မနေနိုင်လို့ပြောရသည်(ပင်မှည့်ပင် အမှတ်မမှားစေချင်)

NovySeptember 27, 20121min38943

တကယ်ဆိုရင်တော့မပြောချင်ပါဘူး

ဘာကြောင့်လည်းဆိုတော့ စာရေးသူကိုအားနာလိုပါ

မပြောပြန်ရင်လည်းနောက်လူတွေအမှတ်မှားမယ်

စတော်ဘယ်ရီပင်အောက်မှာ ဂီတာတီးတာထက်ပိုဆိုးမယ်

27.09.2012ထုတ် ကြေးမုံသတင်းစာ

စာမျက်နှာ ရ မှာဖေါ်ပြထားတဲ့  “ဆေးဖက်ဝင် ပင်မှည့်သီး”

ဆိုတဲ့ ပင်မှည့်သီး ဆေးဖက်ဝင်ပုံကိုရေးထားပါတယ်

အခါတိုင်းဆိုရင် ဆောင်းပါတွေဖတ်ခဲပါတယ်

ဒီနေတော့တိုက်တိုက်ဆိုင်ဆိုင်ပဲဖတ်မိတယ်

အမှားကိုတွေတော့လည်းပြောချင်ပါတယ်

ဆောင်းပါထဲမှာ ပင်မှည့်ပင်ကိုဒီလိုဖေါ်ပြထားပါတယ်

“အပင်က၁၅ပေခန့် အမြင့်ရှိပြီး “ လို့ဖေါ်ပြထားပါတယ်

ဒီအချက်ဟာမှားနေပါတယ်

မနိုလည်း ပင်မှည့်ပင်ကို စိုက်ဘူးပါတယ် (ပင်မှည့်သီးဖျော်ရည်ကို ကြိုက်လို့ပါ)

ကိုယ်တိုင်စိုက်ပြီး ကိုယ်တိုင်ဖျော်ပြီးသောက်ပါတယ်

လက်ရှိလည်းစိုက်ထားပါတယ် ပင်မှည့်ပင်က နွယ်ပင် အမျိုးအစားဖြစ်ပါတယ်

စာရေးသူးတစ်ယောက်အနေနဲ့ မသိရင် မသေချာရင် ဒီအချက်ကိုထဲ့မရေးသင့်ပါဘူး

အပင်ကို မမြင်ဘူးတဲ့သူတွေအနေနဲ့ အမှတ်မှားနိုင်ပါတယ်

နောက်နေ့ကြုံရင် အပင်ကို ဓာတ်ပုံနဲ့တကွဖေါ်ပြပေးပါအုံးမယ်

 

 

43 comments

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    September 27, 2012 at 3:02 pm

    တစ်လောကဘဲ နိုင်ဂံဒေါ်သဒင်းဇာဂနေပီး အမျိုးသမီးငယ်လေးရဲ့
    လူသတ်မှု့လိုကိစ္စကို ဘာညာ တောင်းဘန်ပီးဘာဘီ
    ဒဂယ်ဒေါ့ စတော်ဘယ်ရီပင်ဆိုဒါ မြန်မာ့ကျွန်းသစ်နဲ့ အပြိုင် သစ်ထုတ်လုပ်နိုင်စွမ်းရှိဘာဒယ် :mrgreen:

    • Novy

      September 27, 2012 at 3:44 pm

      ဘဘပုဆီကို အိမ်ဆောက်ဖို့
      စတော်ဘယ်ရီသစ်ကို
      ကားတစ်တိုက်ပို့လိုက်ပါ့မယ်
      စိတ်ကြိုက်ဆောက်ပါနော်

  • စိန်ဗိုက်ဗိုက်

    September 27, 2012 at 3:02 pm

    ဟုတ်တယ်.
    ဓာတ်ပုံတင်ပေးမှ နားရွက်ဆွဲပြီး လာကြည့်ခိုင်းလိုက်ဦးမယ်
    ဂယ်ဘဲ..

    • Novy

      September 27, 2012 at 3:46 pm

      အေးလေ မူးနေတဲ့ကပေါက်ဖေါ်တောင်သိတယ်

  • ကိုခင်ခ

    September 27, 2012 at 3:07 pm

    နွယ်တက်နေတာကို စာရေးသူက ပင်မှည့်ပင်ထင်နေလားမှ မသိတာ မနိုဗွီရယ်။

    • Novy

      September 27, 2012 at 3:50 pm

      ကိုခင်ခရေ.
      စာရေးသူပဲ နွယ်တက်နေတာကိုအမြင်မှားလား
      ရမ်းတုတ်တာလား မသိတော့ပါဘူးတော်

      • ဒဿ ဖွတ်ကျား

        September 27, 2012 at 4:05 pm

        ခုပဲ မန့်တော့မလို့ …
        အသစ်တွေ့လာလို့ဗျို့ ..

        https://www.facebook.com/photo.php?fbid=417400914983142&set=a.175199309203305.43028.174893259233910&type=1&relevant_count=1&ref=nf
        မြန်မာ့အလင်းတို့များ ..အဟတ်..

