“ပုဇွန်အစိမ်းသုပ်နဲ့ တုံယမ်းဟင်းရည်”

နွယ်ပင်September 26, 20121min33335

အခုတစ်လော ထမင်းစားရတာ စားမကောင်းလို့ အလုပ်က သူငယ်ချင်းတွေ စုပြီး ချဉ်ငံစပ်လေး တစ်ခုခု ချက်စားကြရအောင်ဆိုပြိး
စဉ်းစားတော့ လွယ်လွယ်နဲ့ သိပ် ကိရိကထ သိပ်များနဲ့ “ပုဇွန်အစိမ်းသုပ်နဲ့ တုံယမ်းဟင်းရည်” လေးချက်စားဖြစ်ကြတယ်
ဒါနဲ့ ရွာသူားတွေလည်း သားရည်ယိုအောင် အဲ ဟုတ်ပါဘူး :hee: စားစေချင်လို့ တင်ပေးလိုက်ပါတယ်နော် …


စားချင်စဖွယ် ပုစွန်အစိမ်းသုပ်လေးပါ ….

ပုစွန်အစိမ်းသုပ်မယ်ဆိုရင်တော့ ဗနီကာရယ် ကြက်သွန်နီရယ် ငရုသီးစိမ်းရယ် နံနံပင်ရယ် သံပုရာသီးနဲ့ ဟင်းခတ်မှုန့်တို့လိုအပ်ပါတယ် ။
အရင်ဆုံး ပုဇွန်တွေကို အခွံခွာပြီး ဗနီကာရည်လေးနဲ့ မိနစ်အနည်းငယ်စိမ်ပါတယ် ။ ပုစွန်လေးတွေ နည်းနည်း အနီယောင်သန်းလာပြိဆိုရင်တော့ ဆယ်လို့ရပါပြီ ပြီးရင်တော့ ကြက်သွန်နီပါးပါးလှီး ငရုပ်သီးစိမ်းပါးပါးလှီးကာ သံပုရာသီးလေး ညှစ်လို့ ဟင်းခတ်မှုန့် အနည်းငယ်ထည့်ကာ နောက်ဆုံးမှာတော့ နံနံပင်လေးအုပ်လို့ သုံးဆောင်နိုင်ပါပြီ ။ခရမ်းသီးချဉ်သီးကြိုက်သူများကတော့ ခရမ်းချဉ်သီး ထည့်သုပ်နိုင်ပါတယ် ။


တုံယမ်းဟင်းရည်ပါ ….

တုံယမ်းဟင်းရည်ချက်မယ်ဆိုရင်တော့ အိုးတစ်လုံးထဲမှာ ရေထည့်ပြီး ရေဆူလာရင်တော့ စပါးလင်ကို တစ်စောင်းလေးတွေ ပါးပါးလှီးထားတာ
ထည့်ပါတယ် ပြီးရင် ကြက်သွန်နီ လေးစိတ်စိတ်ထားတာ ထည့်ပါ ရေတစ်ခါ ပြန်ဆူလာရင် တုံယမ်းအနှစ်ထည့်ပြီး အုန်းနိုရည့်ထည့်ပါတယ်။ နောက်တစ်ခါ ရေပြန်ဆူရင် ခုနက ပုစွန်အစိမ်းသုပ်တုန်းက ချန်ထားတဲ့ ပုစွန်လေးထည့်
ပဲပြားအတုံးလေးတွေတုံးထာတာထည့်၊ မှိုထည့် ငုံးဥပြုတ်ထားတာလေးပြီး အပေါ့အငံပြင်ပါတယ်။ ဟင်းရည် အနေတော်ဆိုရင်
ငရုတ်သီးစိမ်း ခွဲထည့်၊ ရှောက်ရွက်အုပ်၊ သံပုရာရည်လေး ညှစ်လိုက် ပါတယ်။ ဒါဆိုရင် ချဉ်စပ်အရသာလေးနဲ့
တုံယမ်းဟင်းရည်ပူပူလေး ရပါပြီရှင်။ (အမှန်က တုံယမ်းဟင်းရည်ဆိုရင် ပင်လယ်စာအစုံနဲ့ ငဖယ်လုံးလေးထည့် ခရမ်းချဉ်သီးလေးပါထည့်ပြီး ချက်ရင် ပိုကောင်းပင်မယ့် အလုပ်မှာက ပစ္စည်းမစုံတော့ ရှိတာလေးနဲ့ စားကောင်းအောင် ချက်ရတာဆိုတော့ သည်းခံပြီး အားပေးကြပါနော် ….. 😀 )

