ပေးစာဆိုတာ

htet waySeptember 28, 20121min15113

ပေးစာဆိုတာ

မနက်စောစော လက်ဖက်ရည် ဆိုင် ထွက်လာရင်း ရေးကြီး သုတ်ပျာနဲ့ အန်အယ်ဒီက မိတ်ဆွေ တစ်ယောက်က လာပြီး ဆရာ ခဏလောက် စကားပြောပါရစေလို့ ဆိုလာတယ်။ ကျွန်တော်ကလည်းပြောပေါ့ ဒီမှာတင် သူတို့ ပါတီကို ရွာတွေမှာ စာဖြန့်ထားတယ် ။ ဘယ်သူက ဘာအပြစ် ၊ ဘယ်ဝါကတေ့ ငွေစားလို့ ၊ ဘယ် တစ်ယောက်က ရုံးမှာ ပါတီဝင် အမျိုးသမီးတွေနဲ့ တရုန်းရုန်း စသဖြင့် မကောင်းကြောင်းတွေ လိုက်လံ ဝေငှနေတယ်။ဒါကြောင့် ရွာကို စည်းရုံးရေးဆင်းတော့ အခက်အခဲတွေ ဖြစ်နေတယ် ဆိုပဲ။ ရေးဖြန့်သူက နာမည်ပါအောက်မှာရေးထားတယ်ဆိုတော့ တရားစွဲပါလို့ အကြံပေးလိုက်တယ်။ ဒီမှာတင် ပြောသူက တရားစွဲချင်တယ် သို့သော် လူနာမည်တစ်ခု ရေးရုံနဲ့ တရားစွဲလို့ ရပါ့မလား တဲ့။
ဒါက ပစ်စာ ၊ဖြန့်ဝေစာ ဖြစ်တယ်။ တလောက ဂျာနယ် တစ်စောင်မှာ အယ်ဒီတာထံပေးစာ တစ်စောင်ပါလာတယ်။ နယ်မြို့ကလည်း ဖြစ်ပြန် ၊ စာပေ ဗဟုသုတ နည်းသူတွေ ကလည်း များတော့ ဒီ မကောင်းကြောင်းရေးထားတဲ့ စာကို ဖတ်ကြပြီး သဘောကျကြတယ်။ရေးသူကို ချီးမွှမ်းကြတယ်။ဆိုက်ကား သမားကလည်း ဆိုက်ကားစီးရင် ဆရာ ကောင်းတယ် ဗျာ ဆရာ့ဆောင်းပါး နဲ့ ဒီလို ဖေါ်ထုတ်ရမယ်ဆိုပြီးပြောပါလေရော။ ဒေါသထွက်မိတယ်။ဆိုက်ကားသမားရည်ညွှန်းတာက မကောင်းကြောင်းရေးတဲ့ အယ်ဒီတာထံပေးစာပဲ။ နောက် ကျောင်းဆရာမ တစ်ယောက်ကလည်း တွေ့တော့ ချီးမွှမ်းတာခံရတယ်။ကိုယ်က မသိပါဘူး ကိုယ့်စာတစ်စောင်စောင် ဖတ်မိတယ် ထင်တာ နောက်မှ သိရတာက စောစောက ပြောတဲ့ အယ်ဒီတာထံပေးစာဖြစ်နေတယ်။စိတ်ပျက်မိပါတယ်။နောက်ပညာတတ်ဆိုတြ့ သူတွေကလည်းပြောကြမေးကြ ဖြစ်လာတယ်။
အယ်ဒီတာထံပေးစာ ရေးတဲ့ လူတွေ က တစ်ချို့ မတရား တကယ်လုပ်ခံရလို့ တကယ့် ခံစား ချက်နဲ့ သတ္တိနဲ့ ရေးတဲ့ ပြည်သူဖြစ်တယ်။အမှန်ကိုရေးတာ ဖြစ်တယ်။ နောက် တစ်စားက တိုင်ချင်တောချင်တယ်၊ သို့သော် ကိုယ်တိုင်ချင်တဲ့ ကိစ္စက အများဆိုင်ဖြစ်နေတဲ့ကိစ္စ၊ တကယ်လည်း သတ္တိမရှိ ဒီလူမျိုးက ရေးတဲ့ ပေးစာဖြစ်တယ်။ အမှိုက်ပုံ တို့ ၊ နာရီစင်ကြီး ပျက်နေပြီတို့ ဒါမျိုးတွေ ဇြစ်တယ်။နောက်တစ်မျိုးကတော့ စာသိပ်ရေးချင်တယ်။ ပြုပြင်ပြောင်းလဲမှုလည်း ဝါသနာပါတယ်။ ဆောင်းပါး အသွင်လည်း မရေးနိုင်ရှာတော့ အယ်ဒီတာထံ ပေးစာဖြစ်လေရော။
