ကတိများကို မဆောင်ရွက်နိုင်ပါက ပြန်ကြားရေးဝန်ကြီးအဖြစ်မှ နှုတ်ထွက်မည်ဟုဆို

အာဂSeptember 26, 20121min14012


ရန်ကုန်၊ စက်တင်ဘာ ၂၅။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားသော ဦးအောင်ကြည်က ပေးထား
သောကတိများကို မဆောင်ရွက်နိုင်ပါက ဝန်ကြီးအဖြစ်မှ နှုတ်ထွက်ပေးမည်ဖြစ်ကြောင်း ၎င်း၏ပြောစ
ကားကို ကိုးကား၍ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်
ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားသည်။

“ဝန်ကြီးက သူပြန်ကြားရေးကိုလာတာ ရယူဖို့မပါဘူး၊ ပေးဆပ်ဖို့သက်သက်ပါဘဲ၊ ဘာတွေကတိပေးရမ
လဲပြော…ပေးထားတဲ့ကတိတွေ မလုပ် ပေးနိုင်ရင် ..ထောက်ပြ ….ချက်ချင်းနုတ်ထွက်ပေးမယ်လို့ သူ
ကိုယ်တိုင် နှုတ်ကပြောခဲ့တာ”ဟု ၎င်းက ဆိုသည်။

နေ့စဉ်ထုတ်သတင်းစာများကို လပိုင်းအတွင်း ထုတ်ဝေခွင့်ပြုမည်ဖြစ်ပြီး၊ မီဒီယာလွတ်လပ်ခွင့်များကို
ဖော်ဆောင်သွားမည်ဟု ပြည်ထောင်စုဝန် ကြီးအဖြစ် စတင်တာဝန်ယူသော ရက်ပိုင်းအတွင်း သတင်းမီဒီ
ယာများကို ဦးအောင်ကြည်က ထုတ်ဖော်ပြောကြားခဲ့သည်။

“မီဒီယာလောကအတွက် လမ်းစပွင့်လာပါပြီ”ဟု ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်သူ မောင်ဝံသက သုံး
သပ်ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အစိုးရအဖွဲ့အပြောင်းအလဲတွင် သတင်းဂျာနယ် ၂စောင် အပိတ်ခံရမှု
ကြောင့် သတင်းမီဒီယာသမားများ၏ ဆန္ဒ ပြမှုများ ဖြစ်ပေါ်စေခဲ့သော ယခင်ဝန်ကြီး ဦးကျော်ဆန်း၏နေရာ
တွင် ၎င်းကို အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

News from : Yangon Chronicle
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)

12 comments

  • ကိုခင်ခ

    September 26, 2012 at 8:25 pm

    ကဲ တစ်ယောက်တော့ စပြောပြန်ပဟ။

  • မောင်ပေ

    September 26, 2012 at 9:01 pm

    မကြာမှီ လာမည်
    အိုးပန်းဒီ ဒလဟော
    ဆိုတော့
    မြန်မာနိုင်ငံမှာ ၊ အသက်ကြီးသူတွေ အတွက်
    စာပေးစာယူ နဲ ့ရှေ ့နေ ဘွဲ ့ယူလို ့ရမယ့် သင်တန်းမျိုး များ ရှိမရှိ
    သိတဲ့ ရွာသူားများ ဖြေကြားပေးစေလိုပါတယ်

  • မဟာရာဇာ အံစာတုံး

    September 26, 2012 at 9:08 pm

    ဘာမှ မပြောနဲ့ဦး ..
    ရန်ကုန်မှာ ဂုံးကျော်တံတားတွေ ၆ လနဲ့ အပြီး ဆောက်မယ်ဆိုပြီး …
    ခုထိ .. မပြီးသေးပါဘူး …
    ဖြစ်နိုင်တဲ့ အတိုင်းအတာကို ကတိပေးကြပေါ့ဗျာ ..
    နို့မဟုတ် နုတ်ထွက်တာ မနှုတ်ထွက်တာ အပထား ..
    လူ ကဲ့ရဲ့ချင်စရာ ဖြစ်မှာကိုပဲ အရင်ဆုံး တွေးထားရမှာပါ …
    အထင် ….

  • myanmar oscar

    September 27, 2012 at 12:12 am

    ၅၀၀ဝ တန်တွေရမယ်၊ ၅၀၀ဝ တန်တွေရမယ်………
    ဆင်းကဒ် ပြောတာဟုတ်ဘူးနော်
    ငွေ ဖြည့်ကဒ်တွေပြောတာ

  • ထွန်း ပြောင်

    September 27, 2012 at 4:42 am

    အင်း ……… ” ကိုယ်တိုင်နှုတ်နဲ့ ပြောခဲ့တာ ” ဆိုတော့ စဉ်းစားစရာပဲ ..
    ခုပြောတာတော့ မြန်မာလိုအရှင်းကြီးပြောထားတယ်နော် ..
    ပြီးမှဌေးဦးလိုတော့ မလုပ်နဲ့နော် .. နားလည်မှုလွဲသွားတာပါ ..
    ဘာသာပြန်လွဲသွားတာပါ နဲ့ ….

