အားကျမိတယ်.. ဦးခိုင်ရယ်

ဇောက် ထိုးSeptember 26, 20121min26454

အားကျမိတယ်…ဦးခိုင်ရယ်..
ကျွန်တော်မှာလဲ ဒီနာမည်လေးတစ်လုံးနဲ့ ဒီရွာကိုဝင်ရဖို့ သော့လေးတစ် ချောင်းကို.. မိတ်ဆွေလေး တစ်ဦးကလုပ်ပေးထားလို့ ဒီသော့ .. ဒီနာမည်နဲ့ ဝင်တတ်တာကလွဲလို့ နောက် သော့တစ်ချောင်းကလဲ မလုပ်တတ်တော့ မျက်နှာပူပူနဲ့ပဲ ဝင်မိပြန်ပါပေ့ါ။
ရွာထဲမဝင်ခဲ့ပေမယ့်လဲ ရွာပြင်စည်းရိုးမှာတော့ တမော့မော့နဲ့ပါပဲ။ ဟိုတလောက ရွာမှာပိုးမွှားတွေ ဗိုင်းရစ်တွေဝင်တော့ ရွာပြင်မှာအတော်ဒုက္ခ ရောက်ခဲ့ပါသေးတယ်။
ခုဟာကတော့… သူကြီးကို လွန်စွာအားကျမိတာလေးကို ပြောချင်လို့ပါ။
မှန်တာကိုကျွန်တော်ပြောရရင်… ကျွန်တော်ဟာ စီးပွားဥစ္စာတွေပြည့်စုံနေသူတွေကိုလဲ ခုလိုမျိုးလိုအားမကျပါဘူး။
ကျွန်တော့်အသိက လူမှာငွေတွေ ပစ္စည်းဥစ္စာတွေဘယ်လောက်ပေါပေါ ကိုယ့်ရဲ့လောဘက အလိုမသပ်နိုင်ရင် လူမှာဆင်းရဲနေတာပါပဲ။

ဓမ္မော သုစိဏ္ဏော သုခ မာဟဝတိ။ ကိုယ်လေ့ကျက်ထားတဲ့ အသိတရားကမှ ကိုယ့်ရဲ့ချမ်းသာကိုဆောင်ပေးနိုင်တယ်တဲ့။
ကိုယ့်မှာရွှေတွေ ငွေတွေ ပစ္စည်းတွေဘယ်လောက်ပေါပေါ.. ကိုယ့်မှာ အသိတရား မရှိဘူးဆိုရင် အမှန်တကယ် မချမ်းသာပါဘူး။ စာသိနဲ့ပြောတာ မဟုတ်ပါဘူး။ ခံစားမှု အသိနဲ့ပါ။
စိတ်ဆင်းရဲနေကြတဲ့ လူချမ်းသာသူဋ္ဌေးတွေ အများကြီးပါ။

ဒါကြောင့် ကျွန်တော်ဟာ စိတ်ဆင်းရဲရမယ့်နေရာမျိုးကို ဝေးဝေးရှောင်သလို အတတ်နိုင်ဆုံးလဲ စိတ်ကိုတော့ မဆင်းရဲအောင် ကျိုးစားပါတယ်။

ကျွန်တော်နေ့စဉ်ကျိုးစားနေတာကလဲ.. စိတ်မဆင်းရဲဖို့နဲ့ အသိတရားတိုးဖို့ ကိုပဲ ကျိုးစားနေပါတယ်။ ကျန်တာ ဘာအလုပ်မှ မလုပ်သလောက်ပါပဲ။
ဒါပေမယ့်… အတတ်နိုင်ဆုံးဒီလောက်ကျိုးစားတာတောင် ခု ဦးခိုင်ကို မမှီတာ တွေ့ရပါတယ်။ ဦးခိုင်ကို လေးစားတယ်လို့ မပြောချင်ပါဘူး။ အားကျတယ်လို့ တကယ်စိတ်ပါလက်ပါ ပြောချင်ပါတယ်။
ဘယ်သူက ဘယ်လိုပဲ ဝေဘန်ဝေဘန်.. အပြစ်ပြောပြော.. ပြောင်ပြောင်.. စစ.. ဆဲဆဲ ခံနိုင်စွမ်းရှိတာတွေ့ရတယ်။
တကယ်မလွယ်ပါဘူး။
အသံပြောင်းမသွားဘူး။
လေသံမာမလာဘူး။
ဒါပေမယ့် ငုံလဲ ခံမနေဘူး။
ပြောလိုက်တဲ့စကားလုံးတိုင်း အားတွေပါတယ်။
ဒီရွာမှာ ငါသူကြီး.. ငါကိုဆဲတဲ့ကောင် ငါဖျက်ပစ်မယ်။ အဲဒီစိတ်လုံးဝမတွေ့ရဘူး။
ဆဲတဲ့လူကိုတောင် “ဒေါသတွေအားကြီးနေတယ် လျော့လိုက်ပါတဲ့” ကျန်းမာရေးတွေထိခိုက်နေပါ့မယ်တဲ့…
ယုံကြည်ချက်အပေါ် မတုန်မလှုပ် တည်တည်ငြိမ်ငြိမ်ရပ်တည်နေနိုင်တယ်။
ကျွန်တော်ဟာ ဆဲသူကို ပြန်ပြီးမဆဲဖြစ်အောင် ကျိုးစားနေပေမယ့်… ဆဲသူနားတော့ ကြာကြာမနေရဲပါဘူး။
လူတွေနဲ့ဝေးရာမှာနေလို့ ဒေါသမထွက်တာဟာ အဆင့်မြင့်တဲ့.. မှန်ကန်တဲ့ တရားမဟုတ်နိုင်ပါဘူး။ ဒါကျွန်တော်ရဲ့ အားနည်းချက်ပါ။
ဒေါသထွက်စရာလူတွေထဲနေပြီး ဒေါသ မထွက်အောင် နေနိုင်မှ မှန်ကန် အဆင့်မြင့်တဲ့ နေနည်း အသိလို့ သိမြင်ထား ပါတယ်။

စိတ်ကိုချုပ်တည်းထားလို့.. အသိမဲ့ပြီး ဒေါသမထွက်တာ။ လောဘမဖြစ်တာတွေဟာ စိတ်ကိုမချုပ်တည်းနိုင်တဲ့အခါမှာ ပြန်ဖြစ်တတ်တာမို့ မတည်မြဲဘူးလို့ပဲ မြင်မိပါတယ်။