ဒီနေရာမှာ ပေးစာ အရေးမကြီးဘူးလား ဆိုတော့ ပေးစာကလည်း အရေးကြီးတယ် တိကျတဲ့ ၊ ခိုင်လုံတဲ့ အကြောင်း အရာတစ်ခုကို ပေးစာအသွင်နဲ့ ပြည်သူကို ချပြ တာလည်း ကောင်းတယ် သက်ဆိုင်သူတွေ သိသွား တော့ လည်း အမှန်ပြင် နိုင်တယ်။တခါက ဂျာနယ်လောကမှာ ပေးစာ ကိစ္စတစ်ခု တော်တော် ပြဿနာ ကြီးထွား ဖူးတယ်လို့ သိရတယ်။ပေးစာကြောင့် ကားလိုင်းတွေ ပြဿနာဖြစ်ကြတယ်။
အချင်းချင်းရိုက်ကြ နောက်တော့ ပေးစာဘယ်သူရေးတာလည်းလိုက်လံ စုံစမ်းကြတယ်။ ဂျာနယ်တိုက်ကစာရေးမကိုငွေ ပေးပြီးစုံးစမ်းတယ်။အယ်ဒီတာက ဒီပေးစာကို မီးခံ သေတ္တာထဲတောင် ထည့်သိမ်းရတယ်လို့ ဖတ်ရပါတယ်။
တလောက စာပေ ဝါသနာရှင်တစ်ယောက်က ပေးစာရေးပြီး လာပြတယ်။တစ်ခြားမြို့နယ် တစ်ခုကပါ။မုန့်ဟင်းခါးဖိုကြောင့် ပြည်သူတွေ အခက်ခဲတွေ့ ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးလာတာပါ ကျွန်တော်စိတ်ပျက်မိတယ်။
ဘာမဟုတ်တာကို ပေးစာရေးနေတယ်။ကျွန်တော်ကစာရေးတာရသစာပေးရေးတာပါ အဲ့ဒါတွေ မသိပါဘူး ကိုယ့်ဘာသာကြည့်လုပ်ကြလို့စိတ်တိုတိုနဲ့ပြောမိတယ်။ခက်တာက နယ်မြို့မှာက စာဖတ်သူနည်းတယ် စာကြည့်တိုက်တွေ ဆောက်တာပဲရှိတယ် စာဖတ်ချင်အောင် ဟောပြောပွဲတွေ ဘာတွေ မလုပ်ကြဘူး။ တနည်းနည်းနဲ့ စာဖတ်သူများလာအောင် မလုပ်ကြဘူး။ဒီတော့ ဂျာနယ်မှာပေးစာပါလာရင် ဒါ စာရေးဆရာ လက်ချက်ပဲဆိုပြီး စွပ်စွဲကြတယ်။စာရေးဆရာ ဆိုတာ ဘာလဲ သူတို့ ကောင်းကောင်း မသိကြဘူး ပညာတတ်တယ်လို့ နာမည်ခံထားတဲ့ ကျောင်းဆရာမတွေတောင် အယ်ဒီတာပေးစာ ဂျာနယ်မှာပါလာတာ ကျွန်တော့်ကို လာချီးမွှမ်းသေးတာပဲ၊ ပေးစာရေးခံရတဲ့ ဋ္ဌာန က လူတွေက အမုန်းပွားကြသေးတာပဲ ။
