***ကမ္ဘာရဲ့ ကျောရိုးပေါ်လမ်းလျှောက်ခြင်း***

maung khinminSeptember 27, 20121min523

***ကမ္ဘာရဲ့ ကျောရိုးပေါ် လမ်းလျှောက်ခြင်း***

အမေပေးတဲ့ အသက်ဓါတ်လေး နဲ ့
လောကဓံ နှင့် မိတ်ဖွဲ ့ …
” အူဝဲ “…. သံ ရဲ့ ပဲ့တင်ထပ် ဂီတ
ကမ္ဘာမြေ ရနံ ့ …. အမေ့နို ့နံ ့လှိုင်လှိုင်ထ
လူ ့အဖြစ်  ကျွန်တော်ရခဲ့ ပါတယ် ၊

ခါးလိုက်တာ  အမေရယ်
တစ်နွေလုံး ဟာ တစ်ဘဝလုံးလုံး ရင်ထဲပုန်းအောင်း
ဖုန်တစ်ထောင်းထောင်းထ  လေကို ရှိုက်သွင်း
လိုက်ရင်း ပြေးရင်း
မိုက်တွင်းနက်နက် ထဲ  … ကျွန်တော်က စိုက်ဆင်းလိုဆင်း
အတွင်းသား အလွှာကို ဖြူအောင် လျှော်ဖို ့ကြိုးစား
သား … မှားခဲ့သလား     အမေ ၊

လူသံတွေ များတဲ့လမ်းပေါ်မှာ ကားတစ်စီး ဟာ ကျွန်တော်ဖြစ်တယ်
ဆူသံ ဆဲသံ ညံနေတဲ့  အိမ်ထောင်ရေး မှာ  ကျွန်တော်မပျော်ဝင်မစီးဆင်းဖြစ်ခဲ့
ခြေဖဝါး အစုံက မြေပေါ်နင်း  သက်ပြင်းနဲ ့  မနက်ဖြန်
လက်ထပ်ဖို ့  ကျွန်တော်ကြံ နေတုန်း
ခါးသာ ကုန်းကုန်းလာပေါ့  အမေ ၊

အဆီအနှစ်မဲ့  ခန္ဓာကို   သံသရာ ထိသယ်သွားဖို ့
အညှီချစ်တဲ့ ကျွန်တော်လေ
ပလီသင့်တာ  ပလီခဲ့ရ
အဲသလို …..
လူ ့ဘဝကို  အစာအိမ်ထဲ မြိုမြိုချ
ကျွန်တော်က
ကဗျာ နဲ ့ဘဝမှာ တစ်သားထဲကျ နေရမှ ကျေနပ်
ရွှေမထွက်လည်း  နေပါစေ အမေ
ရေငတ်ပြေတယ် ဆိုရုံမျှ …. ဒဏ်ရာဟာ
အနာဖေး ကွာကျဖို ့ …..
ကျွန်တော့်  ခြေဖဝါး နှစ်ဖက် သွေးစက်စက် ယိုစီး
ဒီလမ်း .. ဒီခရီး …. ဒီ မီး …. ဒီအပူ
ကိုယ့် အယူနဲ ့ ကိုယ်
ဘဝကို နေညိုလိုက်ချင်တဲ့ကောင်
ဆိုတော့ ……………
အနာဂတ် က မှောင် တယ်ပေါ့  အမေရယ် ၊

လူ ့ဘဝနိဂုံးကို   ညှီစို ့စို ့မီးခိုးလုံးညှော်နံ ့အဖြစ်ပြောင်း
ဟို းးးးးးးးးးးးးးးးးးးး    ကောင်းကင်ပေါ်လွှတ်တင် တော့
မြေကြီး ရဲ့  သံယောဇဉ် ကို  အားနာမိ၊

သူ ့ရင်ခွင် ဟောင်းလောင်းပေါက်မှာ
ကျွန်တော့် …..
အမည်၊ အသက် … ဘယ်ရက်၊ ဘယ်နေ ့
သစ်ပြားလေးတစ်ချပ် ပေါ်တောင်မှ  အမှတ်တရ တွေနဲ ့
ပန်းခွေဖို ့  အခွင့်မရှိတော့ဘူး တဲ့လေ ၊

အတိတ်မေ့နေတဲ့    အတိတ်နေ ့တွေရယ်
အဆိပ်မိ နေတဲ့   အိုဇုန်းလွှာ အပေါက်အပြဲကြီးရယ်
ကမ ္ဘာမြေကြီးရဲ့  ပျက်စီးမယ့် တစ်နေ ့ရယ်
အာဏာတန်ခိုး တို ့ ပုပ်သိုးမယ့် တစ်နေ ့ရယ်
ကျွန်တော်ရယ် ….  ခင်ဗျားတို ့ရယ်
ရယ်လိုက် ပြုံးလိုက် လောကဓံ အောက်
ဉာဏ်ပညာ ကို ဖျော်သောက် ရင်း
ပျော်သလောက် သာ  …….
မော်မောက်ခွင့်  ရရင်ဖြင့် ။။။။

မောင်ခင်မင်(ကျွန်းချောင်း)

၂၇.၉.၂၀၁၂

 

3 comments

  • မောင်ပေ

    September 28, 2012 at 9:03 am

    အနာဂတ်ဟာ ကဗျာတစ်ပုဒ်ဖြစ်လာခဲ့ရင်
    ကိုခင်မင်ဟာ ကဗျာတစ်ကြောင်းအဖြစ် ပြောင်းလဲ
    မောင်းကွဲ ချောင်းအတွဲ ရောင်းပဲ အောင်းဆဲ ပေါင်းပြဲ

  • marblecommet

    September 28, 2012 at 12:48 pm

    ဆရာခင်ရဲ့
    ဘဝ နေထိုင်မှု အနုပညာပဲပေါ့နော့…..

  • Mobile

    September 28, 2012 at 10:13 pm

    ကူးယူသွားလိုက်ပါတယ်ဗျာ ကမ္ဘာရဲ့ကျောရိုးပေါ်ကို
    လမ်းလျှောက်ခြင်းပြီးရင် ရာဟုဂြိုလ်ရဲ့အပေါ်မှာလမ်းလျှောက်ခြင်းလေးလဲ
    အဆင်ပြေရင်ဆက်ရေးပေးပါဦး။

Leave a Reply