“တိမ်တွေနဲ့အလှဆင်ထားတဲ့မြို့………………………”

1 နန်းးမြို့ရိုး စီးမိုးပါတဲ့ ထု တိမ်တောင်
ဂွမ်းဖြူ နုနုရယ်နဲ့ ပမာဆင်
ပြာကောင်းကင် အဆင်သွေးရယ်နဲ့
လှလို့နေသေးးးးးးးးးးးးးးးးးးးးးးး

 

2 တိမ်ပြာနုနုအောက်က မန်းမြို့ရိုး (အတော်ကျက်သရေရှိပါတယ်)
3 အနောက်ဘက်ကိုလှည့်အကြည့် နန်းမြို့ရိုးနောက်က တိမ်တန်းလေးကလှပ
4 ကုန်းတစ်ဝက်ရေတစ်ဝက်
5 အစောက ပုံနဲ့သိပ်မကွာဘူး လှတာခြင်းပြောတာပါ
6 တိမ်နဲ့နန်းမြိုရိုး လှချက်ကတော့ရက်စက်သယ်
7 ခေတ်သစ်မန္တလေး
8 ရေထဲမှာ ကျနေတဲ့အရိ်ပ်တွေက လှပ
9 အစွန်းဖက်က တိမ်ထု

 

 

10 ရေထဲက အရိပ်

 

11 တိမ်တွေကြာင့်ပိုလှနေသလိုလို
12 တိမ်တိုက်တွေထဲက မန်းလေးအလှ
13 တိမ်တွေမိုးထားတဲ့ စန္ဒာမုနိ
14 အဝေးမန်းလေးးတော်ပေါ်က တိမ်
15 မြို့ရိုးပေါ်က တိမ်ထု
16 တိမ်ထုကြောင့် ပိုလှသလို
17 ကျုံးရေပြင်ရဲ့အဝေးကတိမ်

 

18 တိမ်ကလေးတွေကြောင့်ပိုလှသွားတဲ့ နန်းမြို့ရိုး

 

19 မြောက်ကျုံးဒေါင့်နဲ့တိမ်အလှ

 

20 ကျုံး မန်းလေးတောင်နဲ့တိမ်
21 အရှေ့ဘက် ကတိမ်နဲ့နန်းမြိုရိုး
22 ပြို်မလို တိမ်လူဆိုးရယ်ကြောင့် ငိုမလို ဆိုဘဲ
23 25-26ကြား လ82လမ်းပေါ်က ရွှေနှလုံးတော်ချပ်ချ်ကျောင်းတော်
(ဒီပုံကိုမြင်ရင် မန်းလေးကနေ အော်ဇီရောက်နေတဲ့သူတွေ အရမ်းကိုလွမ်းသွားမယ်)

 

“တိမ်တွေနဲ့အလှဆင်ထားတဲ့မြို့………………………”

 

 

ဒီနှစ်စက်တင်ဘာလကတော့ ကျနော်နှစ်သက်တဲ့ တိမ်တွေအမြဲမြင်နေရတဲ့လဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ဒီလိုစက်တင်ဘာလမှတော့ ကျနော်တောင်ပိုင်းရှမ်းပြည်ကိုရောက်နေခဲ့ပါတယ်။