        ကြည့်ပါအုံးဗျာ …လွဲချက်ကနာ

        အိုင်ဖုန်းဖိုက် ကြီး ပြပီး နိုကီယာလူမီယာ၉၂ဝ ပါတဲ့….
        တေဇမ်း…

        🙁

        • Novy

          September 27, 2012 at 4:22 pm

          အဲ့ဒါပြောတာပေါ့ မိဂိရယ်
          ဆယ်ခါပြန်တေဇမ်း

  • pooch

    September 27, 2012 at 3:08 pm

    မနိုရေ ကျမလည်း ပင်မှည့်ကြိုက်လို့ သောက်ဖြစ်တယ်။ အပင်တော့ မမြင်ဖူးဘူး။ မင်းကုန်းဘက်က အမျိူးတယောက်ကလည်း ပို့ပို့ပေးတယ်။ မနိုအပင်စိုက်တာ ဝါသနာပါပုံပဲ။ စိုက်လို့လွယ်ရင် နည်းလေးရောပြောပါအုန်းနော်။

    • Novy

      September 27, 2012 at 4:03 pm

      မယ်ပုရ်ရေ..
      ပင်မှည့်ပင်ကစိုက်ရတာအရမ်းလွယ်ပါတယ်
      အစေ့လေးတွေကို မြေမှာကြဲလိုက်ရင်ရပြီ (ပန်းအိုးနဲ့ပျိုးလဲရပါတယ်)
      (အစေ့ရင့်ဖို့တော့လိုပါတယ်)
      အပေါ်ကမြေကြီးလေးပါးပါးပြန်အုပ်ထားလိုက်ပါ
      10-15ရက်လောက်ဆို အပင်ပေါက်လေးတွေထွက်လာပါလိမ့်မယ်
      မြေကျယ်ရင်တော့ ဘူးစင်လိုစင်ထိုးလိုက်ပေါ့
      မနိုကတော့ခြံထဲက သစ်ပင်ခြေရင်မှာပဲထားလိုက်တယ်
      သစ်ပင်ပေါ်ကို သူဘာသာနွယ်တက်သွားတာပဲ

  • mayjuly

    September 27, 2012 at 3:11 pm

    အယ် သူက ၁၅ ပေလောက်ရှည်တဲ့ ဝါးလုံးနဲ့ စင်တင် စိုက်ထားလားမှ မသိတာနော် … :kwi:
    ပင်မှည့်ပင်က ဘူးပင်တွေလိုမျိုး စင်နဲ့ စိုက်ရတဲ့ နွယ်ပင်လေးပါ …..
    အရမ်းကြိုက်တယ် အနံ့လေးကလဲ မွှေး ၊ စားရတာလဲ အရသာလေးကကောင်းဆိုတော့ …
    ပင်မှည့်ဆိုရင် ဖျော်ရည်လိုမျိုး မစားဖြစ်ဘူး .. အလုံးလိုက်ခွဲပြီး ဒီအတိုင်းစားရတာပိုကြိုက်လို့ …
    ဘယ်လိုများဆေးဖက်ဝင်လဲ မသိဘူးနော် …

    • Novy

      September 27, 2012 at 4:06 pm

      mayjuly@
      သူ့အနံ့လေးကို ကြိုက်တယ် အရသာရောပဲ
      ဆေးဖတ်တော့ ဘာလိုဝင်လဲမသိဘူး
      ဗီတာမင်စီဓာတ်များမှာတော့သေချာတယ်

  • မောင်ပေ

    September 27, 2012 at 3:34 pm

    နွယ်ပင် ကိတ်စဆိုရင် ကိုအာဂ နဲ့သာ ရှင်းဗျို့

  • manawphyulay

    September 27, 2012 at 3:35 pm

    အင်းနော်… ဒါလေးတောင် မသိဘူးလား။ စာလည်းရေးနေပြီတော့များ.. ပြောပြလိုက် မမ..

    • Novy

      September 27, 2012 at 4:12 pm

      မနော / buu kyoa

      စာရေးသူအမှားလား ????
      ပုံနှိပ်သူ အမှားလား?????