ခက်တာက ကိုယ့်မြို့မှာလည်း စာရေးဆရာဆိုတာမရှိ နဂိုရှိတဲ့ ဆရာကြီးတွေကလည်း ကွယ်လွန်ကုန်ပြီ။ ကိုယ့်ပဲရှိတယ်။တစ်ပုဒ်စ နှစ်ပုဒ်စ အပျော်တမ်းရေးသူတွေတော့ရှိတယ် သူတို့ကိုတော့ မြို့က မထင်ကြဘူး။ဆိုလိုချင်တာက အယ်ဒီတာ ပေးစာ ကို စာရေးဆရာက မရေးဘူး ။ အမြင်မတော်တာကို ဆောင်းပါး အသွင်နဲ့ ရေးမယ်။ဝတ္တု အသွင်၊ သတင်း အနေနဲ့ ရေးမှာ ဖြစ်တယ်။သတင်းစာတို့ ဂျာနယ်တို့ မှာရေးမယ် အွန်လိုင်းက ဂုဏ်သိက္ခာရှိတဲ့ ဝက်ဆိုက်(ဘ်)တွေမှာရေးမယ်။
နယ်မြို့က စာဖတ်အားနည်းတာကို အပြစ်တင်လို့ မရဘူး ရန်ကုန်က စာပေလောက မှာ ကျင်လည်နေတဲ့ အယ်ဒီတာဆိုတနဲ့ လူတွေ သူတို့ ပြောစကားအရ စာပေလောကထဲ ဝင်လာတာ ၆နှစ်ဆိုပဲ သူတို့ နဲ့ စာအကြောင်း ပေအကြောင်း ပြောမိတော့ ရန်ကုန်ဘဆွေရဲ့ မြန်မာပြည်သား အကြောင်း ပြောမိတယ် ရန်ကုန်ဘဆွေက ဘယ်ကလဲ ဘာလဲလို့ ပြန်အမေးခံရတယ်။နောက် ဂျာနယ် တစ်စောင်တာဝန်ခံ အယ်ဒီတာ ဆိုသူကို စာမှုတစ်ပုဒ် ပေးလိုက်တယ် နောက်ဖုန်းနဲ့ မေးလိုက်တော့ ပယ်လိုက်တယ် လို့ ပြောပါတယ် ခင်ဗျားရေးတာ ဘာတွေမှန်း မသိဘူးတဲ့ ဒီလို လုပ်ပေးနိုင်မလား ခင်ဗျားတို့ မြို့မှာ ထူးခြားဖြစ်စဉ် မရှိဘူးလား သတင်းရေးလေဗျာတဲ့ ။ အင်းဂျာနယ်ခောတ်မှာ တော့ သတင်း ကလိုနေတော့ သတင်းဖြစ်ရုံလေးလည်း ဂျာနယ်မှာ ပါနိုင်တယ်။ နောက် ရန်ကုန်ရောက်တော့ တာဝန်ခံ အယ်ဒီတာ လေးနဲ့ တွေ့တော့ ကိုယ်က နားလည်သွားတယ် သူတို့တွေက အသက်ကလည်း ငယ်တယ် သတင်းထောက် ဆိုတာကနေ အယ်ဒီတာ ဖြစ်လာတော့ သဘောပေါက်သွားတယ် ။ဆရာလေး စာပေလောကထဲရောက်တာ
ဘယ်လောက်ကြာပြီလည်းဆိုတော့ ၃နှစ်ဆိုပဲ။
တခါက သတင်းထောက် သိပ်ဖြစ်ချင်တဲ့ ညီငယ်လေး တစ်ယာက်ကိုရှင်းပြဖူးတယ်။သတင်းသမားဆိုတာ ဥပဒေလည်း နားလည် ရမယ် မင်း ဥပဒေလည်း လေ့လာဆိုတော့ မလိုပါဘူး ဗျာတဲ့ ။ တကယ်တော့ သတင်းသမားနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေ သိထားရမှာဖြစ်တယ်။ပုဒ်မ ၁၂၄(က)၊ ၁၃၅(က) ၁၉၄ တို့ ပုဒ်မ၅၀၀
နဲ့ ကင်းလွတ်ခွင့် (၁၀)ချက်တို့ သိထားရမယ်။ပေးစာ အကြောင်း ဆက်ပါအုံးမယ်။အရင်ကတည်းက သရော်စာ ပေးစာ ဆိုတာ ရှိခဲ့ပါတယ်။ဘုရင်နဲ့ ပတ်သက်လို့ သရော်စာ ကို ဗန်းမော်ဆရာတော်၊ သင်္ဂဇာဆရာတော် တို့ ခောတ်မှာ ဆရာတော်တွေ ရေးတဲ့ စာချိုးတွေ ကဗျာတွေ မှာ ဖတ်ရပါတယ်။မင်းတုန်း မင်းကြီး လက်ထက်မှာ ဗန်းမော် ဆရာတော်ရဲ့ ပစ်စာ ၊ သရော်စာတွေ အများကြီး ပေါ်ပေါက်ခဲ့ပါတယ်။