ဒေါသ လောဘတွေရဲ့ ဒုက္ခတွေကိုမြင်အောင်ကြည့်ပြီးမြင်လို့ မဖြစ်တဲ့ လောဘ ဒေါသတို့ကမှ တည်မြဲတယ်လို့မြင်မိပါတယ်။
တကယ်ကို ဦးခိုင်ကို အားကျမိလို့ ရေးလိုက်မိတာပါ။ ဘုရားဟောဒေသနာလေး တစ်ခုကို စိတ်ထဲမှာပေါ်တာပြောရရင်…
ပုထုဇဉ်.. လဲ ဒေါသထွက်တာပဲ။ သောတာပန်လဲ ဒေါသထွက်သေးတာပဲ။
သကဒါဂါမ်တောင် ဒေါသတော့ရှိပါသေးတယ်တဲ့။ ဒါပေမယ့် ဒေါသနည်းအောင်တော့ ကျိုးစားနေပြီလို့ ဆိုပါတယ်။
ဒေါသနည်းအောင် ကျိုးစားနေသူဟာ သကဒါဂါမ်လို့ ဘုရားဟောမှာ တွေ့ဖူးပါတယ်။ ဦးခိုင်ကို သကဒါဂါမ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် ကျွန်တော်နဲ့သိသမျှလေးအချိန်မှာ ဦးခိုင်ဒေါသထွက်တာ မတွေ့ရသေးဘူး။ ဦးခိုင်ဟာ လုပ်ပိုင်ခွင့်တွေရှိပြီး …
ဒေါသမထွက်အောင် ကျိုးစားနေသူလား။
ဦးခိုင်ဟာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်… ဦးခိုင်ရပ်တည်ချက်နဲ့ ဦးခိုင်အသိက ဦးခိုင်ဘဝကို ငြိမ်းချမ်းစေပါတယ်။
အားကျလိုက်တာ ဦးခိုင်ရာ….
ရွာသူ ရွားသား အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေလို့ဆန္ဒပြုခဲ့ပါတယ်ဗျာ။

54 comments

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    September 26, 2012 at 7:19 pm

    အိုင်လက်ဖြူ ဥကိုင်
    ခရက်ဒစ်ဒူ အညာသား

    • ဇောက် ထိုး

      September 26, 2012 at 8:31 pm

      ဒုဗိုလ်ကြီးရယ်… ရယ်စရာပြောတာကို မရယ်နိုင်သေးပါဘူးဗျာ…
      ကျွန်တော်ရင်ထဲမှာ ခံစားနေရဆဲပါ။ ဥကိုင်လို့ မလုပ်ပါနဲ့ဗျာ…
      အဓိပါယ်က ဟိုဟာကို ကိုင်သလိုဖြစ်နေပါတယ်နော်.
      အုကိုင်လို့လုပ်လိုက်ပါနော်…. မွှေးမွှေးပေးလိုက်ချင်တာ ရုပ်ကြီးကြောင့်

      • စိန်ဗိုက်ဗိုက်

        September 27, 2012 at 12:02 pm

        အဟက်..ဟက်..ဟက်..
        တစ်ကယ် ဒေါ်သ မောဟ လောဘတွေ မရှိ ပကတိကင်းစင်တာ အူးခိုင်မဟုတ်ဘူးဗျ..ကြုတ်ပဲ.ကြုတ်ပဲ..
        အူးခိုင်က ဒေါ်သမထွက်ခင် လိပ်ဂေါင်းအရင် ထွက်ထွက် တတ်လို ့ လိပ်ဂေါင်း မထွက်အောင်ချုပ်တီးရင်း
        ဒေါ်သပါ ငုတ်သွားတာ..
        အမှန်အကန် ဒေါ်သမစိတာက ကြုတ်ပဲ..
        ညကတောင် ကိုယ့်ဘာသာ အေးဆေး ဘီအီးသောက်နေတာ ဂုတ်ကျားက ဟောင်ဖွာဟောင်ဖွာလုပ်နေလို ့
        ဂဲနဲ ့လိုက်ထုတာ ၁ ရက်ကွက်ကနေ ခြောက်ရပ်ကွက် ထိရောက်တယ်….
        တော်ကြာလမ်း မှတ်မိပြီး ပြန်လာနေမှာဆိုးလို ့.. နယ်နှင်ဒဏ်ပေးလိုက်တာ ဒေါ်သထွက်လို ့မဟုတ်ဘူး
        ခြစ်လို ့..ခြစ်လို ့

        • မဟာရာဇာ အံစာတုံး

          September 27, 2012 at 12:52 pm

          ဦးစိန်ဗိုက်
          ခညား စကားကို ကြည့်ပေါစမ်းဘာ ..
          ခြစ်ဒယ် ဆိုတာလည်း လောဘ ဘဲ ..
          မသိရင် မြဲမြဲဂျီး မှတ်ထားဂျ ..
          ငွင်း .. ငွင်း .. ငွင်း …

        • ဇောက် ထိုး

          September 27, 2012 at 2:44 pm

          မျှော်လိုက်ရတာ… ဟိုတနေ့က ရွာထဲမှာလှမ်းမြင်လိုက်လို့ နှုတ်ဆက်လိုက်မိသေး…
          ကိုယ့်ရပ်ကွက်ကောင်းစားရေးအတွက် ခွေးတစ်ကောင်ကို အဆင်းရဲခံပြီး ခြောက်ရပ်ကွက် ကျော်တဲ့အထိ မောင်းထုတ်ပေးတာ ဒါမွန်မြတ်တဲ့စေတနာပေါ့…
          လာတော့ နောက်မှ…. ပြီးတော့ အပေါ်တက်ယူထားတာ…..

        • စိန်ဗိုက်ဗိုက်

          September 27, 2012 at 2:52 pm

          ဒါပေါ့..ဒါပေါ့….
          :harr:

        • ဇောက် ထိုး

          September 27, 2012 at 3:02 pm

          မပေါ်လာလို့ တမျှော်မျှော်နဲ့… ဟင်း.. ရှာလိုက်ရတာ… နောက်နားမှာများ မှောက်သွားသလားဟဲ့…နဲ့… ဘယ်အထဲ လူလဲပြီး ဒူးကွဲနေသလဲလို့….
          ပီးတော့ သူက.. နောက်မှလာပြီးရှေ့ထဲရောက်နေတယ်….

