နယ်စည်းမခြားဂေဇက်အရက်သမားသမဂ္ဂဝင်များအတွက် Mango-go(Cocktail) ပြုလုပ်နည်း

အာဂSeptember 27, 20121min34335


ကျွန်တော်တို့ နယ်စည်းမခြား ဂေဇက် အရက်မသားသမဂ္ဂဝင်တွေ နည်းနည်းများ ငြိမ်နေကျလားလို့ စိုးရိမ်စိတ်တွေများ ပြီးအိပ်မပျော်တဲ့ရက်တွေများခဲ့ပါဘီ။
ဒါကြောင့် သမဂ္ဂဝင်များ အတွက် အိမ်မှာလုပ်ပြီးသောက်လို့ရအောင်လို့ နည်းတစ်နည်းပေးပို့လိုက်ပါတယ်။

အပူပိုင်းဒေသထွက် အသီးတစ်မျိုးလည်းဖြစ်သလို
အသီးမှာသရက်ဆိုတဲ့ စကားနဲ့အညီ
သရက်သီးနှင့်ပြုလုပ်တဲ့
Cocktail အဖျော်ယမကာ တစ်မျိုးကို
မိတ်ဆက်ပေးချင်ပါတယ်။
Mexico နိုင်ငံ၏ နာမည်ကြီး ကျော်ကြားသော
Tequila (တကိလာ) အရက်ကို များသောအားဖြင့်
ဆားနှင့် သံပရာသီးကိုသာ တွဲဖက်သုံးဆောင်ကြသော်လည်း
ယခုTequila (တကိလာ) အရက်ကို သရက်သီးနှင့်အတူ
တွဲဖက်ရင် ဘယ်လောက်စွဲမက်ဖွယ်ကောင်းပြီး
အနံ့အရသာနှင့် ပြည့်စုံတယ်ဆိုတာ
ကိုယ်တိုင်ခံစားကြည့်ရင် . . .
ကျွန်တော် ရေးပြနေတာထက် ပိုပြီးသိမှာပါ။

ပါဝင်မှု –
• Tequila(Mexico) – 45 ml
(တကိလာအရက် – ၁ ပတ်နှင့် ၁ ဝက်)
• Mango syrup (MONIN) – 30 ml
(သရက်သီးအဆီ – ၁ ပတ်)
• Splash of lime juice (သံပရာရည် အနည်းငယ်)

ဖျော်စပ်နည်း –
1 . Pour Mango Syrup into Rock glass with over ice.
ဝီစကီခွက် (Rockglass ) ထဲသို့ ရေခဲထည့်၍
သရက်သီးအဆီ (MONIN) အားအပေါ်မှလောင်းထည့်ပါ။

2. Add the lime juice (splash) and stair slowly.
သံပရာရည် အနည်းငယ်ညှစ်ထည့်၍
ဖြည်းညင်းစွာ အချိန်ယူ၍ မွှေပေးပါ။

3. Add the Tequila and little bit of cube ice.
တကိလာ(Mexico) အရက်နှင့်
ရေခဲတုံးအနည်းငယ်ထည့်ဖြည့်ပါ။

4. Stair slowly and Garnish with orange
wedges and Basil.
ထို့နောက် ပါဝင်ပစ္စည်းအားလုံးကို ဖြည်းညင်းစွာ
သမအောင်မွှေပြီး လိမ္မော်သီးစိတ်နှင့်
ပင်စိမ်းရွက်လေးထည့်ကာ အလှဆင်ပါ။

5. Serve.
အရသာကောင်းမွန်ပြီး သစ်သီးရနံ့နှင့် ပြည့်စုံသော
Mango – go Cocktail ကို သုံးဆောင်နိုင်ပါပြီ။

သူကြီးရေ Categories မှာ အရက်နဲ့ပတ်သက်တဲ့ Categories တစ်ခုလောက် တိုးပေးရင်ပိုကောင်းမယ်ထင်အဟိ