မင်းတုန်းမင်းကြီး လက်ထက်မှာ သတင်းစာဆရာတွေကို ဦးစားပေးခဲ့တယ်လို့ ဆိုရမယ်။ငါမကောင်းရင် ငါ့ကိုရေး ၊ ငါ့မိဖုရား မကောင်းရင် ငါ့မိဖုရားကိုရေး …………မင်းတို့ သတင်းစာ၌ အပြစ်မရှိစေရ ။ နန်းတော်တွင်းသို့ မည်သူမဆို အဆီးအတားမရှိ ဝင်ထွက်စေလို့ အမိန့်တော် ချမှတ်တယ်လို့ လေ့လာမှတ်သားဖူးတယ်။ဒီဘက ်ခောတ် မီဒီယာ လွတ်လပ်မှုမှာလည်း တော်တော်ပွင့်လင်း လာပြီ ဖြစ်တယ်။
ရေးကြ အသိပေးကြရတာ အရင်ထက်စာရင် အများကြီးကောင်းနေပြီ သို့သော် ဥပဒေတော့ လေးစားလိုက်နာရမှာ ဖြစ်တယ်။ပြည်သူက ခံစားရတာတွေကို ပေးစာအဖြစ်ကိုယ်တိုင်ရေးတာကို
ကြိုဆိုပါတယ်။ တကယ်မှန်ကန်တဲ့ ၊ သေချာတဲ့ ကိစ္စတွေကို သတင်းထောက်မှ မဟုတ်ဘူး ကိုယ်တိုင်ရေးလို့ရပြီဖြစ်တယ် ။ တစ်ချို့ ဂျာနယ်တွေဆို စာမူခတောင်ပေးတယ်။ပြည်သူ့ အသံစစ်ဖို့ ရိုးသားဖို့ လိုပါတယ်။ ဆေးရုံပဲ ဖြစ်ဖြစ်၊ အစိုးရ ဋ္ဌာနပဲဖြစ်ဖြစ် လူမှုရေး အဖွဲ့ အစည်း ပါတီပဲ ဖြစ်ဖြစ် မတော်မတည့်တာတွေကို သဘောရိုးနဲ့ စေတနာပါပါနဲ့ ရေးပြီး အယ်ဒီတာထံပေးစာ ကိုရေးကြတာ အားပေးပါတယ်။
တခါက ပေးစား ၊လူထုအော်သံ လိုစာတွေ အမြမြပြတ်ရေးနေတဲ့ လူတစ်ယောက်ရှိခဲ့ ဖူးတယ်။ လမ်းမီးတိုင်တွေ မှ မီးသီးတွေ မလင်း၊ လမ်းဘေး က အမှိုက်ပုံရွေ့ပေးစေလို ၊ ..ဒီလို စာတွေ ကို လူထုအော်သံရေးတယ် ။ နောက်တော့ အိမ်ရှေ့ ဆိုင်ကယ်ပြင်ဆိုင်ကက စက်နှိုုးသံကို လည်း သို့ အယ်ဒီတာ ခင်ဗျား .. အိမ်ရှေ့က ဆိုင်ကယ်ပြင်ဆိုင်က စက်သံ မခံနိုင်အောင် နားညီး ဆိုတာမျိုး တွေ ရေးတာမျိုးတော့ မဖြစ်စေချင်ပါဘူး။ ဆိုတော့ကား အယ်ဒီတာ ထံပေးစာ၊ လူထုအော်သံ တို့ကို စစိမှန်သော ခံစားချက်ဖြင့်သာရေးသားစေလိုပြီး အားပေးကြိုဆို ပါတယ် သို့သော် စာရေးဆရာနှင့် လူထုအော်သံ လောက်တော့ ပညာတတ်နာမည်ခံသူတွေ သိထားစေချင်ကြောင်း တင်ပြ လိုက်ရပါတယ်။ အော်..ပေးစာ ဆိုတာ……………………..။

