ကျိန်ဆိုရင်ကျိန်ပြပါ့မယ်

DEPARKO DEPARKOSeptember 27, 20121min104

အမေမှာကြား ဆုံးမသွားခဲ့၊
ငါ့သား မုသားမဆို မျက်မသိုလင့်
တဖက်စကား နားဝခါးလည်း
ကျိန်ဆိုစကား မင်းနှုတ်ဖျားက
မြွက်ကြားမလို မပြောဆိုနှင့်
ပြောမိသော်ငြား သူ့ဖဝါးအောက်
ပြားပြားရောက်မည်။
မလိုစကား သူပြောအားသော်
မုသားမဆို မကျိန်လိုနှင့်
သူ့ရဲ့အနား ဖယ်ခွါသွားလော့
စိတ်ထားဖြူစင် သူတော်စင်က
သင့်အား ကောင်းချီး ပေးအံ့တည်း။
ကျိန်ဆိုစကား ပြောသူများကို
မျက်ထားမရွှင် စိတ်ဘဝင်မကျ
မုသားစကား ပြောသူများလို့
ယုံမှားသံသယ ဖြစ်တတ်သည်။
မုသားစကား ပြောပါငြားသော်
စကားပုလ္လင် ခံစဉ်ခဏ
ကျိန်ပြရသည်။
ကျိန်သည်နှင့်အမျှ မောပန်းရပြီ
စကားမတည် နှုတ်မပီဘဲ
သံသရာကြွေး ဆပ်ရသေးသည်
အတွေးပန်းချီ စာကိုသီလို့
အမေ့စကား နောက်လူများကို
ဆင့်ပွါးအတွေးဆက် အနေမခက်အောင်
ပေထက်ရေးဖွဲ့လိုက်ပါသည်။

ကျွန်တော်ငယ်စဉ်က အင်မတန်ကျိန်တွယ်ပြောဆိုတတ်တော့
အမေအတန်တန်ဆုံးမခဲ့ရာက
အခု လုံးဝမကျိန်တတ်တော့ပါ
ယုံချင်ယုံ မယုံရင်ပုံပြင်လို့သာမှတ်

7 comments

  • Mobile

    September 27, 2012 at 9:36 pm

    I Believe!

  • ဝရမ်းပြေးအဘဝက်

    September 27, 2012 at 10:18 pm

    ငယ်စဉ်က ကျိန်တတ်သူကို မဆိုလို ၊ အရွယ်ရောက်သူများ သည်
    လိမ်ညာ ဖြီးဖြန်းတော့မည်စိတ်ကူးရသော် ကျိန်တွယ်ခြင်း ငှါ ပြုတတ်ရာ၏ ။
    ( အကို အမ များ ပြောခြင်း ကို သံယောင်လိုက်ခြင်းသာလျှင် )
    :harr: :harr: :harr:

  • uncle gyi

    September 28, 2012 at 8:54 am

    ဟုတ်ပါတယ်ကိုဒီရေ
    ကလေးဘဝတုန်းကအနိုင်လိုချင်ကြလို့ကျိန်ကြတာ
    နောက်သိလာတော့အန်ကယ်တို့လည်းမပြောတော့ပါဖူးကွယ်
    ကလေးတွေကိုနားလည်အောင်သွန်သင်ဖို့အဓိကလို့မြင်ပါတယ်

  • DEPARKO DEPARKO

    September 28, 2012 at 11:04 am

    ယုံပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော့အမေကမှာခဲ့တယ် မယုံတဲ့သူတွေကို ယုံအောင်ရှင်းပြဘို့မလိုဘူးတဲ့ သူ့ကိုယုံအောင်ရှင်းပြဘို့ ကြိုးစားတာဟာ သူ့လက်အောက်ကိုအလိုလိုတိုးဝင်တာဘဲတဲ့ အားလုံးကိုကျေးဇူးတင်ပါတယ်

  • မောင်ပေ

    September 28, 2012 at 1:49 pm

    နောက်ထပ်တစ်ခု ကြားဖူးတာက
    ဈေးသည်တစ်ချို ့ပြောပြောနေတဲ့
    “ မှန်တာပြော ချမ်းသာပါရစေရဲ ့” ဆိုတဲ့စကားဗျာ
    သူရို ့ကတော့ သူရို ့ပစ္စည်းမှန် ဈေးမှန်ကြောင်း တိုင်တည်ပြောတာပေါ့ ၊ ခက်တာက ပစ္စည်းလဲ မှန် ဈေးလဲမှန်ပါတယ် ၊ သို ့သော် အဲဒီစကားပြောပြီး နောက်ထပ်ဘယ်အချိန်သွားကြည့်ကြည့် ဒုံရင်း.. ဒုံရင်း ဆိုတော့ ၊ မမှန်တာပဲ ပြောသလိုလို ။

  • may flowers

    September 28, 2012 at 5:41 pm

    ဟုတ်တယ် ကျိန်ပြောတာကို ကျွန်မလည်းမကြိုက်ဖူးရယ်..ကျိန်ပြောတတ်တဲ့သူရဲ့ စကားကိုလည်း

    မယုံရဘူးထင်လို့လေ အားပေးဖတ်ရှု သွားပါတယ် ကိုဒီပါကို.။

  • DEPARKO DEPARKO

    September 29, 2012 at 8:38 pm

    အားလုံးကိုကျေးဇူးတင်ပါတယ်

Comments are closed.