စစ်တွေတွင်…{ Comment Off }

areno arenoSeptember 29, 20121min111

စစ်တွေတွင် အစ္စလာမ်ဘာသာဝင်တို ၏ဗလီနှင့်နေအိမ်များအားဖျက်ဆီးရန်ယုတ်မာကောက်ကျစ်စွာဖြင့်လုပ်ဆောင်နေ

ရသေ့တောင်ကြေငြာချက် ထွက်ပေါ်အပြီးတွင်ရခိုင်ပြည်နယ်ရှိအစ္စလာမ်ဘာသာဝင်တို ့အား လူစုလူဝေးဖြင့် အကြမ်းဖက်သတ်ဖြတ်ရန် ကျူးလွန်မှုတစ်ရပ်ကို ယနေ ့နေ လည်၂နာရီခန် ့မှ စတင်၍ စစ်တွေမြို ့ပေါ်တွင် ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် ဘာသာရေးအစွန်းရောက် ရဟန်းပျိုများအဖွဲ့နှင့်RNDP က ပြုလုပ်ခဲ့ရာ

လုံထိန်းနှင့် စစ်တပ်တို့ က အချိန်မှီ တားဆီးနိုင်သဖြင် ့ယခုအချိန်ထိရခိုင် ဗုဒ္ဓဘာသာဝင်တို၏ အကြမ်းဖက်ရန် အားထုတ်မှုမှ အထမမြောက် သေးကြောင်း စစ်တွေ ဒေသခံများ ပြောကြားပါသည်။

“ဒီရခိုင်မှာကုလားကို လုံးဝမထားဘူး၊ ကုလားတိုင်းပြည်မဟုတ်ဘူး၊ရခိုင်တိုင်းပြည်၊ ရခိုင်ပြည်မှာ ကုလားလုံးဝမရှိစေရဘူး” ဟူသောကြွေးကြော်သံများ နှင့် ရခိုင်လူမျိုး အင်အား သောင်းကျော်နှင့် ဗုဒ္ဓဘာသာဘုန်းကြီး၃၀ဝခန် ့ကစစ်တွေ မြို ့အောင်မင်္ဂလာရှိ အစ္စလာမ်ဘာသာဝင်များကို သတ်ဖြတ်ရန်အင်အားအလုံး အရင်းနှင့် စနစ်တကျစုပေါင်း ကြိုးပမ်းခဲ့ကြောင်း အောင်မင်္ဂလာတွင် နေထိုင်သည့် အစ္စလာမ်ဘာသာဝင် တစ်ဦးက သတင်းပေးပို ့သည်။

ရခိုင်ဗုဒ္ဓသာသာဝင်များသည် စစ်တွေရှိ်အစ္စလာမ်ဘာသာဝင်များကို အလုံးအရင်းဖြင့်ဝင်ရောက်သတ်ဖြတ် ရန်အတွက် ရခိုင်ဗုဒ္ဓဘာသာ ကလေးတစ်ဦးကို ဘင်္ဂလီ များက ရိုက်နှက်သတ်ဖြတ်ကြောင်း မဟုတ်မမှန် သတင်းလွင့်၍ အကြမ်းဖက်မှုဖြစ်အောင် စည်းရုံးလှုံ ့ဆော်ခဲ့သည်။ အထက်ပါ အတိုင်း ကလေးငယ်တစ်ဦးဒဏ်ရာပြင်းထန်စွာ ရသည်ဟု မုသာဝါဒီ
ရခိုင်သတင်းဌာနတို ့ကလည်း အင်တာနက် စာမျက်နှာများမှ တဆင့်ဖြန် ့ဝေခဲ့ပြီး၊ ၎င်းသတင်းဌာနများကို မြန်မာအွန်လိုင်း မီဒီယာများက ထပ်မံဖြန် ့ဖြူးခဲ့သည်။