ဒါကတော့ ရယ်ဒီမိတ် တုံယမ်းအနှစ်လေးနဲ့ အုန်းနို့ထုပ်လေးပါ ….


တုံယမ်းဟင်းရည်လေးထဲမယ့် အစာပလာလေးတွေ …..


ပုဇွန်အစိမ်းသုပ်နဲ့ တုံယမ်းဟင်းရည်ပါ …. သုံးဆောင်ကြပါနော် ……..

35 comments

  • Khaing Khaing

    September 26, 2012 at 3:50 pm

    နံနံပင်လေးတွေဖယ်လိုက်ရင် ဂွတ်ရှယ်ပဲ …… ရှောက်ရွက်လေးနဲ့သုတ်ပေးပါနော် ….

  • ပန်းစံပါယ်

    September 26, 2012 at 4:02 pm

    အဲဒါမျိုးကြိုက်မှကြိုက်ပေါ့။ လောလောဆယ်တော့ ကျန်းမာရေးအရ စားလို့မဖြစ်သေးလို့ တံတွေပဲမြိုချလိုက်ပါတော့တယ်။

  • may flowers

    September 26, 2012 at 4:12 pm

    ပုဇွန်အစိမ်းသုပ်တော့ မစားရဲပေမဲ့ တုံယမ်းဟင်းကတော့ အဝစားသွားတယ်

    ကုန်ပြီလားဟင် ပါဆယ်လေးပါထုပ်သွားချင်လို့……. 😀

    • နွယ်ပင်

      September 26, 2012 at 4:27 pm

      မခိုင်ရေ … အစ်မက နံနံပင်မကြိုက်ဘူးထင်တယ် နွယ်ပင်လည်း နံနံပင်မကြိုက်ဘူး
      ဆိုတော့ အကြိုက်ချင်းတော့ တူသွားပြီ ခံတွင်းပျက်နေမယ့် အစ်မအကြိုက် ရှောက်ရွက်လေးနဲ့
      ရှယ်သုပ်ပေးလိုက်မယ်နော် …. 🙂

      ပန်းစပယ်ရေ … ကျန်းမာရေးအရ စားလို့ မဖြစ်ဘူးဆိုတော့လည်း အခုတော့ ပုံလေးတွေပဲ ကြည့်သွားနော်
      နေကောင်းမှ နောက်တစ်ခေါက်ထပ်ပြီး ပြန်လာစားပါ ….. 🙂

      မမေရ …. ပုစွန်အစိမ်းသုပ်က စားကောင်းပါတယ် ဗနီကာနဲ့ စိန်လိုက်တော့ ကျက်သွားပြီး
      သံပုရာသီးလေးညှစ် နံနံပင်လေးအုပ်ပြီးသုပ်ထားတော့ ညှီလည်းမညှီပါဘူး မစားရဲရင် နည်းနည်း စမ်းစားကြည့်ပါလားဟင် ကျွေးချင်လို့ပါနော် … 🙂

  • pooch

    September 26, 2012 at 4:21 pm

    ဒါမျိုးတွေ မြင်ရင်ကိုယ့်ဘဝကိုယ် စိတ်နာတယ် ။ မြင်သာမြင်ရ မကြင်ရတဲ့ ဘဝ 🙁

    • surmi

      September 26, 2012 at 10:54 pm

      အားတင်းထားပါဗျာ …
      ဘဝတူ အလာဂျီ တွေရှိပါသေးတယ် ။ စားသောက်ဝိုင်းသွားရင် ကျုပ်မှာ ရှောင်ရတာတွေများလွန်းလို့
      စိတ်ပျက်မိပါရဲ ့ ။ ခုနောက်ပိုင်း အိမ်က ကြိုပြီးစားပြီးမှ သွားတော့တယ် ။
      ရောက်လည်း စားမရတာတွေက များလို့လေ …..။

