တိ်မ်တွေနဲ့နီးအောင်အမြင့်သို့…………………….

1 တိမ်တွေအောက်က မန္တလေးတောင်
2 တိမ်တွေအောက်က ရှမ်းရိုးမနဲ့ကျွဲနဖားတောင်
3 တိမ်တိုက်တွေအောက်က မင်းဝံ
4 ရှမ်းရိုးမကို အပြည့်ဖုံးထားတဲ့တိမ်တောင်ထု

 

5 အပေါ်စီးအကြည့်
6 အဝေးကတိမ်တွေနဲ့မြင်ရတဲ့ရှမ်းရိုးမ
7 မြောက်ဘက်ခြမ်းက တိမ်အလှ
8 တိမ်ပန်းချီရေးဆွဲထားသလို
9 25ထပ်အမြင့်ပေါ်က မိုးတိမ်
10 တိမ်ပြာကောင်းကင်

 

11 တိမ်ပန်းချီ အရုပ်ကလေးလိုဘဲနော်

 

12 တိမ်ပြာအောက်က မန်းလေးတောင်
13 အမြင့်ကနေ အဝေးကိုစီးအကြည့်
14 မိုးကောင်းကင်ကို အပြာရောက်နောက်ခံထားပြီး အဖြူရောင်ဆေးတွေခြယ်ထားပါတယ်

 

15 မြို့အနောက်ဘက်ခြမ်းကို အပြာရောင်နဲ့အဖြူရောင်ဆေးတွေပက်ထားတယ်လေ

 

16 စေတီနှစ်ဆူ အနီးကပ် အမြင့်ကနေဆွဲကြည့်တာ
18 တိမ်တွေပက်ထားပုံက နူးညံ့တဲ့စုတ်ချက်လေးအတိုင်းဘဲနော်
19 အပေါ်က မြင်ရတဲ့လမ်းကလေး

 

20 ရွှေစေတီလေးတွေကို အဝေးကမြင်နေရာတာလေ

 

21 မရဲတရဲသက်တန့်
22 တိမ်အင်စတော်လေးရှင်း
23 တိမ်တွေအောက်က မြိုကလေးပါ
24 မန်းလေးမှာတော့လောလောဆယ် အရပ်အမြင့်ဆုံးပေါ့
25 မြို့တောင်ဖျားဆီ မှန်းရည် မဟာမြတ်မုနိကိုယ်တော်စံရာကိုပင်ဖူးတွေ့နိုင်ပါသည်
(ရွှေမန်းဆီသို့ —- မစိမ်းစိမ်း)

“တိမ်တွေနဲ့နီးအောင်အမြင့်သို့်တက်ကြည့်ခြင်း”

 

ကျနော်ဓါတ်ပုံရို်က်တဲ့အခါ တိမ်တွေ ရေထဲမှာအရိပ်ကျတာတွေကိုအတော်လေးနှစ်သက်မိပါတယ်.။

အထူးသဖြင့်ငယ်ငယ်လေးကတည်းကနှစ်သက်ခဲ့တဲ့တိမ်တောင်ထုတွေကို အခုထိလည်းနှစ်သက်နေတုံးပါဘဲ။

ဒီစက်တင်ဘာလ ကတော့ ခါတို်င်းထက်တိမ်တွေပိုလှတယ်လို့ထင်မိပါတယ်။

ခက်တာက ကောင်းကင်အပေါ်ပိုင်းမှာလေတွေတို်က်နေတော့ တိမ်တွေကရွှေ့လျားလို့နေပြန်ပါတယ်။

တိမ်တောင်ထုလေးပေါ်လာလိုက်။

ညနေကျရင်  သွားရိုက်မယ်စိတ်ကူးထားလိုက်။

တိမ်တွေကြ့ပိုကျသွားလိုက်နဲ့ ဖြစ်နေပြန်ပါတယ်။

တစ်ခါတစ်လေရိုက်မယ်လုပ်ပြန်ရင် မြင်ကွင်းက မရှင်း။

 

