အမေစုနှင့် ဒီမိုကရေစီကိုအမှန်တစ်ကယ်လိုလားကြသူများ အတွက်အိတ်ဖွင့်မေးခွန်း

spyhacker satanSeptember 27, 20121min1728

၁။       ယူနီဖေါင်းချွတ်ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနှင့် ဝန်ကြီးဟောင်းများ လွှတ်တော်အတွင်း အုပ်စုဖွဲ့အာဏာရှင်စနစ်တည်ဆောက်နေသည်ကို အမှန်တစ်ကယ်မသိပါသလား။

၂။       သူရဦးရွှေမန်း၏အသံနှင့် အာဏာရူးဆန္ဒကို ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒဖြစ်အောင် လွှတ်တော် အတွင်းဖန်တီးနေသည်ကို အမှန်တကယ်မသိပါသလား။

၃။       ပြည်သူချစ်သော အမေစုကိုနှစ်ရှည်အိမ်တွင်း အကျယ်ချုပ်ချထာခဲ့ခြင်းနှင့် ဒီပဲယင်းအရေးအခင်း ကိုကိုယ်တိုင်စီမံကြိုးကိုင်အကောင်အထည်ဖေါ်ခဲ့သူကို အမှန်တစ်ကယ်မသိပါသလား။

၄။       ဒီမိုကရေစီလုိုလားကြသူ (၈၈) ကျောင်းသားခေါင်းဆောင်များနှင့် ဒီမိုကရေစီအင်အားစုများကို ရက်ရက်စက်စက် နှစ်ရှည်ထောင်ဒဏ်အပြစ်ပေးခံရအောင် အဓိကစီမံကြိုးကိုင်ခဲ့သူမှာ ဦးရွှေမန်းဖြစ်သည် ကို အမှန်တစ်ကယ်မသိပါသလား။

၅။       အယ်ဂျာဇီးယားရုပ်သံလွှင့်အစီအစဉ်တွင် ထုတ်လွှင့်ခဲ့ပြီးဖြစ်သည့် အာဏာရှင်စနစ် မြောက်ကိုရီးယားနှင့် လျှိုက်ဝှက် လက်နက်ကိစ္စများတွင် အဓိကကိုယ်တိုင် ဦးဆောင်ခဲ့သူမှာ ဗိုလ်ချုပ်ကြီး ဟောင်း သူရဦးရွှေမန်းဖြစ်သည်ကို အမှန်တစ်ကယ်မသိပါသလား။

၆။       ဒီပဲယင်းအရေးအခင်း အပါအဝင် အရေးကြီးအဆုံးအဖြတ်များကို ကိုယ်တိုင်လုပ်ဆောင်ခဲ့သည့် ဖြစ်စဉ်မှန်များအား ထိုစဉ်က ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်၊ ထိုစဉ်က (မုံရွာ) တိုင်းမှူး ဗိုလ်ချုပ်စိုးနိုင်(ဟော်တယ်ခရီးဝန်ကြီးဟောင်း)၊ တရားသူကြီးချုပ် ဦးအောင်တိုး၊ ရှေ့နေချုပ် ဦးအေးမောင်၊ စစ်ဥပဒေချုပ် ဗိုလ်ချုပ်သိန်းစိုး၊ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦး တို့နှင့် ကိုယ်တိုင်ပါဝင်ခံစားခဲ့ကြရသည့် နာယက အဘဦးတင်ဦး၊ ထောင်ကျဒီမိုကရေစီအင်အားစုုများ၊ (၈၈)ကျောင်းသားများထံမှ အဖြေမှန်များရယူနိုင်မည်လား။

၇။       လွှတ်တော်အတွင်း ဒီမိုကရေစီအရေးခြုံပြီး အာဏာရှင်ဆန်ဆန် ဥပဒေ၏ အထက်မှာ လွှတ်တော်၏ အားကိုရယူအာဏာတည်ဆောက်နေသည်ကို အမှန်တကယ်မသိပါသလား။