35 comments

  • Khaing Khaing

    September 27, 2012 at 4:23 pm

    အင်း … မိန်းမက အချက်အပြုတ်ကောင်း .. ယောက်ျားဖြစ်သူက အရက်စပ်တာကောင်းဆိုတော့ …. ဆိုင်ဖွင့်လို့ရပီ အားပေးမယ်နော် …….. ရွာသားတွေကတော့ သူတို့ဆိုင်မှာ ကြက်ပျံမကျစည်ကားအုံးမယ် …

    • R Ga

      September 27, 2012 at 4:33 pm

      အမှန်က သူများလုပ်နည်းကိုယူထားတာ ကိုယ်တိုင်လည်းလုပ်သောက်ချင်တာ ကြာပေါ့ Tequila ဖိုး မရှိလို့ လုပ်မသောက်ဖြစ်တာ..။ Tequila အစား ဘီအီးနဲ့ လုပ်ကြည့် မယ်လို့တော့စဉ်းစားထားဗျ..။ အဟိ…။

  • ဒဿ ဖွတ်ကျား

    September 27, 2012 at 4:24 pm

    ဂလု ဂလု

    သများ ပြန်လာရင် လုပ်တိုက်ပါ
    ချစ်တောမောင်….

    ပုံ
    ချစ်တောဂီ့

    :kwi:

    • နွယ်ပင်

      September 27, 2012 at 4:34 pm

      ဒီမှာ အူးဂီ သများမူပိုင်ခွင့်ကို ခဏခဏ ယူသုံးနေတယ်
      နောက်တစ်ခါ သုံရင် မူပိုင်ခွင့်တင်ပါ ဒါဗြဲ …… :harr:

  • Green Rose

    September 27, 2012 at 4:36 pm

    ပုံလေးကြည့်ရတာတော့ သောက်ချင်စရာလေး..
    ဒါပေမယ့်.. ဒါပေမယ့်….

  • etone

    September 27, 2012 at 4:40 pm

    ယုံဘူးအေ … သက်သေပြ …. ဒါဗြဲ ……. ။ :harr:

    သဂျီးဗျို့ .. ဒီလင်မယားနှစ်ယောက်စလုံးကို တပတ်လောက် ဘမ်းထားပေးပါ .. အဟိ … ။ :mrgreen:
    ပုံတွေ ပြပြပြီး .. နှိပ်စက်လွန်းလို့ …. မနေ့ကတော့ ပုစွန်အစိမ်းသုတ် .. ဒီနေ့တော့ … ဟင် ့ … :byae:

  • R Ga

    September 27, 2012 at 4:48 pm

    တူးများတွေ သရေယိုနေဘိ သဲရေ….အဲဒီအမှုနဲ့ မှောင့်တို့ အဲ မောင်တို့ကို ဖမ်းကျမတဲ့ ရုတ်ကျပါဦး..။ အမြန်ဆုံး သက်မတ ကြီးဆီ စာတင်လိုက်မယ်နော့…။ တဲ..။

    ဟိဟိ

    • etone

      September 27, 2012 at 4:59 pm

      အဲတော့ …. ချဉ်စရာအေ … ။ :eee:
      လူကြားထဲမှာတောင် … ချစ်သောမောင်နဲ့ … သဲ တွေ ဖြစ်ကုန်ဘီတော့ … ။
      ကင်ပွန်း တပ်ပွဲအတွက် …. ညည်းတို့လင်မယား …. တစ်ခုခုတော့ လုပ်ပေးရတော့မယ် … ခွိခွိ :kwi:

      • R Ga

        September 27, 2012 at 5:11 pm

        တူများတွေလို့ သဲသဲ လို့တော့ခေါ်ပါဝူးအေ…။ လူကြားထဲ တဲတဲ အဲ သဲသဲ ဖြစ်နေကြ တာ ချစ်စရာ အေ ၊အဲ ချဉ်ထာအေ

