တစ်ခါက တစ်ဘဝ(၃)

MAUNGSeptember 25, 20121min1159

တစ်ခါတုံးကပေါ့ ဗျာ။ ကျွန်တော့မှာ ကောင်မလေး (ရည်းစား) တစ်ယောက်ရှိတယ်။ ကျွန်တော်ဆိုတဲ့ ကျွန်တော်ကလဲ တစ်ခါတစ်ခါ စိတ်ကူး ပေါက်ရင် ထင်တာ လျှောက်လျှောက် လုပ်တတ်သဗျ။ ထီးပါ ရက်နဲ့ မိုးရွာထဲမှာကြွတ်စုတ် လို တစ်ယောက်လက်၊ တစ်ယောက် တွဲပြီး လျှောက်သွားတာတို့၊ ဝက်သား ဒုတ်ထိုး စား နေရင်း အူ ပိတ်ကကောင်းတယ်ဆိုလို့ အူ တစ်ချောင်းလုံး ဝယ်ကျွေးတာတို့၊ ဆူးလေ မှာ  ဗံဒါ စေ့ ထုနည်းသွားသင်ပြီး ခွါကျွေး တာတို့ပေါ့ဗျာ ..ဟား..ဟား ..။ တစ်ရက် တော့ ညနေပိုင်း လှည်းတန်း မှာ မုန့်သွားစားရင်း မိုး ပျံ ပူဖောင်းသည် တွေ့ တော့ စိတ်ကူး ပေါက် တာနဲ့ မိုးပျံ ပူဖောင်း တစ်တွဲ လုံး အလုံး ခုနှစ်ဆယ် လောက်ရှိမယ် ၊ ဝယ်ပြီး ကောင်မလေး ကိုလက်ဆောင်ပေးတာပေါ့ ။ ကောင်မလေး ပျော် မပျော် တော့မသိဘူး၊ ပူဖောင်းရောင်း တဲ့ ချာတိတ်ကတော့ တော်တော် ပျော်သွားတယ် ။ အဲ…..မုန့်စားပြီး ပြန်မယ်လဲ လုပ်ရော၊ ဒီလောက်မိုးပျံ ပူဖောင်း တွေ အများကြီး နဲ့ ဘတ်စကား နဲ့လဲ အဆင် မပြေ ကားငှါး လို့လဲ အဆင် မပြေ၊ အိမ်ကို လမ်းလျှောက်ပြန်ကျရတော့တာပေါ့ဗျာ ။အိမ်ပြန် လမ်းတစ်လျှောက် မှာ တွေ့တဲ့ ကလေး လေးတွေလဲ ပူဖောင်းတွေ ပေးခဲ့ သေးတယ် ။ ကောင်မလေး အိမ်နားရောက် တော့ ပူဖောင်း အလုံး သုံးဆယ် လောက်ကျန်သေးတယ် ။ သူလဲ အိမ်မယူသွား ရဲ လို့ ကျွန်တော့ အိမ်ယူသွားတာ ၊ ဘာပြောကောင်းမလဲ …မေမေ ဆူလိုက်တာ တစ်ပါတ် လောက် မပြီးဘူး …ဟား ဟား ။