13 comments

  • kyeemite

    September 28, 2012 at 2:02 pm

    ကျနော် ဂေဇက်မှာ တစ်ရက်ကရေးတင်လိုက်တဲ့
    “ကြီးမိုက်ဒေါသထွက်နေသည်…Angry Kyeemite”
    ဆိုတဲ့ ပို့စ်မျိုးကျ ဘာခေါ်မလဲ ဆရာထက်ရေ..
    ကျနော့်ဟာ တိုင်စာမဟုတ်တာတော့သေချာတယ်..
    ဒါက ကျနော်ခံစားနေရတာကို ရွာကိုတင်ပြတဲ့သဘောပါ…
    ဘာရယ်မဟုတ် ကြုံကြိုက်သွားလို့ ဆွေးနွေးကြည့်တာပါဗျာ.. :buu:

  • htet way

    September 28, 2012 at 5:15 pm

    ဆရာရေးတာ ပေးစာ မဟုတ်ဘူး သတင်းဆောင်းပါးပဲ
    ရသပါတဲ့ သတင်းဆောင်းပါး။ ဒါမျိုးဂျာနယ်မှာရေးရမှာ ဒါမှ ပြုပြင်ရေးဖြစ်မယ်
    မတရားမှုကို ထောက်ပြတဲ့ မီဒီယာ တာဝန်ကြေတဲ့ ဆောင်းပါး၊ တနည်း သတင်းဆောင်းပါးဖြစ်တယ်
    ကျွန်တော်လေးစားပါတယ်။

  • အလင်းဆက်

    September 28, 2012 at 6:03 pm

    ဆရာထက်ရေ..
    တားတားလည်း.ပေးစာ လေးတစ်စောင်
    ပေးလိုက်ပြီ ။
    http://myanmargazette.net/149925/arts-humanities

    ———————————

    ပေးစာ တွေ..များများပေးလေ…
    မသိသေးတဲ ့အခြေခံ အချက်တွေ.. ပိုသိလေ.ပေါ့နော် ။

    ဟုတ်မှန်သော.ပေးစာ တွေတော့ ဖြစ်နေဖို ့လိုပါတယ် ။

    ခံစား ဖတ်ရှု သွားပါတယ် ဆရာထက် ။
    🙂

  • htet way

    September 28, 2012 at 8:29 pm

    ဆရာလေး ရေ ဟိုတုန်းက ငရဲခွေးကြီးလွတ်နေတယ် ဆိုတဲ့ အိုးဝေ ဦးညိုမြ ရေးတဲ့
    ပေးစာဆိုတာရှိတယ် အယ်ဒီတာ ထံပေးစာပါ ဆောင်းပါးလို့ ဖေါ်ပြ ကြတယ် ။
    တကယ်ထိရောက်တဲ့ တော်လှန်ရေး သံချောင်းခေါက်သံဖြစ်တယ်။
    ကျွန်တော်က ဒီဘက်ခေတ်မှာ ဒီလိုပေးစာမျိုး လို ချင်တာပါ ဆရာလေး ကိုကြွေး ဆပ်ရအုံးမယ် ကဗျာ စာအုပ် ပေးရအုံးမယ်လေ။အာဇာနည် နေ့ ကဗျာစာအုပ် ပါ။
    ဆရာက စာပေသမားပါ ကောင်းမွန်တဲ့ စာတွေ ဖြစ်နေမယ် ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။