  • မောင်ပေ

    September 26, 2012 at 7:30 pm

    ဒါပို ့စ်ကြီးဖတ်ရတာ တူးဝေး ကို တွေ ့လိုက်ရသလိုပါကလား

    • ဇောက် ထိုး

      September 26, 2012 at 8:34 pm

      လေးလေးပေရဲ့ အသံလေးကိုကြားလိုက်ရတာ ရင်ထဲမှာလှိုက်တက်လာသလိုပါပဲ။
      နောက်ပြီးအိမ်ထဲကနေ လမ်းပေါ်ကိုပြေးတက်လာပြီး ကျွန်တော်ကိုပွေ့ဖက်လိုက်သလိုပဲ ခံစားလိုက်ရပါတယ်။ လေးပေ ဘောလုံးပွဲတွေသိပ်ကြည့်ပြီးအိပ်ရေးတွေပျက်နေမယ်နော်…

  • မဟာရာဇာ အံစာတုံး

    September 26, 2012 at 7:36 pm

    ဘဂျီးရေ အညှ .. အညှ ..
    အဲလေ .. ယောင်လို့ ..
    ၅၂၈ ပါ ဘဂျီးရေ ..
    ဥဇောက် ပြောသလိုပါပဲ .. ဒို့ဘဂျီးက ဘူဒွေ ဘိုပြောပြော …
    “အသံပြောင်းမသွားဘူး။ လေသံမာမလာဘူး။ ဒါပေမယ့် ငုံလဲ ခံမနေဘူး။”
    ကျုပ်ဆို အဲ့လို ရဘူး ..
    နည်းနည်းလေး လာမကြောလိုက်နဲ့ .. ကြွေးထည့်လိုက်မှာ ..
    မုန့်ဒွေပြောဘာဒယ် ..
    :harr:

    • ဇောက် ထိုး

      September 26, 2012 at 8:37 pm

      အနန္တစကြာဝဠာကြီးရေ အနော့်ကိုတော့ မုန့်တွေမကျွေးတော့ဘူးလားဟင်… အားပေးတာ အသိအမှတ်ပြု ပေးတာ ကျေးဇူးနော်။

    • ဇောက် ထိုး

      September 26, 2012 at 8:41 pm

      အလင်းဆက်ရေ ကျွန်တော့်ဘဝမှာ အလင်းဆက်က အလင်းရောင်တွေပေးခဲ့ပေမယ့် အရောင်မှိန်သွားခဲ့ပါတယ်။ အဲဒီအတွက် ကျွန်တော့်မှာ ခံစားရပါတယ်။ လမင်းက တာဝန်ကျေပေမယ့် ငပုတ်က အဖမ်းခံလိုက်ရသလိုဖြစ်တာထင်ပါတယ်ဗျာ… ဘာဖြစ်ဖြစ် အားလုံးအဓိကကတော့ ကျွန်တော့် စိတ်ဓာတ်ရဲ့ မရင့်ကျက်မှုပါပဲ.. ကျေးဇူးအထူးတင်ပါတယ်ဗျာ…

  • ရာဇဝင်လူဆိုး

    September 26, 2012 at 7:59 pm

    ကျနော် စာပေကိုချစ်တယ်။ အဆင့်အတန်းမရွေး လူတစ်ယောက်ရဲ့အတွေးအခေါ်ကို မြင့်တင်ပေးလို့။ ဒါကြောင့်စာပေလုပ်ငန်းနဲ့ လူတွေကို အသိပညာ၊ ဗဟုသုတ၊ အတွေးအခေါ်တွေ မျှဝေပေးချင်တယ်။ အဲ..ခက်တာက ဒီလို ဆိုဒ်တစ်ခုထောင်ဖို့ ကျနော်မှာ ငွေမရှိဘူး။ ငွေရှိတယ်ထားဦး နည်းပညာတွေကို မသိ ၊ မတတ်ဘူး။ နည်းပညာတွေသိတယ်ထား..တက်လာသမျှ စာတွေကို အပြန်အလှန်ဆွေးနွေးဖို့ ကျနော်မှာ စာပေဝမ်းစာ မပြည့်ဘူး။ စာပေဝမ်းစာပြည့်တယ်ဆိုရင်ရော….ကျနာ်ကို တိုက်ခိုက်စော်ကား လာသမျှကို သည်းခံဖို့ အတွေးအခေါ်၊ ရင့်ကျက်တဲ့ စိတ်ထားမရှိသေးဘူး။ ကျနော်တို့လို လူတွေအတွက် ဒီလို လွတ်လပ်စွာ ရေးနိုင်ပြောနိုင်တဲ့ ဆိုဒ်တစ်ခုရှိတာ ဝမ်းသာစရာ တစ်ခုမဟုတ်ပါလား။ ကဲ………ဒီဆိုက်ရဲ့ပေါ်လစီကို မကြိုက်ရင် လွတ်လပ်စွာ တစ်စင်ထောင်နိုင်ကြပါစေသတည်း။ သူကြီးကိုဖားတာ ( ဝေဖန်မယ့် စကားတွေကိုသိလို့ ကြိုပြောတာ ) အဟဲ….:P။ တဂျှီး… ကျနော်လဲ 528 …။

    • ဇောက် ထိုး

      September 26, 2012 at 8:44 pm

      ကိုလူကောင်းရေ… ကိုလူကောင်းရဲ့ စာလေးက မှတ်သားစရာတွေကို အမှန်အကန်တွေကို ပြောပြသွားပြီး ဟာသလေးနဲ့ အုပ်ပေးသွားတာ.. တရားဟောကောင်းတဲ့ တရားဟောဆရာတော်တပါးလိုပဲလို့ ခံစားမိတယ်။ ရေးတတ်လိုက်တာဗျာ…

  • ကိုခင်ခ

    September 26, 2012 at 8:33 pm

    ( ရွာသူ ရွားသား အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေလို့ဆန္ဒပြုခဲ့ပါတယ်ဗျာ။ )
    လို့ ဆန္ဒပြုသူ ကိုဇောက်ထိုးရေ ကျေးဇူးပါဗျာ။

  • ဇောက် ထိုး

    September 26, 2012 at 8:48 pm

    ကိုခင်ခရေ… ရွာထဲမှာတွေ့နေရပါတယ်ဗျာ… ရွာသူရွာသားအပေါင်းကို ပျော်ရွှင်ချမ်းမြေ့စေချင်တာ ကျွန်တော့်ဆန္ဒ အမှန်ပါဗျာ… ဆုတောင်းလို့သာပြည့်သွားမယ်ဆိုရင်… အဲဒီအတိုင်းဆုတောင်းလိုက်ပါတယ်။
    ရွာသူရွာသားအပေါင်း ပျော်ရွှင်ချမ်းမြေ့ကြပါစေ….. ရပ်ရွာကြီးလဲ ပိုးမွှားအန္တရာယ်များကင်းရှင်းပါစေ…
    သူကြီးလဲ ရွာသူရွာသားများကို အမြဲခေါင်းဆောင်လမ်းပြနိုင်ပါစေလို့………..