        • etone

          September 28, 2012 at 12:19 am

          အွန် ….. အွတ်ဟွတ်ဟွတ် …. နင်တောင်နင်တွားဘီ မဖြစ်နိုင်တာဟယ် ဘယ်လောက်မူးမူးမွှားခေါ် စရာလား ခွိခွိ :kwi:
          သဲသဲတော့မခေါ်ဘူး နောက်တခါဆို ငိုသံကြီးနဲ့ သဲကြီးလို့ပဲခေါ်မယ် ဟိဟိ :harr:

    • R Ga

      September 27, 2012 at 5:14 pm

      ယူလို့ရပါတယ်ခင်ဗျ.။ လုပ်လည်းသောက်လို့ရပါတယ်။ စိတ်ပါရင် သမဂ္ဂထဲလည်းဝင်လို့ရပါတယ်။…။ အမျိုးသမီး အမှုဆောင်တာဝန်လည်း ထမ်းချင်ရင်ထမ်းရွက်လို့ရပါတယ်။

  • Crystalline

    September 27, 2012 at 7:02 pm

    Mexico အရက်ဆိုတာ နည်းနည်းတော့အရသာကြမ်းမယ်ထင်တယ်။ ဒီမှာအနီးစပ်ဆုံးကဘာဖြစ်မလဲမသိဘူးနော်. ဝီစကီလား၊ ရမ်လား? ဘီအီးနဲ့လုပ်သောက်ရင်တော့ ကောင်းမည်မထင်င်..
    ကော့ကရိတ်ဖက်မှာသောက်ဖူးတဲ့အောဂျီးကတော့ တော်တော်ကောင်းတယ်. စပ်ထားတာလည်းတော်တော် အမျိုးစုံတယ်.

  • ဦး ကျောက်ခဲ

    September 27, 2012 at 8:03 pm

    ဦးလေးရော အဲဒီ သမဂ္ဂထဲ ဝင်လို့ရမလား?
    အသက်ကန့်သက်ချက် ရှိရင်ပြောပါဗျာ
    ၃၁ဘုံ၊ ဤလူ့ဘုံ မှာပဲ ရတဲ့အရာတွေ မှီဝဲသွားချင်လို့ပါ…….
    :kwi:

  • surmi

    September 28, 2012 at 9:05 am

    သိပ်မမူးဘူးဆိုရင် စမ်းကြည် ့ချင်တယ်
    အူရိုင်း ဆိုတော ့ မူးမှာကြောက်ရို ့ ဟဲ ဟဲ

  • ကြောင်ဝတုတ်

    September 28, 2012 at 9:08 am

    အော်… ဒီလင်မယားနှစ်ယောက်တော့…

    တစ်ယောက်က အမြည်းတင်ပြီး တစ်ယောက်က ယမကာတင်တယ်…
    ဟိုနေ့က အမြည်းကို ဒီနေ့တင်တဲ့ ယမကာနဲ့သောက်သွားပါတယ်…

    ညီလေးနဲ့ ညီမလေး ကျန်းမာချမ်းသာပါစေ… ဟိဟိ…

    သဲနှင့်ချစ်သောမောင်တို့ရဲ့အစ်ကိုကြီး-
    ကြောင်ဝတုတ်

  • kyeemite

    September 28, 2012 at 9:21 am

    စောစောစီးစီး ဂဇက်ဖွင့်ဖတ်လိုက်ပါတယ်…
    ဂလု ဂလု…သောက်ချင်ထှာ…
    ဇကားအတင်းစပ်………Tequila(Mexico) တို့ Mango syrup (MONIN) တို့က
    ဒီမှာဝယ်လို့ရလား..ဟင် :ha:
    ……………………………….
    ဦး ကျောက်ခဲ ခင်ဗျား..ဝင်လို့ရကြောင်း သမဂ္ဂ ကိုယ်စားပြောပါရစေ…. :kwi:

    • aemoshu

      October 1, 2012 at 9:38 am

      အပြင်မှာဝယ်လို့ရမှာပါ .. သေချာတာကတော့ Summit park view ဘေးက ပိုင်အိုးနီးယားမှာရတယ် … ဟီး

  • captainamerica

    September 28, 2012 at 10:20 am

    ရန်ကင်း စင်တာ စီးတီးမတ်မှာရဂျောင်းပါ ……………….

