သူ ညီးတွားသံ

ခင္ခSeptember 27, 20121min16717

မင်းတို့တတွေ ခြေကန်ဆွဲလို့

ငါ့မှာအမြဲ ငိုရတယ်၊

ငါ့အစောပိုင်းလေး လာကာပြတော့

ပြိုင်တူထွက်လို့ ကြိုကြတယ်၊

အဲဒီတော့—–၊

မျှဝေပေးမယ် ဆိုပြန်တော့လည်း

အပြည့်မရသမို့ ငြူကြတယ်၊

ဆွဲသုံးကြအား အလွန်များတော့

ငါ့မှာမခံနိုင် လစ်ရတယ်၊

လစ်တာကြာတော့ ဘာလို့ပျောက်လည်း

တိုင်းတန်းခြင်းလည်း ခံရတယ်၊

အဲလိုတိုင်လို့ အမြဲလာတော့

ကုန်ကျငွေကြ များတယ်တဲ့၊

ဒါကြောင့်မို့လည်း စိတ်တွေညစ်တစ်မို့

မိုးချူပ်မှဘဲ လာရဲတယ်။   ။

 

(  လျှပ်စစ်မီးလေးရဲ့ ညီးတွားသံပါ )

စာကြွင်း – လူတွေအိပ် မိုးချုပ်ရင်တော့ မြန်မာပြည်လျှပ်စစ်မီး ဗိုစ့်အား ၂၂ဝ အပြည့်ပါ။

 

ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။

ကိုခင်ခ

17 comments

  • candle .

    September 27, 2012 at 11:55 am

    သူ ့ခဗျာလည်း တကယ်တော့ သနားစရာပါ နော်..ညည်းတော့မပေါ့..
    စကားအတင်းစပ်ရရင်တော့..
    အရေးအသား တကယ်ကောင်းတဲ့ ကိုခင်ခ ဘဲ..

  • ကိုခင်ခ

    September 27, 2012 at 1:11 pm

    first comment အတွက်ကျေးဇူးနော် candle ရေ။
    စုတ်ချာချာအတွေးနဲ့ မလှမပ အရေးတွေပါဗျာ၊
    တစ်ခါတလေများဆို ဂဇက်ကို log in ဝင်ပြီး၊ New Post စာမျက်နှာက ရယ်ဒီဖြစ်နေပြီ၊
    ကိုယ်ညက word ထဲ့မှာရိုက်ထားတဲ့စာကို copy ကူးခဲ့ပြီး Paste လေးနှိပ်ပြီးတင်ဖို့ဘဲကျန်တာကို
    နှိပ်ဖို့မဝင့်တာနဲ့ facebook ရောက်သွားတဲ့စာတွေလည်းရှိတယ် candle ရေ၊ အရေး မကောင်းပုံ ပြောတာပါ။

  • kyeemite

    September 27, 2012 at 1:59 pm

    ကိုခင်ခရေးတဲ့ “ လျှပ်စစ်မီးလေးရဲ့ ညီးတွားသံ” က
    ကိုပေါက်(မန်း) ရဲ့ “ပေးကားပေး၏မရ ကျွေးကားကျွေး၏မဝ ဘဝက လွတ်ချင်ပါ၏”
    ပို့ကိုအဖြေပေးတာလားဗျ… :kwi:

    • ကိုခင်ခ

      September 27, 2012 at 2:20 pm

      ကိုကြီးမိုက်ရေးပေးမှ ပြေးရှာပြီးဖတ်လိုက်ရတယ်၊ ဟုတ်တယ်နော် တိုက်ဆိုင်မှုတစ်ခုပါဗျာ။ မနေ့ကညက တင်မလို့ စိတ်ဆိုးတောမူမှာလား နဲ့ မနိုင်ဝန်လား နိုင်ဝန်လား ပိုစ့်နှစ်ခုတင်လိုက်လို့ သူကြီးစည်းကမ်းချက် ညှိမှာစိုးလို့ ဒီနေ့မနက်မှ တင်လိုက်မိတာပါ။

  • may flowers

    September 27, 2012 at 2:02 pm

    ဗို့အား ၂၂ဝ မကပါဘူး ၂၄၅ လောက်ဖြစ်သွားလို့ saveကဒ်ခံထားတဲ့ ရေခဲသတ္တာလေးတစ်ညလုံး မီးမဝင်လို့