ခေါင်မိုးမြင့်မြင့်အပေါ်စီးကသာရိုက်မယ်ဆိုရင်တိမ်တွရှင်းနေမှာဘဲလို့တွေးမိပါတယ်။။

မန္တလေးတောင်ပေါ်က တက်ရိုက်ဘို့စဉ်းစားပေမယ့် အဆင်မပြေ။

တိမ်တွေကို အပေါ်အမြင့်ကရိုက်ကြည့်ချင်စိတ်က တိုးတိုးလို့လာပါတယ်။

တစ်ရက် ဟိုတယ်တွေမှာ ဒိုဘီအပ်တာလက်ခံတဲ့မိတ်ဆွေတစ်ယောက်ကို

အကူအညီတောင်းရပါတယ်။

သူက ဟိုတယ်အပေါ်ဆုံးထပ်မှာသွားပြီး လျှော်ပေးရမယ့်အထည်တွေကို သွားလက်ခံရပါတယ်။

သူနဲ့အဖော်လိုက်သွားပြီး ခေါင်မိုးပေါ်တက်လိုက်တဲ့အခါ မန်းလေးမြို့ကြီးကိုအပေါ်ကစီးကြည့်လိုက်ရတဲ့

မြင်ကွင်းက ရင်သပ်ရှု့မော။

ကျယ်ပြန်တဲ့ကောင်းကင်မှာရှိနေတဲ့တိမ်တွက ကိုယ်နဲ့ ပို ပိုနီးကပ်လာသလိုပါဘဲ၊။

အရှေ့ဘက်မှာရန်ကင်းတောင် ရှမ်းရိုးမနဲပ ကျွဲနဖားတောင်က မှုန်ဝါးဝါး။

အနောက်ဘက်မှာတော့ မင်းဝံတောင်နဲ့မြစ်ဧရာ။

တောင်ဘက်မှတော့ မဟာမြတ်မုနိနဲ့အနန္ဒာ။

အပေါ်ထပ်တက်ကြည့်မှာ မန္တလေးမြို့မှာအဆောက်အဦးတွေ ပေါလာမှန်း သိရပါတယ်။

ကြည့်ရင်းငေးမောရင်း ဓါတ်ပုံတွေရိုက်ဖြစ်တော့ လှပတဲ့မြင်ကွင်းတွေ တွှေ့ရပါတယ်။

တိမ်တွေနဲ့ ပိုနီးလာသလုလိုဘဲ။

 

ကိုပေါက်လက်ဆောင်မြန်ပြည်ကအလှတရားများ

(29-9-2012)

 

 

 

 

14 comments

  • ကြည်ဆောင်း

    October 1, 2012 at 12:11 pm

    တိမ် အင်စတော်လေးရှင်းကိုသဘောကျမိတယ်..
    တိမ်တွေပုံပန်းဆင်နေတုန်း ရိုက်နိုင်ရင်တအားကောင်းမယ်နော်
    ငယ်ငယ်တုန်းက တိမ်တွေေ့ရွနေရင် ပုံသဏ္ဍာန်တွေမျိုးစုံဖော်ပြီး အမျုိုးမျိုးတွေးရတာကိုပြန်သတိရမိသွားပြီ

  • Ma Ei

    October 1, 2012 at 12:24 pm

    မနက် ရ နာရီခွဲ အိမ်ကထွက် ရုံးတက်
    ညနေ ၆ နာရီ ကျော်မှ အိမ်ပြန်ရောက် နဲ့
    တိမ်တွေကို တကူးတက မခံစားဖြစ်ခဲ့တာ ကြာခဲ့ပေါ့…
    အမှတ်ရစရာလေးတွေပြန်တွေ့ရလို့ ကျေးဇူးပါ ကိုပေါက်ရေ…

  • ၁၄ နဲ့ ၁၈ ပုံလေးတွေ ကြိုက်သဗျာ …
    အဆောက်အဦးတွေက ပါတယ်ဆိုရုံလေး
    အောက်ခြေနားက ပါတာ …
    အဲ့ဒီမျိုးကို ခိုက်မိပါတယ် …

