှာ ဘီအီးလေး ခွက်ပုန်းခိုးရောင်းပါတယ်
    အခုတော့
    ကံဆိုးမ သွားလေရာ မိုးလိုက်လို့ ရွာပါပြီတကော ………….. 😆

    • မဟာရာဇာ အံစာတုံး

      September 25, 2012 at 9:15 pm

      အမငေး ..
      မိုးသောက်ချိန် ဆိုတော့ ဘူများလဲလို့ …
      ကိုကင်းဂျီးဘဲ …
      ကိုကင်းရေ မာကလာပင်ပါဗျာ …
      ခုလို အားပေးသွားတဲ့အတွက်လည်း ကျေးဇူပါဗျာ ..
      ဒါနဲ့ ကျုပ်ကိုရော မှတ်မိသေးရဲ့လား သိဘူး .. အဟီးးး :mrgreen:

  • surmi

    September 26, 2012 at 12:05 am

    ငါ ့နှယ် အံ ့ဩဘနန်းဖြစ်ရပါ ့
    ဆာအာသာကိုနင်ဒွိုင်းကိုဝါကျရှည်ကြီးရေးနိုင်လို ့စိတ်ထဲချီးကျူးနေတာ
    ကဲ စိန်ခေါ်လိုက်တော ့မယ်
    ဘိုအံဇာနဲ ့ပြိုင်မလား ဟေ ့

    • မဟာရာဇာ အံစာတုံး

      September 28, 2012 at 10:10 pm

      ဥဆာမိဂျီး …

      ကျုပ်ဂ အာပလာ ကောင်ပါဂျာ …
      ဆရာ့ဆရာကြီးတွေရဲ့ ဖင်ဖျား မပြောပါနဲ့ဦး ..
      ခြေဖဝါးအောက်က သဲမှုန်စလောက်တောင် အဆင့်မရှိသေးတဲ့ ကောင်ပါ …
      ခုရေးတာကလည်း စိတ်ကူးလေး ပေါက်တုန်း စမ်းပြီး ရေးကြည့်လို့တာပါလို့ ..
      အားပေးတာ ကျေးဇူးပါဗျာ …

  • ကြောင်ကြီး

    September 26, 2012 at 9:14 am

    ဘီအီး
    ဆီမီး
    တည်ပြီး
    ဂျီသရီး၊
    ဒီနည်း
    ထီဖီး
    ဟီဟီး
    ရီခွီး..။

  • Swal Taw Ywet

    September 26, 2012 at 12:18 pm

    ကိုကိုအံရေ။
    ရေးပြခဲ့တဲ့ အထဲက ဘီအီး ဆိုတာ…ဟို….. Bachelor of ……. ကိုများညွှန်းလိုက်တာများလားခင်ဗျ၊
    သကြီးက R.I.T ဆင်းလို့သိထားလို့ပါ။
    ပြေးပြီ……ဟီ ဟိ။
    လက်မတွေပျောက်နေတုံးမို့ One Big thumb Up for you.
    With respect,
    Swal Taw Ywet.

  • အရီးခင်လတ်

    September 28, 2012 at 5:00 pm

    စာကြောင်း အရှည်ကြီး ကို အရှည်ကြီးမှန်းမသိရလေ အောင် ရသ မပျက် ရေးနိုင်တာ။
    ဂလောက်တောင် တော်တယ်လားဟယ်။ :hee:

    • မဟာရာဇာ အံစာတုံး

      September 28, 2012 at 10:13 pm

      အမငီး အရီးရယ် …

      ကျုပ် အကြောင်းလည်း သိရဲ့သားနဲ့ …
      လာပြီး တော်ဒယ် ကြောနေဒေးဒယ် … :mrgreen:

  • padonmar

    October 12, 2012 at 9:30 pm

    မောင်မောင်အံရဲ့ တစ်ကြောင်းစာကို တစ်ယောက်သောသူက ကြိုက်လွန်းလို့ save လုပ်ထားတယ်ဆိုတော့မှ ပြန်ဖတ်ကြည့်ရတယ်။
    တော်တော်တော့တော်တယ်တော့။

    • အန်တီ ..
      တစ်ယောက်သောသူ ဆိုတာ
      ဘာကို ကြောဒါဒုံးဟင်င်င် … :mrgreen:

      ++++++++

      အောက်က ..
      ဥမှောင်ဂျီး ..
      ရော့ … ရေ … သောက်လိုက်ပါ ..
      ဂလု .. ဂလု .. ဂလုံ ..

      • padonmar

        October 13, 2012 at 10:23 pm

        နွယ်ပင်တို့ပြောသလို တစ်ယောက်သောသူမဟုတ်ရပါဘူးဟယ်။ရွာထဲကလူတစ်ယောက်လို့ ပြောချင်တာပါ။

        • သိဘာဘူး အန်တီရယ် ..
          တစ်ယောက်သောသူ ဆိုတော့
          အဟဲ .. ဟိုလိုလို ဒီလိုလို ထင်တွားဒါ ..
          အဟီး .. ဟုတ်မှ ဟုတ်ဘဲနဲ့နော့ … :mrgreen:

          ++++++++++

          ဖေဂျီးပေါက်ရေ …

          မောင်ပေ ဆိုတဲ့ လူဂျီးဂ
          ဘယ်လို မလွယ်တာဒုံးဂျ ….
          ဘူးထ လွန်းလို့လား ..
          :harr:

  • မှောင်ကြီး

    October 13, 2012 at 12:48 am

    ……….ရေတိုက်ပါ။……..(….မူးဒယ်..မောဒယ်..)

  • နဖူးပြောင်ပြောင်နှင့် မောင်ပေဆိုသူ လူကြီးမှာလည်း လွန်စွာ တင်းသွားလေရကား ဘီအီးသမား စိန်ဗိုက်ကို အတင်းဖက်၍ နပန်းချလိုက်လေတော့သတည်း …
    တော်သေးတယ် နပန်းတင်ချလိုက်လို့
    မောင်ပေက လွယ်တဲ့ကောင်မဟုတ်ဘူးနော်

Leave a Reply