  • Novy

    September 28, 2012 at 10:25 am

    အာဂရေ..

    နယ်စည်းမခြားဂေဇက်အရက်သမားသမဂ္ဂဝင်များအတွက်
    နောက်တစ်နည်းပေးလိုက်မယ်

    ဂျင် -၁ပတ် (ဗေါကာနဲ့ဆိုပိုကောင်း)
    ကြက်ဥအကာ -၁လုံး
    သံပုရာသီး – ၁စိတ် (အရေညစ်ထဲ့)
    အဲ့ဒီ့သုံးမျိုးကို ကောက်တေးစပ်တဲ့ ဘူးထဲထဲ့
    ရေခဲတုံးလေးတွေလဲထဲ ပြီးရင် အဖုံးပိတ်ပြီး ရှိတ်လိုက်
    ပြီးရင်တော့ သံပုရာကွင်းလေး အလှဆင်ပြီး
    ဖန်ခွက်ထဲထဲ့ပြီးသောက်လိုက်
    ကောင်းမှကောင်း

    • မောင်ပေ

      September 28, 2012 at 1:31 pm

      အဲဒီဟာက အရက်ဆိုလဲဟုတ်
      အားဆေးဆိုလဲဟုတ်
      ကောင်းရုံတင်မက
      အူးအားပြားချပ်ချပ်…
      :kwi:

    • Shwe Tike Soe

      September 29, 2012 at 11:38 am

      ယနေ.မှစကာ မနိုဗွီအား နယ်စည်းမခြားသမဂ္ဂ မှ ရှက်ကီ ကွန်ဆားတန်. အဖြစ် ခန်.အပ်လိုက်ပါကြောင်း
      ပုံ
      သမဂ္ဂအဖွဲ.ဝင်
      ရွှေတိုက်စိုး Ph.D ကြွက်တွင်း

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    September 28, 2012 at 11:10 am

    အရက်သောက်တဲ့အခါ ကိုယ့်ဖါသာစပ်ပြီးသောက်ရတာ ပိုကြိုက်တယ်
    အထူးသဖြင့် ကျုပ်က ဝီစကီကို ဆိုဒါထက် အချိုရည်တစ်မျိုးမျိုးနဲ့ ရောသောက်တာ
    ပိုအဆင်ပြေတယ် ( ကြိုက်တယ်ဆိုရင် အာပတ်သင့်မှာဆိုးလို့ အဆင်ပြေတယ်လို့ပြောဒါ :mrgreen: )
    အဲ့သည်အရက်စပ်နည်းကလည်းပညာတစ်မျိုးဘဲ လျှော့မတွက်နဲ့
    အခြားအရက်စပ်နည်းတွေရှိကြလျှင် သိကြလျှင် ဒီနေရာမှာ ဆရာစားမချန်ပေးဂျဘို့
    တိုက်တွန်းဘာဒယ်
    အပေါ်ဂ အန်တီ နိုးဗွီဝိုင် ကိုကျေးဇူးတင်ဘာဒယ်ဗျာ
    တစ်နေ့ကတောင် ဗေါကာ ဒဘုလင်းအလဂါးရလို့
    စပရိုက်အချိုရည်ရောပြီး သံပုရာသီးညှစ်ထည့်သောက်တာ ကောင်းမှကောင်း
    ကိုအာဂဂျီးလည်းကျေးဇူးဘဲဗျာ
    သူများတွေနည်းပညာတွေဝေငှတော့ ကျုပ်လည်း ပြန်လည်ဝေငှဘာဒယ်
    သဂျီးမရှိရင် ရွာဆူ အမြည်းမရှိသော် အားပူတယ်လို့ အဆိုရှိတယ်မလား
    အရက်နဲ့ အမြည်းဟာ အတော်ဂရုစိုက်ရပါတယ်
    အရက်ဝိုင်းမှာ အမြည်းတွေအရန်းများရင် အရက်သောက်တာနဲ့ မတူတော့ပါဘူး
    အမြည်းမရှိရင်လည်း ပြဿနာတက်ပါတယ်
    ကြုံလို့ပါ
    ကုဋေရှစ်ဆယ်သူဌေးသားခွက်ဆွဲတဲ့ဘဝရောက်သွားတာအရက်ကြောင့်လို့ပြောကြတာကို
    ကန့်ကွက်ပါတယ် အရက်နှင့် အမြည်းကို လိုက်ဖက်စွာ မသုံးဆွဲလို့ဘာ
    ဒါ့ကြောင့် ခွက်မဆွဲရစေဘို့အရေး
    ငွေကြေးချွေတာနည်းလေးဘာ :mrgreen:
    ဘာဘဲဖြစ်ဖြစ် ခပ်ပျင်းပျင်းလေးဒဂျိုက်လောက်ကစ်ထည့်လိုက်လို့ အာပူသွားရင်
    မရမ်းပြားခြောက်ကလေးတစ်ဖတ်လောက်ကောက်ဝါးလိုက် အဆင်ပြေသွားပါတယ်
    နေ့ဘို့ညစာထားတာဝါသနာပါရင် မရမ်းပြားခြောက်ကလေးကို မဝါးစားလိုက်ပါနဲ့
    တစ်ခါကစ်ပြီးတိုင်း တစ်ခါစုပ်ပါ ပြီးရင် ထရံကြားမှာပြန်ညှပ်ထားပါ နောက်တစ်နေ့ဒီလိုပါဘဲ
    အင်မတန်လွယ်ဘာဒယ်