ထို့နောက်အစ္စလာမ်ဘာသာဝင်တို ့ သောကြာနေ ့နေလည်ဝတ်ပြုဆုတောင်းနေချိန်နေ ့ လည်၁နာရီခန် ့တွင်ဝတ်ပြုချိန်ကို အခွင့်ကောင်းယူရန် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ရန် ရခိုင်လူဦးရေ ငါးထောင်ခန် ့က စစ်တွေမြို ့အောင်မင်္ဂလာ ရပ်ကွက် အတွင်းဝင်ရောက်ရန်ကြိုးပမ်းခဲ ့ရာ လုံထိန်းနှင့်တပ်မတော်သားများက အချိန်မှီတားဆီးထားရသည်။ နေ ့လည် ၁၁နာရီကတည်းက ပျောက်ဆုံးခဲ ့သည်ဟု ဆိုသည် ့ကလေးငယ်၏ အမည်ကို အကြမ်းဖက်လုပ်ရပ် လုပ်ကိုင်သူများမှ ညနေ ၄နာရီအထိ ထုတ်ဖေါ်ပြောကြားနိုင်ခြင်းမရှိဘဲ၊ အခြေအနေအရပ်ရပ်အား လုံထိန်းနှင့် စစ်တပ်များက ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ပြီးနောက် ပိုင်းရောက်မှ ကျေးတောပိုက်ဆိပ်ရွာမှ အသက်၁၂နှစ်အရွယ် မောင်အောင်နိုင်ဦး (ဘ-ဦးစောမောင်) ဟူသောအမည်တစ်ရပ်ကို သုံးခဲ့သည်။

အကြမ်းဖက်ရန်ကြိုးပမ်း သူများသည် စစ်တွေမြို ့ဦးဥတ္တမပ ပန်းခြံအရှေ့တွင် လူဦးရေငါးထောင်ခန် ့သည်လည်းကောင်း၊ ကင်းစတား (အဝေးပြေးကား) ဦးစံလှအောင် အိမ်ရှေ ့တွင် လူဦးရေ သုံးထောင်ခန် ့သည်လည်းကောင်း၊ မောလိပ် အ.လ.က(၂)ကျောင်းအနီးနှင့် မင်းဘာကြီး လမ်းရှ်ိ မြို ့တော်ခန်းမ၊ နဂါးဆီစက်(Hi Speed အင်တာနက်)ဆိုင်အနီးတွင် လူငါးထောင်ကျော်ခန် ့လည်းကောင်း အသီးသီးပြစ်မှု ကျူးလွန်ရန် စုရုံးမှုများပြုလုပ်ခဲ့ကြောင်း ညဒေသခံများ၏ သတင်းပေးပို ့ချက်အရ သိရသည်။

အကြမ်းဖက်ရန်အားထုတ်ကြိုးပမ်းခဲ ့သူများအထဲတွင် မကြာမှကဖြစ်ပွားခဲ့သည့် ရခိုင်ဗုဒ္ဓဘာသာ-ရိုဟင်ဂျာ ပဠိပက္ခအတွင်းကကဲ ့သို ့ပင် ဓါး၊ လှံ၊ဂျင်ကလိ၊ ဒုတ် များကိုင်ဆောင်သူ အချို ့လည်းပါဝင်ခဲ့ကြောင်းသိရသည်။

နံမည်ကြီး မီဒီယာ တစ်ခုဖြစ်သော RFA သတင်းဌာနမှ မူ ကောလပာလကြောင့် ရခိုင်ဗုဒ္ဓဘာသာများ အောင်မင်္ဂလာတွင် ထောင်ချီပြီး စုရုံးမှုဖြစ်ခဲ့ကြောင်း သတင်းဖေါ်ပြထားသည်။

