ဦးရွှေမန်းကို လွှတ်တော်မှ ဖယ်ရှားပေးပါ

spyhacker satanSeptember 25, 20121min57

ဖွဲစည်းပုုံအခြေခံဥပဒေခုံရုံးကို စွတ်စွဲဖြစ်တင်တဲ့ကိစ္စကို အဓိကကြိုးကိုင် ဦးဆောင်ခဲ့သူဟာ သူရရွှေမန်းပဲဖြစ်တယ်ဆိုတာ လူတိုင်းအသိဖြစ်ပါတယ်။ ဥပဒေကိုမျက်ကွယ်ပြုသူ၊ လွှတ်တော်အထက်မှာ ဘာမှမရှိလို့ ကြုံးဝါးနေသူ ဦးရွှေမန်းရဲ့ ထင်ရှားတဲ့လုပ်ရပ်တွေကတော့……

(၁) လွှတ်တော်အမတ်တွေ ပစ္စည်းစာရင်းတင်ရေး အဆိုကို ပြာပြာသလဲကန့်ကွက်ခဲ့ပါတယ်။ အဂတိလိုက်စားပြီး မတရားသဖြင့်ရရှိထားတဲ့ ပစ္စည်းတွေဟာ လူသိမခံဝန့်လောက်အောင် များပြားနေတယ်ဆိုတာ သိသာလှပါတယ်။

(၂) အင်းယားမြိုင်လူသတ်မှုမှာ ဦးရွှေမန်းရဲ့ သားတွေပါဝင်ပတ်သက်မှုရှိနေပေမဲ့လည်း သူ့ရဲ့ဩဇာအာဏာကို အသုံးပြုပြီ အမှုအပေါ်အောင် ဖုံးဖိထားခဲ့ပါတယ်။ အဲ့ဒါကြောင့် ယနေ့အချိန်ထိ လူသတ်တရားခံ အစစ်အမှန်ကို ရဲက မဖေါ်ထုတ်ရဲပါဘူး။( ဆက်စပ်မှုကို ပြောရရင် ဦးရွှေမန်းသားတွေနဲ့ ယခုအမွေတွေအကုန်ရသွားတဲ့ သားမက်ဖြစ်သူ သုဇော်ဟာ အလွန်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်။ ကောင်မလေးရဲ့မိဘတွေက ပေးစားလို့ယူထားတာပါ။ ကောင်မလေးရဲ့ မိဘတွေက ဘာလို့ပေးစားလဲဆိုရင် ကောင်မလေးဟာ နာမည်ကျော်ဒါရိုက်တာကြီးတစ်ဦးဖြစ်တဲ့ ဇင်ယော်မောင်မောင်နဲ့ဖြစ်နေလို့ပါ။ ဘယ်လိုမှတားလို့မရတဲ့အဆုံး မိဘတွေက သုဇော်နဲ့ စီစဉ်ခဲ့တာပါ။ သုဇော်က ဇင်ယော်မောင်မောင်နဲ့ ကိစ္စကိုသိပေမဲ့လည်း ငွေကြေးဥစ္စာကို မက်မောပြီး ကောင်မလေး ကိုယူူခဲ့တာပါ။ နောက်ပိုင်းတော့ ငွေကြေးကြောင်ယူတဲ့သူရယ်။ မိဘပေးစားလို့ ယူရတဲ့သူရယ် နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ ဘယ်လိုမှ အဆင်မပြေတော့ပါ။ ဒါ့အပြင် ကောင်မလေးတွေဟာ သမီးအရင်းတွေအဟုတ်ပဲ မွေးစားသမီးတွေဖြစ်တယ်ဆိုတာ သုဇော်က နောက်ပိုင်း သိလာရတယ်။ အဲဒါကြောင့် အမွေမရမဲအရေးစိုးရိမ်ပြီး ဦးရွှေမန်းသားတွေနဲ့တိုင်ပင် ဒီလို ရက်ရက်စက်စက် လူသတ်မှုကျူးလွန်ခဲ့တာပါ။)

(၃) ကားတိုက်မှုမှာ မရိုးသားလူစားသွင်းခဲ့တဲ့ သူ့သားတိုးနိုင်မန်းကို လွှတ်တော်ရေးရာကော်မတီတစ်ခု မှာ ရာထူးပေးထားတယ်။