      • etone

        September 27, 2012 at 4:54 pm

        အစ်မပုချ်ရေ … ညီမလည်း စီးဖုစားလျှင် အလက်ဂျီ ထတတ်ပါတယ် … အထူးသဖြင့်မျက်နှာက အရင်ဖြစ်တာကြောင့် … စီးဖုဆိုလျှင် .. သတိထားစားရပါတယ် .. ဂုံးတို့ ၊ ရေခူတို့ဆိုလျှင် လုံးဝကို မစားတာ … ။ ဒါပေမယ့် ချွင်းချက်အနေနဲ့တော့ …. ရေချိုပုစွန်တို့ ငါးတို့ဆိုလျှင်တော့ စားလို့ရတယ် … ဘာမှ မဖြစ်ဘူး … ။ ဟီး … ။ :hee:

  • ကြောင်ဝတုတ်

    September 26, 2012 at 4:27 pm

    အော်… ငါ့ညီမလေးနွယ်ပင်… အလုပ်သွားပြီး အလုပ်တွေလုပ်နေတယ်…
    စားလို့ကောင်းမှာပါညီမလေးရယ်…
    အစ်ကိုတို့ဘဝက (၃၇)မင်းနတ်တွေလို အငွေ့တောင်မစားရတဲ့ဘဝပါလားနော်…
    တို့က ဓာတ်ပုံပဲစားရတဲ့ဘဝ… (ဓာတ်ပုံ = Photograph တလွဲမတွေးရ)…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • နွယ်ပင်

      September 27, 2012 at 3:25 pm

      အစ်မ pooch ရေ …. နွယ်ပင်လည်း အဲလိုခံစားချက်မျိုးဖြစ်ဖူးတယ် အစာအိမ်ရောင်တုန်းကလေ
      အစ်မကတော့ ကိုဆာမိပြောပုံအရ အလာဂျီကြောင့်ထင်တယ်နော် ဘာပဲဖြစ်ဖြစ် အခုလိုအားပေးတာ ကျေးဇူးပါနော် …

      ကိုဖက်ရေ … အလုပ်သွားပြီး အလုပ်လုပ်ပါတယ်နော် … ဟီးးးးးးး :harr:
      စားလို့တော့ အရမ်းကောင်းပဲ အခုတော့ ပုံလေးထဲပဲ စားသွားပါဦးနော်
      နောက်ကြုံရင်တော့ လက်စွမ်းပြချင်ပါတယ် ဟိဟိ ….

      ဆောတီးပါ ချစ်သော ဂ ရေ …. အဲ့တာက အလုပ်မှာ လုပ်စားဖြစ်တာမို့ပါနော် …တကယ်စားချင်ရင်တော့
      ပြောစရာတောင်မလိုဘူး ဒိနေ့အလုပ်ကအပြန် ဈေးဝင်ပြီးလိုအပ်တာတွေ ဝယ်ပြီးပြန်လာမယ်နော် …
      အပြင်မှာ ဘာမှမစားလာခဲ့နဲ့ … :kwi:

      မွန်ရေ … အပြင်မှာ ဆုံတဲ့ တစ်နေ့လုပ်ကျွေးပါမယ်နော် ……….

      အန်တီမမရေ … အရစ်ခံရမှာဆိုးလို့ ဒိနေ့ အိမ်ပြန်တာနဲ့ လိုအပ်တာလေးတွေ ဝယ်ပြီးတန်းပြန်တော့မယ် .. 🙂

      • ဒဿ ဖွတ်ကျား

        September 27, 2012 at 3:37 pm

        ဆောတီးပါ ချစ်သော ဂ ရေ …. အဲ့တာက အလုပ်မှာ လုပ်စားဖြစ်တာမို့ပါနော် …တကယ်စားချင်ရင်တော့
        ပြောစရာတောင်မလိုဘူး ဒိနေ့အလုပ်ကအပြန် ဈေးဝင်ပြီးလိုအပ်တာတွေ ဝယ်ပြီးပြန်လာမယ်နော် …
        အပြင်မှာ ဘာမှမစားလာခဲ့နဲ့ …

        မုန်းဇယာ
        ချဉ်ပါတယ်အေ..