  • nature

    September 29, 2012 at 8:03 am

    ကျွန်တော့်အမြင်သတင်းသမားတွေလည်း ဥပဒေနားလည်သင့်တယ်ဆိုတာ ဖြစ်သင့်တယ်လို့ထင်ပါတယ်။ သတင်းသမားပဲဖြစ်ဖြစ် ပြည်သူတယောက်အနေနဲပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ဥပဒေ ဆိုတာနားလည်ထားသင့်တယ်လို့ထင်ပါတယ်။ ဥပဒေကိုနားမလည်ရင် တခါတရံကိုယ်ဘက်က အမှန်လို့ထင်နေပေမဲ့ ဥပဒေရှု့ဒေါင့်ကကြည့်ရင် မှားယွင်းနေတာမျိုးရှိတတ်ပါတယ်။ ပြည်သူတွေဟာလည်း တရားဥပဒေကိုနားလည်သိရှိမှ တရားဥပဒေနဲ့အညီအုပ်ချုပ်ရာမှာအထောက်အကူပြုနိုင်လေမလားလို့။

    မြန်မာပြည်မှာတော့ တရားမမှုကိုကြောက်လို့ရာဇဝတ်မှုမြောက်အောင်လုပ်တာမျိုးတွေရှိတတ်ပါတယ်။ ဒါဟာလည်းမဖြစ်သင့်ပါဘူး။ ကျွန်တော်လည်းတရားမမှုတခု ပဲမပေးနိုင်လို့ပဲဘိုးငွေရလိုမှု တခုစွဲဘူးပါတယ်။ တရားမဥပဒေတွေကိုလည်းဖတ်ကြည့်တဲ့အခါ တရားမျှတမှုကိုလေးစားမိပါတယ်။ ဒါပေမဲ့လည်း အမှုကတော့ရှုံးခဲ့ပါတယ်။

  • htet way

    September 29, 2012 at 10:17 am

    တရားမ မှု ကိုရှုံးစရာလားဆရာရယ်
    ဆရာအမှုက ကျွန်တော် ထင်တယ်။ဆရာဆီမှာပဲငွေ ကြိုယူမယ် နောက်တော့ မပေးဘူး
    ဒီလိုလား။
    နောက် ရှေ့နေတွေ တကယ် ဆိုးတယ် ဆရာ၊ တရားသူကြီးပြောစရာမလို ဘူး အခုမှ နည်းနည်းတော်တာ
    ဆရာပြောသလို ဥပဒေ ကို လူတိုင်းနားလည်ရမယ်ဆိုတာ ထောက်ခံပါတယ်။

  • nature

    September 29, 2012 at 4:53 pm

    ဆရာထက်ရေ-
    အမှုကတော့ DO (Delivery Order) ကိစ္စပေါ့။ သူကDO ကိုရောင်းတာဖြစ်လို့ပဲပေးဖို့မလိုဘူးလို့ချေပတယ်။ ပဲဘိုးငွေအပြည့်ပေးထားပေမဲ့ရတာကစက္ကူတရွက်သာဖြစ်ပါတယ်။ ရာဇဝတ်မှုဖွင့်တာ ကံကောင်းလို့တရားလိုကထောင်မကျတာ။

