ရင်ဆိုင်အတွေ့ဝယ်….

ပင်လယ်နီလှိုင်း ဒီရေလှိုင်းနဲ့

မြူမှုန် ပေါက်ပေါက် ဆီးနှင်းပေါက်လို

ရှေ့နောက်ကို မမြင် လှုပ်လှေလှုပ်လှဲ့

ရှေ့ဆက်၍ သာ ရွန်းရဦးမယ်…

ဒီလှိုင်း ဒီရေ ဒီလူတွေနဲ့

အမေ ပေးလိုက်တဲ့ ငါးပိချက်တစ်ခွက်

အားအင်ဖြစ်လျက် ခရီးဆက်လျက်ပါ .. အမေ…

 

သမုဒ္ဒရာဝမ်းတစ်ထွာ အရေးမဆိုသာ

မိသားစုလှေလေး ၀ဲဂယက်မှာ ချာချာလည်မရေး

နေရေးစားရေးဆိုတာ ဘ၀ကပေးတဲ့

မျဉ်းဖြောင့်တစ်ကြောင်းပေလား …

ပင်လယ်ရေမှာ လှိုင်းလေမမှန်ဘူး… အမေ….။

 

ကမ္ဘာမြေတစ်ဖက်စွန်းသို့

ရောင်နီမလာ ဒီပင်လယ်ပြာ

မြူမှုန်ဝေလည်း ဘယ်ကို ရွှက်လွှင့်လွှင့်

အောင်မြင်ခြင်းကို ဒီရေထင်လို့

ကျွန်တော်တို့ ဘယ်လိုအင်အားနဲ့ရောက်အောင်

လျှောက်လှမ်းရပါ့မလဲဆိုတာသာ…။ ။

အထည်မလဲတဲ့ ဒုက္ခ တွေ့တဲ့အခါ

အမြဲမြင်ယောင်လွမ်းမိတယ်… အမေ…

မွေးရပ်မြေမှာ မိုးကုန် ဆောင်းကူး

ခြေရာပျောက်သော လမ်းအတိုင်းသာ

နောင်နှစ် ၀ဿန်ပြန်မလာနိုင်လည်း

အောင်မြင်မှုကို ထွန်တုံးလုပ်လို့

ချည်တိုင်ရစ်တဲ့ နွားလားလိုမျိုး

ဒီအရပ် ဒီဘူတာပဲ

ပြန်ပြန်ဆိုက်ချင်နေမိတယ် … အမေ…

:: ကိုရင်စည်သူ

 

 

 

About အူးစည်

has written 140 post in this Website..