တစ်ခါတုံးကပေါ့ ဗျာ။ ကျွန်တော့မှာ ကောင်မလေး (ရည်းစား) တစ်ယောက်ရှိတယ်။ ကျွန်တော် နဲ့သူနဲ့ စပြီးကြိုက်တာ မှတ်မှတ်ရရ ဖေဖဝါရီ လ ၁ရ ရက်နေ့ (မှတ်ချက်။   ။ စိုင်းစိုင်းခမ်းလှိုင် ကိုတုပခြင်း လုံးဝမဟုတ်ပါ းP )။ ချစ်သူတွေဖြစ်လို့၊ တစ်လ ပြည့် တော့၊ ကျွန်တော် သူ့ကို မွှေးပွ ရုပ်ကလေး တစ်ခု ဝယ်ပေးတယ်။ အမှတ်တရ ပေါ့။ အဲ….အရုပ် ဝယ်တဲ့နေ့ မှာကျွန်တော့ မှာပိုက်ဆံ သိပ်မရှိဘူး ၊ အဲ..ပိုက်ဆံ သိပ် မသုံးနိုင်ဘူး ဆိုပိုမှန်လိမ့် မယ်။ ဆိုတော့ကာ…. အရုပ်သေးသေး လေးပေါ့ဗျာ ၊ အဲ…ကောင်မလေး ကတစ်ရို တစ်သေ ရေမွှေးစွတ်၊ ပလပ်စတစ် အိပ် ထဲထည့် သိမ်းထားတာ မြင်တော့ ပီတိ တွေဖြာပြီး လစဉ် လတိုင်း ၁ရ ရက်နေ့တိုင်း မွှေးပွ ရုပ်ကလေး တစ်ရုပ်၊ တစ်ရုပ် ပေးနေကျပေါ့။ ကောင်မလေးက တော့ရေမွှေး ဆွတ်လိုက်၊ အိပ်ထဲ ထည့်လိုက်နဲ့ ..ဟား ဟား တော်တော်ဟုတ် နေကျတာပေါ့ဗျာ ။ ဒီလိုနဲ့၊ သမီး ရည်းစား သက်တမ်း လေးနှစ်လောက်လဲ ကြာရော ကျွန်တော် တို့ နှစ်ယောက်မှာ အရုပ်တွေ ဆလွန်းကား နဲ့အပြည့် ဗျာ၊ အဟုတ်ပါဗျာ ကြွားပြောတာ မဟုတ်ပါဘူး။ လေးနှစ် တာကာလအတွင်း၊ ကောင်မလေးက စိတ်ကောက်ရင် အရုပ်တွေအကုန် ကျွန်တော့အိမ် လာပို့၊ ကျွန်တော် ကသူ့အိမ် သွားပြန်ပို့နဲ့ နှစ်ဖက်မိသားစု များလဲ တော်တော် လေးကိုမျက်စိ နောက်ကျ ရပါတယ် ။ မနောက်ခံနိုင်ရိုးလား၊ တစ်ပါတ် နှစ်ခေါက်လောက် အဲလို လုပ်နေကျတာလေ။ နှစ်ယောက်သား ဘုရား သွားလဲ အရုပ်တွေ တစ်ကားကား၊ လျှောက်လည် လဲအရုပ်တွေ တစ်ကားကားနဲ့၊ ခုနေပြန်စဉ်းစားကြည့်တော့ တော်တော့ ကိုမိုးမမြင်၊ လေမမြင် ရူးခဲ့ကြတာဘဲ ၊ ဟားဟား ။ ချစ်တာကိုး ဗျ….နော ။ (ရည်းစားမရှိ တဲ့ ၊ မချစ်ဘူးတဲ့ အပျိုကြီးတွေ၊ လူပျိုကြီးတွေ တော့ ဘယ်သိ မလဲ ..နော းP )။ ဒီလိုနဲ့ လေးနှစ်ခွဲ လောက် လဲကြာရော၊ ကျွန်တော် တို့ နှစ်ယောက်ဘယ်လို မှညှိနှိုင်း လို့ မရဘဲ ပြတ် ကျရောဗျား (ငါ့ဘက် ကမှားတာပါ း( … ) ။ ကောင်မလေး လဲ သူ့အိမ်က ကားမောင်းတဲ့ ဆရာ နဲ့ အရုပ်တွေ အကုန် ကျွန်တော့ဆီ ပြန်ပို့လိုက်ရော ဗျာ ။ အောင်မာ …ဒါမျိုး တော့ဘယ်ရလိမ့် မလဲ ၊ ပြန်ယူသွားဆိုတော့ ယူသွားပေး ရှာပါတယ် ။ နောက် မှစုံစမ်း ကြည့်တော့ ကျွန်တော့ကို ဘယ်လောက်တောင်စိတ်နာ တယ်မသိ၊ အရုပ်တွေ အကုန်လုံး ဓား နဲ့ထိုးဖောက် ၊ ကပ်ကျေး နဲ့ ညှပ် ပြီး အမှိုက်ပုံး ထဲထည့် အကုန် ရောက် သွားရော ဗျား။ ဇာတ်သိမ်း ကတော့မကောင်းပါ ဘူး း(

ရွာသူ ရွာသားများ၊ တစ်နေ့တာပင်ပန်း နေသမျှ ကျွန်တော့ ပေါ့ပေါ့ပါးပါး စာလေးဖတ်ပြီး ပြုံးနိုင် ကြပါစေဗျာ။

 

9 comments

  • စိန်ဗိုက်ဗိုက်

    September 25, 2012 at 5:32 pm

    နမြောစရာကြီးဗျာ..
    ကျနော်က အရုပ်ဆိုင်ဖွင့်ထားတာဗျ
    အဲဒီအရုပ်တွေကို ကျနော့ဆိုင်ရှေ ့ လာလွှင့်ပစ်လိုက် ပြီးရောဗျာ..
    ကျွတ်..ကျွတ်..စ်..