    • ဇောက် ထိုး

      September 27, 2012 at 7:41 am

      အို…..ကိုကိုဇောက်ထိုးရဲ့..ဆိုတော့ လန့်သွားတာပဲ ဦးပေါက်ရယ်။
      မမြင်တာကြာလွမ်းလို့နေပါပေါ့ ဟဲ့ဟဲ့ဟြံ ဆိုမှ အလန့်ပြေသွားတယ်။
      ဦးပေါက်ရဲ့ မန်ပတ်လည်ကျုံးပတ်ရည်လျှောက်ပြီး သွားနေတာ … ဆော့နေတာတွေကိုတော့ မြင်တွေ့နေပါတယ်ဗျာ…

  • အရီးခင်လတ်

    September 27, 2012 at 2:49 am

    ကိုဇောက်ထိုး

    ခရီး သွားရင်း ရွာနဲ့ဝေးနေတာ ထင်ရဲ့။ (ခရီးသွားမယ် ပြောခဲ့သလားလို့)
    ခရီးက အတွေ့အကြုံလေးများလဲ မျှပါဦး။ 🙂

    သူကြီးမင်းအတွက် ဘုန်းတော်ဘွဲ့ များနဲ့ ပြန်ပေါ်လာတာကိုလဲ အင်မတန်ဝမ်းသာပါတယ်။

    သူကြီးမင်းတို့ ကံဇာတာတက် နေပုံများ
    ဟက်ခံရလဲ ဂုဏ်တက်
    ဆဲခံရလဲ ဂုဏ်တက် နဲ့။
    ဟန်ကျနေလိုက်တာ။ :kwi:

    ကျွန်မ အနေနဲ့ ကတော့
    ဒီကိုယ်တော်ကြီး ဦးဆောင်ရာနောက်ကို အမြဲ တော့ လိုက်မနေနိုင်ပေါင်တော်။
    လူ့သဘောအတိုင်း ဒင်းကလဲ တစ်ခါတစ်ခါ ထထဖောက်တတ်တာလဲ ရှိသကိုး။
    အဲလို စိတ်ချင်းမတိုက်ဆိုင်ချိန်မှာ တော့ ကလော်တုတ်ချင်သား။

    သို့ပင်သို့ငြား
    ကိုယ်တွေ ကဘဲ ကလော်တုတ်ချင်တုတ်မယ်။
    တစ်ခြားသူများ က ကျုပ်တို့ ဒီသူကြီး ကို ထိတော့ ခံတော့ မခံချင်ဘူး ကလား။
    (ဒါကြောင့် သူ့ဟာသူ ခံရတာ 😉 )

    ဒီတော့ စည်းကမ်းတစ်ခု ထပ်ထည့်သင့်/မသင့်။
    ပုဒ်ရေ မည်မျှ (သို့) မှတ်ချက် မည်မျှ ရှိသော ရွာသူ/သား များမှသာ
    ကျုပ်တို့၏ တန်ဖိုးကြီး ၅၂၈ သူကြီးအား ကလော်တုတ်နိုင်ခွင့် ရှိ၏။
    မဟုတ်ပါက ဆဲဆို ခွင့် မရှိ လို့။
    အဟိ။

    Oppppss….
    ကွိုင်ဘဲ။
    ဒီမို ရွာမှာ Discriminate ဖြစ်သွားပြီလား ?????

    ၅၂၈ သူကြီး ကျန်းမာပါစေ။ ချမ်းသာပါစေ။
    ၅၂၈ သူကြီး ကျန်းမာပါစေ။ ချမ်းသာပါစေ။
    ၅၂၈ သူကြီး ကျန်းမာပါစေ။ ချမ်းသာပါစေ။

    😆

    • ဇောက် ထိုး

      September 27, 2012 at 7:49 am

      အရီးရေ…. မတွေ့တာကြာလို့လားမသိဘူး… ပိုပြီးကျက်သရေရှိလာသလိုပဲ…
      ရွာထဲ မဝင်ဖြစ်ပေမယ့် ရွာ့ပြင်မှာတော့ ရှိပါတယ် အရီးရယ်။ အရီးကို ရွာသူားတွေက လေးစားကြတာ ချစ်ခင်ကြတာတွေကိုလဲ တွေ့ရမြင်ရလို့လဲ လွန်စွာဝမ်းသာမိပါတယ်။
      တချို့ကိစ္စတွေပြသနာတွေမှာ အရီးဝင်ပြောလိုက်ရင် အထိုက်အလျှောက်ငြိမ်းသွားကြတယ်။ ဒါမှမဟုတ် လေသံလေးတွေလျှော့သွားကြတာတွေ မြင်ရသိရတော့ အရီးရဲ့ သီလ သမာဓိကိုလဲ လေးစားမိသလို အရီးရဲ့ လက်ခံအောင်ပြောဆိုနိုင်မှု… မျှတမှု.. မှားနေတောင် မှားနေတယ်လို့ မဟုတ်ပဲ.. ဒီလိုလေးပြင်ကြည့်လိုက်ပါလားဆိုတဲ့ ကြားဝင်ဆုံးမမှုလေးတွေကို ကြားရ မြင်ရတော့ ( ဆေးလိပ်စတဲ့) အရီးရဲ့အရည်အခြင်းနဲ့ အရီးရဲ့ သမာဓိအတွက် ဒါမှ ငါ့အရီးကွဆိုပြီး ရွာပြင်မှာလက်မထောင်မိပါတယ် အရီးရယ်။ အရီးမလာခင်ကတည်းက အရီးကိုမျှော်နေမိတာဆိုတော့
      တောင်းတတုန်းခါ ပေါ်ထွက်လာ သတ္တဝါဓလေ့ စိတ်ချမ်းမြေ့ပါပဲ အရီးရယ်။

  • kai

    September 27, 2012 at 3:32 am

    ဒုံး.. (၁ခါ)
    ဒုံး.. (၂ခါ)
    ဒုံး.. (၃ခါ)
    အပေါ်တက်စောင့်တော့.. ခေါင်းလဲဖုသွားပါပြီ..။
    တော်ပါတော့နော…
    =
    တကယ်တော့..
    Hard disk ဆိုတဲ့..ကွန်ပြူတာထဲကဒေတာသိမ်းတဲ့.. ပစ္စည်းရဲ့အထဲက သံလိုက်ပြား(ရုပ်)ထဲ.. Data ဆိုတဲ့.. ဒစ်ဂျစ်ကလေးတွေ(နာမ်)ကို.. အစီအစဉ်နဲ့ထားတာကလား..

