သခင့်အတွက် ပန်းတစ်ခင်း
ငါ့ရင်တွင်းမှာပန်းတစ်ခင်းရှိနေတယ်။
ငါ့ရင်တွင်းက ပန်းတစ်ခင်းကို
နင်းလိုကနင်း
လမ်းခင်းချင်ခင်းပါ၊
ရင်တွင်းသစ္စာ မှန်စွာဆိုရရင်ဖြင့်
မခံချိရိုး ဆိုးသည့်ဝေဒနာ
ခံရပါသည်။
သခင်
ငါ့ရင်တွင်းက ပန်းတစ်ခင်းကို
ချေလိုကချေမွှ စေလိုရာကိုစေ
နေရမည့် ဘ၀ပါ
ဒါပေမည့်
ငါ၏ရင်တွင်း
ပန်းတစ်ခင်းကို ခူးလိုက ခူးချွေ
ခြေလိုကခြေမွ သခင့်အလိုကျပါ
ပန်ဆင်လိုသူ တစိမ်းလက်ထဲတော့
မျက်နှာမွဲဘ၀နဲ့ ထိုးမအပ်လိုက်ပါနဲ့သခင်
အရှင့်ရင်မှာခိုနား အစဉ်သနားသဖြင့်
ညှာတာခွင့်လေးတော့ပေးပါဦး။
အင်းးးးးးးးးးးးး……… :eee:
တော်တော်စွန့်လွှတ် အနစ်နာခံ.. ပေးဆပ်တဲ့အချစ်မျိုးပေတကားးးးးးးးးး…. :gee:
Was this answer helpful?
LikeDislikeပေးချင်ပေမဲ့ ယူမည့်သူမရှိတော့လည်း
Was this answer helpful?
LikeDislikeဘာသာပြန်လွဲတော့လည်း ဖြေရှင်းမပြတော့ပါဘူး အင်း
Was this answer helpful?
LikeDislikeကိုယ်ချစ်ကိုမရှာနဲ့သူချစ်ကိုရှာတဲ့ အဟဲ
ကိုယ့်ပန်းခင်းကိုဖျက်စီးမယ့်သူနဲ့တန်ဖိုးထားမယ့်သူဆိုရင် တန်ဖိုးထားသူဆီသာသွားလိုက်ပါဗျာ။
Was this answer helpful?
LikeDislike