        :'(

        ပုံ
        ချဉ်တောဂီ

  • R Ga

    September 26, 2012 at 4:32 pm

    နာကျတော့လုပ်ကျွေးဘူး.. ။ သူရုံးမှာ သူလုပ်စားလား။ သူငယ်ချင်းတွေနဲ့ အတူ လုပ်စားလားမသိဘူး။ တိဝူးးးးးးးးးးးး ဒီည အဲဒီ့ဟင်းချက်ကျွေး

    • MaMa

      September 26, 2012 at 5:31 pm

      ရစ်မမတို့တော့ အကြွားလွန်ပြီး အရစ်ခံရပြီ :harr:

    • etone

      September 26, 2012 at 6:35 pm

      ချစ်သောမောင်ကပြောတယ် … ဒီည အဲဒီ့ဟင်းချက်ကျွေးဆိုပဲ …. ခွိခွိ :kwi:

  • လုံမလေး မွန်မွန်

    September 26, 2012 at 5:52 pm

    ဂလု..ဂလု… ရုံးဆင်းကာနီး ဗိုက်ဆာနေပါတယ်ဆိုမှ.. နှစ်ခုစလုံး အရမ်းကြိုက်တယ်…
    အပြင်မှာ တကယ်လုပ်ကျွေးရင် ကောင်းမှာပဲ… :kwi:

  • etone

    September 26, 2012 at 6:39 pm

    မနွယ်ပင်ရေ ဗိုက်ဆာနေတဲ့ အချိန် မြင်လိုက်ရတာ … အတော်လေး …. ငိုချင်သွားတယ် … ။ စားချင်စရာလေးတွေပြင်ဆင်ပြထားတာ …. စားလို့ကောင်းမယ့်ပုံပဲ … ရှလွှတ် … ရှလွှတ် … :kwi:
    ဒီည စောစောပြန်ပြီး … ဈေးဝင်ဝယ်မယ် … ၊ ပုစွန်သုတ်စားမယ် … ခွိခွိ … ပြောရင်းတောင် ဗိုက်ဆာလာပြီ :hee:

    • နွယ်ပင်

      September 27, 2012 at 3:49 pm

      etone ရေ … အမှန်က ဒီပိုစ့်တင်နေတုန်းက အစ်မလည်း ဗိုက်ဆာနေတာလေ :hee:

      utawgyaw ရေ အမြည်းတမယ်အတွက် ရှာနေတာဆိုတော့ ပုစွန်အစိမ်းသုပ်လေးနဲ့ဆို အဆင်ပြေတန်ကောင်းပါရဲ့နော် …. 😀

      ကိုရင်စည်သူရေ … အားကျရင်လှုပ်ရှားလိုက်တော့လေ အချိန်ကိုစောင့်မနေနဲ့တော့ ….. 😛

      အလင်းဆက်ရေ … ဂ ကိုအားပေးနေတယ်ပေါ့လေ …

      ကိုခင်ခရေ …. ကြိုက်သာ သုံးဆောင်နိုင်ပါတယ်နော် … အမှန်က ပုစွန်က ဗနီကာနဲ့စိမ်လိုက်တော့
      ကျက်သွားပြီး သံပုရာသီးလေး နံနံပင်လေးနဲ့ဆိုတော့ ညှီနံ့လည်းမထွက်တော့ဘူးလေ တစ်ခါလောက် စမ်းစားကြည့်ပါလားဟင် ကြိုက်သွားမှာပါ ….

      မေပေါင်ရေ …. သွားရည်ယိုမနေပဲ အိမ်သူကို လုပ်ကျွေးခိုင်းလိုက်လေ ….