ယနေ့ဖြစ်စဉ်အမှန်မှာ ရခိုင် ဗုဒ္ဓဘာသာ ကလေးငယ် တစ်ဦး အောင်မင်္ဂင်္လာ ရပ်ကွက်တွင်ရေခဲချောင်း လာရောက် ရောင်းချခြင်းကို အားမန် ကုန်ပို့လုပ်ငန်းမှ ရခိုင်သား၊ဗုဒ္ဓဘာသာကိုအောင်သန်းက မွတ်စလင်မ်တို့အား ရေခဲချောင်းရောင်းမှုဖြင် ကလေးငယ်အားကြိမ်း မောင်းရိုက်နက်ခဲ့ပြီး လူထုကြားတွင်မှု မွတ်စလင်မ်တို့က ရိုက်နှက် သတ်ဖြတ်ကြောင်း မမှန်သတင်းလွင့် ခဲ့ခြင်းဖြစ်သည်။့
အဲဒီနေရာကို ပြည်နယ်အစိုးရ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနဲ့ ရေးရာတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်တစ်တပ် ရောက်ရှိလာပြီး တားဆီးခဲ့ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ကလေးသေဆုံးခြင်းမှာ မဟုတ်မှန်ကြောင်း၊ လောလောဆယ် ကလေးကိုရှာဖွေနေပါကြောင်း ပြည်နယ်အစိုးရက အစောပိုင်းမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အခုနောက်ဆုံးရရှိတဲ့ သတင်းအရ ကလေးငယ်ကို ရခိုင်ပြည်နယ် အစိုးရက ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်းနဲ့ စစ်ဆေးမေးမြန်းနေကြောင်း သိရပါတယ်။ နိုင်ငံတော်သမ္မတရုံး ညွှန်ချုပ် ဗိုလ်မှူးဇော်ဌေးရဲ့ မှူးဇော် လူမှုကွန်ယက် စာမျက်နာမှာတော့ မောင်အောင်နိုင်ဦးကိုမိခင်ဖြစ်သူနဲ့အတူခေါ်ပြီး ပြသခဲ့ကြောင်း ရေးသားထားပါတယ်။
လွန်ခဲ့သော အပတ်သောကြာနေ့မှ စပြီး မွတ်စလင်မ်များအား သောကြာနေ့များတွင် အဆိုပါကဲ့သို့ကြံစဉ်မည်ဖြစ်ကြောင်း facebook online ရေးသားချက်များ ထွက်ပေါ်လာခဲ့ပြီး ယနေ့နံနက်တွင် စစ်တွေမြို့အတွင်းကလေးငယ် တစ်ဦးအား ကုလားများမှ ရိုက်နှက်ဟုဆိုကာ အောင်မင်္ဂလာ ရပ်ကွက်အား RNDP ပါတီက ဦးဆောင်ပြီး လှုံဆော်မှုပြုလုပ်ခဲ့ကြောင်း အဆိုပါလှုံဆော်မှုကြောင့် လူစုလူဝေး ၁၀၀ဝ ခန့်သည် အောင်မင်္ဂလာရွာအား ဝိုင်းရံထားခဲ့ကြောင်း
ယခုအချိန် တွင် လုံခြုံရေး တပ်ဖွဲ့များ နှင့် တပ်မတော်သားများ ရောက်ရှိလာပြီး အခြေအနေကို ထိမ်းသိမ်းထားကြောင်း စစ်တွေမှ သတင်းပေးပို့ပါသည်။

ရခိုင်အစွန်းရောက် ပါတီ RNDP ကစစ်တွေမြို့တွင် ကျန်ရှိနေသော မွတ်စလင်မ်ရပ်ကွက်ဖြစ်သည့် အောင်မင်္ဂလာရပ်ကွက် အပါအဝင် ဗလီဝတ်ကျောင်းတော်များကို ဖျက်ဆီးရန် နည်းမျိုးစုံဖြင့်ကြံစဉ်လျက်ရှိနေကြောင်း စစ်တွေရှိ မြို့ခံများမှပြောကြားခဲ့ပါသည်။
ရခိုင် ဗုဒ္ဓဘာသာ-ရိုဟင်ဂျာ ပဋိပက္ခအပြီး အစ္စလာမ် ဘာသာဝင်များကို ရိက္ခာ ဖြတ်တောက်ခြင်း၊ ရောင်းဝယ်ခွင့် ပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်း၊ ဆေးဝါးကုသခွင့်၊ ခရီးသွားလာခွင့်တို့ကို ရခိုင်ပြည်နယ်အစိုးရ ကျောထောက်နောက်ခံ ပြုပေးထားသည့် ရခိုင်ဗုဒ္ဓဘာသာ အကြမ်းဖက်များက အစဉ်တစိုက် လုပ်ဆောင်လျှက် ရှိသည်။

စစ်တွေမြို့တွင် အစ္စလာမ်ဘာသာဝင်များအား နိုင်ငံပိုင်ဆေးရုံများတွင် တက်ရောက်ကုသခွင့်ကို ပိတ်ပင်နေသည့် …..

လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ ရခိုင်ဒေသသို့ နို်င်ငံတော်က စေလွှတ်သဖြင့် ၂ ပတ်ခန့် သွားရောက် ကုသပေးခဲ့ရသူ ဗုဒ္ဓဘာသာ ဆရာဝန်တစ်ဦးက ယမန်နေ့ကပြောကြားသည်။

“အရေးပေါ်လူနာအဖြစ် ထောက်ခံချက်ရေးပေးတာကိုတောင် အကြောဆေးချိတ်ပေးပြီး ပြန်လွှတ် လိုက်တယ်။ ဂျီးအီးကေ့စ်(ဝမ်းလျှောရောဂါ)မှာ ဒီလိုလုပ်ပြီးပြန်လွှတ်လိုက်တော့ ညနေပိုင်းမှာ လူနာသေသွားတယ်”ဟု ဗုဒ္ဓဘာသာဝင်ဆရာဝန်တစ်ဦးက ကိုယ်တွေ့ဖြစ်ရပ်ကိုပြောသည်။

စစ်တွေတွင် ကုတင် ၂၀ဝ ဆန့် တပ်ဆေးရုံနှင့် စစ်တွေဆေးရုံ ၂ ခုရှိသည်။ အဆိုပါဆေးရုံများသို့ ရခိုင် ဗုဒ္ဓဘာသာဝင်များသာ တက်ရောက်ကုသခွင့် ရရှိပြီး အစ္စလာမ် ဘာသာဝင်များ မှာမူ တက်ရောက်ကုသခွင့် ငြင်းဆန်ခံနေရကြောင်း ဒေသခံများနှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့သူ တို့၏ပြောကြားချက်များအရသိရသည်။

“ရွာတွေကနေ မြို့ဆေးရုံကို ကြက်ခြေနီကားနဲ့ပဲသွားလို့ရတယ်။ ကားသွားဖို့ကိုလည်း ၅ ဖွဲ့လောက်ရဲ့ ခွင့်ပြုချက်ယူရတယ်” ဟု အထက်ပါ ဆရာဝန်ကပင် ဆက်လက်ပြောကြား သည်။

ရခိုင်ဒေသတွင် ဒုက္ခသည်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆရာဝန်အင်အား များစွာ လိုအပ်နေပြီး ယခုအချိန်တွင် လူနာ ၂၀ဝ ဝန်းကျင်အတွက် ဆရာဝန်တစ်ဦးနှုန်း ခန့်သာရှိနေသဖြင့် ကျန်းမာရေး ဝန်ဆောင်မှု လွန်စွာ အားနည်း နေကြောင်း လည်း သိရသည်။

မွတ်စလင်မ်အများစုမှာ ဆေးရုံတက် ကုသခွင့်မရဘဲ ဒုက္ခသည် စခန်းများတွင် ဖွင့်လှစ်ထားသည့် ဆေးပေးရုံများတွင်သာ ကုသမှုခံယူနေကြရသည်။

ရခိုင်ဒေသ တွင် ဆေးဝါးကုသရေး NGO အဖွဲ့တစ်ခု ဖြစ်သည့် AZG အဖွဲ့ကမူ လူမျိုး/ဘာသာမရွေးအား ဝန်ဆောင်မှုပေးနေကြောင်းသိရသည်။

ရခိုင်ဒေသတွင် နိုင်ငံတော်က လူမျိုး/ဘာသာမခွဲ တန်းတူ စောင့်ရှောက် ကြောင်း မြန်မာ မီဒီယာများတွင် ဖေါ်ပြလေ့ ရှိသော်လည်း အဆိုပါဒေသသို့ ကိုယ်တိုင်သွားရောက်ခဲ့သူ တူရကီဝန်ကြီးချုပ် ၏ဇနီးကမူ မြန်မာ့သတင်း ထုတ်ပြန်ချက်တို့နှင့် ဆန့်ကျင်နေသည့် ဖြစ်ရပ်များကို မြင်တွေ့ခဲ့ရသည်ဟု ဆိုပါသည်။