    အဲဒီ 01 အစီအစဉ်လေးတွေပြောင်းရင်. စာလုံးကနေ.. ဘိုင်နရီဒစ်ဂျစ်မှာ…
    Love ဆိုတာက 01101100011011110111011001100101
    Hate ဆိုတာက 01001000011000010111010001100101 ပဲဖြစ်ပါသတဲ့..။
    အဲဒီဒစ်ဂျစ်လေးတွေ.. ကီးဘုတ်ကနေ..ရိုက်.. အင်တာနက်ပေါ်တင်.. ကမ္ဘာတဖက်ခြမ်းက.. လူတွေလူတွေရဲ့.. မျက်စိရှေ့က..မော်နီတာပေါ် လာပေါ်ပါတယ်..
    လာပေါ်တဲ့အခါ.. မူရင်းရိုက်လိုက်တဲ့.. Love ဒါမှမဟုတ်.. Hate ဆိုတာပဲပေါ်တာပါ..။
    အဲလိုပေါ်လာတာရဲ့.. မူရင်းကတော့.. 0နဲ့1..( ဖွင့်..ပိတ်..)သဘောတရားလေးပါပဲ..။

    အဲဒါကြီး.. ဖတ်ပြီး.
    လူတွေ..လူတွေ.. “ချစ်ရွှင်သနား၊ တည်ကြား ကြမ်းကြုတ်၊ စက်ဆုပ်ကြောက်ရွံ့၊ ရဲဝံ့ အံ့ဩ၊”. ဖြစ်နေကြခြင်းဖြစ်ပါသတည်း.. :harr:

    — :528: — <-- :chit: အစား.. (:528:) ပြင်လိုက်ပါကြောင်း...

    • အရီးခင်လတ်

      September 27, 2012 at 4:37 am

      ဒုံး.. (၁ခါ)
      ဒုံး.. (၂ခါ)
      ဒုံး.. (၃ခါ)
      နံရံ ကို လက်သီးနဲ့ ထိုးမိတယ်။
      😆

    • ဇောက် ထိုး

      September 27, 2012 at 9:14 am

      ဦးခိုင်ရေ.. 0တွေ 1တွေ 10.01တွေမြင်ရတော့ အတိတ်ကို သတိရမိတယ်။ပြုံးမိသေးဗျာ။
      တကယ်ပါ ကျွန်တော် ဦးခိုင်ကို သိပ်အားကျမိပါတယ်။ အခု ဦးခိုင်းရေးလိုက်တဲ့ စာလေးကပိုပြီး ကျွန်တော့်အသိကို လင်းလက်စေပြန်ပါတယ်။
      ကျွန်တော်နားလည်သလိုပြန်ပြောလိုက်ရရင်….
      ကီးဘုတ်ပေါ်မှာ တဖက်လူကရိုက်လိုက်လို့ တဖက်မှာပေါ်ပြီးလာတဲ့ စာလုံးလေးတွေကို ဖတ်လိုက်တဲ့သူတွေမှာ ခံစားမှုအမျိုးမျိုးတွေဖြစ်ပေါ်နေတာပါ။ တကယ်တော့လဲ ……………….
      ဆိုတော့………..ဟဲ…
      တကယ်တော့လဲ…. 0နဲ့1ပါပဲ။ ဒါလေးကိုပဲ ခံစားမှုတွေအဖြစ်ခံစားနေကြတာပေါ့နော်…
      ကောင်းလိုက်တာဗျာ…. ကျွန်တော်ရေးတာ မပြည့်စုံရင်တောင် ကျွန်တော့်ရင်ထဲမှာ အသိတချက် လင်းလက်သွားတာ အမှန်ပါ….

    • နေဝန်းနီ

      September 27, 2012 at 2:22 pm

      L-(01101100) O-(01101111) V-(01110110) E-(01100101)
      H-(01001000) A-(01100001) T-(01110100) E-(01100101) စာလုံး ခုနှစ်လုံးရဲ့ ကီး ဝဒ် တော့ရသွားပါကြောင်း…..။ ကျန်တဲ့ 19 လုံးကကောဟင်………..။ . :chee:

  • ထွန်း ပြောင်

    September 27, 2012 at 4:26 am

    ဗျို့ သူကြီး …..
    ကျုပ်လဲသူကြီးကို
    0101 0010 1000 ပါဗျာ ……

    • ဇောက် ထိုး

      September 27, 2012 at 9:42 am

      ကိုထွန်းပြောင်ကြီး ဝင်ရောက်အားပေးတာ.. ကျေးဇူးတင်ပါတယ်နော်…
      ထွန်းပြောင်ပါစေဗျာ….

      • ထွန်း ပြောင်

        September 27, 2012 at 2:45 pm

        မဟာရာဇာ ကြီးရေ …
        ကျုပ်လဲ သူကြီးထဲကနေ ကော်ပီကူးပြီး ချဲဂဏန်းလို ပတ်လည်ရိုက်လိုက်တာ ..
        တည့်ရင်တော့ ပေါက်မှာပေါ့ဗျာ ..

  • uncle gyi

    September 27, 2012 at 8:14 am

    မောင်ရင်လေးအတည့်မဟုတ်ကဦးခိုင်ကိုအားကျတာဘာများလဲလို့
    သူကြီးကအနောက်အနေကြာသွားတော့အနောက်စရိုက်ဝင်သွားလို့ဖြစ်မှာပါ
    သူတို့ကဝေဖန်မှုကိုခံနိုင်တယ်တဦးနဲ့တဦးဝေဖန်ရင်းတည့်မတ်သွားကြတာ
    ဒီမှာကကောင်းတာကိုပဲပြောမကောင်းတာပြောလို့ကသိတယ်မဟုတ်လား

    • ဇောက် ထိုး

      September 27, 2012 at 9:20 am

      uncle gyi ရေ… အားပေးတာ ကျေးဇူးပါနော။ ကျွန်တော်ကတော့ဗျာ…
      အနောက်နေနေ.. အရှေ့နေနေ.. ဘယ်ဘာသာကိုးကွယ်ကွယ်.. ဘာလူမျိုးဖြစ်ဖြစ်.. လူအသိရှိပြီး ကောင်းတဲ့လူတွေကိုအားကျမိတယ်။လေးစားမိတယ်။
      ဒေါ်စုက ပြောတယ်လို့ပြောတာပဲ။ ကျွန်တော်လဲ တဆင့်စကားပါ.. ဘာသာဝင်တစ်ဦးက ဘာမှ ကောင်းတာ မလုပ်ပဲ.. ဘာသာမဲ့တစ်ဦးက ကောင်းတာလုပ်နေတယ်ဆိုရင် အဲဒီဘာသာမဲ့ကို မကောင်းဘူးလို့ပြောလို့ မဖြစ်ဘူးလို့ပြောပါသတဲ့။
      ချီးမွမ်းရင် တပည့် … ကဲ့ရဲ့မှ ဆရာ… ဆိုတဲ့ အဆုံးအမလေးလဲ ကြိုက်မိသဗျာ။