  • utawgyaw

    September 26, 2012 at 6:42 pm

    ပုစွန်သုပ်နည်းအတွက် ကျေးဇူးပါဗျာ အမြည်းတမည်အတွက် ရှာနေတာကြာပေါ့ အရက်လေးတစ်ခွက် ပုစွန်လေးတစ်ဖတ် ကောင်းလိုက်လေခြင်းဗျာ ဆွေမျိုးတောင်မေ့ပေါ့

  • ကိုရင်စည်သူ

    September 26, 2012 at 7:17 pm

    မနွယ်ပင်ရေ… ဒါမျိုး အစားအသောက်တွေနဲ့ ဝေးနေတာကြာနေပီ…
    ဘိုက်ချာတွားပီ… အူးလေအက်ဂကတော့
    ကံကောင်းပါဒယ်ဗျာ.. အားကျပါဒယ်ဗျာ.. :kwi:
    အရီးအေးတို့ရေ… တားတားဂိုများ တူလေးမတော်ချင်ဘူးလား..ရို့ 😳

  • ကိုခင်ခ

    September 26, 2012 at 8:24 pm

    မနွယ်ပင်ရေ တုံယမ်းဟင်းတော့ကြိုက်တယ်၊ ပုဇွန်တော့ အစိမ်းမစားတတ်လို့ တုံယမ်းဘဲ ယူသွားတော့မယ်နော်။

  • မောင်ပေ

    September 26, 2012 at 8:39 pm

    ဓါတ်ပုံမြင်ရတာနဲ ့တင် သွားရည်ယိုမိတယ်
    ဂလုဂလုဂလွိ

  • Crystalline

    September 26, 2012 at 8:42 pm

    ဝိတ်လျော့ဖို့ကြိုးစားရင်း စားချင်စဖွယ်တွေတွေ့တော့စားချင်လာပြန်ပြီး မနက်ဖြန်တုံ့ယမ်းချက်သောက်မယ်.

  • မဟာရာဇာ အံစာတုံး

    September 26, 2012 at 8:54 pm

    ပုဇွန် အစိမ်းသုပ်တော့ ကြိုက်တယ်ဗျာ ..
    မြင်ပြီး စားချင်မိသွားပြီ …
    ပြီးဒေါ့ ဟိုပုံထဲ ပါတဲ့ ငုံးဥ ဆယ်လုံးကို
    ပိုပြီး သရေယိုမိပါရဲ့ .. ဂလု .. ဂလု ..

  • Rose Minn

    September 27, 2012 at 10:18 am

    ပုစွန် အစိမ်းထဲမှာဧည့်နှင်သီး (ငရုတ်သီး)တွေ များကြီး ပဲ။ တော်တော်ကောင်းမှာနော်။ မွှေးနေမှာပဲ။ တုံယမ်လေးက လည်း ဆပါးလင် အနံလေးနဲ့ ရှောက်ရွက်လေး နဲ့။ ပြောပါတယ် နွယ်က မစားခင်က သတိရတယ်တဲ့သူများကို။ စားနေတုန်းမေ့သွားတာတယ်တဲ့။ ရပ်ဆွေရပ်မျိုး အချင်းချင်းမေ့ရတယ်လို့အေ။ ဟွန့်။ Sunday special မနု က တော့မကျေနပ်လို့ ဒီတပါတ် weeken မှာလုပ်စားမယ်။ ဒါပဲ။ ။

