နတ်မိမယ် (၁)

မုေယာSeptember 28, 20121min25514

နတ်မိမယ်

 

မိုးကျမိမယ်၊     နတ်မိမယ်တည်း။

ရွှန်း လဲ့ ဝါ စို  တင့်သည့်ပျိုငယ်….

ရွယ်ရွယ်နုနု     ဖူးဖူးငုံငုံ ………….

နှုတ်ခမ်းလှလှ   ပြုံးပြုံးဝေဝေ…….။

 

မိုးကျမိမယ်၊      နတ်မိမယ်တည်း။

ကျော့ကျော့မူယာ ရှင်းရှင်းသန့်သန့်

အိန္ဒြေရှိရှိ  တင့်တင့်တယ်တယ်……

ငြိမ့်ငြိမ့်စကား၊  သာသာတိုးတိုး…..

ကြားရသူဖို့ စွဲစွဲထင်ထင်………….။

 

မိုးကျမိမယ်၊      နတ်မိမယ်တည်း။

ကောင်းကင်ဘုံမှာ နတ်သူဇာလော..

မိုးပေါ်မှာကြီး… နတ်သမီးလော…..

    နတ်တို့ဆင်ခြယ် သူယောင်မယ်လော။

                                           ချစ်ခြင်း ဖွဲ့သီ……………ကိန္နရီလော။

 

သုရှင်

14 comments

  • Mon Kit

    September 28, 2012 at 2:00 pm

    :gee:
    :kwi:
    :hee:
    :harr:
    :528:

  • kai

    September 28, 2012 at 2:55 pm

    အဖွဲ့လေးကနွဲ့ပါတယ်..

    မိန်းကလေးအလှဖွဲ့တာမို့.. ဖတ်ရင်းနဲ့..
    နတ်သျှင်နောင် ရဲ့ ဓါတုကလျာ ..
    ရှင်မဟာရဋ္ဌသာရ ရဲ့.. ဝဏ္ဏပဘာ တွေသတိရလာမိတယ်.
    ပြန်ဖတ်ချင်သား..

    စကားအတင်းစပ်…
    စိတ်ထဲ.. ကျက်ထားမှတ်ထားတာတွေထဲက.. အမြဲစွဲနေတာ..
    “ဒေါင်းဥခန့်မျှ၊ အိမွမွကို၊
    ခွက်ဝပန်းရည်၊ ဆုပ်နယ်သည်သို့ ..”

    ဆိုတာလေး..
    အဲဒါဘယ်ကဗျာ.. ပျို့ကလည်းဟင်… :kwi:

    • surmi

      September 28, 2012 at 3:58 pm

      ကျုပ်စိတ်ထင် အဲဒါ
      မွေ ့နွန်းရကန် ထဲကလားလို ့
      မွေ့ ့နွန်းရကန်မှာက မ သဘာဝအဖွဲ ့တွေဇောင်းပေးထားတယ်လေ
      ဝဏ္ဏပဘာ ပြန်ဖတ်ချင်ရင် ရမယ်
      သဂျီးကျုပ်ကို ဘာဆုပေးမှာလဲ အလွတ်ရွတ်ပြမယ်နော် ဟဲဟဲ

      ဝဏ္ဏပဘာ
      လှကလျာဖူးစသစ်
      ပျိုမြစ်မြစ်လျှင်
      ……….????..
      ……..????????…???
      ဖြူစင်ထွန်းရောင်ဝင်း
      လှမှန်ကင်းကို
      ညခင်းဆည်းဆာတွင်
      ကျွနုပ်မြင်သည်
      ရယ်ရွှင်ပြုံးတုံ ့မပြုံတုံ ့ ၊။

      ကဗျာအမျိုးအစားက
      တောင် ့တဲတွန် ့ရတု

      ကဲကဲ ဈေးညှိပြီးမှ တစ်ပုဒ်လုံးရေးပေးမယ် သဂျီးမင်းရေ

    • အရီးခင်လတ်

      September 28, 2012 at 4:06 pm

      ဦးယာ၏ မင်းနန်(နန်း) ပျို့။
      အပြာ မဆန်ဘဲ အနုပညာမြောက်အောင် ဖွဲ့ထားဆိုဘဲ။

      သူကြီး တို့ များ ဒါမျိုးတော့ ပိုပြီးမှတ်မိတယ်လား။
      ရွှေဉာဏ်တော်ကောင်းပါ့။ :kwi:

      • Wow

        November 8, 2012 at 2:27 pm

        အင်္ဂါဇတ်ရဲ့ ဒေါင်းဥ… ဟီး ဟီး :harr:

      • kai

        November 8, 2012 at 2:52 pm

        ရှေးမြန်မာတွေ.. သေးသေးလေးပေါ့နော..။
        ဒါမှမဟုတ်… အရွယ်မရောက်သေးတဲ့.. ရွှေမင်းသမီးများဖြစ်နေသလားပဲ..

        ဘာပဲဖြစ်ဖြစ်.. ပုံလေးမြင်ရအောင်… တင်ပေးလို်က်ပါကြောင်း..။ :kwi:

  • aanyar thar

    September 28, 2012 at 6:28 pm

    နတ်မိ့မယ်ဆိုတော့.သွားလေသူ မေတ္တာတုန်းကြီး ဇနီးဟောင်း ထင်လိုက်မိ့တာပါ အညာသားတို့လွဲချက်များ…ခု့ဖတ်ပြီးမှ့ ၄ လုံးစပ်လေးနဲ့ လာညားနေတယ် သု့ရှင် ဆိုတော့ (ကိုသန်းရွှေ..ပေါ့) ဘု………………….ရင်..တစ်နည်းအားဖြင့် ..ရေမြေ့ရှင်ပေါ့..

  • မောင်ပေ

    September 28, 2012 at 7:54 pm

    နတ်မိမယ်
    မိန်းမလှလေး
    မာယာတွေ သိန်းသန်းနဲ ့ ဖမ်းစားထား
    နတ်မိမယ်… မိန်းမလှကြီး… မာယာတွေ သိန်းသန်းနဲ ့ဖမ်းစားထားးး
    :kwi:

  • မဟာရာဇာ အံစာတုံး

    September 28, 2012 at 10:15 pm

    နတ်မိမယ် ..
    ဟက်ထိတယ် ..
    လျှက်မိမယ် .. အဲ ..
    ရေးတတ်တော့ဘူး …

    အားပေးသွားပါတယ်လို့ ပြောချင်တာပါ ..
    နည်းနည်းလေး ရှည်အောင် ဆွဲဆန့်လိုက်ဒါ ..
    :kwi:

  • kyeemite

    September 29, 2012 at 8:16 am

    သဂျီးပြောတဲ့ ပျို့ စာသားလေးနဲ့
    ကျနော်လည်းပါတ်သက်ခဲ့ဖူးတယ်ဗျာ..
    စာရေးဖွဲ့သူကိုပြောမလို့ စဉ်းစားနေတုံး
    ကိုခင်လတ်ကဦးသွားတယ်…
    ကျနော်လည်း အဲဒီနှစ်ကြောင်းပဲတွေ့ဖူးတာ…
    ပျို့ အစ အဆုံးသိတဲ့လူရှိရင်တော့
    ဖတ်ချင်ပါ၏။

  • kyeemite

    October 1, 2012 at 9:43 am

    ကျေးဇူးပါကိုရင်အံဇာရေ..
    ဒေါင်းလိုက်ပါပြီ..
    :kwi:

Leave a Reply