    • garuda

      September 27, 2012 at 7:35 pm

      uncle gyi ပြောတာ သွေးထွက်အောင်မှန်ပါ့ဗျာ။ အဲဒါ အနောက်တိုင်း စတိုင်ဗျ (အိုပါး ဂဏန်းစတိုင်မဟုတ်) ဥပမာ(”ဥ” ဆိုသည်မှာ သူကြီးကိုစော်ကားခြင်းမဟုတ်ပါ) “သတ်“ဆိုတာကိုမသုံးတတ်လို့ကတော့၊ တကယ်သတ်တာထက်တောင် အပြစ်ကြီးအုံးမယ်။ ဒါကြောင့်သူတို့ဆီမှာ လူသတ်တဲ့သူတွေက ပါးစပ်ကမပြောဘူး ပြုံးပြုံးလေးနဲ့သတ်ကြတာ။ အဲဒီလောက်အထိညင်သာတာ။ ကျွန်တော် ကတော့ သူကြီးကို လူရည်လည် ပါးနပ်သူကြီးလို့ပဲမြင်တယ်။ ဒါလောက်ကလေး အတွက်တော့ မေတ္တာရှင်ကြီး အဖြစ်မမြင်မိ ရိုးအမှန်ပါ။ အရမ်းကြွေရင်တော့ နောက်ရှင်းရခက်လိမ့်မယ်နော (သစ်ရွက်ခြောက်တွေပြောတာပါ)။
      ဒါပေသိ ကျွန်တော်တို့ သူကြီးဆီက နေနည်းထိုင်နည်း ပြောနည်းဆိုနည်းတွေ အများကြီး လေ့လာမှတ်သား သင့်တာတော့ အမှန်ပါ။ “သဒ္ဓါလွန်ရင် တဏှာကျွန် ဖြစ်တတ်တယ်” (မဆိုင်ဘူးထင်ပါတယ်နော် 😀 )

  • ကြောင်ကြီး

    September 27, 2012 at 8:51 am

    သဂျီးထက် သမီးဒေါ်ဂလေးက ပိုချစ်ဖို့ကောင်းတယ်…။

    • ဇောက် ထိုး

      September 27, 2012 at 9:26 am

      တွေ့မရှောင် အကုန်တီးတဲ့ ဗျို့ဦးကြောင်ကြီး…နေကောင်းတယ်နော်…
      အချစ်ဆိုတာ ဘာလဲလို့ .. ဖြေစမ်းဗျို့ ကိုကြောင်…
      ကျုပ်ဇောက်ထိုးမသိပေါင်… ဟာလောင်လောင် နေတာလား…
      သို့မဟုတ်ဘယ်လိုပ ဖြေပါမှ သိမယ်…
      ရင်တွင်းမှာ အစာမရှိ ..နေသည့်ဗိုက်နယ်လို့….
      မဟုတ်လို့ရှိရင်လေ.. ချေလက်တွေ ယားတာလား…
      အဲဒါဟာ … အချစ်လား….ပျော်ရွင်ချမ်းမြေ့ပါစေ…

  • kyeemite

    September 27, 2012 at 8:53 am

    လူတွေနဲ့ဝေးရာမှာနေလို့ ဒေါသမထွက်တာဟာ အဆင့်မြင့်တဲ့.. မှန်ကန်တဲ့ တရားမဟုတ်နိုင်ပါဘူး။ ဒါကျွန်တော်ရဲ့ အားနည်းချက်ပါ။
    ဒေါသထွက်စရာလူတွေထဲနေပြီး ဒေါသ မထွက်အောင် နေနိုင်မှ မှန်ကန် အဆင့်မြင့်တဲ့ နေနည်း အသိလို့ သိမြင်ထား ပါတယ်။စိတ်ကိုချုပ်တည်းထားလို့.. အသိမဲ့ပြီး ဒေါသမထွက်တာ။ လောဘမဖြစ်တာတွေဟာ စိတ်ကိုမချုပ်တည်းနိုင်တဲ့အခါမှာ ပြန်ဖြစ်တတ်တာမို့ မတည်မြဲဘူးလို့ပဲ မြင်မိပါတယ်။

    အဲဒီအသိအမြင်လေးကိုကြိုက်သဗျာ….လိုက်နာဖို့သာမလွယ်တာ…. :harr:

    ဒုံး.. (၁ခါ)
    ဒုံး.. (၂ခါ)
    ဒုံး.. (၃ခါ)
    နံရံ ကို လက်သီးနဲ့ ထိုးမိတယ်။ 😆 (ခရက်ဒစ်ဒူ အရီးခင်လတ်)
    ခုတလောတော့ သားတော်မောင် ကျောင်းကအလှူဓါးပြ ကြောင့်
    ဒေါသအမျက် ချောင်းချောင်းထွက်နေတာ ထိန်းမရသေးပါဂျောင်း…. :chee:

  • ဇောက် ထိုး

    September 27, 2012 at 9:33 am

    kyeemite..ခင်ဗျာ… ကျောင်းကအလှူခံမကျေနပ်ချက်လေးကို ပြောနေတာ ရွာပြင်ကနေ ကြားနေရပါတယ်ဗျာ….
    ဆိုတော့… ကျောင်းကိုစေတနာမပါပဲ ပေးလိုက်ရလို့ ကုန်တာက တမျိုး..(တခါခံရ)
    ကိုယ့်မှာ ဒေါသကြီးကျန်ပြီးနှိပ်စက်ခံနေရလို့က တမျိုး (တခါခံရ)နဲ့
    ဆိုတော့… ကိုယ်ချည်းခံနေရသလိုဖြစ်ပါ့မယ်ဗျာ…
    တခုမှ မခံရအောင်… ပေးစရာရှိတာလဲပေးလိုက်။ ပြောစရာရှိတာလဲ ပြောလိုက်။ ပေးပြီးပြောပြီးရင် ကိုယ့်မှာ ဒေါသကြီးလဲ ကျန်မနေစေနဲ့….
    ဆရာလုပ်ဝုတ်ဘူးနော်…. အနော်ပြောတတ်သလောက်ပြောကြည့်တာ….