၈။       ယူနီဖေါင်းချွတ်ဝန်ကြီးဟောင်းများ စစ်အစိုးရကာလ ကိုယ်ကျိုးစီးပွားရှာ ရရှိထားသည့် စည်းစိမ်ဥစ္စာများနှင့် တရားမဲ့လုပ်ရပ်များကိုဖုံးကွယ်ထားနိုင်ရန်အတွက် ဦးရွှေမန်း၏ နောက်လိုက်အဖြစ် ပူပေါင်းကြံစည်လှုပ်ရှားနေကြသည်ကို အမှန်တစ်ကယ်မသိပါသလား။

၉။       အာဏာရူး ဦးရွှေမန်းနှင့် ခမည်းခမက်ဦးခင်ရွှေပူးပေါင်းပြီး (မန်း Dynesty) ထူထောင်နေကြခြင်း၊ ကားတိုက်လူသေမှုကျူးလွန်ထားသည့် တိုးနိုင်မန်းကို လွှတ်တော်တွင်းရေးရာ တာဝန်ပေးထားရခြင်း၏ ရည်ရွယ်ချက်ကို အမှန်တစ်ကယ်မသိပါသလား။

၁၀။     ဦးရွှေမန်းအားဏာရူးနေခြင်းကို ပြည်သူတစ်ရပ်လုံး၊ တစ်နိုင်ငံလုံးထင်ရှားမြင်သိကြပါလျက်နှင့် ပြည်သူချစ်သောအမေစုနှင့်ဒီမိုကရေစီအင်းအားစုများ အမှန်တစ်ကယ်မသိကြပါသလား။

၁၁။     ပြည်သူလူထု၏ အကျိုးစီးပွားကို လျှစ်လျှူပြုပြီး အာဏာရှင်စနစ်တည်ဆောက်ရန် ဦးရွှေမန်း၏ လုပ်ရပ်အမှန်များကို ဖုံးကွယ်အားပေနေကြရန်သင့်လျှော်ပါ၏လား။

၁၂။     ဦးရွှေမန်းအကြံအစည်နှင့် ယူနီဖေါင်းချွတ်ဝန်ကြီးဟောင်းများ နောက်ကြောင်းပြန်ပြီး အာဏာရှင် စနစ်အစိုးရသစ်ဖွဲ့စည်းရန် ကြံစည်အားထုတ်နေကြခြင်းကို လျှစ်လျှူပြုပြီး အားပေးသင့်ကြပါသလား။

၁၃။     အာဏာရှင်များပြန်လည် အာဏာတည်ဆောက်နိုင်ကြမည်ဖြစ်ပါက အမေစုနှင့်ဒီမိုကရေစီ အင်းအားစုများကို အာဏာခွဲဝေပေးကြမည်ဟုစောင့်စားမျှော်လင့်ယုံကြည်နေပါသလား။

၁၄။     ဦးရွှေမန်းနှင့် တိုင်းပြည်ကို ဆယ်စုနှစ်(၂)စုကျော်ကြာ ဆင်းရဲတွင်းနက်သည်ထက်နက်အောင် ကိုယ်တိုင်ပါဝင်တွန်းပို့ခဲ့ကြသော ပုံရိပ်မှန်များအပေါ် အမေစုနှင့်ဒီမိုကရေစီအင်အားစုများ ပြည်သူများ မေ့ပျောက်ခွင့်လွှတ်နိုင်ခဲ့ကြပြီလား။

၁၅။     အမေစုုကိုယ်တိုင် ဦးရွှေမန်းနှင့် အာဏာခွဲဝေယူရန် လုံးဝပူးပေါင်းသွားပါပြီလား။

၁၆။     ဤမေးခွန်းများကို ကာယကံရှင် ဦးရွှေမန်းကိုယ်တိုင်၊ အမေစုကိုယ်တိုင်၊ ဝန်ကြီးဟောင်များ ကိုယ်တိုင် နိုင်ငံသားများအားလုံးအတွက် အဖြေမှန်များ ပေးနိုင်ပါမည်လား။