    ဝယ်ထားတဲ့ ပုဇွန်ထုပ်လေး ပုတ်ကုန်တာဘာကြာသေးလို့လဲ 🙁

    • ကိုခင်ခ

      September 27, 2012 at 2:46 pm

      မမေရေ ရေခဲသေတ္တာတို့ အဲကွန်းတို့ကို အများအားဖြင့် safeguard ခံကြတာများပါတယ်၊
      ဒါပေမယ့် ရေခဲသေတ္တာတို့ ၊ ဖရီဆာတို့ ၊ အအေးကောင်တာတို့ကို ဖြစ်နိုင်ရင် regulator ဆိုတဲ့ မီးညှိုစက်လေးတွေရှိတယ်၊ အဲဒါခံသင့်တယ်။ regulator နဲ့ safeguard မီးအဝင်နည်းတဲ့အခါ မီးဖြတ်တာခြင်းတူပေမယ့် မီးအားဗိုစ့် ၂၄ဝ over ဆို safeguard ကမီးဖြတ်ထားတဲ့အတွက် ရေခဲသေတ္တာမှာ မီးမရတတ်ဘူး၊ regulator ဆိုရင် မီးအားဗိုစ့် ၂၄ဝ over ဆိုလည်း ၂၄ဝ ဘဲညှိုထားတဲ့အတွက် အထဲကထဲ့ထားတဲ့ သားငါးနဲ့ ပစ္စည်းတွေကို မပျက်စေဘူးပေါ့၊ ည ညဉ့်နက်လေ မီးအားက များလေဖြစ်တတ်တာလေ၊ ဈေးအနေနဲ့ကတော့ safeguard ထက် ၂ဆခွဲလောက်ဘဲများပါတယ်၊ safeguard က တစ်သောင်းဝန်းကျင်ဆို သူက ၃ သောင်းလောက်ပါဘဲဗျာ။
      မန့်ပေးတဲ့အတွက်လည်း ကျေးဇူးပါ။

  • Eaimet Cho

    September 27, 2012 at 2:08 pm

    တို့ဘက်တော့ မနက်မိုးလင်းတဲ့အထိ လမ်းဘေးကဓါတ်တိုင်လေးက ထိန်လို့… လမ်းမီးပြောပါတယ်..

    • ဒဿ ဖွတ်ကျား

      September 27, 2012 at 2:24 pm

      ဘယ်သူကြီးများလဲ လို့ .. ဟီဟိ..ဘယ်သူတုန်းဟင်??
      :kwi:

      ရွာသူသစ်လေး ကို ကြိုဆိုရင်း ဇဂါးမစပ် အားပေးသွားပါတယ် ကိုခင်ခရေ …

      ပုံ
      နှူးဘာဂိုဏ်းချုပ်
      ဒဿဖွတ်ကျား

      • ဝင့်ပြုံးမြင့်

        September 27, 2012 at 5:03 pm

        ဒဿဖွတ်ကျားသည် ဖဿအချိုရည်ရောင်းရန်အလို့ငှာ
        ပြဿဒ်ပေါ်တက်၍ စိုင်ကလေးများအား ရှုစားနေစဉ်
        အငမ်းလွန်ခိုက်နှင့် မီးပျက်ခိုက် ကြုံကြိုက်သွားသောကြောင့်
        ရှက်ရှက်နှင့် ဇဂါးမစပ်ဘဲ မဆိုင်သူကိုသာ အားပေးသွားပါကြောင်း ။။။

  • manawphyulay

    September 27, 2012 at 3:26 pm

    ဖတ်ရင်းနဲ့ အင်တာနက်ရဲ့ လိုင်းဆွဲအားကိုများ ပြောနေသလားလို့ပါ… 😛

  • မောင်ပေ

    September 27, 2012 at 3:30 pm

    သူလာ လာလာ မလာ လာလာ
    ကျုပ်တို့စောင့်မယ်ဟာ
    :kwi:

    • mayjuly

      September 27, 2012 at 5:06 pm

      မစောင့်လို့လည်းရမလား .. ဇွတ်ကြီး ကို များးး :kwi:

  • uncle gyi

    September 27, 2012 at 11:57 pm

    ကိုခတို့ဘက်တော့မသိဖူးဗျာ
    အန်ကယ်တို့ဘက်တော့မီးလာရင်မီးအားအပြည့်ပဲ
    ထရန်စဖာနဲ့နီးလို့လားတော့မသိဖူး
    အခုရက်ပိုင်းဆိုအိမ်ကထရန်စဖာတောင်ခံစရာမလိုဖူး

  • ကိုခင်ခ

    September 28, 2012 at 5:58 am

    ဖတ်ရှု့ကွန်မန့်ပေးကြသူအားလုံး ကျေးဇူးပါဗျာ။

  • Mobile

    September 28, 2012 at 10:34 pm

    ကို ခင်ခ နာမည်လေးကကဗျာဆန်သလောက်
    စာအရေးအသားလေးကလဲ အလွန်နှစ်သက်စရာကောင်းပါတယ်

  • ကိုခင်ခ

    September 29, 2012 at 5:56 am

    ကွန်မန့်လေးအတွက် ကျေးဇူးပါ Mobile ရေ။

Leave a Reply