    • အိမ်လွမ်းသူ

      September 28, 2012 at 11:51 am

      Facebook မှာဖတ်မိတဲ့ ကဗျာလေး ဖြင့် ကိုအောင်ဘု နှင့်ထွန်းကွ အရက်သမား သမဂ္ဂ အဖွဲ့ဝင် များအား ဂွမ်ပြု လိုက်သည်…
      ” သေရည် သေရက်
      လူကို ပျက်ဟု
      ဆိုရိုးစကား ရှိပါ ငြားလဲ
      သောက်သူ တိုင်းသာပြက် ရပါမူ
      ဘယ်မှာ လူကောင်းရှိ မည်နည်း “

    • အိမ်လွမ်းသူ

      September 28, 2012 at 11:52 am

      Facebook မှာဖတ်မိတဲ့ ကဗျာလေး ဖြင့် ကိုအောင်ဘု နှင့် တကွ အရက်သမား သမဂ္ဂ အဖွဲ့ဝင် များအား ဂွမ်ပြု လိုက်သည်…
      ” သေရည် သေရက်
      လူကို ပျက်ဟု
      ဆိုရိုးစကား ရှိပါ ငြားလဲ
      သောက်သူ တိုင်းသာပြက် ရပါမူ
      ဘယ်မှာ လူကောင်းရှိ မည်နည်း “

    • Novy

      September 28, 2012 at 3:00 pm

      အမလေးးးးးးးးးးးးဘကြီးပုရဲ့…
      မရမ်းပြားခြောက်တောင် ထရံခြားညှပ်ပြီးမြည်းရမယ်လို့
      အရက်ဖိုးတော့ အကုန်ခံပြီးမှတော့ မရမ်းပြားခြောက်ကြမှတော်…

  • marblecommet

    September 28, 2012 at 12:20 pm

    ကိုအောင်ပု နည်းလမ်းလေး
    မှတ်သား သွားပါပြီဗျာ…အာဟိ…..