  • silver hero

    October 1, 2012 at 5:04 pm

    ကိုယ့်မြို့အကြောင်းလေးဆိုတော့နဲနဲတော့ဝင်ပြောပါရစေ။(နယ်မြို့ကလည်းဖြစ်ပြန်၊စာပေဗဟုသုတကလည်းနည်းပြန်တယ်လို့)ရေးထားတာတွေ့ရတော့စိတ်မကောင်းဖြစ်မိပါရဲ့။ကိုယ့်မြို့ကိုယ့်ရွာမှာရှိနေသူတွေကိုတစ်ခြားတစ်မြို့ကလူတွေကမသိနိုင်တဲ့အခြေအနေမှာမြို့ကိုနှိမ့်ချတဲ့သဘောတွေသက်ရောက်နေပါတယ်။တစ်မြို့လုံးမှာကိုတစ်ယောက်ထဲပညာတတ်၊စာပေပညာရှိတစ်ယောက်လို့အထင်အမှတ်မှားနေပြီ။ကိုယ်ကစာရေးဆရာတစ်ယောက်ဖြစ်ပြီးမြို့ရဲ့ကောင်းကျိုးကိုမဆောင်ရွက်နီုင်ရင်တောင်ရေးရဲတဲ့၊ဖြေရှင်းရဲလို့ပေးစာရေးတဲ့ပြည်သူအပေါ်မှာကိုကတောင်ကူညီပေးရမယ်လို့ထင်ပါတယ်။သူရေးတဲ့အမှန်တရားအတွက်မြို့မှာကလေးမွေးချင်သူတွေအတွက်ငွေကုန်အကျသက်သာသွားတာတွေကြားနေရပြီလေ။စာနယ်ဇင်းကျင့်ဝတ်အရရှောင်ကြဉ်ရမယ်ဆိုလည်းကိုနဲ့မဆိုင်သလိုနေလိုက်ရင်အဝေးကြီးပါဆရာရယ်။စာနဲ့ပေနဲ့ရှင်းပြခါမှကိုယ့်အကြောင်းလူသိနေပါဦးမယ်။ကျနော့်ဘကြီးတိုင်းရင်းဆေးဆရာဦးစည်သူ(ယခုဘုန်းကြီးဝတ်ဖြင့်ဘာသာရေးစာပေရေးသားနေတဲ့ဦးကောဏ္ဍည)၊ဆရာအောင်စိုးဦး(ဒါရိုက်တာ)၊လုံးချင်းစာအုပ်ပေါင်းများစွာထွက်တဲ့အိမ်မဲသားစာရေးဆရာကြီးတွေဆီကမြို့အပေါ်ရှုပ်ချတဲ့လေသံမကြားဘူးပါ။ကိုယ်နင်းတက်ခဲ့တဲ့လှေခါးထစ်ပေါင်းများစွာကိုပြန်ငုံ့ကြည့်ပါ။ဘယ်ခြေလှမ်းတွေနဲ့လဲဘယ်လိုလှေကားမျိုးကိုကိုယ်နင်းဖြတ်ခဲ့လဲ၊ကိုဘယ်နေရာကိုရောက်နေလဲဆိုတာပြန်ကြည့်ပါလို့ကျနော့်ဦးလေးကကျနော်(၁၀)တန်းနှစ်မှာဆုံးမဖူးတယ်။

  • myo soe

    October 1, 2012 at 8:26 pm

    မှန်တာတွေရေးလို.အများပြည်သူချီးမွမ်းကြခြင်းအပေါ်
    မကောင်းကြောင်းရေးတာကိုစာပေဗဟုသုတနည်းသူတွေလို.မနာလိုစွပ်စွဲလိုက်တာ
    မဟုတ်လားစာရေးဆရာခင်ဗျ။ကိုယ့်နယ်ကိုယ့်ပယ်ကလူတွေစာပေဗဟုသုတနည်းတယ်လို့
    ကလောင်တစ်ချောင်းအမည်ရထားတဲ့ဆရာကပြောရက်လိုက်တာနော်။စာရေးဆရာမဟုတ်
    တဲ့ပြည်သူတွေက
    ကိုယ့်ထက်တော်တယ်၊မှန်တဲ့ဘက်ကရပ်တည်ကြတယ်ဆိုတာကိုမသိနားမလည်သေးတဲ့
    စာရေးဆရာကို တို့နယ်မြို့ကသနားမိတယ်။အဲဒီ့စာရေးဆရာဟာစာရေးဆရာမဟုတ်တဲ့
    အယ်ဒီတာထံပေးစာလောက်မှပြည်သူတွေချီးမွမ်း၊သဘောကျအောင်မရေးနိုင်ဘဲပြည်သူက
    (စာပေဗဟုသုတနည်းသူတွေကတောင်)လက်မခံဝိုင်းပယ်
    ထားတဲ့ကလောင်ရှင်မောင်ရင်ကလေးရယ်။လူကြီးခိုင်းတိုင်းလိုက်မလုပ်နဲ့နော်တစ်ချိန်မှာနောင်
    တရနေလိမ့်မယ်။