  • buu kyoa

    September 27, 2012 at 3:47 pm

    စာရေးသူလဲ အသုံးမကျ အဲဒီကြေးမုံသတင်းစာတိုက်က အဲဒီတာ ကလဲ အသုံးမကျ

  • kyeemite

    September 27, 2012 at 3:54 pm

    ကိုပေ ပြောတာမှန်ဒယ်…ဒီကိစ္စ အဲလေ..နွယ်ပင်ကိစ္စ ဆိုဒေါ့
    ကိုရင်အာဂရေ….လာရှင်းပေးပါဗျို့… :kwi:

    • Novy

      September 27, 2012 at 4:09 pm

      မေပေါင် နဲ့ဦးမိုက်ရေ..

      အာဂနဲ့တော့ရှင်းရဲပေါင်အေ….
      သူ့ရဲ့ ကတောက်…ကိုကြောက်လို့

    • R Ga

      September 28, 2012 at 4:26 pm

      တားတားနွယ်ပင် နဲ့ ဘာမှမဆိုင်ပါကြောင်း အသိပေးအပ်ပါတယ်။ တားတားရဲ့ နွယ်ပင် ကပင်မှဲ့ အမျိုးအစားမဟုတ်ဘဲ ဆေးဘက်ဝင် နွယ်ပင်သာဖြစ်ပါကြောင်း အတိပေး အပ်တယ်။ နောက်နောင် နွယ်ပင် ကိစ္စအား မှားယွင်းစွာ ၊နားလည်မှုလွဲစွာ အသုံးပြုပါက
      တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါတယ်။

      ပုံ
      မစ္စတာမောင် အာဂ(မူလ ပထမ နွယ်ပင်ပိုင်ရှင်)

      😀

  • မိုးသောက်ချိန်

    September 27, 2012 at 3:59 pm

    အပင်လည်း စိုက်ဘူးပါတယ်
    အသီးကိုလည်း ဖျော်သောက်ဖူးပါတယ်
    နွယ်ပင် အမျိုးအစားပါ
    ပြောရင်းနဲ့ သောက်ချင်လာပါသည်
    အမှားများကို ရှာဖွေ ရှင်းလင်းပေးပါသောကြောင့်
    ကြေးမုံ အစား (ဦးကြောင်ကြီးကိုယ်စားပြောပေးခြင်းဟု မထင်စေချင်ပါ)
    ကျေးဇူးအထူးတင်မိပါသည် …… 😆

    • Novy

      September 27, 2012 at 4:14 pm

      မိုးသောက်ချိန်@

      ဒါလဲကိုသိတဲ့ အမှားမို့ပါ
      မသိတဲ့အမှားတွေ ဘယ်လောက်တောင်ရှိနေလိမ့်မလဲ

  • Ma Ei

    September 27, 2012 at 4:07 pm

    ပင်မှည့်သီးပင် မအိတို့အိမ်မှာလဲ အရင်ကရှိတယ်…
    အိမ်ရှေ့ကစွယ်တော်ပင်ပေါ်ရယ် နောက်ဖေးခြံစည်းရိုးမှာ နွယ်တက်နေတာပါ…
    ပိတ်စပါးပါး ထဲခွဲထည့် အရည်ညှစ်ပြီး သကြားနဲ့ ဖျော်သောက်ပါတယ်…
    အနံ့ လဲမွှေး အရသာချိုချို ချဉ်ချဉ် အရမ်းကြိုက်တဲ့ ဖျော်ရည်ပေါ့…
    ခုတော့ ၁၅ ပေလောက်မြင့်တယ်တဲ့လား…
    :hee:

  • Novy

    September 27, 2012 at 4:16 pm

    မအိရေ..
    ၁၅ပေအမြင့်ပေါ်နွယ်တက်နေတာမြင်ပေလို့ပေါ့
    ပေ၅ဝလောက်မြင့်တဲ့အပင်ပေါ်မှာနွယ်တက်နေတာတွေ့ခဲ့ရင်တော့
    ဒုက္ခ…

  • ရွှေ ကြည်

    September 27, 2012 at 4:26 pm

    မနိုရေ နွယ်ပင်ဖြစ်ကြောင်းထပ်လောင်းထောက်ခံပါတယ်..။
    ရွှေကြည်တို့ အဘရွာမှာ အဒေါ်တယောက်အိမ်မှာစိုက်ထားပါတယ်။ သရက်ပင်ပေါ်ပဲနွယ်တက်ခိုင်းထားတယ်။ အသီးကိုထိပ်ဝလှပ်ပြီး သကြားထည့် ဇွန်းသေးလေးနဲ့မွှေပြီးစားဖြစ်တယ်အရမ်းကြိုက်ပါတယ်။ အခုတော့မစားရတာကြာပြီ။