  • etone

    September 27, 2012 at 10:55 am

    မနေ ့ညက တောက်တိုမယ်ရလုပ်ရင်း ရွာပတ်ရာက …မနွယ်ပင် ပို့စ်ကို ဖတ်မိပြီး အရမ်းစားချင်စိတ်ပေါက်သွားတယ် … ဒါနဲ့ပဲ စားတဏှာဇောကို မထိန်းနိုင်တာနဲ့ …. တံခါးပိတ်လုလုဖြစ်နေတဲ့ …လိမ္မော်သီးဆိုတဲ့ဆိုင်မှာ ..ပုစွန်ဆိတ်ပိချိလေးတွေကို ၊ ပြင်ပပေါက်ဈေးထက် တစ်ဆ ပိုပေးပြီး ဝယ်လာ ၊ အိမ်ရောက်တော့ သုတ်စား … ခွိခွိ ။ အရမ်းကောင်းပဲ …. ။ အဖိုးဖြစ်သူကလည်း … အနံ ့မနံအောင် ၊ မညှီအောင် ဘယ်လိုလုပ်လို့ရကြောင်းလှမ်းပြောသေးတယ် … ။
    :kwi: တစ်ယောက်တည်း စားရမှာ ပျင်းလို့ … ဒါဇင်ပလက်စ်ထဲ ဝင်ပြီး … မကြည်ပြာကို သွားရည်ကျအောင် လုပ်လိုက်သေးတယ် .. ဟိဟိ ။

    နောက်တခါ ပို့စ်တင်လျှင်… နေ့ခင်းပိုင်းပဲ တင်ပါ မမရယ် … အဟီး …. ရုံးရောက်နေတဲ့ အချိန် ..စားချင်လျှင်တောင် … အနီးနားဘာမှ မရှိတာမို့ … အဆင်ပြေလွန်းလို့ပါ … အဟီးးးးး :harr:
    ပြောမယ့်သာပြောတာ … မနွယ်ပင် လက်ရာလေးတော့ စားချင်သား … ဟီး …. 😀

    • Khaing Khaing

      September 27, 2012 at 3:45 pm

      ဘုရား ဘုရား …. ချွေးမလေး …. မာမီအဲဒါကို စားချင်စိတ်ဖြစ်ဖူးတယ် ပြီးခဲ့တဲ့လကပေ့ါ …. ပုစွန်စိမ်းလေး သုတ်စားမယ် ချစ်ချစ်ကိုသုပ်ကျွေးမယ်ဆိုပြီး ရုံးမှာတွေး …. အိမ်ပြန်ရောက်လို့ ဈေးသွားရင် ဝယ်ဖို့လက်တွန့်သွားပြန်ရော …. သူများအသက်တွေနည်းတာမဟုတ်ဘူး …. ဆိုတဲ့အတွေးနဲ့ မသုတ်စားဖြစ်ခဲ့ဘူး ……. ချွေးမလေးကတော့ အသည်းအသန်ကို လိုက်တောင်ဝယ်စားနေပါ့လား ….. အင်း … ဒီလိုဂရီးတီတဲ့ ချွေးမကို ချွေးမတော်ဖို့စဉ်းစားရတော့မယ် …..

      • etone

        September 27, 2012 at 4:45 pm

        အဟီး … ယောက္ခမရယ် .. အမိုက်မဲလေးမို့ .. ဗွေမယူပါနဲ့နော် … :harr:
        ဆန္ဒကို သိက္ခာနဲ့ .. မထိန်းနိုင်လို ့ပါ …. ခွိခွိ ။ :kwi:

  • ပစ်ပစ်ချန်

    September 27, 2012 at 11:33 am

    စားချင်တယ်…စားချင်တယ်…
    မမပင် အနော့်ကို မမပင်တို့အိမ်မှာ တစ်လလောက်ခေါ်တင်ပြီး ကျွေးထားပါလားဟင်င်င် ကွိကွိ :kwi: :kwi: 😀
    စားတော့စားချင်တယ်… ကိုယ့်ဘာသာလည်း မလုပ်ချင်ဘူး ဟီးးး :mrgreen:
    :harr:

  • Thu Wai

    September 27, 2012 at 1:38 pm

    ဝီစကီ လေးလဲ ကျန်သေးတယ်ဗျ။

  • ရွှေ ကြည်

    September 27, 2012 at 2:06 pm

    မနွယ်ပင်ကဟင်းချက်လည်းတော်တယ်နဲ့တူတယ်။ မြင်ရရုံနဲ့စားချင်စရာပါပဲ။
    ပုစွန်အစိမ်းသုတ်တဲ့ မစားရဲဘူး။ တုံယမ်းဟင်းရည်တော့ကြိုက်တယ်။