  • Mon Kit

    September 27, 2012 at 10:03 am

    သူကြီး ကိုလည်း 528…. :528:
    စာရေးသူရော ဂဇက် ရွာသူားတွေရော 528.. :528:

    :hee:

    • ဇောက် ထိုး

      September 27, 2012 at 2:48 pm

      mon kit… အားပေးတာ ကျေးဇူး….
      စာရေးမိလို့သာ 528 .. ရလိုက်တာမို့ ရေးရကျိုးနပ်တယ်လို့ ခံစားလိုက်ပီ….အားလုံးပေါင်းလိုက်ရင် ဘယ်လောက်ကုန်သွားလဲဟင်င်င်င်င်င်င်

  • ရွှေ ကြည်

    September 27, 2012 at 11:19 am

    ရွှေကြည်ပြောချင်နေတာအဲဒါတွေ အဲဒါတွေ မရေးတတ်လို့ ဦးဇောက်ရေးတဲ့အတိုင်းပါပဲရှင့်
    (နှမ်းဖြူးတာပါ :hee: )

    • ဇောက် ထိုး

      September 27, 2012 at 2:52 pm

      မရွှေကြည်ရေ…. နှမ်းလေးဖြူးလိုက်တော့မှပဲ.. ဆိမ့်တဲ့အရသာလေးနဲ့ ပိုကောင်းသွားတာပါဗျာ…

  • Crystalline

    September 27, 2012 at 11:46 am

    တခါတလေကျတော့လည်း ပြုံးပြုံးလေးနဲ့ပြန်ပြောတာက တွေးကြည့်ရင် အနက်တွေကတပုံတပင်နဲ့အများသားနော့. စာကျေတဲ့သူတွေပဲလေ. 😛

    • ဇောက် ထိုး

      September 27, 2012 at 2:56 pm

      crystalline ရေ… ပါဠ်တချက် အနက်ဆယ်ထွေလို့ ဆိုထားတယ်မဟုတ်လား ကိုယ့်ဆရာရယ်…
      စာကျေတာလို့တော့ မခံစားမိပါဘူးဗျာ…. ကိုယ်သိတာလေးအပေါ်မှာ အမြင်ရှင်းတဲ့အထိ မြင်မိတဲ့ ကျေးဇူးလို့ပဲ ခံစားမိပါတယ်နော… ကျေးဇူးနော်။

  • ပန်းစံပါယ်

    September 27, 2012 at 12:32 pm

    ဟိုသီချင်းလိုပေါ့…ဟိုးဘဝဂ်ဆီကိုမြင့်မြင့်ပြန်…အမြင့်ရောက်ရင် အမြင်ပိုရှင်းလင်းသွားမှာ…ရင့်ကျက်စေချင်တာ…
    သူကြီးက အဲဒီလိုအမြင်ပိုရှင်းလင်းမှုရှိသွားလို့ အားလုံးကိုနားလည်ပေးနိုင်စွမ်းရှိတာထင်ပါတယ်…:P

  • ဇောက် ထိုး

    September 27, 2012 at 2:58 pm

    မြင့်မြင့်ပျံတဲ့ ငှက်တွေကတော့… များများမြင်နိုင်တာပေါ့ဗျာ…
    ကျွန်တော်တို့လဲ.. များများမြင်နိုင်ဖို့ဆိုရင်… အသိမြင့်ဖို့ အတွေးမြင့်ဖို့ ကျိုးစားကြရမယ် မဟုတ်လား….

  • R Ga

    September 27, 2012 at 4:06 pm

    အဟက် ဟက်…. အနော်ကတော့ ဥကိုင်(အိုင်ပီအောင်ပုစကားခိုးသည်) ကို ဒီလို အကောင်မပြောဖူးဘူး။ သူကို ခွက်စောင်းခုတ်တယ်။ ဆဲတယ်။ မချေမငံပြောတယ်။ အခု ဆရာဇောက်ထိုးလုပ်မှ ဘဲ သူကြီးကို အကြောင်း ကောင်းကောင်းလေးရ မလိုစဉ်းစားမိသွားတယ်….။

    အော် ……ကြီးမြတ်လှစွာသော ။ ဥကိုင်(အိုင်ပီအောင်ပုစကားခိုးသည်)…။ လေးစားမိပါသည်။
    မြန်ပြည်တစ်ခေါက်အလည်ရောက်က
    မတွေးပြုငှာကြိုဆိုမှာ
    အနော် အာ ဂပါ။

    • ဇောက် ထိုး

      September 27, 2012 at 8:03 pm

      ကို R ဂျီး ခုလိုအားပေးတာ ကျေးဇူးပါဗျာ…

  • Novy

    September 27, 2012 at 4:31 pm

    သူကြီးကတော့…
    သူကြီးပါပဲရှင်…. :kwi:

    • ဇောက် ထိုး

      September 27, 2012 at 8:01 pm

      novy… ရယ်.. တကယ်ကတော့ သူကြီး ဆိုတာကတော့ ကြီးသူ ပါဗျာ…
      အသိ ဗဟုသုတ

  • အလင်းဆက်

    September 27, 2012 at 7:08 pm

    ကိုဇောက်ထိုးရေ…

    အလင်းဆက်ရေ ကျွန်တော့်ဘဝမှာ အလင်းဆက်က အလင်းရောင်တွေပေးခဲ့ပေမယ့် အရောင်မှိန်သွားခဲ့ပါတယ်။ အဲဒီအတွက် ကျွန်တော့်မှာ ခံစားရပါတယ်။ လမင်းက တာဝန်ကျေပေမယ့် ငပုတ်က အဖမ်းခံလိုက်ရသလိုဖြစ်တာထင်ပါတယ်ဗျာ… ဘာဖြစ်ဖြစ် အားလုံးအဓိကကတော့ ကျွန်တော့် စိတ်ဓာတ်ရဲ့ မရင့်ကျက်မှုပါပဲ.. ကျေးဇူးအထူးတင်ပါတယ်ဗျာ…

    အဲဒီ စကားမှာ…
    ကျနော့်အပေါ်… နားလည်မှု တစ်ခုခုများ.လွဲ နေသလား..ဟင် ။
    ကျနော် တကယ် မသိလို့ပါ ။

    ကျနော်.. ဒီ ပိုစ့်မှာ.. ..
    အားကျမိတယ်..လို ့ပြောသွားတာ…ကို…မကြိုက်တာလား…ဟင် ။
    ကျနော်က တကယ် စိ်တ်ရင်းမှန်နဲ ့ပြောမိတာပါ ။

