နတ်မိမယ်

 

မိုးကျမိမယ်၊     နတ်မိမယ်တည်း။

ရွှန်း လဲ့ ၀ါ စို  တင့်သည့်ပျိုငယ်….

ရွယ်ရွယ်နုနု     ဖူးဖူးငုံငုံ ………….

နှုတ်ခမ်းလှလှ   ပြုံးပြုံးဝေေ၀…….။

 

မိုးကျမိမယ်၊      နတ်မိမယ်တည်း။

ကျော့ကျော့မူယာ ရှင်းရှင်းသန့်သန့်

အိနြေ္ဒရှိရှိ  တင့်တင့်တယ်တယ်……

ငြိမ့်ငြိမ့်စကား၊  သာသာတိုးတိုး…..

ကြားရသူဖို့ စွဲစွဲထင်ထင်………….။

 

မိုးကျမိမယ်၊      နတ်မိမယ်တည်း။

ကောင်းကင်ဘုံမှာ နတ်သူဇာလော..

မိုးပေါ်မှာကြီး… နတ်သမီးလော…..

    နတ်တို့ဆင်ခြယ် သူယောင်မယ်လော။

                                           ချစ်ခြင်း ဖွဲ့သီ……………ကိန္နရီလော။

 

သုရှင်

About မုယော

cynic cancer has written 3 post in this Website..