မင်းတို့တတွေ ခြေကန်ဆွဲလို့

ငါ့မှာအမြဲ ငိုရတယ်၊

ငါ့အစောပိုင်းလေး လာကာပြတော့

ပြိုင်တူထွက်လို့ ကြိုကြတယ်၊

အဲဒီတော့—–၊

မျှဝေပေးမယ် ဆိုပြန်တော့လည်း

အပြည့်မရသမို့ ငြူကြတယ်၊

ဆွဲသုံးကြအား အလွန်များတော့

ငါ့မှာမခံနိုင် လစ်ရတယ်၊

လစ်တာကြာတော့ ဘာလို့ပျောက်လည်း

တိုင်းတန်းခြင်းလည်း ခံရတယ်၊

အဲလိုတိုင်လို့ အမြဲလာတော့

ကုန်ကျငွေကြ များတယ်တဲ့၊

ဒါကြောင့်မို့လည်း စိတ်တွေညစ်တစ်မို့

မိုးချူပ်မှဘဲ လာရဲတယ်။   ။

 

(  လျှပ်စစ်မီးလေးရဲ့ ညီးတွားသံပါ )

စာကြွင်း – လူတွေအိပ် မိုးချုပ်ရင်တော့ မြန်မာပြည်လျှပ်စစ်မီး ဗိုစ့်အား ၂၂၀ အပြည့်ပါ။

 

ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။

ကိုခင်ခ

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..