သခင့်အတွက် ပန်းတစ်ခင်း

DEPARKO DEPARKOSeptember 26, 20121min100

ငါ့ရင်တွင်းမှာပန်းတစ်ခင်းရှိနေတယ်။
ငါ့ရင်တွင်းက ပန်းတစ်ခင်းကို
နင်းလိုကနင်း
လမ်းခင်းချင်ခင်းပါ၊
ရင်တွင်းသစ္စာ မှန်စွာဆိုရရင်ဖြင့်
မခံချိရိုး ဆိုးသည့်ဝေဒနာ
ခံရပါသည်။
သခင်
ငါ့ရင်တွင်းက ပန်းတစ်ခင်းကို
ချေလိုကချေမွှ စေလိုရာကိုစေ
နေရမည့် ဘဝပါ
ဒါပေမည့်
ငါ၏ရင်တွင်း
ပန်းတစ်ခင်းကို ခူးလိုက ခူးချွေ
ခြေလိုကခြေမွ သခင့်အလိုကျပါ
ပန်ဆင်လိုသူ တစိမ်းလက်ထဲတော့
မျက်နှာမွဲဘဝနဲ့ ထိုးမအပ်လိုက်ပါနဲ့သခင်
အရှင့်ရင်မှာခိုနား အစဉ်သနားသဖြင့်
ညှာတာခွင့်လေးတော့ပေးပါဦး။

4 comments

  • Mon Kit

    September 26, 2012 at 1:04 pm

    အင်းးးးးးးးးးးးး……… :eee:
    တော်တော်စွန့်လွှတ် အနစ်နာခံ.. ပေးဆပ်တဲ့အချစ်မျိုးပေတကားးးးးးးးးး…. :gee:

  • DEPARKO DEPARKO

    September 26, 2012 at 1:43 pm

    ပေးချင်ပေမဲ့ ယူမည့်သူမရှိတော့လည်း

  • DEPARKO DEPARKO

    September 26, 2012 at 1:45 pm

    ဘာသာပြန်လွဲတော့လည်း ဖြေရှင်းမပြတော့ပါဘူး အင်း

  • ရွှေ ကြည်

    September 26, 2012 at 2:03 pm

    ကိုယ်ချစ်ကိုမရှာနဲ့သူချစ်ကိုရှာတဲ့ အဟဲ
    ကိုယ့်ပန်းခင်းကိုဖျက်စီးမယ့်သူနဲ့တန်ဖိုးထားမယ့်သူဆိုရင် တန်ဖိုးထားသူဆီသာသွားလိုက်ပါဗျာ။

Comments are closed.