    • Novy

      September 27, 2012 at 4:46 pm

      ရွှေကြည်ရေ.
      အစေ့လေးတွေကို ဇကာနဲ့တိုက် ရတဲ့အနှစ်တွေကို သကြားလေးနဲ့ဖျော်ပြီး
      သောက်လိုက်တာပဲ

  • etone

    September 27, 2012 at 4:39 pm

    မနိုရဲ့ … စင်ထိုးစိုက်လျှင် 15ပေ အမြင့်ထိ စိုက်လို့ ရတယ်လို့ ပြောတာဖြစ်မယ် … အဟိ …. ။
    လှေခါးလေးထောင်ခူးရုံပဲ … ခွိခွိ ။ :kwi:

  • Novy

    September 27, 2012 at 4:47 pm

    တုံတုံရေ….

    ဒေါ်မြလေးလေသံနဲ့ပြောရရင်တော့
    ပြောကို….မပြောချင်ဘူးအေ….

  • ကိုခင်ခ

    September 27, 2012 at 4:59 pm

    ဒီနေရာမှာနည်းနည်းလောက်တော့ရေးပါရစေ။ အခုတင်တဲ့ သတင်းစာမှာ ပင်မှည့်သီးက သွေးတိုး၊ သွေးတက်တာ ကျစေကြောင်းအဓိကညွှန်းပါတယ်၊ ဟုတ်ပါတယ်၊ ပြီးတော့ပင်မှည့်သီးက အသားအရေခြောက်တာ ညိုတာတွေ၊ အဆီအစားများလို့ အီလည်လည်ဖြစ်တာတွေ၊ ကိုယ်တွင်းအပူကြီးတဲ့အချိန် ဥပမာ နွေရာသီတွေမှာ ပင်မှည့်သီး၊ ပင်မှည့်ဖျော်ရည်သောက်ခြင်းက သက်သာကောင်းစေပါတယ်၊ ပင်မှည့်ဖျော်ရည်ကို သကြားအစား ပျားရည်နဲ့ဖျော်ရင် ဆေးအာနိသင်ပိုကောင်းတယ်လို့ ဖတ်ဖူးပါကြောင်းမျှဝေပါ၏။

    • Novy

      September 28, 2012 at 9:16 am

      ကိုခင်ခ
      ကျေးဇူးပါနော် အခုလိုဆေးဖတ်ဝင်ပုံကို ပြောပြလို့
      ပင်မှည့်သီးသောက်လို့ နိုဗွီ အသားလေးတွေလှနေတာဖြစ်မယ် :harr:

  • မဟာရာဇာ အံစာတုံး

    September 27, 2012 at 7:45 pm

    ပင်မှည့်ပင် က နွယ်ပင် အမျိုးအစားဆိုတော့
    ဥအာဂ ဒေါ့ဖြင့် ပွဒါဘဲ …
    :kwi:

    ပင်မှည့်ပင် နဲ့တော့ မသိပါဘူး ..
    ပို့စ်ထဲမှာ ပါသလိုပါပဲ စတော်ဘယ်ရီပင်အောက်မှာ ဆိုပြီး အမှတ်မှားခဲ့ဖူးပါတယ် …
    စတော်ဘယ်ရီပင်အောက်မှာ တူနှစ်ကိုယ် ချိန်းတွေ့တာ ဘာညာ သာရကာ ပေါ့ဗျာ ..

    • Novy

      September 28, 2012 at 9:20 am

      ခြောက်မျက်နှာရေ. မနိုကတော့ စတော်ဘယ်ရီပင်အောက်မှာ
      ဂီတာလေးတီမလားလို့ :kwi:

  • ကထူးဆန်း

    September 28, 2012 at 6:31 am

    ကျေးကျေးပါ နိုဗွီ ။ ကျွန်တော်လည်း သတင်းစာထဲ ဖတ်ရတော့ ငါသိတာ ပင်မှည့် ပင်ကတော့ နွယ်ပင် ပါ ။ သူ့ ပင်မှည့် က ဘယ်လို ပင်မှည့်ပင်ပါလဲ ။ အခေါ်တူ လို့များလား စဉ်းစား မိလိုက်သေးတယ် ။ ရှမ်းလို ဘယ်လိုခေါ်တယ်ဆိုတော့ ကိုယ်မသိတဲ့ အပင်များလားလို့ .. :kwi:

    • Novy

      September 28, 2012 at 9:46 am

      CJ ထူးလည်း သတင်းစာဖတ်မိတယ်ပေါ့
      သူလုပ်မှပဲ လိမ္မော်ပင်လိုသီးတဲ့
      အပင်များလားလို့ စဉ်စားမိရဲ့

      မမရေ.
      နိုဗွီတို ဒဂုံကခြံမှာလဲ ၂၅ပေလောက်မြင့်တဲ့ ပျဉ်မပင်ပေါ်ကိုနွယ်တက်ခိုင်းလိုက်တာပဲ

      ကိုဆာမိရေ.
      တစ်ခါတစ်လေတော့ ဈေးတွေမှာချရောင်းတာတွေ့တယ်
      ဒီပိတ်ရက် ဒဂုံသွားရင်းနဲ့ အသီးရင့်နေရင်ခူးလာပေးပါ့မယ်
      အီးမေးလိပ်စာလေးပေးထားပါလား

      • surmi

        September 28, 2012 at 2:22 pm

        သီးသန် ့တော ့ မခူးပါနဲ ့ဗျာ အားနာစရာ
        ကျနော်က ရန်ကုန်မှာရှိခဲတယ် ။ ခရီးများနေလို ့
        zymoasis@gmail.com ပါ ။

  • MaMa

    September 28, 2012 at 9:13 am

    ပင်မှည့်သီးကြိုက်လို့ အိမ်မှာလည်း စိုက်ဖူးတယ်။
    အပင်ကြီးကို နွယ်တက်ပြီး သီးတာကို အဲဒီအပင်ကြီးက သီးတာလို့ ထင်သွားဟန်တူပါရဲ့ မနိုရေ။

  • surmi

    September 28, 2012 at 9:16 am

    စိုက်စရာ နေရာမရှိလို ့ စိုက်လို ့မရပါဗျာ
    သို ့သော်လည်း ကျောက်မဲမှာသောက်ခဲ ့ဖူးကတည်းက အလွန်
    နှစ်သက်တယ်ဗျို ့ ။
    ရန်ကုန်မှာ ဝယ်လို ့ရမည် ့နေရာလေးများညွှန်ကြားပါဦးဗျာ ။

    • ရွှေ ကြည်

      September 28, 2012 at 9:28 am

      ကိုရင်ဆာမိရှင့် ဝယ်မနေနဲ့ မနိုဆီမှာသွားတောင်းသောက် 😆

      • Novy

        September 28, 2012 at 9:48 am

        ဟွန်း ရွှေကြည်နော် ဆနွင်းမကင်းလုပ်စားပစ်လိုက်မယ် :kwi:
        ဒီကလဲပေးမလို့ပြောနေပါတယ်နော်

  • နွယ်ပင်

    September 28, 2012 at 12:55 pm

    အမှန်က ပင်မှည့်က နွယ်ပင်အမျိုးအစားပါ ( ဂနဲ့တော့ ဘာမှဆိုင်ဝူးနော် ) :kwi:
    နွယ်ပင်လည်း ပင်မှည့်ဖျော်ရည်ဆို အရမ်းကြိုက်တာ အပင်ကိုုစိုက်ချင်ပင်မယ့် နေရာမရှိလို့
    မစိုက်ဖြစ်ဘူးလေ …..

    • Novy

      September 29, 2012 at 10:36 am

      ချဉ်သောမောင်
      တားတားရဲ့ ပင်မှည့်မဟုတ်တဲ့ ဆေးဘက်ဝင် နွယ်ပင်လေးကို မူပိုင်ခွင့် မထိရဲ့ပေါင်ရှင်
      ကတောက်…… လန့်ထှာ

      သဲသဲ
      ဂခေါ်သလိုခေါ်ကြည့်တာ

  • အရီးခင်လတ်

    September 28, 2012 at 4:58 pm

    ဒါမှ တို့ နိုဗွီ ကွ။
    ဒီလိုထောက်ပြ နိုင်တာ များလာရင် တော်ရုံ ဗဟုသုတ မပြည့်ဘဲ နဲ့ ရွှီးပြီး မရေးရဲ မှာ။
    ဒီနောက် သူတို့ လဲ အလုပ်တာဝန်အတွက် စာများများဖတ်လာနိုင်ကြပါတယ်။
    လေးစားပါတယ် နိုဗွီ ရေ။ :hee:

    • Novy

      September 29, 2012 at 10:39 am

      အရီးလတ်ကပါထောက်ခံပေးတဲ့အတွက် ကျေးဇူးပါရှင်
      လေးစားပါတယ် နိုဗွီ ရေ လို့တွေ့လိုက်တော့
      မာန်တက်သွားပါကြောင်း

Leave a Reply