  • htet way

    October 1, 2012 at 10:24 pm

    ဆရာမျိုးစိုးခင်ဗျား
    ပြောချင် အားကြီးနေတယ်လို့ ထင်မိပါတယ် ဆောင်းပါးကိုသေချာ ဖတ်စေချင်ပါတယ်။

    “ပြည်သူက ခံစားရတာတွေကို ပေးစာအဖြစ်ကိုယ်တိုင်ရေးတာကို
    ကြိုဆိုပါတယ်။ တကယ်မှန်ကန်တဲ့ ၊ သေချာတဲ့ ကိစ္စတွေကို သတင်းထောက်မှ မဟုတ်ဘူး ကိုယ်တိုင်ရေးလို့ရပြီဖြစ်တယ် ။ တစ်ချို့ ဂျာနယ်တွေဆို စာမူခတောင်ပေးတယ်။ပြည်သူ့ အသံစစ်ဖို့ ရိုးသားဖို့ လိုပါတယ်။ ဆေးရုံပဲ ဖြစ်ဖြစ်၊ အစိုးရ ဋ္ဌာနပဲဖြစ်ဖြစ် လူမှုရေး အဖွဲ့ အစည်း ပါတီပဲ ဖြစ်ဖြစ် မတော်မတည့်တာတွေကို သဘောရိုးနဲ့ စေတနာပါပါနဲ့ ရေးပြီး အယ်ဒီတာထံပေးစာ ကိုရေးကြတာ အားပေးပါတယ်။”
    စာဖတ်သူတွေ ဟာဝေဖန်ခွင့်ရှိသလို ၊စာတစ်ပုဒ်ဟာအတိမ်အနက်ဆိုတာရှိပါတယ် ခင်ဗျား ။

  • myo soe

    October 3, 2012 at 7:11 pm

    ဆရာထက်ဝေးကကျွန်တော်ဆီပြန်စာရေးတဲ.အပေါ် လေးစားစွာပြန်လည် ရေးအပ်ပါတယ်
    ဆရာကကျွန်တော်ကိုပြောချင်အားကြီးတယ်၊စာတစ်ပုဒ်ဟာအတိမ်အနက်ရှိတယ်လို.အထင်သေးစွာနဲ.လမ်းညွန်ချက်တွေလဲတွေရပြန်တယ်။ကျွန်တော်ကဆရာ.စာကိုအရေးတယူဖတ်ပြီးစေတနာနဲ.ဝေဖန်ပေးတာပါဝေဖန်ရတဲ.အကြောင်းအရင်းကဆရာအနေနဲ.မြိုနဲ.၊မြို.ကလူတွေကိုအထင်သေးကြောင်းတွေရလို.ရေးရတာပါ။
    ဆရာ့စာကိုဖတ်ပြီးဆရာ့စာကိုတော.အထင်ကြီးစေချင်တဲ့၊ ဆရာ၊ ငါဆရာကြီးဆိုတဲ.အချက်တွေတွေ.နေရတယ်ဆရာကဥပဒေတွေလဲတော်တော်နားလည်ပုံရတယ်ဆက်ပြီးတော.လဲ
    ဥပဒေဆိုင်ရာတွေလဲအထင်ကြီးစွာနဲမေးခွင်.ပြုပါအုံးနော်
    ဆရာ့ကိုတော.ကျွန်တော်တိုကအထင်ကြီးလိုက်တာ၊ ဆရာကတော.မြိုသူမြိုသားတွေ၊ဆရာ့အပေါ်မှတ်ချက်ပေးသူတွေကိုတော.အထင်သေးလိုက်တာလွန်ရော
    အထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေလို.ဗုဒ္ဓမြတ်စွာဘုရားကမေတ္တာဒေသနာမှာဆုံးမထားတယ်လေ
    မြင်.မြတ်တဲ.ဗုဒ္ဓရဲ.အဆုံးအမတွေကိုမည်သည်.လောကသားမဆိုလိုက်နာရမယ်မဟုတ်လား
    စာပေလောကထဲကဆရာထက်ဝေးလဲမေတ္တာရှေ.ထားပြီးတပါးသောစာပေလောကသားတွေကိုအထင်မသေးဘို.
    ဘုရားကိုယ်စားဆုံးမလိုက်ပါတယ်

Leave a Reply