    ကျနော်…လှောင်ပြောင်လိုစိတ်တို ့… အခြား.မကောင်းတဲ ့စိတ်တို ့…
    ဘာမှ မပါပဲ… စိတ်ရင်း နဲ ့ပြောသွားတာပါ ။
    တကယ့်ကို..ချီးမွမ်းစကား..သန် ့သန် ့ပါ… ကိုဇောက်ထိုးရယ် ။

    ကျနော်..အားကျ ရတယ်..ဆိုတဲ ့အကြောင်းက….
    ရှင်းပါတယ် ။
    ကျနော်..ဒီလို..ထိ မိတဲ ့ စာမျိုး.မရေးတတ်ဘူးလေ ။
    ကျနော်..ဆိုရင်.ပြောချင်တဲ ့အကြောင်းအရာ တစ်ခု ကို…စာလုံးရေ…
    ထောင်ချီ အောင် ရေးမှ..ပေါ်လွင်လာတာ ။

    အခု ကိုဇောက်ထိုးက..တိုတိုနဲ ့ထိထိမိမိ ရေးသွားတာလေး.တွေ ့တော့….တကယ် အားကျ လေးစား..
    လို ့……….. အားကျမိပါတယ်..လို ့..
    ပြော မိ တာပါနော် ။

    ပြိးတော့ ကိုဇောက်ထိုးရေးသွားတဲ ့အကြောင်းအရာလေးက…
    ကျနော်..လည်း… စိတ်တူကိုယ်တူ..ပြောချင်နေတဲ ့အကြောင်းအရာလေး.လေ ။
    ဒါမျိုး.လေး..မရေးတတ်လို ့…ဒီအချိန်မှာ.ကိုဇောက်ဖိုးကြီးရေးတာလေး.ကို..
    ကြိုက်လို ့.. အားကျတယ်လို ့ပြောတာပါနော် ။

    တခြား… စိတ်တွေ.. မရှိရိုးအမှန်ပါဗျာ.။

    ကိုဇောက်ထိုးအပေါ်မှာ ပြောမှားဆိုမှား…ရှိရင်.ကျနော့်ကို ခွင့်လွှတ်ပါနော် ။

    တကယ်.လေးလေးနက်နက် တောင်းပန်ပါတယ်ဗျာ.။

    ခင်မင်လေးစားစွာ…
    အလင်းဆက်

  • fatty

    September 27, 2012 at 7:54 pm

    လူသစ်တွေရော လူဟောင်းတွေရော ရေးလိုက်ကြတာ ပျော်စရာကြီးဗျာ နော

    • ဇောက် ထိုး

      September 27, 2012 at 7:59 pm

      ခုလိုပျော်တယ်လို့ ကြားလိုက်ရတဲ့အတွက် ထပ်ဆင့်ပြီးပျော်ရပါတယ်ဗျာ..

  • ဇောက် ထိုး

    September 27, 2012 at 7:57 pm

    ကြံကြံဖန်ဖန် ကိုအလင်းဆက်ရယ်… ကျွန်တော်ပြောချင်တာက ကျွန်တော့်ကို ကိုအလင်းဆက်နဲ့အတူ မိတ်ဆွေတွေက အားပေးကြ(အလင်းရောင်ပေးကြ)ပေမယ့် ကျွန်တော့်ကိုယ်တိုင်က ဒီမှာ စာမရေးနိုင်ခဲ့လို့ စိတ်မကောင်းလို့ပြောတာပါဗျာ… ကိုအလင်းဆက်တို့အားပေးပါရက်နဲ့ ကျွန်တော်မရေးနိုင်ခဲ့တာကို အားနာမိတာပါ။
    အဲဒီလို မရေးနိုင်တာကလဲ.. ကျွန်တော်ကြောင့် ဘယ်သူ့ကိုမှလဲ စိတ်မဆင်းရဲစေချင်ပါဘူး။
    နောက်.. ကျွန်တော်ကိုယ်တိုင်ကလဲ ဘယ်သူ့ကိုမှ ပုတ်ခတ်တာ.. ဆဲတာမျိုး လုံးဝမလုပ်ချင်ပါဘူး။
    ဒါပေမယ့်.. ဦးခိုင်လိုတော့ ဆဲသူတွေကြားမှာလဲ နေနိုင်တဲ့ သတ္တိ မရှိပြန်ဘူး။ ဒီတော့ ကျွန်တော်ကိုယ်တိုင်က ပြေးနေခဲ့တာပါဗျာ… ဆဲတယ်ဆိုတာ ကီးဘုတ်ပေါ်လက်လှုပ်လိုက်တာ မှန်ပေမယ့် မဆဲရဲဘူးဆိုတာက အသိကခွင့်မပြုလို့ပါဗျာ…
    ဒါပေမယ့် အဲဒီအသိနဲ့ သတိကို ထိမ်းမနိုင်လို့ ဆဲမိသွားရင် ကျွန်တော့်လုပ်ရပ်နဲ့ ကျွန်တော်အသိ မတည့်တော့ ကျွန်တော်ပဲ စိတ်ဆင်းရဲရမှာကြောက်ပါတယ်။
    ဒါကြောင့် ကျွန်တော်က တကယ် ဦးခိုင်ကို အားကျလိုက်တာပါ။
    ဆိုတော့… ကျွန်တော်ကို ကိုအလင်းဆက်တို့ အားပေပါလျှက်နဲ့ ကျွန်တော် စာမရေးနိုင်တာ စိတ်မကောင်းလို့ပါဗျာ…

  • အလင်းဆက်

    September 28, 2012 at 5:54 pm

    အော်…
    တော်ပါသေးရဲ ့…
    ကိုဇိုးထောက်ရယ်…
    အနော်က…
    နားလည်မှု လွဲသွားတာကိုး…
    အခုမှပဲ… သက်ပြင်းချနိုင်တော့တယ် ။

    အဲဒီလိုဗျ ။
    ကျနော်က.. အရိပ်ပြလို ့အကောင်မမြင်တဲ ့သူ..။

    အဖြူရောင်ဆိုရုံ နဲ့ ဘာအရောင်လဲ..မသိ ဘူး။ အဖြူရောင်ဆိုတာ ကို မျက်စိရှေ ့ ယူလာပြမှ သိနားလည် သူလေ.။ အခုမှ ပဲ… ပျော်သွားတော့တယ် ။
    ကိုဇိုးထောက်ရေ….

    ခင်မင်လေးစားလျက်ပါနော်..။

    🙂

Leave a Reply