“မြင်ရတဲ့မြင်ကွင်းကို ထုတ်ဖေါ်ပြဖို့ရာ ပြောစရာစကားတောင် မရှိလောက်အောင်ပါပဲ၊ သူတို့မှာ အစားအသောက်တွေ ရှားနေပေမဲ့ စားရဖို့ထက် မသေဘဲ ရှင်သန်နိုင်အောင် ကြိုးစားနေကြတယ်။ အဲဒီမှာ လူသားတစ်ယောက်နဲ့ မျက်စိနဲ့ တွေ့ရဖို့ ခက်တဲ့ မြင်ကွင်းတွေရှိတယ်။ အဲဒီဒေသ (ရခိုင်)မှာ မွတ်စလင်မ်တွေ ထောင်ချီပြီးသေအောင်၊ သိန်းပေါင်းများစွာ လူတွေကို အိမ်တွေက ထွက်ပြေးရအောင် လုပ်နေတဲ့သူတွေရှိတယ်လို့ မြင်တယ်။ အဲဒီအထဲမှာ ကျွန်မကိုပိုဝမ်းနည်းစေတာက ဘာသာရေး လူတန်းစား တစ်ရပ် (ဗုဒ္ဓဘာသာဘုန်းကြီး) ပါနေတာပါပဲ။ ဘာသာရေး ခေါင်းဆောင်ဆိုတာ လူတွေကို မေတ္တာပေးရမယ့်သူတွေပါ။ ကမာ္ဘမှာလည်း အဲဒီလိုပဲသိထားကြတယ်။”

ဟု အမီနာအလ်ဒိုးဂါမ် (Emine Erdoğan)က တူရကီသတင်းစာ Zaman သို့ ပြောကြားခဲ့သည်။
ဒါဟာ ရခိုူင်အစွန်းရောက်တွေက သမ္မတကြီးကုလသမဂ္ဂ တွင်ရောက်နေချိန်တွင်
နိုင်ငံတကာနှင့်ရင်ဘောင်တန်အောင်စကားပြောနေချိန်တွင်အချိန်ကိုက်သိက္ခာကျအောင်
လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်းသိရှိရပါသည်။သမ္မတကြီးမှကျွန်တော်တို့ မြန်မာနိုင်ငံအ တွင်းမှာ နေထိုင်နေကြတဲ့ ပြည်သူ အားလုံး လူမျိုးမရွေး၊ ဘာသာမရွေး ကျား၊ မ မခွဲခြားဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုံလုံခြုံခြုံ နေထိုင်နိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
အဆိုပါအချက်ကိုသိက္ခာကျအောင် ရခိုင်အစွန်ရောက်များမှစီစဉ်ခဲ့ကြကြောင်းနှင့်၊စုံစမ်း
ရေးကော်မရှင်မှလည်းရခိုင်အရေးအခင်အဓိကတရားခံများဖြစ်သောတောင်ကုတ်လူသတ်
အကြမ်းဖက်မှုကိုလည်းဖေါ်ထုတ်နိုင်ခြင်းမရှိဘဲ အစီရင်ခံစာဖတ်၊ရေးတင်ပြီးဘာမှဖြစ်လာခြင်း
မရှိသဖြင့် ဘာသာရေးဖိနှိပ်မှုများအပေါ်စိတ်ပျက်မိကြောင်းသံတမန်သတင်းရပ်ကွက်မှ
ပြောကြားပါသည်။

4 comments

  • Alpha Vanishing

    September 29, 2012 at 2:59 pm

    ဘာတွေတုန်း လက်မညောင်း ကြသေးဘူးလားကွ

  • pazflor

    September 29, 2012 at 2:59 pm

    ဖွထားဖွထား

  • surmi

    September 29, 2012 at 3:19 pm

    သဂျီးဦးခိုင်ခင်ဗျ
    ကန ့်ကွက်ပါတယ် ။ ဒီပို ့စ်ကိုဖျက်ပြစ်ပါ

  • R Ga

    September 29, 2012 at 3:41 pm

    အမြန်ဆုံး ဖျက်စီးပေးပါ။ (ပိုစ့်ကိုပြောတာ) ကျန်တာကတော့..။ မြန်မာတတိုင်းရင်းသားတွေရဲ့ ကိစ္စပဲ။

Comments are closed.