(၄) ဦးရွှေမန်းဟာ ၂၀၁ဝ ရွှေးကောင်ပွဲဝင်တုန်းက သူ့ကိုယ်သူ သမ္မတဖြစ်မယ်ဆိုပြီး ကျိန်းသေတွက် ထားပါတယ်။ သူဝင်ရွေးခံတဲ့ ဇေယျာသီရိမြို့နယ်နဲ့ ဆက်စပ်ခရိုင်က ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေကို ရပ်ကွက်ကျေးရွာ အဆင့်အထိ ငါးသိန်တန်ဖုန်းတစ်လုံးစီ အလကားချပေးပါတယ် (ငွေတပြားမှ သွင်းစရာမလိုပဲ ဖုန်းကဒ်အလာကားချပေးတာပါ။ ငွေစာရင်းကို ဆက်သွယ်ရေးနဲ့ ဦးရွှေမန်း တိုက်ရိုက်ရှင်းမယ်ပြောပါတယ်)။ အဲဒီတုန်းက သူက ဒီလိုပြောခဲ့ပါတယ်။ …….ဒီဖုန်းတွေ ချပေးတယ်ဆိုတာ ပဏာမပဲ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြီးရင် သူဟာ ဒီ့ထက်ပိုပြီး လုပ်သာကိုင်သာ ရှိတဲ့ နေရာကိုရောက်လာမှာဖြစ်ကြောင်း အဲဒီအခါကျရင် ဒီထက်ပိုတဲ့ အခွင့်အရေးတွေရအောင် ဆောင်ရွက်ပေးမှာဖြစ်တဲ့ အကြောင်းပြောခဲ့ပါတယ်။ရပ်ကွက်ကျေးရွာကော်မရှင်အဆင့်အထိ ဖုန်တွေအလကားရကြပါတယ်။ တပြည်လုံးယူသွားပြီး ပြောလို့ရပါတယ်။ ဒါပေမဲ့ ရွှေးကောက်ပွဲပြီးလို့ ဦးရွှေမန်းက သမ္မတလည်းမဖြစ်ကော တစ်လလောက်ပဲ ကြာပါတယ် ဖုန်းတွေက နေပြည်တော်ကွက်ကွက်ပဲ ပြောလို့ရတော့တယ်။ ကျန်တဲနယ်တွေမှာ ပြောလို့မရတော့ဘူး။ စုံစမ်းတော့လည်း ငွေ ၅၀၀၀၀ဝ သွင်းမှပြန်ပြောလို့ရမယ်တဲ့ ဘာ့ကြောင့်လဲဆိုတာ မသိဘူးတဲ့…..

ဦးရွှေမန်းဟာ အခုဆိုရင် အခြေခံဥပဒေခုံရုံးကိုစွတ်စွဲပစ်တင်ဖြုတ်ပြလိုက်ပြီး…..လွှတ်တော်အာဏာရှင် စနစ်တည်ထောင်နေပါပြီ။ လွှတ်တော်ထဲမှာလည်း သူနဲ့အလွမ်းသင့်တဲ့ အမတ်တစုကို အသုံးပြုပြီး အမျိုးမျိုးခြယ်လှယ်ဖိုု့ကြိုးစားနေပါတယ်။ ………တင်ပြဖို့၊ စကားပြောဖို့အတွက် မိုက်မပေးတာကအစ …..မဲခွဲဆုံးဖြတ်တာကို လက်မှတ်လိုက်ထိုးခိုင်းတာမျိုး၊ လူစာရင်းကို တမင်လွှဲရေတာမျိုး တွေအထိ လုပ်ပြီး သူအလိုကျလုပ်နေပါတယ်။ အာဏာသုံးရပ်ထဲမှာ ဥပဒေပြုအာဏာသာလျှင် ထိပ်ဆုံးကဖြစ်တယ်၊ သူတို့အထက်မှာဘယ်သူမှ မရှိဘူး၊ မိုးကောင်းကင်ပဲရှိတယ်ဆိုပြီ ….သူ့ရဲ့လက်ပါးစေ ဦးအောင်ကိုလိုလူမျိုးတွေက လက်လွတ်စပယ်ပြောနေကြပါပြီ။…..နိုင်ငံရေးမှာ မသမာတဲ့အောက်လမ်းနည်းတွေသုံးပြီး သမ္မတကြီးကို တိုက်ခိုက်နေတယ်ဆိုတာ ထင်ရှားနေပါတယ်။

တပ်မတော်သားများခင်ဗျား။ ပြည်သူ့တပ်မတော် ဟာပြည်သူအတွက်ဆိုတာ ကျွန်တော်တို့ယုံကြည်ပါတယ်။ တပ်မတော်သားများရဲ့ မဲနဲ့ တက်လာတဲ့ ဦးရွှေမန်းဟာ တပ်မတော်ရဲ့ဆန္ဒကိုတောင် မျက်ကွယ်ပြုပြီး ခုံရုံးကိုစွတ်စွဲဖြစ်တင်မှုလုပ်ခဲ့တာ ကျွန်တော်တို့ အလွန်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။ ဒါ့ကြောင့် တပ်မတော်သားများအနေနဲ့ မိမိတို့ရဲ့ ၁% သော ကန့်ကွက်လက်မှတ်များနဲ့ ရွေးကောက်ပွဲကော်မရှင်ကို တင်သင့်ပြီး ဦးရွှေမန်းကို ကိုယ်စားလှယ်အဖြစ်ကနေ ဖယ်ရှားပေးပါခင်ဗျား……….

3 comments

  • မိုးသောက်ချိန်

    September 25, 2012 at 8:28 pm

    အဲဒီလောက်ကြီး လိုက်မမီတော့ မပြောတတ်ဘူးဗျ
    ရွာထဲက လူကြီးတွေရဲ့ ကော့မတ်တွေကိုလည်း ဆက်ဖတ်ကြည့်နေပါအုံးမယ်
    သေချာတာတစ်ခုကတော့ ………….. 😆

    • မောင်ပေ

      September 25, 2012 at 8:53 pm

      အလို ထူးထူးခြားခြား “မင်းကောင်” ပြန်ပေါ်လာပါကလား

  • တေလေ

    September 25, 2012 at 8:51 pm

    တင်ပြပေးနိုင်သူများ တင်ပြပေးပါရန် နှင့်
    မတင်ပြပေးနိုင်သူများ ဝင်ရောက်ပွားများ နိုင်ပါကြောင်း :mrgreen:

Comments are closed.