၁၇။     ဤမေးခွန်များကို နိုင်ငံသားပြည်သူအားလုံး အမှန်တရားသိရှိနိုင်ပြီး နိုင်ငံအတွက် သတိတရားရှိ ကြစေရန်အတွက် ပြည်တွင်း ပြည်ပ မီဒီယာများတွင်အိတ်ဖွင့်ဖေါ်ပြခွင့်ပြုနိုင်ပါမည်လား။

၁၇။     ပြည်သူများယုံကြည်ကိုးစားနေကြသောအမေစု၏ ဆုံးဖြတ်ချက်အမှန်ကိုပြည်သူ များစောင့်စား မျော်လင့် လိုလားနေကြသည့်  ပြည်သူ့ဆန္ဒအစစ်အမှန်ကို ကောင်အထည်ဖေါ်ပေးရန် ရှိ/မရှိ အိတ်ဖွင့်ဖြေ ကြားပေးစေလိုပါသည်။

8 comments

  • Mobile

    September 28, 2012 at 10:23 pm

    ထောက်ခံမဲတစ်စောင် ထပ်ဆင့်၍ပေးပို့လိုက်ရပါတယ်

  • ထွန်း ပြောင်

    September 29, 2012 at 1:11 am

    ကိုယ့်လူမေးချင် သိချင်နေတဲ့ဟာတွေကို ကျုပ်လိုခပ်ပိန်းပိန်းကောင်တောင်
    သိသေးရင် အမေစုဆိုတာကတော့ ပြောဖွယ်ရာမရှိတော့ဘူးလို့ ကျုပ်မြင်မိတယ်ဗျာ..
    နောက်တစ်ခု ပြောချင်တာ ကျုပ်တို့ပြည်သူတွလဲ ခံရပေါင်းများထားတော့
    အနည်းနဲ့အများတော့ သိကုန်ကြပါပြီ ….
    သိနေတာတွေကို ဘယ်လိုဝိုင်းဝန်းအကောင်ထည်ဖော်ကြမလဲ ..
    အဲဒီကိစ္စက ပိုအရေးကြီးမယ်ဗျ …

  • kai

    September 29, 2012 at 1:54 am

    လေ့လာကြည့်ရသလောက်တော့.. ဒီစာတင်သူက.. ဦးရွှေမန်းကိုတော်တော်အမြင်ကပ်ပုံရတယ်..
    စာဖတ်သူတွေ.. မယုံရင်.. အောက်ကတင်ထားဖူးတာတွေကြည့်..
    http://myanmargazette.net/author/myochitmyanmar

    ဆိုတော့..
    ဦးသိန်းစိန်နောက်သမ္မတသက်တန်း ဆက်မလုပ်ဖူးဆိုထားတော့ကာ…
    နောက်သမ္မတ ဖြစ်ဖို့အလားအလာအရှိဆုံးက.. ဦးရွှေမန်းပဲ..

    ဘယ်လိုလုပ်ကြမလဲ??.. :kwi:

    • ကြောင်ကြီး

      September 29, 2012 at 9:40 pm

      သဂျီးတို့ မှန်းလိုက်ရင် လွဲခဲသတဲ့၊ ဒါကြောင့် ပြင်ညာရှိများ ပြေးကြည့်တာ တွေးကြည့်တာထက် ပိုမှန်လို့ စာဆိုရှိသကိုး… :harr:

      Thein Sein leaves door open for one more term, praises Suu Kyi
      Friday, 28 September 2012 Mizzima News

      Later, responding to a question, Thein Sein said, “If I have my way, I will only serve one term,” but he left the door open to seek a second term of office in the country’s 2015 election.

      “But of course the future of the position depends on the needs of country and the wishes of the people,” he said, according to wire reports.