  • ကိုကြည်ဆောင်းရေ
    အမြင့်ကတက်ရိုက်တော့ တိမ်ငေးရင်းအောက်ပြုတ်ကျမှာကြောက်ရသေးတယ်။
    နောက်ရောက်တုန်းခဏဆိုတော့ စောင့်လို့မရ။
    မယ်အိရေ
    ဘဝတူပါဗျာ
    မနက် 8နာရီမှီအောင်အိမ်က 7နာရီဆိုထွက်
    ည7နာရီအလုပ်သိမ်းမှ အိမ်ပြန်.
    ရသမျှအချိန်လေးဖဲ့ပြီး ဝါသနာပါတာ လုပ်ရတာပါ.
    မနေ့ညနေကတောင် ညနေခင်းမှာတောင်သမန်အင်းကတိမ်လေးတွေဆော်လာသေးတယ်။

  • Hnin Hnin

    October 1, 2012 at 1:14 pm

    မြို့ပြအနားစပ် နဲ့ တိမ်လွှာမြင့်မြင့် ပဏာရလှတယ်….
    စာသား၊တောင်တန်းနဲ့ ဘုရား၊စေတီ၊အဆောက်အဦးတွေသာမပါရင်
    ီုနိုင်ငံခြားရောက်နေသလားပဲ….

  • မယ်နှင်းရေ
    တော်ပါပြီ ကွဲ့
    မြန်မာပြည်ကို မြန်မာပြည်နဲ့ဘဲတူစေချင်ပါတယ်။
    နိုင်ငံခြားနဲ့မတူချင်ပါဘူး။
    ကိုယ်အရောင်ကိုယ့်အသွေးနဲ့လှတာပဲကောင်းပါတယ်အေ

    • Hnin Hnin

      October 2, 2012 at 8:03 pm

      ….မဟုတ်လို့လားနော့??? (ရန်ပြန်စသလိုမေးခြင်း) :mrgreen:
      စိတ်မဆိုးပါနဲ့ရှင်….မြင်တဲ့အတို်င်း ခံစားရတဲ့အတိုင်း ရေးမိလို်က်တာပါ…
      မန်းလေးမြို့ကြီးကို လေထဲ hot air balloon စီးပြီးကြည့်နေရသလိုလည်း
      ခံစားရပါကြောင်း…….
      မြန်မာပြည်ကို ချစ်တဲ့
      မယ်နှင်း 😛

      • မယ်နှင်းရေ
        စိတ်မဆိုးပါဘူးအေ့
        လောလောဆယ် ဒီဆယ့်နှစ်ထပ်က နည်းနည်းလေးမြင့်တယ်.
        ဈေးချိုက 25ထပ်ပြီးရင် အပေါ်တက်ခွင့်ရရင် အဲဒီကနေတက်ရိုက်အုံးမှာ။
        ကျနော့်က အမြင့်ကြောက်တယ် အရင်က
        အခုတော့ ဓါတ်ပုံလက်ဆော့ကတည်းက မကြောက်တော့ဘူးဗျိုး

  • padonmar

    October 2, 2012 at 11:38 pm

    ကိုပေါက်တိမ်တွေကို ကြိုက်လို့ လိုက်ရီုက်ကြည့်တာ ကိုယ့် ပုံကိုယ်တောင် မကြည့်ချင်ဘူး။

    • Ma Ei

      October 3, 2012 at 4:14 pm

      ရောင်စုံနံနက်ခင်းလေးများမှာ
      Comment ပေးလို့လဲမရဘူး…

  • အခုုမှပြန်ကြည့်မိတယ်မယ်အိရေ
    ဒီအချိန်ထိ ကိုယ်ဖောက်သည်တွေမလာသေးပါလာဆိုကြည့်မှ ပုံကလဲခြောက်ပုံထဲ။
    ကော်မင်းလဲပိ်တ်နေတယ် ပုံပြန်ထပ်ဖြည့်နေပါတယ်
    ခဏလေးစောင်ပါနော်
    ကျေုးဇူးပါ

Leave a Reply