တစ်ရက်အလုပ်ကိစ္စနဲ့မြောက်ပြင်ဘက်ကိုသွားရင်း ကျုံးနံဘေးအရောက်

အရှေ့ဖက်မှာ လှပသောတိမ်တောင်ထုနဲ့ လိုက်ဖက်လှတဲ့ နန်းမြို့ရိုးကို မြင်ရတဲ့အခါ

ပြည့်စုံလွန်းတဲ့ အလှကိုမြင်လိုက်ရသလိုရင်သပ်ရှု့မော။

နောက်ရက် အမျုးိသားကဇာတ်ရုံကပြန်လာတဲ့ညနေခင်းလေးမှာလဲ နူးညံ့လှပတဲ့

တိမ်အဆင်နဲ့နန်းမြို့ရိုး တွေကိုတွေ့ရပြန်ပါတယ်။

ကျနော်ကလဲအနောက်ဖက်ကျုံးလမ်းကနေမြောက်ဘက်ကိုအမြဲသွားလေ့ရှိပါတယ်။

သွားတိုင်းလဲတိမ်တွေကိုတွေ့ပါတယ်။

တွေ့တိုင်းလဲ ဆိုင်ကယ်ရပ်ပြီးလက်ဆော့တတ်ပါတယ်။

လှတဲ့ပုံလေးကိုမြင်တော့ မနေနိုင်ဘူးလေ။

 

လွန်ခဲ့တဲ့တစ်ရက်ကတော့ မန်းလေးတောင်ခြေဘက်ကိုရောက်ပါတယ်။

ကျောင်းထိုင်ဘုုန်းကြီးကျောင်းရှိတဲ့နေရာကနေ မန်းလေးတောင်ပေါ်ကတိမ်တွေကိုလှမ်းရိုက်။

နောက်မြောက်ဘက်ကျုံးနံဘေးကနေအနောက်ဘက်ကျုံးရော တောင်ဘက်ကျူံးကိုလှမ်းရိုက်။

တိမ်တွေနဲ့လှနေတဲ့နန်ုးမြို့ရိုးကိုရိုက်။

ရိုက်လို့မဝနိုင်အောင်ပါဘဲ။

တစ်ညနေခင်းမှာ ၂၆ဘီလမ်းကနေ၈၂လမ်းအတိုင်းလာနေရင်း အရှေ့ဘက်လှမ်းကြည့်တော့ တိမ်တွေနဲ့လှ

နေတဲ့ ရွှေနှလုံးတော်ချပ်ချ်ကျောင်းကိုမြင်တော့ ဆိုင်ကယ်ထိုးရပ်ပြီး လက်ဆော့ပါတယ်။

သူများတွေကြည့်နေလဲ မရှက်တော့ပါဘူး.။

နောက် တစ်ခါတစ်လေ တိမ်လှရင် မိတ်ဆွေများရဲ့အိမ်ခေါင်မိုးပေါ်ကလဲတက်ရိုက်လေ့ရှိပါတယ်။.

ကျနော်ရို်က်ထားတဲ့ဓါတ်ပုံလေးတွေကို ကွန်ပြူတာထဲ ထည့်ပြန်ကြည့်တဲ့အခါ

မန်းလေးမြို့ကြီးလှနေတာ တိမ်တွေကြောင့်ပိုလှနေတယ်ထင်မိတာပါဘဲ။

တကယ်လို့သာတိမ်တွေမရှိဘူးဆိုရင် ခေါင်းတုံး တုံးထားတဲ့ မိန်းမချောလေးနဲ့တူမယ်ထင်မိတာဘဲနော်။

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

(26-9-2012)

 

16 comments

  • captainamerica

    September 29, 2012 at 12:07 pm

    ဒီတစ်ပို(စ်)တော့ပုံတွေအကုန်ကြိုက်တယ်ဗျို.။ပုံတွေပါ ယူသာွးဘီကပေါက်ရေ :kwi:

  • မောင်ပေ

    September 29, 2012 at 12:36 pm

    ထီပေါက်ရင် ဈေးကောင်းပေးဝယ်ပါမယ်ဆိုဗျာ
    ထီဆုကြီးပေါက်အောင် ဆုတောင်းပေးဦးလေ
    :kwi:

  • mayjuly

    September 29, 2012 at 1:47 pm

    တစ်ခါကြည့်တစ်ပုံ ဟုတ်တော့ဘူး..
    ဒီတစ်ခါတော့ အကုန်လုံးနီပါး ကစ်သွားဘီ ဗျာ … :harr:

  • Hnin Hnin

    September 29, 2012 at 2:21 pm

    ကျုံးဘေးမှာထိုင်ကြည့်နေရသလို ရေပြင်ကျယ်ကြီးရယ်..feel လာတယ်….
    ‘ပြိုမလို တိမ်လူဆိုးရယ်ကြောင့် ငိုမလိုဆိုဘဲ’……

  • ကိုခင်ခ

    September 29, 2012 at 4:53 pm

    ရွှေမန်းကို အနီးတစ်မျိုး အဝေးတစ်မျိုး အလင်းတစ်မျိုး အမှောင်တစ်မျိုး အဲလို အမျိုးမျိုးနဲ့ အလှတွေကို ရိုက်ပြနေတာနော် အဲဒီအလှတရားတွေရှိတဲ့နေရာတွေ ကြည့်ချင်လို့ပါဆိုပြီး မန်းရောက်လာကြမှ ကိုပေါက်ပုန်းမနေနဲ့အုံးနော် အဲဒီကျ ငိုလိုက်မှာတဲ့။

    • ကိုပေါက်(မန္တလေး)

      September 30, 2012 at 10:24 pm

      မပုန်းပါဘူး ကိုခင်ခရယ်။
      သူတို့ကို မန်းလေးလမ်းညွန်အတိုင်းလို်က်ပို့ပေးမှာပါ

  • မဟာရာဇာ အံစာတုံး

    September 29, 2012 at 9:28 pm

    ဖေဂျီးရေ ..
    ပုံတွေက လှသဗျာ …
    ဒီပုံတွေမြင်ပြီး မန်းလေ လာချင်စိတ်
    ပိုလို့ ဖြစ်မိသွားပါဂျောင်း ……….

  • ကိုရင်မောင်

    September 29, 2012 at 11:15 pm

    ဆရာပေါက်ခင်ဗျာ…တိမ်တွေနဲ့ပါတ်ဝန်းကျင်အလှကို
    ပြတ်ပြတ်သားသားမြင်ရတဲ့မန်းတလေးမြို့ရဲ့အလှကိုမြင်ရတော့..
    လက်ရှိကိုယ်ရောက်နေတဲ့ပါတ်ဝန်းကျင်ကိုကြည့်လိုက်ယင်
    ညစ်ညမ်းနေတဲ့လေထုကြောင့်မှိုင်းပြပြနဲ့ တိုင်းပြည်တိုးတက်ပေမဲ့
    ပါတ်ဝန်းကျင်ထိခိုက်နေတာကလဲပြရုပ်တခုလို့မြင်နေမိပါတယ်…ဆရာပေါက်ရေ…..

  • etone

    October 1, 2012 at 9:35 am

    တိမ်တွေကို မြင်လိုက်တိုင်း …. လွတ်လပ်တဲ့ဖီလင် ၊ အထိန်းကွပ်မရှိလွင့်နေတဲ့ ဖီလင်လေး ခံစားရတယ် … ။
    ဟိုတယောက်ကတောင် ပြောနေသေးတယ် …. လေးပေါက်ရိုက်ချက်တွေ ၊ အရမ်းလန်းလာတယ်တဲ့ …. ။
    သမီးကတော့ …. 2.11.22 ပုံတွေကို အကြိုက်ဆုံး…

  • Ma Ei

    October 1, 2012 at 12:00 pm

    မြို့ လှတာလား
    တိ်မ်တွေကလှတာလား
    ခွဲခြားမနေခြင်ပါ လှပလွန်း တာမို့
    တိမ်တွေနဲ့ အလှဆင်ထားတဲ့ မြို့….

  • ကြည်ဆောင်း

    October 1, 2012 at 12:04 pm

    ဒီဖက်မှာလဲ ရဲပဒေါင်းခတ်နေတာဘဲ…
    ထုနဲ့ထည်နဲ့ တိမ်ပုံတွေကိုအားပေးသွားပါကြောင်း …

Leave a Reply