  • Novy

    September 27, 2012 at 3:05 pm

    နွယ်ပင်ရေ..
    သရေများကျတဲ့ အထိအားပေးသွားပါတယ်
    ပုဇွန်ထုပ် အစိမ်းသုတ်တို့ ကျောက်ပုဇွန်းအစိမ်းတွေကိုတော့
    စားဘူးတယ်
    ဒီပုဇွန်သုတ်တော့ မစားဘူးဘူး
    လုပ်စားလိုက်အုံးမယ်

  • မောင်သုည

    September 27, 2012 at 11:55 pm

    ပစ်ပစ်ချန်ရေ..ကိုယ့်ဘာသာ လုပ်မစားချင်ရင်ဆိုင်ကိုလာခဲ့ပါလား..အဝကျွေးလိုက်မယ်…
    ဘာတွေလဲဆိုတာ ဆိုင်ရောက်မှ ပဲပြောပြတော့မယ်နော်…

    • ပစ်ပစ်ချန်

      September 28, 2012 at 8:50 am

      အလိုတော်
      ဘုမသိ ဘမသိ
      သူများဆိုင် သွားစားရအောင်………..
      ကိုယ်တိုင်မလုပ်ချင်တောင် သူများချက်ခိုင်းမှာပေ့ါ
      မသိတဲ့လူဆီ လာစားစရာလား ဟွန်း!

  • မောင်သုည

    September 28, 2012 at 12:02 am

    အဲ…ပိုစ့် တင်တဲ့သူကို ပြောဖို့ ကျန်သွားလို့ ဘာမှမရတဲ့ သူကြီးရဲ့ ပွိုင့် ကိုအလွှဲသုံးစား လုပ်ရင်း…
    မနွယ်ရေ…တုံယမ်းဟင်းချိုးထဲကို ဗမာအကြိုက်ဖြစ်အောင် အုံးနှို့မထည့်ပဲ နို့စိမ်းနည်းနည်းထည့်ပြီး သောက်ကြည့်ပါ..(ဝါ)အာဂ ကိုတိုက်ကြည့်လိုက်ပါ….

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    September 28, 2012 at 11:37 am

    ကျုပ်ငယ်ငယ်တုန်းက ဘော်ဒါတွေစုပြီး တစ်ခုခုလုပ်စားလို့
    ကြက်သားတို့ ဘဲသားတို့ဆိုရင် ကျုပ်ကအိုးသဂျီးလုပ်တယ်
    ကျုပ်ချက်တာတွေ စားပြီးရင် ဒီကောင်တွေပြောတယ် ကောင်းမှကောင်းဆိုပြီးတော့
    အမှန်တော့ ဒီကောင်တွေ ငအတွေ
    ကြက်သားဆိုတာက အစကတည်းကကောင်းနေပြီးသားဘဲဟာ
    ဆီအချိုမှုန့်ထည့်ချက်ထားတာ စားတာက ငမူးသမားတွေ
    တစ်ခုပြောခြင်တာက နည်းပညာဗျ တုံယမ်းဟင်းရည်လို အမယ်ထဲမှာ ဟင်းကောင်းတစ်ခွက်ဖြစ်အောင်
    အထူးအရေးပါတာက ပုံမှာပြထားတဲ့ အထုပ်ကလေးပါ အခြားဟာတွေလည်းအများကြီးပေါ့
    ဥပမာ
    ငါးသတ္တာမှာ အရေးကြီးတာ ငါးသတ္တာအရည် ဆိုသလိုမျိုးပေါ့
    အထူးသဖြင့် မြန်မာနိုင်ငံမှာလည်း ငပိငံပြာရည်ရှိပေမယ့်
    ထိုင်းက ငပိငံပြာရည်တွေလည်း မြန်မာ့ဈေးကွက်ထဲမှာ ပုံနေမလားသိဘူး
    ပုဇွန်သုတ်နဲ့ ဘာမှတော့မဆိုင်ပါဘူး
    ဟင်းရည်ထုပ်ကိုတွေ့ပြီး စိတ်ကူးမိတာလေးပြောကြည့်တာ

Leave a Reply