  • MAUNG

    September 25, 2012 at 6:37 pm

    ကိုဗိုက် ကစောစော က ပြောရောပေါ့ း)

  • မောင်ပေ

    September 25, 2012 at 8:42 pm

    အိမ်း
    ဟိုဘက်က နှမ်းတစ်စေ့ ဆီ ပို ့စ်ကို ဖတ်ပြီးမှ ဒီပို ့စ် ကို လာဖတ်ဖြစ်တာဆိုတော့
    အဲဒီအရုပ်ကားတစ်စီးတိုက် ကိုသာ မိဘမဲ့ကလေးကျောင်းကို ပို ့ပေးဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ လို ့
    တွေးမိသွားပါတယ်
    :eee:

  • မဟာရာဇာ အံစာတုံး

    September 25, 2012 at 9:02 pm

    တစ်ခါကပေါ့ဗျာ ..
    ကျနော့်မှာ ကောင်မလေးဒွေ (ရည်းစား) ၅ ယောက် ရှိခဲ့တယ် …
    သူတို့က မုန့်ဆိုင်သွားပြီး တွေ့သမျှ အကုန်ဝါးလိုက်ကြတာ …
    ကျုပ်လည်း ပါသမျှ ပိုက်ပိုက်နဲ့ ဘယ်လိုမှ ဖြစ်ချေဘူးဆိုတာ သိတာနဲ့
    သူတို့အလစ်မှာ ထွက်ပြေးခဲ့ရဖူးဒယ် …
    ကြုံတုန်းလေး ဝင်ကြွားဒါ .. အဟိ ..
    :kwi:

  • candle .

    September 25, 2012 at 9:07 pm

    ဦးကျော် အကြောင်း ပြောမယ်ထင်လို ့…
    ပေပေ့ အဆိုကို 100% ထောက်ခံသဖြင့် စိမ်းလိုက်ပါကြောင်း..
    အားပေးလျက်..

  • MAUNG

    September 26, 2012 at 6:51 am

    ကိုပေ ပြောတာအမှန်ဘဲ ။ ရူးရူး မိုက်မိုက် ဖြုန်းတီးခဲ့ တဲ့အချိန်တွေ ငွေတွေ အရမ်းနှမျော မိတယ် ။ အကျိုး ရှိအောင် များ သုံးခဲ့ ရင်ဆို တဲ့ နောင်တနဲ့ပေါ့

  • kai

    September 26, 2012 at 7:01 am

    အဲဒီကားသမား.. မတောင်းဘူးလားမသိ…
    “အမရယ်.. အရုပ်တွေနှမြောစရာ..။ ကျနော့်ကလေးပေးဖို့.. နည်းနည်းမျှပါ”လုပ်ပြီး.. စိန်ဗိုက်ဗိုက်ဆိုင်သွင်းလိုက်ရင်.. ပွဲပြတ်ပဲ…။
    .. ကျုပ်သာဒရိုင်ဘာဆို. .လုပ်တယ်.. :harr:

    • အရီးခင်လတ်

      January 28, 2013 at 8:00 pm

      ကျွန်မ သာ အဲဒီ ကောင်မလေးဆိုရင် အဲဒီ အရုပ်တွေအားလုံး ဒရိုင်ဘာ သူကြီး ကို မတောင်းခင်ကထဲ က အလကားပေးလိုက်ပါတယ်။
      ယူ … ယူ။ 😆
      ဒါပေမဲ့ ပိပိ လေးကိုပေးပြီးမှ မောင်ဗိုက်ဆီသွားသွင်းပါ။
      Maung အရေးကောင်းတာမို့ အရင် Post တွေ ပြန်ဖတ်မိတာ။

Leave a Reply