  • Shwe Tike Soe

    September 28, 2012 at 2:10 pm

    အမလေး သဲရယ်… သများတို.က အရက်သမားသမဂ ပါဆို….. ကောက်တေးလာ ပြနေဒယ်… ဒီမယ် ကိုအာဂ သများတို.က သောက်မယ်ဆို အပြင်းပဲ… မသောက်ဘူးဆို အပြတ်ပဲ….. ကောက်တေးဒွေ တောက်တေးဒွေ မသိဘူး..
    အပြင်းပဲ ဒါပဲ………. မိုက်ရင် ညနေ ရွှေခိုင်မှာ ချိန်းတောက်မယား……… ငွင်းငွင်းငွင်း……. :hee:

    • R Ga

      September 28, 2012 at 4:06 pm

      တုပိုက် မ….. နာ့ကို စိန်ခေါ်တာလား….ဟွန်း…။ အပြင်းကို ရွှေခိုင်မှာ မသောက်ဘူး သတိ္တရှိရင်….။ အရက်ပြန်ကို ဆားခပ်ပြီး ပြိုင်သောက်မယ်။ အိမ်ကိုလာခဲ့ ဒါဗြဲ။

      • etone

        September 28, 2012 at 6:25 pm

        ှညည်းတို့သောက်မယ်ဆိုလျှင် အရက်ပြန် စပွန်ဆာပေးပါမယ် …. ။ :harr:

  • kyeemite

    September 28, 2012 at 2:48 pm

    ရွှေတိုက်က အလေလိုက်မလို့လား
    အီဖေလည်းလိုက်မယ်…သတိ..အီမေတွေဒေါ့ခေါ်လာနဲ့နော်..
    :hee:

    • Shwe Tike Soe

      September 29, 2012 at 11:45 am

      ဟွန်. မုန်းထာဦးမိုက်ကြီး သများကို နှစ်ယောက်ထဲ ပုလင်းတစ်ဝက်ကြိုးအောင် ဆွဲခေါ်သွားတာ.. အိမ်ပြန်တော့ ဖင်ကို ထောင်လို.
      နောက် အဲလို တိုက်ရင် စိတ်ဆိုးမှာနော်……… အဟီးးးးးးးးးးးးးး :kwi:

  • ရဲစည်

    September 28, 2012 at 9:46 pm

    အနှီပို့စ်မျိုးတော့ဖြင့် ….
    ကျုပ်ကို အလွန်အကျိုးပြုသမို့ ကျေးဇူးအထူးတင်ပါတယ်ဂျာ။
    အသေအချာ ဖတ်မှတ်လေ့လာသွာပါကြောင်း …… ဒါမျိုးတွေ ရေးပြတော့ အရင်က သောက်ဖူးတဲ့ မရမ်းတောင် အရက်လေး အရမ်းသတိရသဗျ အမြည်းဖြင့် ဝယ်မရလို့ အပင်အောက် ကြွေကျနေတဲ့ ဒူးရင်းသီးလေးကို တယောက်တလက် ကလော်စား ဒညင်းသီးလေး မီးဖုတ်ပီး မျှဝေသောက်သုံးခဲ့ဖူးသဗျ။ ခုတော့ဖြင့် တကြိမ်လောက် ပြန်တွယ်ချင်သေးသဗျို့ အဟေး…ဟေး

  • စိန်ဗိုက်ဗိုက်

    September 29, 2012 at 4:06 pm

    ခင်ဗျား..တို ့ဗျာ.
    တစ်နေ ့တစ်နေ ့..အရက်အကြောင်း..ဘီအီးအကြောင်းတွေပဲ ဆင်းစားနေကြတယ်..
    တော်တော်ဆိုးတယ်ဗျာ..
    တခြား နည်းတွေရှိရင်လဲ ခုလိုပဲ ပြောကြဖို ့မမေ့နဲ ့ဦးလို ့ သတိပေးလိုက်ပါတယ်

    • R Ga

      September 29, 2012 at 4:31 pm

      ဆိုးဆိုး ဂျာ…အူးလေးကလည်း…။ ဒါလေးတော့ နေတိုင်း သတိရနေတာဗျ..။ နောက်လုပ်နည်းအသစ်ရှိရင် ထပ်တင်လိုက်မယ်ဂျာ…။

Leave a Reply