  • kai

    September 27, 2012 at 4:52 am

    လွန်လှ.. နောက်၃နှစ် အလုပ်လုပ်ခွင့်ရှိသူ… ဝန်ကြီးတယောက်.. ရဲရဲ တွန်းတိုက်လုပ်သွားတာ.. မြင်ချင်မိတယ်..။
    ပြန်ပြောင်း.. ပြောင်းပြန်.. လှန်နိုင်စေသတည်း.. :mrgreen:

  • the best

    September 27, 2012 at 5:48 am

    ဒီလိုပြောရဲတဲ့ ဝန်ကြီးကို လေးစားတယ်။ ဂုဏ်ပြုပါတယ်။
    ဘာကတိမှ မပေးပဲနေမှာတော့ စိုးရိမ်မိတယ်။

    မြန်မာပြည်မှာ လျှပ်စစ်တွေ အများကြီးပိုနေတယ်လို ့လိမ်ပြီး
    ကိုယ်ကျိုးရှာရောင်းစားသွားတဲ့ ဝန်ကြီးမျိုးထပ်မပေါ်လာရင် တော်ပါပြီ။

    ကတိပေးတဲ့အတိုင်း ကျွန်တော်လုပ်ပေးမယ်။
    ခင်ဗျားတို ့လည်း ကျွန်တော့အတွက် ပြန်လုပ်ပေးရမယ် ဆိုတဲ့
    ဖြတ်စား ရိတ်စား ရှယ်ရာစား ဝန်ကြီးတွေက များနေတယ်။

    ကိုယ်တာဝန်ယူထားတဲ့ ဌာနရဲ့လုပ်ငန်းကို တကယ်နားလည်တတ်ကျွမ်းပြီး
    အရည်အချင်း ပြည့်ပြည်ဝဝနဲ ့လုပ်တတ်တဲ့ ဝန်ကြီးတွေပဲလိုပါတယ်။
    ပါးစပ်ရှိလို ့ဝန်ကြီးဖြစ်တဲ့သူတွေ သိပ်များနေတယ်။

    ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် လိုပြောရဲတဲ့
    ဝန်ကြီးတွေကို ကြိုဆိုပါတယ်။
    ပြောပြီးတကယ်လုပ်တာ မလုပ်တာတော့ နောက်တစ်ပိုင်းပေါ့။

    တကယ်အောင်မြင်ဖို ့ဆိုတာ ဝန်ကြီးလက်အောက်က အရာရှိတွေ
    တကယ်နားလည် တတ်ကျွမ်းဖို ့ သိပ်အရေးကြီးပါတယ်။
    ဘာမှနားမလည်ပဲ အရာရှိလုပ်နေတဲ့ သူတွေကို အရင်မရှင်းပစ်နိုင်ရင်
    ဝန်ကြီးပေးထားတဲ့ကတိကို လုပ်ပေးနိုင်မှာမဟုတ်ဘူး။

  • ကြောင်ကြီး

    September 27, 2012 at 8:40 am

    ဦးတင့်ဆွေက ပြန်ဆက်မှာ ညွှန်ချုပ်ဖြစ်သွားပြီလို့ တလောက သတင်းမှာ ဖတ်ရတယ်။ ဘဇာကြောင့် ဒုညွှန်ချုပ်အနေနဲ့ ဆက်သုံးရသလဲ…။ အသရေဖျက်မှုနဲ့ တရားစွဲခံရမှာ ကြောက်ဝူးလား…။ ဦးအောင်ကြည် ပြန်ကြားရေးဝံကျီး မလုပ်တော့ရင် ပူနဲ့ သူ့နေရာဝင်ဖို့ ဦးအီကြောင် ဒီမှာရှိတယ်။

  • kyeemite

    September 27, 2012 at 9:07 am

    the best ပြောတဲ့….

    တကယ်အောင်မြင်ဖို ့ဆိုတာ ဝန်ကြီးလက်အောက်က အရာရှိတွေ
    တကယ်နားလည် တတ်ကျွမ်းဖို ့ သိပ်အရေးကြီးပါတယ်။
    ဘာမှနားမလည်ပဲ အရာရှိလုပ်နေတဲ့ သူတွေကို အရင်မရှင်းပစ်နိုင်ရင်
    ဝန်ကြီးပေးထားတဲ့ကတိကို လုပ်ပေးနိုင်မှာမဟုတ်ဘူး။

    အချက်ကအမှန်ပဲဗျို့….ဋ္ဌာနတွေမှာ အောက်ခြေလူတန်းစားနဲ့
    တိုက်ရိုက်ထိတွေ့ဆက်ဆံရတဲ့ အရာရှိ ဆိုတဲ့လူတွေ စိတ်ဓါတ်ပြောင်းလဲဖို့
    အရေးကြီးပါဂျောင်း… :buu:

  • Good™

    September 27, 2012 at 2:47 pm

    ဘာဂတိမှ မပေးဘဲ ကိုတာဝန် ယူနေစဉ်ကာ လမှာ လုပ်လို့ ရနိုင်တာ မှန်သမျှ လုပ်ပေးတာ က လက်တွေ့ ဆန်မယ် ထင်တယ်။

  • Mobile

    September 30, 2012 at 10:12 pm

    ခုနေခါမယ် ဘာမှသိပ်ပြီတော့ကာ ကြီးကြီးကျယ်ကျယ် ပြောမနေလိုပါဘူး
    ကျုပ်တို့လုပ်တဲ့ အလုပ်တွေ ပြီးလာတဲ့တစ်နေ့မယ် အောင်လာတဲ့တစ်နေ့မယ်
    ခင်ဗျားတို့မြင်လာမှာပဲ ခုလက်ရှိကျနော် တို့လုပ်တဲ့အလုပ်ဟာ တိုးတက်သလား
    မတိုးတက်သလား ဆိုတာကို ခင်ဗျားတို့စဉ်းစားကြည့်စမ်းပါ . . . . .
    ဗိုလ်ချုပ်ပြောခဲ့တဲ့ မိန့်ခွန်းထဲကစကားလေးကို သတိရ မိလို့ပါ

  • uncle gyi

    October 1, 2012 at 8:42 am

    ဦးအောင်ကြည်တကယ်ပြောတာဆိုတကယ်လုပ်မယ်လို့ထင်ပါတယ်

Leave a Reply