  • YE YINT HLAING

    September 29, 2012 at 4:33 am

    ၁၅။ အမေစုုကိုယ်တိုင် ဦးရွှေမန်းနှင့် အာဏာခွဲဝေယူရန် လုံးဝပူးပေါင်းသွားပါပြီလား။

    ဒီမေးခွန်း ကတော့ လက်လွတ်စပယ် ပြောသလို ဖြစ်နေတယ် ။
    ဦးခင်ရွှေ ဆိုတဲ့ လူကိုတော့ အိပ်မက်ထဲ အထိရောက်အောင်တောင် မုန်းမိတယ် ။
    ဆက်ပြီး ဆွေးနွေးလာကြဦးမဲ့ ကွန်မန့်လေးတွေကို စောင့်မျော်ဖတ်ရှု နေပါ့မယ် ။

  • uncle gyi

    September 29, 2012 at 9:41 am

    မောင်စေတန်ရေ မောင်ရင်ရေးတာတွေကိုအတော်များများသိပြီးဖြစ်နေကြပါတယ်
    ဒေါ်စုနဲ့တကွလွှတ်တော်တက်နေတဲ့ပြည်သူ့ဘက်တော်သားအမတ်များလည်းသိပြီးဖြစ်ပါမယ်
    ဘာဖြစ်လို့ဆိုကျွန်ေတော်တို့လိုသာမန်ပြည်သူတွေကသိနေလို့ပါ
    မသိတာတခုရှိတယ်
    ဒါတွေကိုသိရှိပြီးပြည်ဖုံးကားချသင်ပုန်းချေပြိီး
    ဖြစ်နိုင်တာတွေကနေစပြီးအလုပ်လုပ်နေကြသူတွေကိုလူအတွေလို့ထင်ပြီး
    အတို့အထောင်လုပ်သလိုလုပ်နေတာတော့မကောင်းဖူးလို့မြင်ပါကြောင်း

  • maungmoenyo

    September 29, 2012 at 10:24 am

    လက်လှမ်းမှီသူတွေဆီ လေ့လာကြည့်ရမိသလောက်၊ လွှတ်တော်ရဲ့ခြေလှမ်းမှားတွေ ကို ပြည်တွင်းနေပြည်သူအများစုက သေသေခြာခြာမသိတောင်၊ ရေးရေးပေါ်စပြုနေပါပြီ။
    ဒေါ်စုအနေနဲ့ လွှတ်တော်ရဲ့ခြေလှမ်းမှားတွေကို ကောင်းကောင်းကြီးသဘောပေါက်နေမြင်နေတယ်လို့ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့၊ နည်းလမ်းမကျ၊ နိုင်ငံအတွက်အကျိုးမရှိတဲ့ ကိစ္စ (ဥပမာ-ခုံရုံးဖြုတ်ထုတ်သတ် ကိစ္စတွေမှာ လက်ရှောင်နေတာကြည့်ပါ။
    good governance
    rule of law
    transparency
    capacity building
    စတဲ့ ရေပန်းစားစကားတွေကိုအမြီးအမေါက်မသိကြသူတွေ က လူကြားကောင်းအောင်ပြောနေကြတဲ့ အမတ်မင်းများနဲ့ ဗိုလ်ရွှေမန်း (သူဟာ တကယ်ပါဝင်ပါတ်သက်ကြိုးကိုင်ခဲ့ရိုးမှန်ရင် – ဒါကလည်းမကြာခင် အဖြေပေါ်တော့မှာပါ) တွေကိုကြည့်ပြီး “ဘုန်းကြီးရူးနဲ့လှေလူး” သူတွေလို့ မောင်မိုးညိုကမြင်မိပါတယ်။

  • ရွှေ ကြည်

    September 29, 2012 at 10:29 am

    အန်ကယ်ကြီးကိုထပ်ဆင့်ထောက်ခံလိုက်ပါတယ်..။
    အချိန်အခါကိုအခြေအနေကိုကြည့်ပြီးလုပ်သင့်တာကိုလုပ်နေတဲ့ခေါင်းဆောင်တွေ
    ရှေ့ကိုချီနိုင်အောင်စည်းကမ်းရှိတဲ့တာဝန်သိတဲ့ပြည်သူားတယောက်အနေနဲ့အားဖြည့်ပေးစေချင်ပါတယ်။
    အန်တီကတော့ အကောင်းဆုံးဖြစ်အောင်သူတတ်နိုင်သလောက်လုပ်ပေးသွားမယ်ဆိုတာကိုယုံကြည်ပါတယ်။

Leave a Reply